အေထြအေထြဗဟုသုတ

တစ်သက်မှာ တစ်ခါဖူးမြော်ဖို့ ခဲယဉ်းလှသည့် ဗုဒ္ဓမြတ်စွာဘုရား၏ အံတော်…

တစ်သက်မှာတစ်ခါ ဖူးမြှော်ဖို့ ခဲယဉ်းလှတဲ့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ အံတော်ကို ဖူးလိုက်ပါ ကံထူးလို့ ဖျာပုံသူဖျာပုံသားများနှင့် မြန်မာ တစ်ပြည်လုံးမှာရှိတဲ့

ဖူးချိန်တန် ဖူးထိုက်လို့.ဖူးမျှော်ခွင့်ရလို့ ထင်ပါပြီ။ ကျွန်တော် ကလေးဘဝတည်းက ဘိုးဘိုး ၊ဘွားဘွား၊ဘိုဘေး အစဉ်အဆက်ကတည်းက ဖျာပုံမှာ ဗုဒ္ဓမြတ်စွာဘုရား

အံတော်နှင့် ဆံတော်တစ်ဆူ ကိမ်းဝပ်နေတယ်လို့ သိခဲ့ရပါတယ် ရှေးဟောင်း သမိုင်းအစဉ်အလာအရ ရှေးကျတဲ့ မြို့တွေက အမည်နှစ်လုံးတည်းနဲ့ အမည်ပေးခဲ့တဲ့ တချိန်ကမွန်ဒေသတွေပေါ့။ ပုဂံ၊ရန်ကုန်၊တွံတေး၊ဒလ၊သထုံ၊ဖျာပုံ၊ပုသိမ်၊စတဲ့ ရှေးကျတဲ့ မြို့တွေ အများကြီးပေါ့။ အဲအထဲမှာ မွန်ဘုရင်များ အဆက်ဆက်အုပ်စိုးခဲ့တဲ့ ဖျာပုံဆိုတဲ့ ထမင်းစျေးမြို့ကလေး တစ်ခုလည်း ပါဝင်ခဲ့တာပေါ့၊ ကျိုက်ပတိုင်း စေတီတော်မြတ်ကြီးကို မြန်မာ သက္ကရာဇ်(၆၀၀)ခုနှစ်မှာ တည်ထားကိုး ကွယ်ခဲ့တယ် လုပ်ဥကုန် ကျိုက်ခမွမ် စေတီတော်ကို မြန်မာ သက္ကရာဇ် ၉၀၀)ခုနှစ်မှာ တည်ထားကိုးကွယ်ခဲ့ပါတယ်။ မြန်မာတစ်နိုင်ငံ လုံးမှာ ရှိတဲ့ မြို့ပေါင်းများစွာမှာ ခရေပင်ဇောက်ထိုးပါက်တဲ့ မြို့ဆိုလို့ ဖျာပုံမြို့ တစ်မြို့ပါဘဲ။

ဖျာပုံက ရှေးဘုရင်တွေအဆက်ဆက် အုပ်စိုးခဲ့စဉ်က ရန်ကုန်၊ဒလ အပိုင်းပေါ့။ ဖျာပုံကို မွန်ဘုရင်အဆက်ဆက်က အောင်မြေလို့ သက်မှတ်ခဲ့ကြတယ်၊ ယုံကြည်ခဲ့ကြတယ်ဖျာပုံကို မင်းဘေးရေဘေးအစရှိတဲ့ ဘေးအန္တရာယ်အပေါင်းမှ ကင်းလွတ်စေရန် ကင်းဝေးစေရန်အတွက် ရှေ့ထုံးနန်းစဉ်လာအရ ဖျာပုံကို အလယ်တည့်တည့်ထား၍ ကိုးနဝင်းရိုက်ပြီး တည်ခဲ့ပါတယ်။ဖျာပုံကို ဗဟိုပြုပြီး ဖျာပုံပတ်ပတ်လည်မှာ ကြီးနဲ့ဆုံးတဲ့ ရွာကြီး (၉)ရွာ၊ လေးနဲ့ ဆုံးတဲ့ ရွာကြီး(၉)ရွာ ပတ်ကာဝိုင်းလို့တည်ခဲ့တာပါ။ ဥပမာ အနေနဲ့ပြောပြရင် သလိတ်ကြီး၊သလိတ်ကလေး။ အခြားကြီး အခြာလေး၊မငေးကြီး၊မငေးလေး၊စသော အဲဒီလို လိုကြီးနဲ့ဆုံး လေးနဲ့ဆုံးတဲ့ ရွာတွေပေါ့ ရှေ့အဆက်ဆက် မွန် အခေါ်အခေါတွေက ယနေ့အချိန်ကျန်ရစ်နေဆဲပါ ရှေ့ဘက်ကမ်း၊အနောက်ဘက်ကမ်းပေါ့။အခုအရှေ့ဘက်ကမ်းဆိုတာက မွန်ပြည်နယ် ရေး စတဲ့နေရာကိုခေါ်ဝေါ်သမုတ်ခဲ့တာပေါ့၊ အနောက်ဘက်ကမ်း ဆိုတာက ယခု ဖျာပုံမြို့ကို အနောက်ဘက်ကမ်းလို့ ခေါ်ဝေါ သမုတ်ခဲ့တာပါ

