သတင္း

မြန်မာ့လက်ရွေးစင်ဘောလုံးသမား မောင်မောင်လွင်ကို ကာမလိမ်လည်ရယူမှု နဲ့တရားစွဲခံရ (ရုပ်/သံ)

မြန်မာ့လက်ရွေးစင်ဘောလုံးသမား မောင်မောင်လွင်ကို ကာမလိမ်လည်ရယူမှု နဲ့တရားစွဲခံရ (ရုပ်/သံ)

မြန်မာ့လက်ရွေးစင်ဘောလုံးသမား မောင်မောင်လွင်ကို ကာမလိမ်လည်ရယူမှု(ပုဒ်မ ၄၁၇)နဲ့တရားစွဲလိုက်တဲ့ ဒီဇိုင်နာ ခင်ငြိမ်းချမ်း …

ဗီဒီယို ဖိုင်ကိုအောက်ဆုံးမှာ ဖေါ်ပြထားပါတယ်….

မြန်မာ့လက်ရွေးစင်ဘောလုံးသမား မောင်မောင်လွင်ကို လိမ်လည်လက်ထပ်မှု(ပုဒ်မ ၄၁၇)နဲ့ တရားစွဲထားပါတယ်…အခုကျွန်မမှာ သူနဲ့ရတဲ့ကိုယ်ဝန်ကို လွယ်ထားရပေမဲ့ ကိုယ်ဝန်နဲ့ပတ်သက်ပြီး သူ့ဘက်က လာဆွေးနွေးတာမျိုး လုံးဝမရှိပါဘူး…လို့ပြောလာပါတယ်

မြန်မာ့လက်ရွေးစင်ဘောလုံးသမား မောင်မောင်လွင်ကို လိမ်လည်လက်ထပ်မှု(ပုဒ်မ ၄၁၇)နဲ့ တရားစွဲထားပါတယ်…အခုကျွန်မမှာ သူနဲ့ရတဲ့ကိုယ်ဝန်ကို လွယ်ထားရပေမဲ့ ကိုယ်ဝန်နဲ့ပတ်သက်ပြီး သူ့ဘက်က လာဆွေးနွေးတာမျိုး လုံးဝမရှိပါဘူး…လို့ပြောလာတဲ့ ဒီဇိုင်နာ ခင်ငြိမ်းချမ်း…

CeleGabar

Photo Kaung Sat

မေ သတင်းရပ်ကွက်လေး

ဗဟုသုတရအောင် ဒါလေးပါဖတ်ကြည့်ပါ…..

ကာမ လိမ်လည်မှု ဆိုတာဘာလဲ။ ရည်းစားထားရတာ အန္တရာယ်ရှိနေသလား။

လိမ်လည်ပြီး ကာမရယူမှုနဲ့ တရားစွဲတာတွေ ခပ်စိပ်စိပ်ကြားလာနေရတယ်။ အဲသလိုကြားလာရတာနဲ့အမျှ ဂိုဏ်းနှစ်ဂိုဏ်းသိသိသာသာ ကွဲလာတယ်။ ဒီပုဒ်မနဲ့တရားစွဲတာကိုထောက်ခံသူဂိုဏ်းနဲ့ ကန့်ကွက်သူဂိုဏ်း။

“မိန်းကလေးတယောက်ကို ယူပါမယ်ပြောပြီးအတူအိပ်၊ ပြီးတော့ မယူဘဲထားခဲ့တာ တရားသလား။”

“ဖိုနဲ့မ သဘောတူအိပ်တုန်းကအိပ်ပြီး နောင်မှ တရားစွဲတာ ဖြစ်သင့်သလား။”

“မိန်းကလေးတွေကို ယောက်ျားလေးတွေက ကျောရရုံအပျော်ကြံတာ မိန်းကလေးတွေဘက်က မနစ်နာဘူးလား။”

“နစ်နာတယ်ထင်ရင် အစကတည်းက အတူမအိပ်နဲ့ပေါ့။”

“ယူမယ်ထင်လို့ အတူအိပ်တာပေါ့။ မယူမှန်းသိရင် ဘယ်သူကအိပ်မှာလဲ။”

“မိန်းကလေးတွေကို အခွင့်အရေးယူပြီး တာဝန်မယူချင်တဲ့လူတွေကို ခွင့်ပြုရမှာလား။”

