သူ႔မွာ ကိုယ္တြင္းအဂၤါအစိတ္အပိုင္းေတြလည္း ပါသလို၊
တစ္ခုခု ခ်ိဳ႕ယြင္းတာနဲ႔ လုပ္ေဆာင္မႈေတြကို ကေမာက္ကမျဖစ္ေစႏိုင္တဲ့ သက္ေရာက္မႈေတြလည္း ပါရွိပါတယ္။
ဒီေတာ့ ဖုန္းတစ္လုံးဟာ သက္ရွိသတၱဝါတစ္ေကာင္နဲ႔ တူတယ္ဆိုပါစို႔။
ပိုင္ရွင္က ဂ႐ုမစိုက္ရင္ ဖုန္းရဲ႕ က်န္းမာေရးကလည္း ေကာင္းမွာ မဟုတ္ပါဘူး။
အခု ေဖာ္ျပခ်င္တာကေတာ့ သင့္ရဲ႕ဖုန္းကို ပ်က္စီးေစႏိုင္တဲ့၊
အမွတ္တမဲ့ ျပဳလုပ္ေနမိၾကတဲ့ အမူအက်င့္ေတြပါ။
(၁) Source ေတြကို မစူးစမ္းမဆင္ျခင္ပဲ ဝင္ေရာက္ျခင္း
အခုတေလာမွာ iPhone ဖုန္းေပါက္တယ္ဆိုတဲ့သတင္းေတြ မၾကာခဏ ၾကားရေလ့ရွိပါတယ္။တကယ္က အဲဒါဟာ
ဟက္ကာေတြကေနတီထြင္ထားတဲ့ လွည့္စားမႈဆိုတာ လူတိုင္း အသိနည္းပါတယ္။ဒီေတာ့ မခိုင္မာတဲ့ Source ေတြ၊
Recommended ေပးမထားတဲ့App ေတြကို လုံးဝမသုံးသင့္ပါဘူး။ဗိုင္းရပ္စ္ေတြလည္း အလြယ္တကူ ဝင္ေရာက္ႏိုင္ပါတယ္။
(၂) အပူလြန္တဲ့ေနရာမွာ ထားရွိျခင္း
ဖုန္းတစ္လုံးကို ဝယ္လိုက္ၿပီဆိုရင္ ျဖစ္တန္သမွ်ကိုယ္နဲ႔နီးနီးကပ္ကပ္ ေဆာင္ထားသင့္ပါတယ္။
ဘယ္လိုပဲျဖစ္ျဖစ္ ေနေရာင္ျခည္တိုက္႐ိုက္ေရာက္တဲ့ေနရာေတြမွာ ဖုန္းတစ္လုံးကို ထားမိၿပီဆိုကိုယ့္ဖုန္းကို
ကိုယ္တိုင္ဖ်က္ဆီးတာနဲ႔ အတူတူပဲ ျဖစ္ပါတယ္။ဖုန္းအတြင္းပိုင္းမွာပါတဲ့ ခ်ပ္စ္အျပားတခ်ိဳ႕ဟာသာမန္အပူခ်ိန္ထက္ ပိုၿပီး ခံႏိုင္ရည္ မရွိပါဘူး။
(၃) အားသြင္းတဲ့အခါ
တခ်ိဳ႕က ကိုယ့္ဖုန္းရဲ႕အားသြင္း အဒက္ပတာမဟုတ္ပါဘဲသူမ်ားဖုန္းရဲ႕ အဒက္ပတာေတြကို အလြယ္တကူ သုံးတတ္ပါတယ္။
မေကာင္းတဲ့ အက်င့္ပါ။တခ်ိဳ႕က အိပ္ရာဝင္ၿပီဆို ညလုံးေပါက္အားသြင္းႀကိဳးတန္းလန္းနဲ႔ ထားရွိတတ္ပါတယ္။
ဒါဟာ ဖုန္းဘက္ထရီရဲ႕ စြမ္းေဆာင္ရည္ကို က်ဆင္းေစႏိုင္ၿပီး၊မေတာ္တဆ ေပါက္ကြဲမီးေလာင္မႈလည္း ျဖစ္ေစႏိုင္ပါတယ္။
(၄) ေဘလ္ကုန္မွာ ေၾကာက္သူမ်ား
ဖုန္းေတြဟာ အခ်ိန္တန္ရင္ သူတို႔ရဲ႕ အတြင္းပိုင္းျပင္ဆင္မႈနဲ႔ Software ေတြ
