မိခင်တစ်ယောက်၏ အလှပဆုံးသော မုသားစကားကြီး ရှစ်ခွန်း…
ကျွန်တော် ကလေးဘဝအရွယ်တုံးက အဖြစ်အပျက်လေးတစ်ခုပါ ။ ဆင်းရဲနွမ်းပါးတဲ့ ကျွန်တော်တို့မိသားစုမှာ နေ့စဉ်ထမင်းနပ်မှန်အောင် စားဖို့တောင် မသေချာတဲ့နေ့တွေရှိခဲ့တယ် ။ ဒါပေမဲ့ အမေကတော့ မကြာခဏ သူ့ပန်းကန်ထဲက ထမင်းတွေကိုယူယူပြီး ကျွန်တော့်ထဲ အမြဲထည့်ထည့်ပေးတတ်တယ် ။ ပြီးရင် အမေပြောတဲ့ စကားတစ်ခွန်းရှိတယ် ။ “စား .. ငါ့သား အမေ သိပ်မဆာဘူး..”
အဲ့ဒါ ကျွန်တော် သိတတ်စအရွယ်က အမေ့ရဲ့ ပထမဆုံး မုသားစကားလေးပါ။
ကျွန်တော် နည်းနည်းအရွယ်ရောက်လာတော့ ပိန်လှီသေးကွေးရှာတဲ့ ကျွန်တော့်ကို အာဟာရဓါတ်ပြည့်ဝစေချင်တဲ့စိတ်နဲ့ အိမ်ဘေးနားက မြစ်ကမ်းနံဘေးမှာ အမေရယ် ကျွန်တော်ရယ် ငါးသွားမျှားတယ် ။ အဲ့ဒီနေ့က ငါးနှစ်ကောင်မိတော့ အမေ ငါးဟင်းချိုလုပ်တိုက်တယ် ။ ကျွန်တော် ဟင်းချိုကို အားရပါးရသောက်နေတုံး အမေက ကျွန်တော့်ဘေးကနေထိုင်ကြည့်ပြီး ကြည်နူးမှုအပြည့်နဲ့ ။ တခါတလေ ကျွန်တော် စားထားတဲ့ အကြွင်းအကျန် ငါးရိုးလေးတွေ ယူစားတယ်။ ဒါကို မြင်ပြီး ကျွန်တော် စိတ်မကောင်းတော့ ငါးအသားလေးဖဲ့ပြီး အမေ့ကို ကျွေးတယ်။ အမေမစားဘူး ။ ပြီးတော့ ပြောတယ် ။ “စား .. ငါ့သား ..အမေ ငါး သိပ်မကြိုက်ဘူး..”
အဲ့ဒါ အမေ့ရဲ့ ဒုတိယမြောက် မုသား။
ကျွန်တော် ကျောင်းနေရမဲ့ အရွယ်ရောက်ပြီ။ အမေက မီးခြစ်ဆံထုတ်လုပ်တဲ့ စက်ရုံတစ်ခုမှာ မီးခြစ်ဆံဖြည့်တဲ့ အလုပ်လေးယူလုပ်တယ် ။ ညဘက်အိမ်ယူပြီး လုပ်ရတာဆိုတော့ ကျွန်တော့်ကိုလဲ စောင့်ရှောက် ကြည့်ရှုနိုင်သေးလို့ အမေသဘောကျတယ် ။ တည ကျွန်တော် နိုးလာတဲ့အချိန် (တော်တော်ညဉ့်နက် နောက်ကျနေပြီ) အမေ ဖယောင်းတိုင်မီးလေးထွန်းပြီး ဗူးလေးတွေထဲကို မီးခြစ်ဆံဖြည့်တဲ့အလုပ်တွေ လုပ်နေတုံးပဲ။ “အမေ .. အရမ်းမိုးချုပ်နေပြီ၊ အိပ်ပါတော့။ မနက်မှ ဆက်လုပ်လို့ရတာပဲ” လို့ ကျွန်တော်ပြောတော့ အမေကပြုံးပြီး ပြန်ပြောတယ် ။ “သွားအိပ် ငါ့သား .. အမေ အိပ်ချင်စိတ်မရှိသေးလို့ ဆက်လုပ် လိုက်ဦးမယ်” တဲ့ ။
