ဟိုတုန္းကေဆာင္း (အရမ္းလြမ္းဖို႔ေကာင္းတယ္ ဖတ္ၾကည့္)
သစ္ရြက္ေျခာက္ေတြ ေႂကြတဲ့ရာသီ ေရာက္ၿပီ၊ေျမာက္ျပန္ေလေတြလည္း တိုက္လာၿပီ။ဒီအခ်ိန္ဆို အလြမ္းေတြဟာလည္းႏွင္းေတြလို ေဝၿပီ . . . ။
အလြမ္း . . . တဲ့။ဘာေတြကို လြမ္းတာလဲ။
ငယ္ဘဝကို လြမ္းတယ္အပူအပင္ကင္းတဲ့ ကေလးဘဝကို လြမ္းတယ္။
ထန္းလက္ေျခာက္ေတြကို ခုတ္လွည္းလုပ္ၿပီးမီးလႈံဖို႔ ထင္းေျခာက္ကေလးေတြလိုက္စုဖူးတယ္။
ပုံထားတဲ့ ထန္းသီးေတြက ထြက္ေနတဲ့ထန္းစို႔(ထန္းျမစ္)ေတြကို တူးၿပီးမီးလႈံရင္း ဖုတ္စားဖူးတယ္။
တစ္ခါတေလလည္း အေမကထန္းျမစ္ေတြကို အၿမီးျဖတ္ၿပီးအိုးႀကီးႀကီးတစ္လုံးနဲ႔ျပဳတ္ညီအစ္ကို ေမာင္ႏွမေတြဝိုင္းဖြဲ႕ လုယက္စားဖူးတယ္။
ထန္းျမစ္ဖုတ္ကို သင့္ေတာ္႐ုံ ဆစ္ပိုင္းၿပီးဆီ မႏွံ့တႏွံ့ စမ္းလို႔ထမင္းျခမ္းေအးနဲ႔ေဆာင္းတြင္းရဲ့ မနက္စာကိုအားရပါးရ စားဖူးတယ္။
ထန္းျမစ္တူးလို႔ ျပတ္က်န္ခဲ့တဲ့ ထန္းသီးေတြကိုထန္းသီးတီျပတ္ဆိုၿပီး ခြဲစားရတဲ့အရသာဒါဟာ ငယ္ဘဝရဲ့ နတ္သုဒၶါပဲ။
မနက္ခင္း အလင္းေရာင္မလာခင္အေမႀကီးရဲ့ တရွဲရွဲနဲ႔ သစ္ရြက္ေျခာက္ေတြ သိမ္းေနတဲ့အသံအဲဒီအသံဟာ သစ္ပင္ေတြ ရွားပါးလာတဲ့အခုလိုအခ်ိန္မွာသူဟာလည္း ရွားပါးသံ ျဖစ္လာၿပီ . . . ။အေမႀကီးမရွိေတာ့လို႔ ၾကားလည္း မၾကားရေတာ့ဘူး။
မီးဖိုေဘးမွာ ေရေႏြးအိုးတစ္လုံးနဲ႔အေမက ငွဲ႕လိုက္ အေဖက ေသာက္လိုက္။ရွမ္းေရႊလီေဆးေပါ့လိပ္ကိုမီးဖိုေဘးမွာ လင္မယားႏွစ္ေယာက္သားဖြာေနၾကေလရဲ့ . . . ။
မီးဖိုကထြက္လာတဲ့ မီးခိုးမွိုင္းေတြနဲ႔အတူႂကြပ္ႂကြပ္အိပ္အစုတ္ကေလးေတြ စုၿပီးမီးပုံးပ်ံလႊတ္တမ္း ကစားခဲ့ဖူးတယ္။
ႂကြပ္ႂကြပ္အိတ္ေတြ ခပ္ျမင့္ျမင့္ တက္သြားလို႔လက္ခုပ္ လက္ဝါးတီးၿပီး“ ေဟး . . . ”လို႔ ဝိုင္းေအာ္ၾကတဲ့အသံေတြဟာအခုေတာ့ ေပ်ာက္ရွကုန္ၿပီ။
အဲ့တုန္းက အိမ္ေလးဟာ မလုံေပမယ့္ေဆာင္းတြင္းမွာ ေစာင္အစုတ္ေတြဟာတကယ့္ကို ေႏြးေထြးမႈကို ေပးတယ္။