တစ်သက်မှာတစ်ခါ ဖူးမြော်ဖို့ ခဲယဉ်းလှသည့် ဗုဒ္ဓမြတ်စွာဘုရားရဲ့ အံတော်သမိုင်းကို ခဏလေး ထားလိုက်ပါတော့ ရှည်သွားမှာဆိုးလိုပါ။အဲဒိအချိန်မ်တိုင်ကတည်း က ဖျာပုံ မှာ မြတ်စွာဘုရားအံတော်နှင့် ဆံတော် တစ်ဆူ ကိမ်းဝပ်ခဲ့တယ် သမိုင်းရှိခဲ့တယ်။ အဲဒီသမိုင်းက ဖြစ်နိုင်ခြေရှိတယ်၊ဘယ်ကြောင့်လည်းဆိုတော့ ဖြစ်နိုင်ခြေရှိတယ် ။ပင်လယ်လမ်းကြောင်းကနေပြီး မြတ်စွာဘုရားဆံတော် ပင့်ခဲ့တာလေ အခုဖျာပုံ ကော့မှူး-တွံတေး -ဒလ လမ်းတလျောက်မှာရှေ့ဟောင်းစေတီတွေ အမြောက်အများ အဲဒိလမ်းအတိုင်းမှာရှိတဲ့ ဆံတော်ကြိုစေတီတော် ရှိတယ်တယ်လေ တွံတေးမှာပေါ့ ထားလိုက်ပါတော့ အခုဖျာပုံမှာရှိတဲ့ အံတော်က မြတ်စွာဘုရား အံတော်လို သိရတယ် ဖျာပုံမှာ ကိမ်းဝပ်နေတာ နှစ်ပေါင်းရာပေါင်းမက ကိမ်းဝပ်နေတာ ပါ။အံတော် ဘယ်ကကြွလာလည်း ဆိုတော့ ရသေကြီးတစ်ပါးက

ယခု သရက်မြို့နယ်ပေါ့။အဲဒိအချိန်တုန်းကတော့ တောကြီးဖြစ်နေရင် ဖြစ်နေမှာပါ။ အဲဒီမြို့အပိုင် ရွာကလေးတစ်ရွာ တောထဲတရားထိုင်အားထုတ်နေစဉ် တောနက်ထဲမှာရှိတဲ့ ထုံးဖြူစေတီ အပျက်ကြီးထဲကနေ ရောင်တော်တွေ ကွန့်မြူးနေလို့ ရသေကြီးတစ်ပါးက ပင့်ဆောင်ပူဇော်ခဲ့ရာ ဖျာပုံ ယခုမင်းကျောင်း၊ သိုသိုသိပ်သိပ်

ကိမ်း ဝတ်တော်မူခဲ့ပါတယ်။ခေတ်အဆက်ဆက် မသမားသူတွေရဲ့ ခိုးယူလုယက်မှုတွေ ခံခဲ့ရမည်စိုးးရိမ်သောကြောင့် ရှေးဘုရင်များနဲ့ ရသေ့ဆရာတော်ကြီးများအဆက်ဆက် လုံခြုံစိတ်ချသော နေရာတွေပြောင်းရွေ့ကိမ်းဝပ် ပူဇော်ခဲ့ကြပါတယ်။

တစ်သက်မှာတစ်ခါ ဖူးမြော်ဖို့ ခဲယဉ်းလှသည့် ဗုဒ္ဓမြတ်စွာဘုရားရဲ့ အံတော် ယခု ဖျာပုံမြို့ ချောင်းတွင်းကျေးရွာ မြတ်ဘုန်းပွင့်မြတ်စွာဘုရားကြီး ပရဝန်း၌ သမိုင်းအရ ဖျာပုံမင်းကျောင်း မှ ပြောင်းရွေ့ ကိမ်းဝပ်တော်မူနေသည်မှာ နစ်ပေါင်းရာချီနေပါပြီ ယနေ့ ဘုန်းဘုန်းလျောက်ထားပြီး ဓာတ်ပုံရိုက်ခွင့် ပူဇော်ခွင့် တောင်းခဲ့ပါတယ်။သမိုင်းသုသေန ဦးစီးဌာန မှလည်း အံတော်အစစ် မဟုတ်မဟုတ်သုတေသနလုပ်ပေးစေချင်ပါတယ် ။ အံတော်အစစ်ဖြစ်ပါကလည်းနစ်ရာထောင်ချီကိန်းဝပ်နေသောဖျာပုံမြို့ကလေး မှာနောင်လာနောင်သားများသာသနာပြုနိုင်ရေးအတွက် စဉ်းစားပေးပါရန်။ ဓာတ်ပုံ မှတ်တမ်းနင့်တကွ ပူဇော်ဖူးမျှော်ခွင့်ရနိုင်ရန်အတွက် တင်ပေးလိုက်ပါတယ်။ဆရာတော်ကြီးရဲ့ ခွင့်ပြုချက်အရ ကျွန်တော်ရဲ့ ဖူးမျှော်ခွင့်ရတဲ့အချိန် ကံစပ်လို့ သမိုင်းတစ်ခုကို ဖော်ထုတ်ခဲ့နိုင်ပါပြီ။အတည်ပြုဖို့ကသမိုင်းသုတေသနကပါ။ဆက်လက်ပြီး ရှေ့ဟောင်း သမိုင်းဝင်တွေ ဆက်လက်ဖော်ပြပါမည်။

Writer ; Kwee (Jeeptoolay)

Source ; ကျော်စိုးမို