အမေ့ရဲ့ တတိယမြောက်မုသားစကားလေးပါ။
တခါတုံးက ကျွန်တော် အတန်းတင်စာမေးပွဲဖြေတဲ့နေ့မှာ အမေ ကျွန်တော့်ကို လိုက်ပို့ပြီး အခန်းအပြင်ဘက်တနေရာက ထိုင်စောင့်တယ်။ ပူပြင်းလှတဲ့နေရောင်ဒဏ်ကို သိပ်အကာအကွယ်မပေးနိုင်ရှာတဲ့ နေရာ တစ်ခုမှာ နာရီပေါင်းများစွာ အမေ ကျွန်တော့်ကို ထိုင်စောင့်တယ် ။ စာမေးပွဲပြီးပြီးချင်း အမေ့ဆီ ကျွန်တော် အပြေးအလွှားသွားတယ် ။ အမေ ကျွန်တော့်ကိုဖက်ထားပြီး အသင့်ပြင်ဆင်လာတဲ့ အချိုရည် အေးအေးလေးတခွက် တိုက်တယ် ။ တကိုယ်လုံးချွေးတွေရွှဲနေရှာတဲ့ အမေ့ကို မြင်တော့ ကျွန်တော် စိတ်မကောင်းဘူး ။ “အမေလဲ သောက်ဦးလေ” လို့ ပြောတော့ အမေ့ထုံးစံအတိုင်း “ငါ့သားပဲ သောက်ပါ။ အမေ ရေမဆာဘူး” တဲ့ ။
အဲ့ဒါ အမေရဲ့စတုတ္ထမြောက် မုသားစကားတစ်ခွန်း။
သိပ်မကြာခင် အဖေဆုံးတယ် ။ အတန်းကြီးလာပြီဖြစ်တဲ့ ကျွန်တော်တို့ပညာရေးနဲ့ အိမ်ကိစ္စက အမေ့တာဝန်လုံးလုံးဖြစ်ပြီ။ အမေ အပြင်ထွက်အလုပ်လုပ်ပြီး ငွေရှာရတော့ အိမ်မှာကျန်ခဲ့တဲ့ ကျွန်တော်တို့တွေ ငတ်တလှည့် ပြတ်တလှည့်။ မိသားစု အခြေအနေဆိုးသထက်ဆိုးတာ မြင်လာတဲ့ အိမ်နားက အမေ့မိတ်ဆွေက ကျွန်တော်တို့ကို ရံဖန်ရံခါ လာစောင့်ရှောက်တယ် ။ ပတ်ဝန်းကျင်က အမေ့ကို သူနဲ့ပဲ နောက် အိမ်ထောင်တစ်ခုထူလိုက်ဖို့ တိုက်တွန်းကြတယ် ။ အမေ ခပ်ပြတ်ပြတ်ငြင်းဆိုပြီး အခိုင်အမာ စကားတစ်ခွန်းဆိုတယ် ..”ကျွန်မဘဝအတွက် ကျွန်မကလေးတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ လုံလောက်တယ်..” တဲ့ ။
အမေ့ရဲ့ ပဉ္စမမြောက်မုသား။