“ကိုယ့်ရည်းစားနဲ့ကိုယ် နှစ်ယောက်သဘောတူ အတူအိပ်မိတာနဲ့ ထောင်ကျရတော့မှာလား။”

ဒီလိုအငြင်းပွားမှုတွေက တဖြည်းဖြည်းကျယ်သထက်ကျယ်လာတယ်။ ဘာ့ကြောင့် ဒီလောက်အငြင်းပွားစရာဖြစ်နေရတာလဲ။

လက်ထပ်ထိမ်းမြားဖို့မရည်ရွယ်ဘဲ အတူတူနေထိုင်ရင် ဥပဒေချိုးဖောက်ရာရောက်သလားလိမ်လည်ပြီးကာမရယူမှုဆိုတာဘာလဲ။”မြန်မာနိုင်ငံမှာ ကာမလိမ်လည်မှုနဲ့ပတ်သက်ပြီး သီးခြားပြဋ္ဌာန်းထားတဲ့ ဥပဒေ မရှိပါဘူး။ ဒါပေမယ့်အမျိုးသမီးတယောက်ကို ယုံကြည်အောင်ပြောဆိုပြီးတော့ သူနဲ့အတူကာမဆက်ဆံပြီးမှ မယူတော့ဘူးဆိုလို့ရှိရင် ရာဇသတ်ကြီးက ပြဋ္ဌာန်းထားတဲ့ ပုဒ်မ ၄၁၇ နဲ့စွဲတာတွေ ကျွန်မတို့တွေ့ရပါတယ်။”

ဥပဒေဆိုင်ရာ ကူညီထောက်ပံ့မှုတွေ လုပ်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီပါ။ သူပြောတဲ့ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၁၇ ကလိမ်လည်မှုဖြစ်ပါတယ်။

ပုဒ်မ ၄၁၇ မှာဒီလိုဆိုထားပါတယ်။

“မည်သူမဆိုလိမ်လည်မှုကျူးလွန်လျှင်၊ ထိုသူကို တနှစ်ထိထောင်ဒဏ် တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်ရမည်။”

အနိုင်ကျင့်မခံရဖို့ လူမှုကွန်ရက်ကနေ အကူအညီပေးနေသူ – ဘီဘီစီ အမျိုးသမီး ၁၀၀

တရုတ်ဇနီးသည်အဖြစ် လူကုန်ကူးခံရတဲ့ မြန်မာအမျိုးသမီးတွေ ထောင်ချီရှိ

နောက်ပိုင်းမှာ ဥပဒေပြင်ဆင်ချက်အရ ထောင်ဒဏ်ကိုတိုးမြှင့်ထားပါတယ်။ ၃ နှစ်အထိ ထောင်ဒဏ်ကျခံရနိုင်ပါတယ်။

“အဲဒီပုဒ်မရဲ့ အဓိကအချက်ကတော့ ကာမ မယူခင် လက်ထပ်မယ်ဆိုရင်လည်း လက်ထပ်မယ်ဆိုတာကို ယုံကြည်အောင်ပြောဆိုထားရတဲ့ဟာတွေရှိရမယ်။ ဥပမာ ကောင်မလေး တယောက်နဲ့ အခုတွေ့တယ်၊ အခုသွားအိပ်လိုက်ကြတယ်။ အဲဒီကြားထဲမှာ ယုံကြည်အောင် နင့်ကိုငါယူပါမယ်ဆိုတဲ့ ပြောဆိုထားတာတွေ လက်ထပ်မယ်လို့ ပြောဆိုထားတာတွေ မရှိဘူးဆိုရင် လိမ်လည်ပြီး ကာမရယူမှုနဲ့ တရားစွဲဖို့ခက်ပါတယ်။”

လို့ ဒေါ်လှလှရီကဆိုပါတယ်။

ဒီတော့ ဒီပုဒ်မနဲ့အပြစ်ဒဏ်ချမှတ်ဖို့ရာ အဓိကအချက်ကြီး ၂ ချက်လိုအပ်ပါတယ်။ လိမ်လည်ခြင်းနဲ့ ကာမရယူခြင်းဖြစ်ပါတယ်။

ကာမ ရယူပေမယ့် မလိမ်လည်ခဲ့ရင် ဒီပုဒ်မနဲ့ အကျုံးမဝင်ပါဘူး။

လိမ်လည်ပေမယ့် ကာမ မရယူခဲ့ရင်လည်း လိမ်လည်၍ကာမရယူခြင်းမခေါ်နိုင်ပါဘူး။ တခြားလိမ်လည်မှုနဲ့သာ တရားစွဲဆိုလို့ရပါလိမ့်မယ်။