ေဆာင္းတြင္းေရာက္ၿပီဆိုရင္အေမဟာ . . . ေဆာင္အစုတ္ေတြကိုအထပ္ထပ္ ထပ္ခ်ဳပ္တယ္။အဲ့တာဟာ အခုေခတ္ အေကာင္းစား ဂြမ္းကပ္ေစာင္ေတြထက္ ေႏြးတယ္။
ေဆာင္းတြင္းေရာက္ရင္အိမ္မွာ အမွိုက္ရွင္းတယ္။အတိုအစမွန္သမၽွ မီးပုံထဲ ေရာက္သြားတယ္။
အေဖ့အတြက္ အေႏြးထည္ဟာေစာင္စုတ္တစ္ထည္ ျဖစ္ၿပီးအေမ့အတြက္ အေႏြးထည္ဟာလည္းေစာင္စုတ္တစ္ထည္သာ ျဖစ္တယ္။
က်ေနာ္တို႔အတြက္ အေႏြးထည္ကေတာ့ေဘထုပ္ထဲက ခပ္လတ္လတ္ အကၤ်ီတစ္ထည္။
အရမ္းခ်မ္းတဲ့ ညေတြဆိုအိမ္ေအာက္မွာ မီးဖိုၿပီး အိပ္တယ္။ေက်ာတစ္ျပင္လုံး ေႏြးတယ္။
ေနေရာင္ျခည္ ျပဴစျပဳရင္အေဖနဲ႔ အေမဟာေကာက္ရိတ္ သြားၾကရၿပီ။ေနာက္မ်ားမွာ လုပ္နိုင္ ကိုင္နိုင္တဲ့အစ္ကို အစ္မေတြလည္း လိုက္ၾကရၿပီ။
ေဆာင္းတြင္းကာလ အိမ္ရဲ့ဝင္ေငြဟာေကာက္ရိတ္ခပဲ။
က်ေနာ္တို႔ကေလးေတြကေတာ့ေရခန္းေျခာက္သြားတဲ့ သဲေခ်ာင္းထဲမွာတေနကုန္ ကစားၾကေတာ့တာေပါ့။
တစ္ခါတရံ ေရစပ္က်င္းရွိတဲ့ အိုင္ခြက္ေတြထဲငါးပတ္သြားၾကတယ္။ငါးမရဘဲ ဗြက္အလူးလူးနဲ႔ ျပန္ခဲ့ရတာက မ်ားတယ္။ဗြက္ေတြနဲ႔ က်ေနာ္တို႔ကို ျမင္ရင္အေမက ဆူပါၿပီ။
ေဆာင္းရာသီ ဘုရားစင္က ဘုရားပန္းအိုးမွာအထပ္တရာပန္းေတြ ေဝေနတတ္တယ္။
ဝယ္စရာမလိုဘဲ အေလ့က်ေပါက္ေနတတ္တဲ့ အဝါေရာင္အထပ္တရာပန္းေတြဟာ ေဆာင္းတြင္းဆိုအိမ္တစ္ၿခံလုံး ၿမိဳင္လို႔ . . . ။
အဲဒီတုန္းက ေဆာင္းတြင္းဟာ ေဆာင္းတြင္းနဲ႔တူတယ္။ခ်မ္းလည္း ခ်မ္းတယ္၊ ေအးလည္း ေအးတယ္။ေႏြးလည္း ေႏြးတယ္။မျပည့္စုံေပမယ့္ တကယ္ကို ခ်မ္းသာခဲ့တယ္
အခုေတာ့ အဲ့ဒီအခ်ိန္ေတြဟာေဆာင္းပုံျပင္ထဲက ျပန္ေတြးရင္ လြမ္းစရာေကာင္းတဲ့ အခိုက္အတန႔္ေတြပဲ ျဖစ္ခဲ့ၿပီ . . . ။
ေဆာင္းနဲ႔တူတဲ့ ေဆာင္း၊ေဆာင္းပီသတဲ့ ေဆာင္း၊ၾကည္ႏူးစရာေကာင္းတဲ့ သုခဘုံနဲ႔တူတဲ့ ေဆာင္း၊အဲဒီေဆာင္းကို ေနာက္တစ္ႀကိမ္ျပန္ရဖို႔ဆိုတာအိပ္မက္ထဲမွာေတာင္ သိပ္မျဖစ္နိုင္ေတာ့ဘူး။
ဝိုင္းစုခိုင္သိန္းရဲ့ သီခ်င္းထဲကလို“ အခုေတာ့လည္း တို႔အိမ္အိုေလးထဲမွာ . . . အသံေတြ တိတ္ကုန္ၿပီ . . . ”
အလင္းသစ္(သဲကုန္း)၁၃ နိုဝင္ဘာ၊ ၂၀၂၀
unicode