ကျွန်တော် ကျောင်းပြီးသွားတော့ အလုပ်ကလေးတစ်ခုရတယ် ။ ကျွန်တော်က အမေ့ကို အနားယူစေချင်ပြီ။ ဒါပေမဲ့ အမေ လက်မခံဘူး ။ မနက်မနက် ဈေးထဲသွားပြီး ဟင်းသီးဟင်းရွက်တွေရောင်းတုံးပဲ။ ကျွန်တော်ပို့တဲ့ပိုက်ဆံတွေ ကျွန်တော့်ဆီ ပြန်ပြန်ပို့ပြီး “အမေ့ဆီ မပို့နဲ့ ငါ့သား ။ အမေ့မှာ လုံလောက်တယ် .. သားဘာသာစုထား” တဲ့
အမေ .. ဆဌမမြောက်မုသားကို ပြောတယ်။
နောက် ကျွန်တော် မာစတာဒီဂရီကို အချိန်ပိုင်းဆက်လေ့လာနေတဲ့အချိန် အတော်အတန်ကြီးတဲ့အမေရိကန်ကုမ္ပဏီတစ်ခုမှာ အလုပ်ရတယ် ။ ကျောင်းပြီးပြီးချင်း ကျွန်တော့်လစာတိုးတော့ အမေ့ကိုကျွန်တော်နဲ့ အတူ အမေရိကားမှာပဲ ပျော်ရွှင်စရာကောင်းတဲ့ဘဝကို ဖြတ်သန်းစေချင်တယ် ။ ဒါပေမဲ့ အမေက ကျွန်တော့်ဘဝကို သူ့အတွက်နဲ့ တာဝန်အပိုတွေ မရှိစေချင်ဘူး ။ အမေကပြောတယ် ..”အဲ့ဒီလို ဘဝကြီးမှာ အမေ နေတတ်မှာ မဟုတ်ပါဘူး သားရယ် ..” တဲ့ ။
အမေရဲ့ သတ္တမမြောက်မုသားစကားလေးတစ်ခွန်းပေါ့။
ဇရာကထောင်း၊ ပင်ပန်းမှုအပေါင်းခါးစည်းရင်ဆိုင်ခဲ့ရတဲ့ အမေ .. အရွယ်တော်တော်ကျခဲ့ပြီ ။ လောကဓံက ထပ်ရက်စက်တယ် ။ ကင်ဆာရောဂါနဲ့ ဆေးရုံတက်နေရချိန် အမေ့ရဲ့နောက်ဆုံးနေ့ရက်တွေမှာ ကျွန်တော် (ဘာဆိုဘာမှ ထည့်တွက်မနေပဲ အားလုံးကို ပစ်ထားခဲ့ပြီး) အမေ့အနားကို ပြန်လာခဲ့တယ် ။ အမေ ဝေဒနာကို အလူးအလဲ ခံစားရချိန်တွေမှာ အမေ့ကို ကြည့်ပြီး ကျွန်တော် မျက်ရည်တွေ မထိန်းနိုင်ခဲ့ဘူး ။ အမေမမြင်အောင် ဂရုစိုက်နေပေမဲ့လဲ တခါတလေ တွေ့မြင်သွားတဲ့အမေက အားတင်းကြိုးစားပြုံးပြီး ပြောတယ် .. “မငိုနဲ့ ငါ့သား .. အမေ အရမ်း နာနာကျင်ကျင်မခံစားရပါဘူး ..”တဲ့ ။
အဲ့ဒီလို အဌမမြောက်မုသားကို ပြောပြီး အမေ လူ့လောကထဲက ထွက်ခွါသွားခဲ့တယ်။