ပုဒ်မ ၄၁၇ ရဲ့ပြဋ္ဌာန်းချက်မှာ တကယ်တော့ ကာမဆိုတဲ့စကားလုံးတလုံးမှ မပါပါဘူး။ ဒါဆိုရင်လိမ်လည်၍ ကာမ ရယူခြင်းဆိုတဲ့ ဥပဒေဝေါဟာရက ဘယ်လိုပေါ်ပေါက်လာတာပါလဲ။

အငြင်းပွားခဲ့ရတဲ့ ပုဒ်မ ၄၁၇

ပုဒ်မ ၄၁၇ ဟာ ရာဇသတ်ကြီးဥပဒေရဲ့ အခန်း ၁၇ ၊ ပစ္စည်းကိုထိခိုက်သည့် ပြစ်မှုများအခန်းထဲမှာပါဝင်တာပါ။ ပစ္စည်းကိုထိခိုက်မှ ဒီပုဒ်မ ၄၁၇ နဲ့ငြိစွန်းမယ်လို့ အတိအလင်းဆိုထားပါလျက်နဲ့ ဘာ့ကြောင့် လိမ်လည်ပြီး ကာမရယူမှုကို ဒီပုဒ်မနဲ့ စွဲနေရသလဲ။

တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က အခုလိုဆိုပါတယ်။

“အရင်ကတော့ သာမန်အားဖြင့် ပစ္စည်းကိုလိမ်တာ၊ ငွေကိုလိမ်တာ အဲဒါမျိုးကို ဒီပုဒ်မနဲ့စွဲတယ်။ ပစ္စည်းကိုထိခိုက်စေတဲ့ပြစ်မှုများလို့ ဆိုထားတာကိုး။ နောက်ပိုင်းကျတော့ အမျိုးသမီးတွေက သူတို့ကိုလိမ်လည်ပြီးတော့ ကာမရယူလို့ အရှက်တကွဲအကျိုးနည်းဖြစ်တယ်၊ ကိုယ်ဝန်တွေဘာတွေရှိတယ်ဆိုရင် အဲဒီယောက်ျားကို တရားစွဲဖို့ ပုဒ်မ ၄၁၇ ကိုသုံးလာကြတယ်။ အစောပိုင်းတုန်းက မရဘူးဗျ။ တရားရုံးတွေက လက်မခံဘူး။

ဒါပေမယ့် ၁၉၆၄ ခုနှစ်လောက်မှာ စီရင်ထုံးအထိဖြစ်သွားတဲ့ အမှုတခုရှိသွားတယ်။ အမျိုးသမီးတွေဆီက ကာမလိမ်လည်ပြီး ရယူတာဟာ သူ့မှာဂုဏ်သိက္ခာထိခိုက်သွားတယ်။ အဲဒီတော့ ဂုဏ်သိက္ခာဆိုတာဟာ ဒါ အဖိုးတန်တဲ့ပစ္စည်းတခုဖြစ်တယ်။ ဒါ့ကြောင့် ဂုဏ်သိက္ခာကို ထိခိုက်စေတာကို ပစ္စည်းကို ထိခိုက်တဲ့ပြစ်မှုနဲ့ တရားစွဲခွင့်ပြုလိုက်တယ်။ အဲဒီနောက်ပိုင်းမှာ ဒီလိုအမှုမျိုးကို ၄၁၇ နဲ့စွဲလာကြတာပါပဲ။ နောက်ပိုင်းမှာ လိမ်လည်မှုကို ပိုပြီးတိကျအောင်ဆိုပြီး ကာမလိမ်လည်မှုလို့ ရှေ့ကတပ်လိုက်တာပဲ။ ရာဇသတ်ကြီးမှာ သူ့အတိအကျကတော့ လိမ်လည်မှုပါပဲ။”

