ဗဟုသုတ

ရာဇဝင် အဆက်ဆက် မည်သည့်မင်း လက်ထက်မှာ မှ မကြုံဖူးတဲ့ ၁၉၃၁ ခုနှစ် ရွှေတိဂုံကုန်းတော်ပေါ်မှမီးလောင်မှု

ရာဇဝင် အဆက်ဆက် မည်သည့်မင်း လက်ထက်မှာ မှ မကြုံဖူးတဲ့ ၁၉၃၁ ခုနှစ် ရွှေတိဂုံကုန်းတော်ပေါ်မှမီးလောင်မှု

ဒီဖြစ်ရပ်ကြီးသည် ရာဇဝင်အဆက်ဆက် မည်သည့်မင်း လက်ထက်ကမှ မကြုံဖူးသော ဖြစ်ရပ်ပင် ဖြစ်ပါသည်။ ဒီအကြောင်းကိုမှတ်မိသေးသူ တချို့ရှိနေနိုင်သေးသော် လည်း နောက်ပိုင်း လူအများစုကတော့ သိကြတော့ရာ အနည်းငယ်သာ ရှိပါလိမ့်မယ်။

ဒါကြောင့် ဒီလိုသမိုင်း တွင်တဲ့ ရွှေတိဂုံစေတီ ကုန်းတော်ပေါ် မီးခခံခဲ့ရခြင်းကို နောက်ပိုင်းလူများ သိရှိစေဖို့အတွက် ဗဟုသုတအနေနဲ့ ပြန်လည် တင်ပြလိုက်ပါသည်။

အရင်တုန်းကတော့ ရွှေတိဂုံစေတီ စောင်းတန်းများတွင် မီးလောင်ခဲ့သည့် ပုံများကို ချိတ်ဆွဲထားခဲ့ဖူးပါသည်။

မီးစလောင်သည့်အချိန်မှာ ၁၉၃၁ ခုနှစ် မတ်လ ၆ ရက် (မြန်မာသက္ကရာဇ် ၁၂၉၂ခု ၊တပေါင်း လဆုတ် ၄ ရက် ) သောကြာနေ့ မွန်းလွဲ ၃ နာရီတွင် စတင် လောင်ကျွမ်းခဲ့ ခြင်း ဖြစ်သည်။

အဆိုပါ မီးလောင်မှု ၏ … အစ မှာကား …

“အမှိုက်ကစ ပြသာဒ်မီးလောင်” ဟူသော စကားပုံလို အမှိုက်ပုံ မီးရှို့ရာမှ စတင်လောင်ကျွမ်းခဲ့သည် ဟု သိရ

ပါသည်။အမှိုက်ပုံ မီးသည် ပထမအစတွင် ဘုရားစောင့် ပြာတာ၏ တဲကလေးကို ကူးစက်လောင်ကျွမ်းခဲ့သည်။

ထို့နောက်… ၎င်းတဲလေးမှ တဆင့်… သီလရှင်တဲများ ၊ လက်ဘက်ရည်ဆိုင်များ၊ ဦးနာဂိန္ဒ မဏ္ဍပ်များ အထိ … ဆက်၍ လောင်ကျွမ်းကုန်သည်။

ထိုအချိန်တွင် အနောက်လေ ကလည်း ပင့်ပေးသဖြင့် မီးပွားမီးညွန့်တို့သည် အနီးရှိ အပင်များကို မီးစွဲ လောင်၍ အနောက်ဘက် ရင်ပြင်ပေါ်မှ ဇရပ်များကိုပါ ကူးစက်ပြီး စတင်လောင်ကျွမ်းခဲ့ပါတော့သည်။

ပထမဆုံး မီးလောင်ကျွမ်း ခံခဲ့ရသည့် တန်ဆောင်းမှာ သိမ်ကြီးဈေး ၂ ပြား တန်ဆောင်းဖြစ်သည်။