Firmware ေတြအတြက္ Update ေတာင္းတတ္ပါတယ္။
ဒါကို ေဘလ္ကုန္မွာစိုးၿပီး Update မလုပ္ခ်င္ၾကပါဘူး။အက်ိဳးဆက္အေနနဲ႔ အဆင့္ျမင့္တင္လိုက္တဲ့ Software ေတြ သုံးမရတာ၊
Firmware က်ၿပီး သုံးမရေတာ့တာျဖစ္တတ္ပါတယ္။ဒီၾကားထဲမွာ သုံးရရင္ေတာင္ အသစ္ထြက္ရွိတဲ့
Feature ေတြကို လက္လႊတ္ရမွာပါ။
(၅) ဘက္ထရီ လဲလွယ္ျခင္း
ဖုန္းဘက္ထရီ စြမ္းေဆာင္ရည္ က်သြားတဲ့အခါေအာ္ရီဂ်င္နယ္ဘက္ထရီထက္ လမ္းေဘးမွာ လြယ္လင့္တကူေရာင္းတဲ့
အဖိုးနည္းအိုးကြဲ ဘက္ထရီ၊အမ်ိဳးအစားတူေသာ္လည္း အျခားဖုန္းထဲကဘက္ထရီကို ျဖဳတ္ထည့္တာေတြ မလုပ္သင့္ပါဘူး။
တက္ကြၽမ္းနားလည္တဲ့ ဖုန္းဆရာေတြနဲ႔ သူတို႔ အႀကံေပးတဲ့ ဘက္ထရီမ်ိဳးကိုသာ သုံးသင့္ပါတယ္။
(၆) ေဈးသက္သာတာကို မမက္ပါနဲ႔
ေငြေၾကး တက္ႏိုင္ရင္ ဖုန္းဆို ပစၥည္းေကာင္းပဲ ကိုင္သင့္ပါတယ္။
တခ်ိဳ႕က ျပန္ျပင္ထားတဲ့ဖုန္းေတြ၊ ကလုံးေတြကို အဟုတ္လုပ္ၿပီး ကိုင္တတ္ပါတယ္။
တခ်ိဳ႕ဆို အားသြင္းအဒက္ပတာနဲ႔ နားၾကပ္ကအစ ေဈးခပ္ေပါေပါကို သီးျခားဝယ္သုံးၾကပါတယ္။
ဒီေတာ့ ဘာျဖစ္သလဲဆို ၾကာရွည္ခံႏိုင္မႈ၊ အဆင့္မီတဲ့ဝန္ဆာင္မႈေတြကို ခံစားရမွာ မဟုတ္ပါဘူုး။
(၇) အခ်ိန္လြန္ေအာင္ ဂိမ္းကစားတာ
ဂိမ္းသမားေတြကေတာ့ ဖုန္းဝယ္ရင္ Ram ဘယ္ေလာက္ဆိုတာကို ၾကည့္ဝယ္ၾကပါတယ္။
တခ်ိဳ႕က Ram ျမင့္ေလ ပိုၿပီး ၾကာၾကာကစားႏိုင္ေလလို႔ ထင္ၾကပါတယ္။
တကယ္က Ram ဟာ ဖုန္းရဲ႕အတြင္းပိုင္း လုပ္ေဆာင္မႈေတြကို သြက္ေအာင္ျမန္ေအာင္ လုပ္ေပးတာသာရွိပါတယ္။
ဖုန္းရဲ႕ အပူခ်ိန္ကို မေလွ်ာ့ႏိုင္ပါဘူး။ တခ်ိဳ႕က အားသြင္းရင္းတန္းလန္း ဂိမ္းကစားတာမ်ိဳးေတာင္ ရွိပါတယ္။ ေ
ရွာင္သင့္ပါတယ္။
(၈) မလိုအပ္တဲ့ဖိုင္ေတြ App ေတြကို ရွင္းမပစ္တာ
မလိုအပ္တဲ့ဖိုင္ေတြ၊ App ေတြကို စက္အေလးခံၿပီး ထားရွိဖို႔ မသင့္ပါဘူး။
ဖုန္းရဲ႕စြမ္းေဆာင္ရည္ကို တိုက္႐ိုက္ထိခိုက္ေစႏိုင္ၿပီး၊ ဖုန္းရဲ႕က်န္းမာေရးကို ထိခိုက္ေစႏိုင္ပါတယ္။