ဟိုတုန်းကဆောင်း (အရမ်းလွမ်းဖို့ကောင်းတယ် ဖတ်ကြည့်)
သစ်ရွက်ခြောက်တွေ ကြွေတဲ့ရာသီ ရောက်ပြီ၊မြောက်ပြန်လေတွေလည်း တိုက်လာပြီ။ဒီအချိန်ဆို အလွမ်းတွေဟာလည်းနှင်းတွေလို ဝေပြီ . . . ။
အလွမ်း . . . တဲ့။ဘာတွေကို လွမ်းတာလဲ။
ငယ်ဘဝကို လွမ်းတယ်အပူအပင်ကင်းတဲ့ ကလေးဘဝကို လွမ်းတယ်။
ထန်းလက်ခြောက်တွေကို ခုတ်လှည်းလုပ်ပြီးမီးလှုံဖို့ ထင်းခြောက်ကလေးတွေလိုက်စုဖူးတယ်။
ပုံထားတဲ့ ထန်းသီးတွေက ထွက်နေတဲ့ထန်းစို့(ထန်းမြစ်)တွေကို တူးပြီးမီးလှုံရင်း ဖုတ်စားဖူးတယ်။
တစ်ခါတလေလည်း အမေကထန်းမြစ်တွေကို အမြီးဖြတ်ပြီးအိုးကြီးကြီးတစ်လုံးနဲ့ပြုတ်ညီအစ်ကို မောင်နှမတွေဝိုင်းဖွဲ့ လုယက်စားဖူးတယ်။
ထန်းမြစ်ဖုတ်ကို သင့်တော်ရုံ ဆစ်ပိုင်းပြီးဆီ မနှံ့တနှံ့ စမ်းလို့ထမင်းခြမ်းအေးနဲ့ဆောင်းတွင်းရဲ့ မနက်စာကိုအားရပါးရ စားဖူးတယ်။
ထန်းမြစ်တူးလို့ ပြတ်ကျန်ခဲ့တဲ့ ထန်းသီးတွေကိုထန်းသီးတီပြတ်ဆိုပြီး ခွဲစားရတဲ့အရသာဒါဟာ ငယ်ဘဝရဲ့ နတ်သုဒ္ဓါပဲ။
မနက်ခင်း အလင်းရောင်မလာခင်အမေကြီးရဲ့ တရှဲရှဲနဲ့ သစ်ရွက်ခြောက်တွေ သိမ်းနေတဲ့အသံအဲဒီအသံဟာ သစ်ပင်တွေ ရှားပါးလာတဲ့အခုလိုအချိန်မှာသူဟာလည်း ရှားပါးသံ ဖြစ်လာပြီ . . . ။အမေကြီးမရှိတော့လို့ ကြားလည်း မကြားရတော့ဘူး။
မီးဖိုဘေးမှာ ရေနွေးအိုးတစ်လုံးနဲ့အမေက ငှဲ့လိုက် အဖေက သောက်လိုက်။ရှမ်းရွှေလီဆေးပေါ့လိပ်ကိုမီးဖိုဘေးမှာ လင်မယားနှစ်ယောက်သားဖွာနေကြလေရဲ့ . . . ။
မီးဖိုကထွက်လာတဲ့ မီးခိုးမှိုင်းတွေနဲ့အတူကြွပ်ကြွပ်အိပ်အစုတ်ကလေးတွေ စုပြီးမီးပုံးပျံလွှတ်တမ်း ကစားခဲ့ဖူးတယ်။
ကြွပ်ကြွပ်အိတ်တွေ ခပ်မြင့်မြင့် တက်သွားလို့လက်ခုပ် လက်ဝါးတီးပြီး“ ဟေး . . . ”လို့ ဝိုင်းအော်ကြတဲ့အသံတွေဟာအခုတော့ ပျောက်ရှကုန်ပြီ။
အဲ့တုန်းက အိမ်လေးဟာ မလုံပေမယ့်ဆောင်းတွင်းမှာ စောင်အစုတ်တွေဟာတကယ့်ကို နွေးထွေးမှုကို ပေးတယ်။