“၂ ပြား တန်ဆောင်း”…ဟုခေါ်ရခြင်းမှာ သိမ်ကြီးဈေးမှ ဈေးသူ ဈေးသားများက တစ်နေ့လျှင် ၂ ပြားစီ စုဆောင်း ကာ တည်ဆောက်ထားခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။

မီးလောင်မှု အဖြစ်အပျက်မှာ မိနစ်ပိုင်းမျှ ပင်ကြာသည်။ ထိုအချိန်တွင် ဘုရားလူကြီးများနှင့် လူငယ်များရောက်ရှိ လာကာ မီးကိုငြိမ်းသတ်ကြလေသည်။ ထိုအချိန်တိုင်ထိ ရန်ကုန်မြူနီစီပယ်မှ မီးသတ်သမားတို့မှာ ရောက်မလာ ကြသေးပေ ။

လူအင်အားနှင့် မီးကို ငြိမ်းသတ်နိုင်ဖို့ရန် ကြိုးစားခဲ့ကြသော်လည်း အမြင့်နေရာတွင်လောင်ကျွမ်း နေသော မီးဖြစ်သောကြောင့် လည်းကောင်း၊ ထိုနေရာ အထိ တက်ရောက်နိုင်ရန်မှာလည်း ခဲယဉ်းလွန်းသဖြင့် လည်းကောင်း ၊ “လေ” ကလည်း ပင့်ကာတိုက်နေသော ကြောင့် လည်းကောင်း… မီး မငြှိမ်းနိုင်ခဲ့ကြပေ။

မီးသည် ၂ ပြားတန်ဆောင်းမှတဆင့် မျက်နှာချင်းဆိုင်မှ ဦးအောင်ကြီး အာရုဏ်ခံတန်ဆောင်းသို့ ကူးစက်ခဲ့ ပြီး သည့်နောက်…ကိုဇမောင်တန်ဆောင်း၊ ဒေါ်ဖွား တန်ဆောင်း ၊ ဦးဘိုးကျော် တန်ဆောင်းများဟာလည်း မီး လောင်ကျွမ်းခံခဲ့ကြရပါသည်။

ထိုမှတဖန် လေအားကလည်း ပိုမိုပြင်းထန်လာခဲ့လေရာ စေတီတော် ကိုယ်လုံးတော်ရှိ ရွှေချရန် ကာ ထားသော ဝါးငြမ်းများကို မီး ကူးစက် လောင်ကျွမ်းခဲ့ပြန်သည်။

စေတီတော်ကြီးလုံးပတ်ကို… မီးဟပ် သောအခါ မကြည့် ရက်ကြသော လူငယ်လူရွယ်များက သူတို့ အသက်ကို မေ့ထားပြီး တက်ရောက်ကာ မီး ငြိမ်းသတ်ခဲ့ကြသဖြင့် စေတီတော် တစ်ခုလုံးရဲ့ ဘေးမှာရှိသော ဝါးငြမ်းများကို မီး မလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

မီးက အခုထိ မငြိမ်းနိုင်သေးပဲ…ထိုမှတဖန် အရှေ့ဘက် တန်ဆောင်းများ ၊မြောက်ဘက်မှ တန်ဆောင်းများသို့ အသီးသီး ဆက်လက်ပြီး လောင်ကျွမ်းခဲ့ပြန်လေသည်။ ကုန်းတော်ပေါ်တွင် ရေ…မရှိ၊အနောက်ဘက်မုဒ်ရေကန် မှ ရေကို ခဲရာခဲဆစ် တင်ယူရသဖြင့် မီး ငြိမ်းရသည်မှာ အတော်ပင် ခက်ခဲခဲ့ကြောင်း သိရသည်။

မီးသတ်သမားများ ၊လူပဂ္ဂိုလ်များနှင့် ရဟန်းသံဃာများ အားလုံး ဝိုင်းဝန်းပူးပေါင်းကာ အသက်စွန့်ကာ မီး ကို ငြိမ်းသတ်ရန်ကြိုးစားခဲ့ကြသည်။ တချို့သံဃာတော်များ နှင့် လူငယ်များသည် မီးလောင်နေသည့် နေရာများသို့ အတင်း တက်၍ ရေပက်ခဲ့ရသည်အထိ စေတီတော်ကြီး အား ကာကွယ်သော စိတ်များ ပြင်းထန်ခဲ့ကြသည်။