ယုံကြည်အောင်ပြောဆိုတိုင်း လိုက်လျောဖို့သင့်မသင့်။ လိမ်လည်မှု မြောက်မမြောက်။ယုံကြည်လောက်အောင် ပြောဆိုလိမ်လည်မှုလိမ်လည်၍ ကာမရယူခြင်းကို ပုဒ်မ ၄၁၇ နဲ့ တရားစွဲဆိုဖို့ဆိုရင် လက်ထပ်ပါမယ်လို့ လိမ်လည်ပြောဆိုခဲ့မှ အပြစ်ဒဏ်မြောက်ပါတယ်။ လိမ်လည်ပြောဆိုမှုဟာ ယုံကြည်လောက်တဲ့ အနေအထားရှိမှလည်း လိမ်လည်မှုမြောက်ပါတယ်။ အစကတည်းက ယုံကြည်လောက်စရာမရှိတဲ့ ပြောဆိုချက်ကို အမျိုးသမီးက ယုံကြည်ပြီး ကာမပေးအပ်ခဲ့ရင် ပြစ်မှုမမြောက်ဘူးဆိုတဲ့ စီရင်ချက်တခုရှိခဲ့တဲ့ အကြောင်း ဦးခင်မောင်ဇော်က အခုလိုရှင်းပြပါတယ်။

“စီရင်ထုံးတခုရှိတယ်ဗျ။ ဘုန်းကြီးက မာတုဂါမနဲ့ လွန်လွန်ကျွံကျွံဖြစ်ပြီး မယူဘူးပေါ့ဗျာ။ လူထွက်ပြီးယူပါမယ်လို့လိမ်လည်ပြီး ကာမရယူပါတယ်ဆိုပြီး မာတုဂါမက စွဲတယ်ဗျ။ အဲဒီတော့ တရားရုံးက ဘယ်လိုဆုံးဖြတ်သလဲဆိုတော့ ဒီအမျိုးသမီးဟာ ဘုန်းကြီးက မိန်းမမယူရဘူးဆိုတာသိပြီးဖြစ်ရမယ်။ ဘုန်းကြီးက မိန်းမယူမယ်ဆိုတာဟာ မယုံသင့်တာကိုယုံကြည်ပြီး ကာမပေးအပ်ခဲ့တာဖြစ်တဲ့ အတွက် ဒါဟာ ယုံလို့အလိမ်ခံရတာ မဟုတ်ဘူး။ နှစ်ဦးသဘောတူဖောက်ပြန်ခဲ့ကြတာ ဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့တယ်။”

မယားကြီးရှိသူ ယောက်ျားတယောက်က ငွေကြေးနဲ့ ပစ္စည်းပေးဖျားယောင်းသိမ်းသွင်းတာမျိုး၊ တိုက်ခန်းငှားပေးတာမျိုးလုပ်ပြီး ဆင်းရဲတဲ့ အမျိုးသမီးကို အငယ်အနှောင်းပြုတဲ့ ဖြစ်စဉ်မျိုးမှာလည်း လက်ထပ်ပါမယ်လို့ ကတိခံဝန်ချက်ပေးထားတာမျိုးမရှိရင် ရာဇဝတ်မှုမမြောက်ပါဘူး။ အငယ်အနှောင်းအဖြစ်ထားပြီး ကိုယ်ဝန်ရှိလာတော့မှ စွန့်ပစ်သွားတာမျိုးကို တရားမမှုအရ နစ်နာမှုကိုသာ လျှောက်ထားတောင်းခံနိုင်ခွင့်ရှိပါတယ်။

ဒါပေမယ့် ဒီလို ဘုန်းကြီးက လိင်အမြတ်ထုတ်တဲ့ဥပမာမျိုး၊ မယားကြီးရှိသူက ငွေကြေးပစ္စည်း ရယူပြီး နစ်နာအောင်ပြုတဲ့အပြုမူမျိုးကတော့ အမျိုးသမီးဘက်က သိသိသာသာ နစ်နာစေတဲ့အတွက် ရာဇဝတ်မှုကြောင်း အရပါ အရေးယူလို့ရအောင် ဥပဒေကို ပြန်လည်သုံးသပ်တာမျိုးတွေ လုပ်ဖို့ လိုအပ်နေပြီလို့ ယူဆကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကပြောပါတယ်။

ခရက်ဒစ် BBC

Zawgyi

ျမန္မာ့လက္ေရြးစင္ေဘာလုံးသမား ေမာင္ေမာင္လြင္ကို ကာမလိမ္လည္ရယူမႈ(ပုဒ္မ ၄၁၇)နဲ႔တရားစြဲလိုက္တဲ့ ဒီဇိုင္နာ ခင္ၿငိမ္းခ်မ္း …