အကြွင်းမဲ့မေတ္တာတော်နဲ့ ကျွန်တော့်ဘဝရဲ့ မာတာမိခင်ဟာ သားသမီးများအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာအတွက် (တာဝန်ကျေပွန်စွာနဲ့) သူ့ကိုယ်သူအနစ်နာခံတဲ့ မုသားစကားလုံးလေးတွေသုံးပြီး လောကအလယ်မှာ ကျွန်တော်တို့ကို စိတ်ချလက်ချ ချန်ထားနှုတ်ဆက်သွားခဲ့ပါပြီ ။
ကျွန်တော်တို့ကရော အဲ့ဒီလို မိခင်တွေရဲ့ ရင်းနှီးပေးဆပ်ခဲ့တဲ့ ဘဝတွေအတွက် ထိုက်ထိုက်တန်တန် ပြန်ပေးဆပ်ခဲ့ပါသလား ။ ခုချိန် ကျွန်တော့်ရင်ထဲက အမေးစကားကို အမေကြားရင် နဝမမြောက်မုသားစကားတစ်ခွန်းကို ဆိုလေဦးမလားလို့ ကျွန်တော် ဝမ်းပမ်းတနည်း တွေးနေမိတယ် ။ Credit
Zawgyi
မိခင္တစ္ေယာက္၏ အလွပဆုံးေသာ မုသားစကားႀကီး ရွစ္ခြန္း…
ကြၽန္ေတာ္ ကေလးဘဝအ႐ြယ္တုံးက အျဖစ္အပ်က္ေလးတစ္ခုပါ ။ ဆင္းရဲႏြမ္းပါးတဲ့ ကြၽန္ေတာ္တို႔မိသားစုမွာ ေန႔စဥ္ထမင္းနပ္မွန္ေအာင္ စားဖို႔ေတာင္ မေသခ်ာတဲ့ေန႔ေတြရွိခဲ့တယ္ ။ ဒါေပမဲ့ အေမကေတာ့ မၾကာခဏ သူ႔ပန္းကန္ထဲက ထမင္းေတြကိုယူယူၿပီး ကြၽန္ေတာ့္ထဲ အၿမဲထည့္ထည့္ေပးတတ္တယ္ ။ ၿပီးရင္ အေမေျပာတဲ့ စကားတစ္ခြန္းရွိတယ္ ။ “စား .. ငါ့သား အေမ သိပ္မဆာဘူး..”
အဲ့ဒါ ကြၽန္ေတာ္ သိတတ္စအ႐ြယ္က အေမ့ရဲ႕ ပထမဆုံး မုသားစကားေလးပါ။
ကြၽန္ေတာ္ နည္းနည္းအ႐ြယ္ေရာက္လာေတာ့ ပိန္လွီေသးေကြးရွာတဲ့ ကြၽန္ေတာ့္ကို အာဟာရဓါတ္ျပည့္ဝေစခ်င္တဲ့စိတ္နဲ႔ အိမ္ေဘးနားက ျမစ္ကမ္းနံေဘးမွာ အေမရယ္ ကြၽန္ေတာ္ရယ္ ငါးသြားမွ်ားတယ္ ။ အဲ့ဒီေန႔က ငါးႏွစ္ေကာင္မိေတာ့ အေမ ငါးဟင္းခ်ိဳလုပ္တိုက္တယ္ ။ ကြၽန္ေတာ္ ဟင္းခ်ိဳကို အားရပါးရေသာက္ေနတုံး အေမက ကြၽန္ေတာ့္ေဘးကေနထိုင္ၾကည့္ၿပီး ၾကည္ႏူးမႈအျပည့္နဲ႔ ။ တခါတေလ ကြၽန္ေတာ္ စားထားတဲ့ အႂကြင္းအက်န္ ငါး႐ိုးေလးေတြ ယူစားတယ္။ ဒါကို ျမင္ၿပီး ကြၽန္ေတာ္ စိတ္မေကာင္းေတာ့ ငါးအသားေလးဖဲ့ၿပီး အေမ့ကို ေကြၽးတယ္။ အေမမစားဘူး ။ ၿပီးေတာ့ ေျပာတယ္ ။ “စား .. ငါ့သား ..အေမ ငါး သိပ္မႀကိဳက္ဘူး..”