“အရှေ့ဘက်သို့ မီးကူးပြီ”…ဟု ကြားရသည့်အခါ စိန်ဖူး ၊ ငှက်မြတ်နားတော်နှင့် အဖိုးထိုက်ဘဏ္ဍာများ ထားရှိရာ ပရိဘောဂတိုက်ကြီးအတွက် စိုးရိမ်နေကြရပြန်သည်။

ထိုပရိဘောဂ တိုက်ကြီး၏အရှေ့တွင် ဂေါ်ရာ စစ်သား ၁၅ ယောက်တို့မှ လှံစွပ်သေနတ်များနှင့် စောင့်ရှောက် ကာ ဝိုင်းထားကြရကြောင်း သိရှိရသည်။

ရဟန်းရှင်လူ အများရဲ့ ညီညွတ်မှုကြောင့်သာ မီး သည် ည ၁၀ နာရီခန့်တွင် ငြိမ်းသွားခဲ့ရသည်။ သို့မဟုတ်ပါက ရွှေတိဂုံစေတီတွင် ဇရပ်တန်ဆောင်း မှန်သမျှ မီးထဲတွင် အကုန် ပါသွားနိုင်သည်။

မီးငြိမ်းပြီး နောက်တစ်ရက်တွင် သတင်းစာများ၊ ဂျာနယ် အစောင်စောင် တို့တွင် သတင်းဓာတ်ပုံများ ဝေ ဝေ ဆာ ဆာဖြင့် ဖော်ပြခဲ့ကြပြီး ရွှေတိဂုံ စေတီတော်ကြီး အား ပြန်လည် မွမ်းမံပြင်ဆင်ကြရန် တိုက်တွန်းနှိုးဆော်မှုများ ပြုလုပ်ခဲ့ကြလေသည်။

စီးပွားရေးသမားများကလည်း မိမိတို့၏ ကုန်ပစ္စည်းများ တွင် ဘုရားကြီး မီးလောင်သည့်အကြောင်းအား ထည့် သွင်းကာ ကြော်ငြာခဲ့ပြီး တတ်နိုင်သမျှ အလှူငွေများလဲ ပါဝင်ခဲ့ကြသည်။

ယနေ့တွင် ရွှေတိဂုံစေတီတော်ကြီး နှင့် အနီးဝန်းကျင် တဝိုက်သည် ရွှေရောင် တဝင်းဝင်းနှင့် အလွန် သပ္ပါယ် လှနေသော်လည်း အရင်တချိန်က ဤသို့ …ဤနှယ်… ကြီးကြီး မားမား မီး လောင်ကျွမ်း ခံခဲ့ရတဲ့ အကြောင်းကို ဗဟုသုတ အနေနှင့် တင်ပြလိုက်ပါသည်။

Ref: ;ကျိန်စာသင့်တဲ့သမိုင်းပုံရိပ်များ-သန်းထွန်း (လှည်းကူး)။ မြန်မာ့စွယ်စုံကျမ်း။ credit

Zawgyi

ရာဇဝင္ အဆက္ဆက္ မည္သည့္မင္း လက္ထက္မွာ မွ မႀကဳံဖူးတဲ့ ၁၉၃၁ ခုႏွစ္ ေ႐ႊတိဂုံကုန္းေတာ္ေပၚမွမီးေလာင္မႈ

ဒီျဖစ္ရပ္ႀကီးသည္ ရာဇဝင္အဆက္ဆက္ မည္သည့္မင္း လက္ထက္ကမွ မႀကဳံဖူးေသာ ျဖစ္ရပ္ပင္ ျဖစ္ပါသည္။ ဒီအေၾကာင္းကိုမွတ္မိေသးသူ တခ်ိဳ႕ရွိေနႏိုင္ေသးေသာ္ လည္း ေနာက္ပိုင္း လူအမ်ားစုကေတာ့ သိၾကေတာ့ရာ အနည္းငယ္သာ ရွိပါလိမ့္မယ္။