ျမန္မာ့လက္ေရြးစင္ေဘာလုံးသမား ေမာင္ေမာင္လြင္ကို လိမ္လည္လက္ထပ္မႈ(ပုဒ္မ ၄၁၇)နဲ႔ တရားစြဲထားပါတယ္…အခုကၽြန္မမွာ သူနဲ႔ရတဲ့ကိုယ္ဝန္ကို လြယ္ထားရေပမဲ့ ကိုယ္ဝန္နဲ႔ပတ္သက္ၿပီး သူ႔ဘက္က လာေဆြးေႏြးတာမ်ိဳး လုံးဝမရွိပါဘူး…လို႔ေျပာလာပါတယ္

ျမန္မာ့လက္ေရြးစင္ေဘာလုံးသမား ေမာင္ေမာင္လြင္ကို လိမ္လည္လက္ထပ္မႈ(ပုဒ္မ ၄၁၇)နဲ႔ တရားစြဲထားပါတယ္…အခုကၽြန္မမွာ သူနဲ႔ရတဲ့ကိုယ္ဝန္ကို လြယ္ထားရေပမဲ့ ကိုယ္ဝန္နဲ႔ပတ္သက္ၿပီး သူ႔ဘက္က လာေဆြးေႏြးတာမ်ိဳး လုံးဝမရွိပါဘူး…လို႔ေျပာလာတဲ့ ဒီဇိုင္နာ ခင္ၿငိမ္းခ်မ္း…

CeleGabar

Photo Kaung Sat

ေမ သတင္းရပ္ကြက္ေလး

ဗဟုသုတရေအာင္ ဒါေလးပါဖတ္ၾကည့္ပါ…..

ကာမ လိမ္လည္မႈ ဆိုတာဘာလဲ။ ရည္းစားထားရတာ အႏၲရာယ္ရွိေနသလား။

လိမ္လည္ၿပီး ကာမရယူမႈနဲ႔ တရားစြဲတာေတြ ခပ္စိပ္စိပ္ၾကားလာေနရတယ္။ အဲသလိုၾကားလာရတာနဲ႔အမၽွ ဂိုဏ္းႏွစ္ဂိုဏ္းသိသိသာသာ ကြဲလာတယ္။ ဒီပုဒ္မနဲ႔တရားစြဲတာကိုေထာက္ခံသူဂိုဏ္းနဲ႔ ကန္႔ကြက္သူဂိုဏ္း။

“မိန္းကေလးတေယာက္ကို ယူပါမယ္ေျပာၿပီးအတူအိပ္၊ ၿပီးေတာ့ မယူဘဲထားခဲ့တာ တရားသလား။”

“ဖိုနဲ႔မ သေဘာတူအိပ္တုန္းကအိပ္ၿပီး ေနာင္မွ တရားစြဲတာ ျဖစ္သင့္သလား။”

“မိန္းကေလးေတြကို ေယာက္်ားေလးေတြက ေက်ာရ႐ုံအေပ်ာ္ႀကံတာ မိန္းကေလးေတြဘက္က မနစ္နာဘူးလား။”

“နစ္နာတယ္ထင္ရင္ အစကတည္းက အတူမအိပ္နဲ႔ေပါ့။”

“ယူမယ္ထင္လို႔ အတူအိပ္တာေပါ့။ မယူမွန္းသိရင္ ဘယ္သူကအိပ္မွာလဲ။”

“မိန္းကေလးေတြကို အခြင့္အေရးယူၿပီး တာဝန္မယူခ်င္တဲ့လူေတြကို ခြင့္ျပဳရမွာလား။”

“ကိုယ့္ရည္းစားနဲ႔ကိုယ္ ႏွစ္ေယာက္သေဘာတူ အတူအိပ္မိတာနဲ႔ ေထာင္က်ရေတာ့မွာလား။”

ဒီလိုအျငင္းပြားမႈေတြက တျဖည္းျဖည္းက်ယ္သထက္က်ယ္လာတယ္။ ဘာ့ေၾကာင့္ ဒီေလာက္အျငင္းပြားစရာျဖစ္ေနရတာလဲ။