အဲ့ဒါ အေမ့ရဲ႕ ဒုတိယေျမာက္ မုသား။
ကြၽန္ေတာ္ ေက်ာင္းေနရမဲ့ အ႐ြယ္ေရာက္ၿပီ။ အေမက မီးျခစ္ဆံထုတ္လုပ္တဲ့ စက္႐ုံတစ္ခုမွာ မီးျခစ္ဆံျဖည့္တဲ့ အလုပ္ေလးယူလုပ္တယ္ ။ ညဘက္အိမ္ယူၿပီး လုပ္ရတာဆိုေတာ့ ကြၽန္ေတာ့္ကိုလဲ ေစာင့္ေရွာက္ ၾကည့္ရႈႏိုင္ေသးလို႔ အေမသေဘာက်တယ္ ။ တည ကြၽန္ေတာ္ ႏိုးလာတဲ့အခ်ိန္ (ေတာ္ေတာ္ညဥ့္နက္ ေနာက္က်ေနၿပီ) အေမ ဖေယာင္းတိုင္မီးေလးထြန္းၿပီး ဗူးေလးေတြထဲကို မီးျခစ္ဆံျဖည့္တဲ့အလုပ္ေတြ လုပ္ေနတုံးပဲ။ “အေမ .. အရမ္းမိုးခ်ဳပ္ေနၿပီ၊ အိပ္ပါေတာ့။ မနက္မွ ဆက္လုပ္လို႔ရတာပဲ” လို႔ ကြၽန္ေတာ္ေျပာေတာ့ အေမကၿပဳံးၿပီး ျပန္ေျပာတယ္ ။ “သြားအိပ္ ငါ့သား .. အေမ အိပ္ခ်င္စိတ္မရွိေသးလို႔ ဆက္လုပ္ လိုက္ဦးမယ္” တဲ့ ။
အေမ့ရဲ႕ တတိယေျမာက္မုသားစကားေလးပါ။
တခါတုံးက ကြၽန္ေတာ္ အတန္းတင္စာေမးပြဲေျဖတဲ့ေန႔မွာ အေမ ကြၽန္ေတာ့္ကို လိုက္ပို႔ၿပီး အခန္းအျပင္ဘက္တေနရာက ထိုင္ေစာင့္တယ္။ ပူျပင္းလွတဲ့ေနေရာင္ဒဏ္ကို သိပ္အကာအကြယ္မေပးႏိုင္ရွာတဲ့ ေနရာ တစ္ခုမွာ နာရီေပါင္းမ်ားစြာ အေမ ကြၽန္ေတာ့္ကို ထိုင္ေစာင့္တယ္ ။ စာေမးပြဲၿပီးၿပီးခ်င္း အေမ့ဆီ ကြၽန္ေတာ္ အေျပးအလႊားသြားတယ္ ။ အေမ ကြၽန္ေတာ့္ကိုဖက္ထားၿပီး အသင့္ျပင္ဆင္လာတဲ့ အခ်ိဳရည္ ေအးေအးေလးတခြက္ တိုက္တယ္ ။ တကိုယ္လုံးေခြၽးေတြ႐ႊဲေနရွာတဲ့ အေမ့ကို ျမင္ေတာ့ ကြၽန္ေတာ္ စိတ္မေကာင္းဘူး ။ “အေမလဲ ေသာက္ဦးေလ” လို႔ ေျပာေတာ့ အေမ့ထုံးစံအတိုင္း “ငါ့သားပဲ ေသာက္ပါ။ အေမ ေရမဆာဘူး” တဲ့ ။
အဲ့ဒါ အေမရဲ႕စတုတၳေျမာက္ မုသားစကားတစ္ခြန္း။
သိပ္မၾကာခင္ အေဖဆုံးတယ္ ။ အတန္းႀကီးလာၿပီျဖစ္တဲ့ ကြၽန္ေတာ္တို႔ပညာေရးနဲ႔ အိမ္ကိစၥက အေမ့တာဝန္လုံးလုံးျဖစ္ၿပီ။ အေမ အျပင္ထြက္အလုပ္လုပ္ၿပီး ေငြရွာရေတာ့ အိမ္မွာက်န္ခဲ့တဲ့ ကြၽန္ေတာ္တို႔ေတြ ငတ္တလွည့္ ျပတ္တလွည့္။ မိသားစု အေျခအေနဆိုးသထက္ဆိုးတာ ျမင္လာတဲ့ အိမ္နားက အေမ့မိတ္ေဆြက ကြၽန္ေတာ္တို႔ကို ရံဖန္ရံခါ လာေစာင့္ေရွာက္တယ္ ။ ပတ္ဝန္းက်င္က အေမ့ကို သူနဲ႔ပဲ ေနာက္ အိမ္ေထာင္တစ္ခုထူလိုက္ဖို႔ တိုက္တြန္းၾကတယ္ ။ အေမ ခပ္ျပတ္ျပတ္ျငင္းဆိုၿပီး အခိုင္အမာ စကားတစ္ခြန္းဆိုတယ္ ..”