ဒါေၾကာင့္ ဒီလိုသမိုင္း တြင္တဲ့ ေ႐ႊတိဂုံေစတီ ကုန္းေတာ္ေပၚ မီးခခံခဲ့ရျခင္းကို ေနာက္ပိုင္းလူမ်ား သိရွိေစဖို႔အတြက္ ဗဟုသုတအေနနဲ႔ ျပန္လည္ တင္ျပလိုက္ပါသည္။

အရင္တုန္းကေတာ့ ေ႐ႊတိဂုံေစတီ ေစာင္းတန္းမ်ားတြင္ မီးေလာင္ခဲ့သည့္ ပုံမ်ားကို ခ်ိတ္ဆြဲထားခဲ့ဖူးပါသည္။

မီးစေလာင္သည့္အခ်ိန္မွာ ၁၉၃၁ ခုႏွစ္ မတ္လ ၆ ရက္ (ျမန္မာသကၠရာဇ္ ၁၂၉၂ခု ၊တေပါင္း လဆုတ္ ၄ ရက္ ) ေသာၾကာေန႔ မြန္းလြဲ ၃ နာရီတြင္ စတင္ ေလာင္ကြၽမ္းခဲ့ ျခင္း ျဖစ္သည္။

အဆိုပါ မီးေလာင္မႈ ၏ … အစ မွာကား …

“အမႈိက္ကစ ျပသာဒ္မီးေလာင္” ဟူေသာ စကားပုံလို အမႈိက္ပုံ မီးရႈိ႕ရာမွ စတင္ေလာင္ကြၽမ္းခဲ့သည္ ဟု သိရ

ပါသည္။အမႈိက္ပုံ မီးသည္ ပထမအစတြင္ ဘုရားေစာင့္ ျပာတာ၏ တဲကေလးကို ကူးစက္ေလာင္ကြၽမ္းခဲ့သည္။

ထို႔ေနာက္… ၎တဲေလးမွ တဆင့္… သီလရွင္တဲမ်ား ၊ လက္ဘက္ရည္ဆိုင္မ်ား၊ ဦးနာဂိႏၵ မ႑ပ္မ်ား အထိ … ဆက္၍ ေလာင္ကြၽမ္းကုန္သည္။

ထိုအခ်ိန္တြင္ အေနာက္ေလ ကလည္း ပင့္ေပးသျဖင့္ မီးပြားမီးၫြန႔္တို႔သည္ အနီးရွိ အပင္မ်ားကို မီးစြဲ ေလာင္၍ အေနာက္ဘက္ ရင္ျပင္ေပၚမွ ဇရပ္မ်ားကိုပါ ကူးစက္ၿပီး စတင္ေလာင္ကြၽမ္းခဲ့ပါေတာ့သည္။

ပထမဆုံး မီးေလာင္ကြၽမ္း ခံခဲ့ရသည့္ တန္ေဆာင္းမွာ သိမ္ႀကီးေဈး ၂ ျပား တန္ေဆာင္းျဖစ္သည္။

“၂ ျပား တန္ေဆာင္း”…ဟုေခၚရျခင္းမွာ သိမ္ႀကီးေဈးမွ ေဈးသူ ေဈးသားမ်ားက တစ္ေန႔လွ်င္ ၂ ျပားစီ စုေဆာင္း ကာ တည္ေဆာက္ထားခဲ့ျခင္းေၾကာင့္ပင္ ျဖစ္သည္။