မလိုအပ္တဲ့ဓာတ္ပုံေတြ ဗြီဒီယိုေတြဆိုရင္ ဖ်က္ပစ္ပါ။
ဒါမွမဟုတ္ မန္မိုရီကတ္ထဲကို ေ႐ႊ႕ေျပာင္းၿပီး၊ လုံၿခဳံရာမွာ သိမ္းထားလိုကသိမ္းထားသင့္ပါတယ္။
စက္ကို ေပါ့ေပါ့ပါးပါေလး သုံးေလ ဖုန္းရဲ႕စြမ္းေဆာင္ရည္က ေကာင္းေလပါ။
(၉) ေပါ့တီးေပါ့ဆ ကိုင္တြယ္တာ
ဖုန္းကို ေပါ့တီးေပါ့ဆ ကိုင္တြယ္တယ္ဆိုတာ မွန္ကြဲေနလည္း အသစ္မလဲတာတို႔၊
အားသြင္းေပါက္ေတြ၊ နားၾကပ္ေပါက္ေတြထဲမွာ ႐ႊံ႕ေတြသဲေတြ ဝင္ေနလည္း မရွင္းတာတို႔ပါဝင္ပါတယ္။
ေနာက္ မလိုအပ္တဲ့ဖိုင္ေတြကို မရွင္းတာေတြ၊ Source ခိုင္မာမႈမရွိတဲ့ Link ေတြထဲကို
ဝင္တာေတြကလည္း ဖုန္းကို ဆိုး႐ြားေစပါတယ္။
ဖုန္းေကာင္းေကာင္း ကိုင္ခ်င္ရင္ ကိုယ္တိုင္က ဂ႐ုစိုက္ရမွာပါ။
Credit – လင္းေဇာ္ကို
Ref ; BrightSide
Unicode Version
သူ့မှာ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေလည်း ပါသလို၊
တစ်ခုခု ချို့ယွင်းတာနဲ့ လုပ်ဆောင်မှုတွေကို ကမောက်ကမဖြစ်စေနိုင်တဲ့ သက်ရောက်မှုတွေလည်း ပါရှိပါတယ်။
ဒီတော့ ဖုန်းတစ်လုံးဟာ သက်ရှိသတ္တဝါတစ်ကောင်နဲ့ တူတယ်ဆိုပါစို့။
ပိုင်ရှင်က ဂရုမစိုက်ရင် ဖုန်းရဲ့ ကျန်းမာရေးကလည်း ကောင်းမှာ မဟုတ်ပါဘူး။
အခု ဖော်ပြချင်တာကတော့ သင့်ရဲ့ဖုန်းကို ပျက်စီးစေနိုင်တဲ့၊
အမှတ်တမဲ့ ပြုလုပ်နေမိကြတဲ့ အမူအကျင့်တွေပါ။
(၁) Source တွေကို မစူးစမ်းမဆင်ခြင်ပဲ ဝင်ရောက်ခြင်း
အခုတလောမှာ iPhone ဖုန်းပေါက်တယ်ဆိုတဲ့သတင်းတွေ မကြာခဏ ကြားရလေ့ရှိပါတယ်။တကယ်က အဲဒါဟာ
ဟက်ကာတွေကနေတီထွင်ထားတဲ့ လှည့်စားမှုဆိုတာ လူတိုင်း အသိနည်းပါတယ်။ဒီတော့ မခိုင်မာတဲ့ Source တွေ၊
Recommended ပေးမထားတဲ့App တွေကို လုံးဝမသုံးသင့်ပါဘူး။ဗိုင်းရပ်စ်တွေလည်း အလွယ်တကူ ဝင်ရောက်နိုင်ပါတယ်။
(၂) အပူလွန်တဲ့နေရာမှာ ထားရှိခြင်း