လက္ထပ္ထိမ္းျမားဖို႔မရည္ရြယ္ဘဲ အတူတူေနထိုင္ရင္ ဥပေဒခ်ိဳးေဖာက္ရာေရာက္သလားလိမ္လည္ၿပီးကာမရယူမႈဆိုတာဘာလဲ။”ျမန္မာနိုင္ငံမွာ ကာမလိမ္လည္မႈနဲ႔ပတ္သက္ၿပီး သီးျခားျပ႒ာန္းထားတဲ့ ဥပေဒ မရွိပါဘူး။ ဒါေပမယ့္အမ်ိဳးသမီးတေယာက္ကို ယုံၾကည္ေအာင္ေျပာဆိုၿပီးေတာ့ သူနဲ႔အတူကာမဆက္ဆံၿပီးမွ မယူေတာ့ဘူးဆိုလို႔ရွိရင္ ရာဇသတ္ႀကီးက ျပ႒ာန္းထားတဲ့ ပုဒ္မ ၄၁၇ နဲ႔စြဲတာေတြ ကၽြန္မတို႔ေတြ႕ရပါတယ္။”

ဥပေဒဆိုင္ရာ ကူညီေထာက္ပံ့မႈေတြ လုပ္ေပးေနတဲ့ တရားလႊတ္ေတာ္ေရွ႕ေန ေဒၚလွလွရီပါ။ သူေျပာတဲ့ ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၄၁၇ ကလိမ္လည္မႈျဖစ္ပါတယ္။

ပုဒ္မ ၄၁၇ မွာဒီလိုဆိုထားပါတယ္။

“မည္သူမဆိုလိမ္လည္မႈက်ဴးလြန္လၽွင္၊ ထိုသူကို တႏွစ္ထိေထာင္ဒဏ္ တမ်ိဳးမ်ိဳးျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးကိုျဖစ္ေစ ခ်မွတ္ရမည္။”

အနိုင္က်င့္မခံရဖို႔ လူမႈကြန္ရက္ကေန အကူအညီေပးေနသူ – ဘီဘီစီ အမ်ိဳးသမီး ၁၀၀

တ႐ုတ္ဇနီးသည္အျဖစ္ လူကုန္ကူးခံရတဲ့ ျမန္မာအမ်ိဳးသမီးေတြ ေထာင္ခ်ီရွိ

ေနာက္ပိုင္းမွာ ဥပေဒျပင္ဆင္ခ်က္အရ ေထာင္ဒဏ္ကိုတိုးျမႇင့္ထားပါတယ္။ ၃ ႏွစ္အထိ ေထာင္ဒဏ္က်ခံရနိုင္ပါတယ္။

“အဲဒီပုဒ္မရဲ့ အဓိကအခ်က္ကေတာ့ ကာမ မယူခင္ လက္ထပ္မယ္ဆိုရင္လည္း လက္ထပ္မယ္ဆိုတာကို ယုံၾကည္ေအာင္ေျပာဆိုထားရတဲ့ဟာေတြရွိရမယ္။ ဥပမာ ေကာင္မေလး တေယာက္နဲ႔ အခုေတြ႕တယ္၊ အခုသြားအိပ္လိုက္ၾကတယ္။ အဲဒီၾကားထဲမွာ ယုံၾကည္ေအာင္ နင့္ကိုငါယူပါမယ္ဆိုတဲ့ ေျပာဆိုထားတာေတြ လက္ထပ္မယ္လို႔ ေျပာဆိုထားတာေတြ မရွိဘူးဆိုရင္ လိမ္လည္ၿပီး ကာမရယူမႈနဲ႔ တရားစြဲဖို႔ခက္ပါတယ္။”

လို႔ ေဒၚလွလွရီကဆိုပါတယ္။

ဒီေတာ့ ဒီပုဒ္မနဲ႔အျပစ္ဒဏ္ခ်မွတ္ဖို႔ရာ အဓိကအခ်က္ႀကီး ၂ ခ်က္လိုအပ္ပါတယ္။ လိမ္လည္ျခင္းနဲ႔ ကာမရယူျခင္းျဖစ္ပါတယ္။

ကာမ ရယူေပမယ့္ မလိမ္လည္ခဲ့ရင္ ဒီပုဒ္မနဲ႔ အက်ဳံးမဝင္ပါဘူး။

လိမ္လည္ေပမယ့္ ကာမ မရယူခဲ့ရင္လည္း လိမ္လည္၍ကာမရယူျခင္းမေခၚနိုင္ပါဘူး။ တျခားလိမ္လည္မႈနဲ႔သာ တရားစြဲဆိုလို႔ရပါလိမ့္မယ္။