မီးေလာင္မႈ အျဖစ္အပ်က္မွာ မိနစ္ပိုင္းမွ် ပင္ၾကာသည္။ ထိုအခ်ိန္တြင္ ဘုရားလူႀကီးမ်ားႏွင့္ လူငယ္မ်ားေရာက္ရွိ လာကာ မီးကိုၿငိမ္းသတ္ၾကေလသည္။ ထိုအခ်ိန္တိုင္ထိ ရန္ကုန္ျမဴနီစီပယ္မွ မီးသတ္သမားတို႔မွာ ေရာက္မလာ ၾကေသးေပ ။

လူအင္အားႏွင့္ မီးကို ၿငိမ္းသတ္ႏိုင္ဖို႔ရန္ ႀကိဳးစားခဲ့ၾကေသာ္လည္း အျမင့္ေနရာတြင္ေလာင္ကြၽမ္း ေနေသာ မီးျဖစ္ေသာေၾကာင့္ လည္းေကာင္း၊ ထိုေနရာ အထိ တက္ေရာက္ႏိုင္ရန္မွာလည္း ခဲယဥ္းလြန္းသျဖင့္ လည္းေကာင္း ၊ “ေလ” ကလည္း ပင့္ကာတိုက္ေနေသာ ေၾကာင့္ လည္းေကာင္း… မီး မျငႇိမ္းႏိုင္ခဲ့ၾကေပ။

မီးသည္ ၂ ျပားတန္ေဆာင္းမွတဆင့္ မ်က္ႏွာခ်င္းဆိုင္မွ ဦးေအာင္ႀကီး အာ႐ုဏ္ခံတန္ေဆာင္းသို႔ ကူးစက္ခဲ့ ၿပီး သည့္ေနာက္…ကိုဇေမာင္တန္ေဆာင္း၊ ေဒၚဖြား တန္ေဆာင္း ၊ ဦးဘိုးေက်ာ္ တန္ေဆာင္းမ်ားဟာလည္း မီး ေလာင္ကြၽမ္းခံခဲ့ၾကရပါသည္။

ထိုမွတဖန္ ေလအားကလည္း ပိုမိုျပင္းထန္လာခဲ့ေလရာ ေစတီေတာ္ ကိုယ္လုံးေတာ္ရွိ ေ႐ႊခ်ရန္ ကာ ထားေသာ ဝါးျငမ္းမ်ားကို မီး ကူးစက္ ေလာင္ကြၽမ္းခဲ့ျပန္သည္။

ေစတီေတာ္ႀကီးလုံးပတ္ကို… မီးဟပ္ ေသာအခါ မၾကည့္ ရက္ၾကေသာ လူငယ္လူ႐ြယ္မ်ားက သူတို႔ အသက္ကို ေမ့ထားၿပီး တက္ေရာက္ကာ မီး ၿငိမ္းသတ္ခဲ့ၾကသျဖင့္ ေစတီေတာ္ တစ္ခုလုံးရဲ႕ ေဘးမွာရွိေသာ ဝါးျငမ္းမ်ားကို မီး မေလာင္ကြၽမ္းခဲ့ျခင္းျဖစ္သည္။

မီးက အခုထိ မၿငိမ္းႏိုင္ေသးပဲ…ထိုမွတဖန္ အေရွ႕ဘက္ တန္ေဆာင္းမ်ား ၊ေျမာက္ဘက္မွ တန္ေဆာင္းမ်ားသို႔ အသီးသီး ဆက္လက္ၿပီး ေလာင္ကြၽမ္းခဲ့ျပန္ေလသည္။ ကုန္းေတာ္ေပၚတြင္ ေရ…မရွိ၊အေနာက္ဘက္မုဒ္ေရကန္ မွ ေရကို ခဲရာခဲဆစ္ တင္ယူရသျဖင့္ မီး ၿငိမ္းရသည္မွာ အေတာ္ပင္ ခက္ခဲခဲ့ေၾကာင္း သိရသည္။

