ဗဟုသုတ

ေက်ာင္းဆရာမေတြ ဘာေၾကာင့္အိမ္ေထာင္မျပဳၾကတာလဲ…

ေက်ာင္းဆရာမေတြ ဘာေၾကာင့္အိမ္ေထာင္မျပဳၾကတာလဲ…

ဒီကိစၥဟာ ႏိုင္ငံတစ္ႏိုင္ငံအတြက္ ေကာင္းတဲ့အလားအလာ မဟုတ္ပါဘူး။ ကြၽန္မတို႔ ေက်ာင္းဆရာမေတြထဲမွာ အပ်ိဳႀကီးဆရာမေတြ ပိုပိုမ်ားလာတာ ေတြ႕ရပါတယ္

ေတြ႕လိုက္ရတဲ့ အပ်ိဳႀကီးဆရာမတိုင္းဟာ ႐ုပ္ရည္ေခ်ာေမာေျပျပစ္ၿပီးစားဝတ္ေနေရးျပည့္စုံ ကုံလုံတဲ့သူေတြခ်ည္းပါပဲ။ ပညာတတ္ေတြက သူတို႔ရဲ႕မ်ိဳးဆက္ေတြ ခ်န္မထားခဲ့ဘူးဆိုရင္ ႏိုင္ငံရဲ႕အနာဂတ္မွာ ဘယ္လိုမ်ိဳးဆက္ေတြနဲ႔ ႏိုင္ငံတစ္ႏိုင္ငံကို ထူေထာင္ၾကမွာလဲ။

စကၤာပူဝန္ႀကီးခ်ဳပ္ လီကြမ္ယုကေတာ့ အေျမာ္အျမင္ႀကီးစြာပဲ ဘြဲ႕ရပညာတတ္ေတြ အိမ္ေထာင္ျပဳလို႔ ကေလး ၂ေယာက္ေမြးရင္ တစ္ေယာက္ကို တာဝန္ယူေပးသတဲ့။

ဒီႏိုင္ငံမွာေတာ့ ပညာတတ္မိဘေတြဟာ ကေလးတစ္ေယာက္ကို ေအာင္ျမင္ျဖစ္ထြန္းေအာင္ ေမြးျမဴႏိုင္ဖို႔ ကိုယ့္အတိုင္းအတာနဲ႔ခ်င့္ခ်ိန္ၿပီး သားသမီးကို တစ္ေယာက္စႏွစ္ေယာက္စ လြန္ေရာကြၽံေရာ သုံးေလးေယာက္ထက္ ပိုမယူၾကေတာ့ဘူး။

ပိုဆိုးတာက ဘြဲ႕ရပညာတတ္မိန္းမေတြ ကိုယ့္အားကိုယ္ကိုးၿပီး ရပ္တည္ႏိုင္တဲ့ မိန္းမအေတာ္မ်ားမ်ားဟာ အိမ္ေထာင္မျပဳၾကေတာ့တာပါပဲ။ စာေစာင္တစ္ခုထဲမွာ မိန္းမဦးေရက ေယာက္်ားဦးေရထက္ႏွစ္ဆနီးပါး ပိုမ်ားလာခဲ့တယ္လို႔ ဖတ္လိုက္ရတယ္။

ေခတ္အဆက္ဆက္ ႏိုင္ငံတစ္ႏိုင္ငံမွာ စနစ္တစ္ခုေျပာင္းလဲေတာ့မယ္ဆိုရင္ ပညာတတ္လူလတ္တန္းစားေတြရဲ႕အားနဲ႔ပဲ ေျပာင္းလဲရသတဲ့။ ဒီႏိုင္ငံရဲ႕ ဖြံ႕ၿဖိဳးတိုးတက္မႈကိုေရာ ပညာတတ္လူလတ္တန္းစားေတြက ဘယ္ေနရာကပါဝင္မလဲ။

ပညာကိုတန္ဖိုးထားၿပီး ပညာတတ္လူလတ္တန္းစားကို ေနရာေပးတဲ့တစ္ေန႔ေတာ့ ႏိုင္ငံဟာ တစ္မ်ိဳးတစ္ဖုံ ေျပာင္းလဲသြားမယ္လို႔ ယူဆမိတယ္။