ပုဒ္မ ၄၁၇ ရဲ့ျပ႒ာန္းခ်က္မွာ တကယ္ေတာ့ ကာမဆိုတဲ့စကားလုံးတလုံးမွ မပါပါဘူး။ ဒါဆိုရင္လိမ္လည္၍ ကာမ ရယူျခင္းဆိုတဲ့ ဥပေဒေဝါဟာရက ဘယ္လိုေပၚေပါက္လာတာပါလဲ။

အျငင္းပြားခဲ့ရတဲ့ ပုဒ္မ ၄၁၇

ပုဒ္မ ၄၁၇ ဟာ ရာဇသတ္ႀကီးဥပေဒရဲ့ အခန္း ၁၇ ၊ ပစၥည္းကိုထိခိုက္သည့္ ျပစ္မႈမ်ားအခန္းထဲမွာပါဝင္တာပါ။ ပစၥည္းကိုထိခိုက္မွ ဒီပုဒ္မ ၄၁၇ နဲ႔ၿငိစြန္းမယ္လို႔ အတိအလင္းဆိုထားပါလ်က္နဲ႔ ဘာ့ေၾကာင့္ လိမ္လည္ၿပီး ကာမရယူမႈကို ဒီပုဒ္မနဲ႔ စြဲေနရသလဲ။

တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေမာင္ေဇာ္က အခုလိုဆိုပါတယ္။

“အရင္ကေတာ့ သာမန္အားျဖင့္ ပစၥည္းကိုလိမ္တာ၊ ေငြကိုလိမ္တာ အဲဒါမ်ိဳးကို ဒီပုဒ္မနဲ႔စြဲတယ္။ ပစၥည္းကိုထိခိုက္ေစတဲ့ျပစ္မႈမ်ားလို႔ ဆိုထားတာကိုး။ ေနာက္ပိုင္းက်ေတာ့ အမ်ိဳးသမီးေတြက သူတို႔ကိုလိမ္လည္ၿပီးေတာ့ ကာမရယူလို႔ အရွက္တကြဲအက်ိဳးနည္းျဖစ္တယ္၊ ကိုယ္ဝန္ေတြဘာေတြရွိတယ္ဆိုရင္ အဲဒီေယာက္်ားကို တရားစြဲဖို႔ ပုဒ္မ ၄၁၇ ကိုသုံးလာၾကတယ္။ အေစာပိုင္းတုန္းက မရဘူးဗ်။ တရား႐ုံးေတြက လက္မခံဘူး။ ဒါေပမယ့္ ၁၉၆၄ ခုႏွစ္ေလာက္မွာ စီရင္ထုံးအထိျဖစ္သြားတဲ့ အမႈတခုရွိသြားတယ္။ အမ်ိဳးသမီးေတြဆီက ကာမလိမ္လည္ၿပီး ရယူတာဟာ သူ႔မွာဂုဏ္သိကၡာထိခိုက္သြားတယ္။ အဲဒီေတာ့ ဂုဏ္သိကၡာဆိုတာဟာ ဒါ အဖိုးတန္တဲ့ပစၥည္းတခုျဖစ္တယ္။ ဒါ့ေၾကာင့္ ဂုဏ္သိကၡာကို ထိခိုက္ေစတာကို ပစၥည္းကို ထိခိုက္တဲ့ျပစ္မႈနဲ႔ တရားစြဲခြင့္ျပဳလိုက္တယ္။ အဲဒီေနာက္ပိုင္းမွာ ဒီလိုအမႈမ်ိဳးကို ၄၁၇ နဲ႔စြဲလာၾကတာပါပဲ။ ေနာက္ပိုင္းမွာ လိမ္လည္မႈကို ပိုၿပီးတိက်ေအာင္ဆိုၿပီး ကာမလိမ္လည္မႈလို႔ ေရွ႕ကတပ္လိုက္တာပဲ။ ရာဇသတ္ႀကီးမွာ သူ႔အတိအက်ကေတာ့ လိမ္လည္မႈပါပဲ။”