ဖုန်းတစ်လုံးကို ဝယ်လိုက်ပြီဆိုရင် ဖြစ်တန်သမျှကိုယ်နဲ့နီးနီးကပ်ကပ် ဆောင်ထားသင့်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် နေရောင်ခြည်တိုက်ရိုက်ရောက်တဲ့နေရာတွေမှာ ဖုန်းတစ်လုံးကို ထားမိပြီဆိုကိုယ့်ဖုန်းကို
ကိုယ်တိုင်ဖျက်ဆီးတာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ဖုန်းအတွင်းပိုင်းမှာပါတဲ့ ချပ်စ်အပြားတချို့ဟာသာမန်အပူချိန်ထက် ပိုပြီး ခံနိုင်ရည် မရှိပါဘူး။
(၃) အားသွင်းတဲ့အခါ
တချို့က ကိုယ့်ဖုန်းရဲ့အားသွင်း အဒက်ပတာမဟုတ်ပါဘဲသူများဖုန်းရဲ့ အဒက်ပတာတွေကို အလွယ်တကူ သုံးတတ်ပါတယ်။
မကောင်းတဲ့ အကျင့်ပါ။တချို့က အိပ်ရာဝင်ပြီဆို ညလုံးပေါက်အားသွင်းကြိုးတန်းလန်းနဲ့ ထားရှိတတ်ပါတယ်။
ဒါဟာ ဖုန်းဘက်ထရီရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေနိုင်ပြီး၊မတော်တဆ ပေါက်ကွဲမီးလောင်မှုလည်း ဖြစ်စေနိုင်ပါတယ်။
(၄) ဘေလ်ကုန်မှာ ကြောက်သူများ
ဖုန်းတွေဟာ အချိန်တန်ရင် သူတို့ရဲ့ အတွင်းပိုင်းပြင်ဆင်မှုနဲ့ Software တွေ
Firmware တွေအတွက် Update တောင်းတတ်ပါတယ်။
ဒါကို ဘေလ်ကုန်မှာစိုးပြီး Update မလုပ်ချင်ကြပါဘူး။အကျိုးဆက်အနေနဲ့ အဆင့်မြင့်တင်လိုက်တဲ့ Software တွေ သုံးမရတာ၊
Firmware ကျပြီး သုံးမရတော့တာဖြစ်တတ်ပါတယ်။ဒီကြားထဲမှာ သုံးရရင်တောင် အသစ်ထွက်ရှိတဲ့
Feature တွေကို လက်လွှတ်ရမှာပါ။
(၅) ဘက်ထရီ လဲလှယ်ခြင်း
ဖုန်းဘက်ထရီ စွမ်းဆောင်ရည် ကျသွားတဲ့အခါအော်ရီဂျင်နယ်ဘက်ထရီထက် လမ်းဘေးမှာ လွယ်လင့်တကူရောင်းတဲ့
အဖိုးနည်းအိုးကွဲ ဘက်ထရီ၊အမျိုးအစားတူသော်လည်း အခြားဖုန်းထဲကဘက်ထရီကို ဖြုတ်ထည့်တာတွေ မလုပ်သင့်ပါဘူး။
တက်ကျွမ်းနားလည်တဲ့ ဖုန်းဆရာတွေနဲ့ သူတို့ အကြံပေးတဲ့ ဘက်ထရီမျိုးကိုသာ သုံးသင့်ပါတယ်။
(၆) ဈေးသက်သာတာကို မမက်ပါနဲ့
ငွေကြေး တက်နိုင်ရင် ဖုန်းဆို ပစ္စည်းကောင်းပဲ ကိုင်သင့်ပါတယ်။