ခုေလာေလာဆယ္ေတာ့ လူငယ္ရင္းျမစ္ေတြ အဆက္မျပတ္ ဆုံးရႈံးေနတဲ့ျပႆနာနဲ႔ အိမ္ေထာင္မျပဳၾကပဲ တစ္ကိုယ္ရည္အဆင္ေျပေအာင္ ျဖစ္သလိုေနထိုင္ေနၾကတဲ့ လူ႔အဖြဲ႕အစည္းအတြက္ မ်ိဳးဆက္ျပတ္သုန္းျခင္းမ်ား ျဖစ္သြားမလားဆိုတဲ့ စိုးရိမ္မႈက စိတ္ထဲမွာ တႏုံ႔ႏုံ႔ျဖစ္ေစခဲ့ပါတယ္။ (ဒီကေန႔ေတြးမိတဲ့ အေတြးတစပါ)

ခရက္ဒစ္

————————

ဒီကိစ္စဟာ နိုင်ငံတစ်နိုင်ငံအတွက် ကောင်းတဲ့အလားအလာ မဟုတ်ပါဘူး။ ကျွန်မတို့ ကျောင်းဆရာမတွေထဲမှာ အပျိုကြီးဆရာမတွေ ပိုပိုများလာတာ တွေ့ရပါတယ်။

တွေ့လိုက်ရတဲ့ အပျိုကြီးဆရာမတိုင်းဟာ ရုပ်ရည်ချောမောပြေပြစ်ပြီးစားဝတ်နေရေးပြည့်စုံ ကုံလုံတဲ့သူတွေချည်းပါပဲ။ပညာတတ်တွေက သူတို့ရဲ့မျိုးဆက်တွေ ချန်မထားခဲ့ဘူးဆိုရင် နိုင်ငံရဲ့အနာဂတ်မှာ ဘယ်လိုမျိုးဆက်တွေနဲ့ နိုင်ငံတစ်နိုင်ငံကို ထူထောင်ကြမှာလဲ။

စင်္ကာပူဝန်ကြီးချုပ် လီကွမ်ယုကတော့ အမြော်အမြင်ကြီးစွာပဲ ဘွဲ့ရပညာတတ်တွေ အိမ်ထောင်ပြုလို့ ကလေး ၂ယောက်မွေးရင် တစ်ယောက်ကို တာဝန်ယူပေးသတဲ့။

ဒီနိုင်ငံမှာတော့ ပညာတတ်မိဘတွေဟာ ကလေးတစ်ယောက်ကို အောင်မြင်ဖြစ်ထွန်းအောင် မွေးမြူနိုင်ဖို့ ကိုယ့်အတိုင်းအတာနဲ့ချင့်ချိန်ပြီး သားသမီးကို တစ်ယောက်စနှစ်ယောက်စ လွန်ရောကျွံရော သုံးလေးယောက်ထက် ပိုမယူကြတော့ဘူး။

ပိုဆိုးတာက ဘွဲ့ရပညာတတ်မိန်းမတွေ ကိုယ့်အားကိုယ်ကိုးပြီး ရပ်တည်နိုင်တဲ့ မိန်းမအတော်များများဟာ အိမ်ထောင်မပြုကြတော့တာပါပဲ။ စာစောင်တစ်ခုထဲမှာ မိန်းမဦးရေက ယောက်ျားဦးရေထက်နှစ်ဆနီးပါး ပိုများလာခဲ့တယ်လို့ ဖတ်လိုက်ရတယ်။

ခေတ်အဆက်ဆက် နိုင်ငံတစ်နိုင်ငံမှာ စနစ်တစ်ခုပြောင်းလဲတော့မယ်ဆိုရင် ပညာတတ်လူလတ်တန်းစားတွေရဲ့အားနဲ့ပဲ ပြောင်းလဲရသတဲ့။ ဒီနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုရော ပညာတတ်လူလတ်တန်းစားတွေက ဘယ်နေရာကပါဝင်မလဲ။

ပညာကိုတန်ဖိုးထားပြီး ပညာတတ်လူလတ်တန်းစားကို နေရာပေးတဲ့တစ်နေ့တော့ နိုင်ငံဟာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားမယ်လို့ ယူဆမိတယ်။

ခုလောလောဆယ်တော့ လူငယ်ရင်းမြစ်တွေ အဆက်မပြတ် ဆုံးရှုံးနေတဲ့ပြဿနာနဲ့ အိမ်ထောင်မပြုကြပဲ တစ်ကိုယ်ရည်အဆင်ပြေအောင် ဖြစ်သလိုနေထိုင်နေကြတဲ့ လူ့အဖွဲ့အစည်းအတွက် မျိုးဆက်ပြတ်သုန်းခြင်းများ ဖြစ်သွားမလားဆိုတဲ့ စိုးရိမ်မှုက စိတ်ထဲမှာ တနုံ့နုံ့ဖြစ်စေခဲ့ပါတယ်။ (ဒီကနေ့တွေးမိတဲ့ အတွေးတစပါ)

ခရက်ဒစ်