ယုံၾကည္ေအာင္ေျပာဆိုတိုင္း လိုက္ေလ်ာဖို႔သင့္မသင့္။ လိမ္လည္မႈ ေျမာက္မေျမာက္။ယုံၾကည္ေလာက္ေအာင္ ေျပာဆိုလိမ္လည္မႈလိမ္လည္၍ ကာမရယူျခင္းကို ပုဒ္မ ၄၁၇ နဲ႔ တရားစြဲဆိုဖို႔ဆိုရင္ လက္ထပ္ပါမယ္လို႔ လိမ္လည္ေျပာဆိုခဲ့မွ အျပစ္ဒဏ္ေျမာက္ပါတယ္။ လိမ္လည္ေျပာဆိုမႈဟာ ယုံၾကည္ေလာက္တဲ့ အေနအထားရွိမွလည္း လိမ္လည္မႈေျမာက္ပါတယ္။ အစကတည္းက ယုံၾကည္ေလာက္စရာမရွိတဲ့ ေျပာဆိုခ်က္ကို အမ်ိဳးသမီးက ယုံၾကည္ၿပီး ကာမေပးအပ္ခဲ့ရင္ ျပစ္မႈမေျမာက္ဘူးဆိုတဲ့ စီရင္ခ်က္တခုရွိခဲ့တဲ့ အေၾကာင္း ဦးခင္ေမာင္ေဇာ္က အခုလိုရွင္းျပပါတယ္။

“စီရင္ထုံးတခုရွိတယ္ဗ်။ ဘုန္းႀကီးက မာတုဂါမနဲ႔ လြန္လြန္ကၽြံကၽြံျဖစ္ၿပီး မယူဘူးေပါ့ဗ်ာ။ လူထြက္ၿပီးယူပါမယ္လို႔လိမ္လည္ၿပီး ကာမရယူပါတယ္ဆိုၿပီး မာတုဂါမက စြဲတယ္ဗ်။ အဲဒီေတာ့ တရား႐ုံးက ဘယ္လိုဆုံးျဖတ္သလဲဆိုေတာ့ ဒီအမ်ိဳးသမီးဟာ ဘုန္းႀကီးက မိန္းမမယူရဘူးဆိုတာသိၿပီးျဖစ္ရမယ္။ ဘုန္းႀကီးက မိန္းမယူမယ္ဆိုတာဟာ မယုံသင့္တာကိုယုံၾကည္ၿပီး ကာမေပးအပ္ခဲ့တာျဖစ္တဲ့ အတြက္ ဒါဟာ ယုံလို႔အလိမ္ခံရတာ မဟုတ္ဘူး။ ႏွစ္ဦးသေဘာတူေဖာက္ျပန္ခဲ့ၾကတာ ျဖစ္တယ္လို႔ ဆုံးျဖတ္ခဲ့တယ္။”

မယားႀကီးရွိသူ ေယာက္်ားတေယာက္က ေငြေၾကးနဲ႔ ပစၥည္းေပးဖ်ားေယာင္းသိမ္းသြင္းတာမ်ိဳး၊ တိုက္ခန္းငွားေပးတာမ်ိဳးလုပ္ၿပီး ဆင္းရဲတဲ့ အမ်ိဳးသမီးကို အငယ္အေႏွာင္းျပဳတဲ့ ျဖစ္စဥ္မ်ိဳးမွာလည္း လက္ထပ္ပါမယ္လို႔ ကတိခံဝန္ခ်က္ေပးထားတာမ်ိဳးမရွိရင္ ရာဇဝတ္မႈမေျမာက္ပါဘူး။ အငယ္အေႏွာင္းအျဖစ္ထားၿပီး ကိုယ္ဝန္ရွိလာေတာ့မွ စြန္႔ပစ္သြားတာမ်ိဳးကို တရားမမႈအရ နစ္နာမႈကိုသာ ေလၽွာက္ထားေတာင္းခံနိုင္ခြင့္ရွိပါတယ္။

ဒါေပမယ့္ ဒီလို ဘုန္းႀကီးက လိင္အျမတ္ထုတ္တဲ့ဥပမာမ်ိဳး၊ မယားႀကီးရွိသူက ေငြေၾကးပစၥည္း ရယူၿပီး နစ္နာေအာင္ျပဳတဲ့အျပဳမူမ်ိဳးကေတာ့ အမ်ိဳးသမီးဘက္က သိသိသာသာ နစ္နာေစတဲ့အတြက္ ရာဇဝတ္မႈေၾကာင္း အရပါ အေရးယူလို႔ရေအာင္ ဥပေဒကို ျပန္လည္သုံးသပ္တာမ်ိဳးေတြ လုပ္ဖို႔ လိုအပ္ေနၿပီလို႔ ယူဆေၾကာင္း တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေမာင္ေဇာ္ကေျပာပါတယ္။

ခရက္ဒစ္ BBC