ဆောင်းတွင်းရောက်ပြီဆိုရင်အမေဟာ . . . ဆောင်အစုတ်တွေကိုအထပ်ထပ် ထပ်ချုပ်တယ်။အဲ့တာဟာ အခုခေတ် အကောင်းစား ဂွမ်းကပ်စောင်တွေထက် နွေးတယ်။
ဆောင်းတွင်းရောက်ရင်အိမ်မှာ အမှိုက်ရှင်းတယ်။အတိုအစမှန်သမျှ မီးပုံထဲ ရောက်သွားတယ်။
အဖေ့အတွက် အနွေးထည်ဟာစောင်စုတ်တစ်ထည် ဖြစ်ပြီးအမေ့အတွက် အနွေးထည်ဟာလည်းစောင်စုတ်တစ်ထည်သာ ဖြစ်တယ်။
ကျနော်တို့အတွက် အနွေးထည်ကတော့ဘေထုပ်ထဲက ခပ်လတ်လတ် အင်္ကျီတစ်ထည်။
အရမ်းချမ်းတဲ့ ညတွေဆိုအိမ်အောက်မှာ မီးဖိုပြီး အိပ်တယ်။ကျောတစ်ပြင်လုံး နွေးတယ်။
နေရောင်ခြည် ပြူစပြုရင်အဖေနဲ့ အမေဟာကောက်ရိတ် သွားကြရပြီ။နောက်များမှာ လုပ်နိုင် ကိုင်နိုင်တဲ့အစ်ကို အစ်မတွေလည်း လိုက်ကြရပြီ။
ဆောင်းတွင်းကာလ အိမ်ရဲ့ဝင်ငွေဟာကောက်ရိတ်ခပဲ။
ကျနော်တို့ကလေးတွေကတော့ရေခန်းခြောက်သွားတဲ့ သဲချောင်းထဲမှာတနေကုန် ကစားကြတော့တာပေါ့။
တစ်ခါတရံ ရေစပ်ကျင်းရှိတဲ့ အိုင်ခွက်တွေထဲငါးပတ်သွားကြတယ်။ငါးမရဘဲ ဗွက်အလူးလူးနဲ့ ပြန်ခဲ့ရတာက များတယ်။ဗွက်တွေနဲ့ ကျနော်တို့ကို မြင်ရင်အမေက ဆူပါပြီ။
ဆောင်းရာသီ ဘုရားစင်က ဘုရားပန်းအိုးမှာအထပ်တရာပန်းတွေ ဝေနေတတ်တယ်။
ဝယ်စရာမလိုဘဲ အလေ့ကျပေါက်နေတတ်တဲ့ အဝါရောင်အထပ်တရာပန်းတွေဟာ ဆောင်းတွင်းဆိုအိမ်တစ်ခြံလုံး မြိုင်လို့ . . . ။
အဲဒီတုန်းက ဆောင်းတွင်းဟာ ဆောင်းတွင်းနဲ့တူတယ်။ချမ်းလည်း ချမ်းတယ်၊ အေးလည်း အေးတယ်။နွေးလည်း နွေးတယ်။မပြည့်စုံပေမယ့် တကယ်ကို ချမ်းသာခဲ့တယ်
အခုတော့ အဲ့ဒီအချိန်တွေဟာဆောင်းပုံပြင်ထဲက ပြန်တွေးရင် လွမ်းစရာကောင်းတဲ့ အခိုက်အတန့်တွေပဲ ဖြစ်ခဲ့ပြီ . . . ။
ဆောင်းနဲ့တူတဲ့ ဆောင်း၊ဆောင်းပီသတဲ့ ဆောင်း၊ကြည်နူးစရာကောင်းတဲ့ သုခဘုံနဲ့တူတဲ့ ဆောင်း၊အဲဒီဆောင်းကို နောက်တစ်ကြိမ်ပြန်ရဖို့ဆိုတာအိပ်မက်ထဲမှာတောင် သိပ်မဖြစ်နိုင်တော့ဘူး။
ဝိုင်းစုခိုင်သိန်းရဲ့ သီချင်းထဲကလို“ အခုတော့လည်း တို့အိမ်အိုလေးထဲမှာ . . . အသံတွေ တိတ်ကုန်ပြီ . . . ”
အလင်းသစ်(သဲကုန်း)၁၃ နိုဝင်ဘာ၊ ၂၀၂၀