တချို့က ပြန်ပြင်ထားတဲ့ဖုန်းတွေ၊ ကလုံးတွေကို အဟုတ်လုပ်ပြီး ကိုင်တတ်ပါတယ်။
တချို့ဆို အားသွင်းအဒက်ပတာနဲ့ နားကြပ်ကအစ ဈေးခပ်ပေါပေါကို သီးခြားဝယ်သုံးကြပါတယ်။
ဒီတော့ ဘာဖြစ်သလဲဆို ကြာရှည်ခံနိုင်မှု၊ အဆင့်မီတဲ့ဝန်ဆာင်မှုတွေကို ခံစားရမှာ မဟုတ်ပါဘူုး။
(၇) အချိန်လွန်အောင် ဂိမ်းကစားတာ
ဂိမ်းသမားတွေကတော့ ဖုန်းဝယ်ရင် Ram ဘယ်လောက်ဆိုတာကို ကြည့်ဝယ်ကြပါတယ်။
တချို့က Ram မြင့်လေ ပိုပြီး ကြာကြာကစားနိုင်လေလို့ ထင်ကြပါတယ်။
တကယ်က Ram ဟာ ဖုန်းရဲ့အတွင်းပိုင်း လုပ်ဆောင်မှုတွေကို သွက်အောင်မြန်အောင် လုပ်ပေးတာသာရှိပါတယ်။
ဖုန်းရဲ့ အပူချိန်ကို မလျှော့နိုင်ပါဘူး။ တချို့က အားသွင်းရင်းတန်းလန်း ဂိမ်းကစားတာမျိုးတောင် ရှိပါတယ်။ ေ
ရှာင်သင့်ပါတယ်။
(၈) မလိုအပ်တဲ့ဖိုင်တွေ App တွေကို ရှင်းမပစ်တာ
မလိုအပ်တဲ့ဖိုင်တွေ၊ App တွေကို စက်အလေးခံပြီး ထားရှိဖို့ မသင့်ပါဘူး။
ဖုန်းရဲ့စွမ်းဆောင်ရည်ကို တိုက်ရိုက်ထိခိုက်စေနိုင်ပြီး၊ ဖုန်းရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
မလိုအပ်တဲ့ဓာတ်ပုံတွေ ဗွီဒီယိုတွေဆိုရင် ဖျက်ပစ်ပါ။
ဒါမှမဟုတ် မန်မိုရီကတ်ထဲကို ရွှေ့ပြောင်းပြီး၊ လုံခြုံရာမှာ သိမ်းထားလိုကသိမ်းထားသင့်ပါတယ်။
စက်ကို ပေါ့ပေါ့ပါးပါလေး သုံးလေ ဖုန်းရဲ့စွမ်းဆောင်ရည်က ကောင်းလေပါ။
(၉) ပေါ့တီးပေါ့ဆ ကိုင်တွယ်တာ
ဖုန်းကို ပေါ့တီးပေါ့ဆ ကိုင်တွယ်တယ်ဆိုတာ မှန်ကွဲနေလည်း အသစ်မလဲတာတို့၊
အားသွင်းပေါက်တွေ၊ နားကြပ်ပေါက်တွေထဲမှာ ရွှံ့တွေသဲတွေ ဝင်နေလည်း မရှင်းတာတို့ပါဝင်ပါတယ်။
နောက် မလိုအပ်တဲ့ဖိုင်တွေကို မရှင်းတာတွေ၊ Source ခိုင်မာမှုမရှိတဲ့ Link တွေထဲကို
ဝင်တာတွေကလည်း ဖုန်းကို ဆိုးရွားစေပါတယ်။
ဖုန်းကောင်းကောင်း ကိုင်ချင်ရင် ကိုယ်တိုင်က ဂရုစိုက်ရမှာပါ။
Credit – လင်းဇော်ကို
Ref ; BrightSide