မီးသတ္သမားမ်ား ၊လူပဂၢိဳလ္မ်ားႏွင့္ ရဟန္းသံဃာမ်ား အားလုံး ဝိုင္းဝန္းပူးေပါင္းကာ အသက္စြန႔္ကာ မီး ကို ၿငိမ္းသတ္ရန္ႀကိဳးစားခဲ့ၾကသည္။ တခ်ိဳ႕သံဃာေတာ္မ်ား ႏွင့္ လူငယ္မ်ားသည္ မီးေလာင္ေနသည့္ ေနရာမ်ားသို႔ အတင္း တက္၍ ေရပက္ခဲ့ရသည္အထိ ေစတီေတာ္ႀကီး အား ကာကြယ္ေသာ စိတ္မ်ား ျပင္းထန္ခဲ့ၾကသည္။

“အေရွ႕ဘက္သို႔ မီးကူးၿပီ”…ဟု ၾကားရသည့္အခါ စိန္ဖူး ၊ ငွက္ျမတ္နားေတာ္ႏွင့္ အဖိုးထိုက္ဘ႑ာမ်ား ထားရွိရာ ပရိေဘာဂတိုက္ႀကီးအတြက္ စိုးရိမ္ေနၾကရျပန္သည္။

ထိုပရိေဘာဂ တိုက္ႀကီး၏အေရွ႕တြင္ ေဂၚရာ စစ္သား ၁၅ ေယာက္တို႔မွ လွံစြပ္ေသနတ္မ်ားႏွင့္ ေစာင့္ေရွာက္ ကာ ဝိုင္းထားၾကရေၾကာင္း သိရွိရသည္။

ရဟန္းရွင္လူ အမ်ားရဲ႕ ညီၫြတ္မႈေၾကာင့္သာ မီး သည္ ည ၁၀ နာရီခန႔္တြင္ ၿငိမ္းသြားခဲ့ရသည္။ သို႔မဟုတ္ပါက ေ႐ႊတိဂုံေစတီတြင္ ဇရပ္တန္ေဆာင္း မွန္သမွ် မီးထဲတြင္ အကုန္ ပါသြားႏိုင္သည္။

မီးၿငိမ္းၿပီး ေနာက္တစ္ရက္တြင္ သတင္းစာမ်ား၊ ဂ်ာနယ္ အေစာင္ေစာင္ တို႔တြင္ သတင္းဓာတ္ပုံမ်ား ေဝ ေဝ ဆာ ဆာျဖင့္ ေဖာ္ျပခဲ့ၾကၿပီး ေ႐ႊတိဂုံ ေစတီေတာ္ႀကီး အား ျပန္လည္ မြမ္းမံျပင္ဆင္ၾကရန္ တိုက္တြန္းႏႈိးေဆာ္မႈမ်ား ျပဳလုပ္ခဲ့ၾကေလသည္။

စီးပြားေရးသမားမ်ားကလည္း မိမိတို႔၏ ကုန္ပစၥည္းမ်ား တြင္ ဘုရားႀကီး မီးေလာင္သည့္အေၾကာင္းအား ထည့္ သြင္းကာ ေၾကာ္ျငာခဲ့ၿပီး တတ္ႏိုင္သမွ် အလႉေငြမ်ားလဲ ပါဝင္ခဲ့ၾကသည္။

ယေန႔တြင္ ေ႐ႊတိဂုံေစတီေတာ္ႀကီး ႏွင့္ အနီးဝန္းက်င္ တဝိုက္သည္ ေ႐ႊေရာင္ တဝင္းဝင္းႏွင့္ အလြန္ သပၸါယ္ လွေနေသာ္လည္း အရင္တခ်ိန္က ဤသို႔ …ဤႏွယ္… ႀကီးႀကီး မားမား မီး ေလာင္ကြၽမ္း ခံခဲ့ရတဲ့ အေၾကာင္းကို ဗဟုသုတ အေနႏွင့္ တင္ျပလိုက္ပါသည္။

Ref: ;က်ိန္စာသင့္တဲ့သမိုင္းပုံရိပ္မ်ား-သန္းထြန္း (လွည္းကူး)။ ျမန္မာ့စြယ္စုံက်မ္း။

credit