ကြၽန္မဘဝအတြက္ ကြၽန္မကေလးေတြရဲ႕ ခ်စ္ျခင္းေမတၱာနဲ႔ လုံေလာက္တယ္..” တဲ့ ။
အေမ့ရဲ႕ ပၪၥမေျမာက္မုသား။
ကြၽန္ေတာ္ ေက်ာင္းၿပီးသြားေတာ့ အလုပ္ကေလးတစ္ခုရတယ္ ။ ကြၽန္ေတာ္က အေမ့ကို အနားယူေစခ်င္ၿပီ။ ဒါေပမဲ့ အေမ လက္မခံဘူး ။ မနက္မနက္ ေဈးထဲသြားၿပီး ဟင္းသီးဟင္း႐ြက္ေတြေရာင္းတုံးပဲ။ ကြၽန္ေတာ္ပို႔တဲ့ပိုက္ဆံေတြ ကြၽန္ေတာ့္ဆီ ျပန္ျပန္ပို႔ၿပီး “အေမ့ဆီ မပို႔နဲ႔ ငါ့သား ။ အေမ့မွာ လုံေလာက္တယ္ .. သားဘာသာစုထား” တဲ့
အေမ .. ဆဌမေျမာက္မုသားကို ေျပာတယ္။
ေနာက္ ကြၽန္ေတာ္ မာစတာဒီဂရီကို အခ်ိန္ပိုင္းဆက္ေလ့လာေနတဲ့အခ်ိန္ အေတာ္အတန္ႀကီးတဲ့အေမရိကန္ကုမၸဏီတစ္ခုမွာ အလုပ္ရတယ္ ။ ေက်ာင္းၿပီးၿပီးခ်င္း ကြၽန္ေတာ့္လစာတိုးေတာ့ အေမ့ကိုကြၽန္ေတာ္နဲ႔ အတူ အေမရိကားမွာပဲ ေပ်ာ္႐ႊင္စရာေကာင္းတဲ့ဘဝကို ျဖတ္သန္းေစခ်င္တယ္ ။ ဒါေပမဲ့ အေမက ကြၽန္ေတာ့္ဘဝကို သူ႔အတြက္နဲ႔ တာဝန္အပိုေတြ မရွိေစခ်င္ဘူး ။ အေမကေျပာတယ္ ..”အဲ့ဒီလို ဘဝႀကီးမွာ အေမ ေနတတ္မွာ မဟုတ္ပါဘူး သားရယ္ ..” တဲ့ ။
အေမရဲ႕ သတၱမေျမာက္မုသားစကားေလးတစ္ခြန္းေပါ့။
ဇရာကေထာင္း၊ ပင္ပန္းမႈအေပါင္းခါးစည္းရင္ဆိုင္ခဲ့ရတဲ့ အေမ .. အ႐ြယ္ေတာ္ေတာ္က်ခဲ့ၿပီ ။ ေလာကဓံက ထပ္ရက္စက္တယ္ ။ ကင္ဆာေရာဂါနဲ႔ ေဆး႐ုံတက္ေနရခ်ိန္ အေမ့ရဲ႕ေနာက္ဆုံးေန႔ရက္ေတြမွာ ကြၽန္ေတာ္ (ဘာဆိုဘာမွ ထည့္တြက္မေနပဲ အားလုံးကို ပစ္ထားခဲ့ၿပီး) အေမ့အနားကို ျပန္လာခဲ့တယ္ ။ အေမ ေဝဒနာကို အလူးအလဲ ခံစားရခ်ိန္ေတြမွာ အေမ့ကို ၾကည့္ၿပီး ကြၽန္ေတာ္ မ်က္ရည္ေတြ မထိန္းႏိုင္ခဲ့ဘူး ။ အေမမျမင္ေအာင္ ဂ႐ုစိုက္ေနေပမဲ့လဲ တခါတေလ ေတြ႕ျမင္သြားတဲ့အေမက အားတင္းႀကိဳးစားၿပဳံးၿပီး ေျပာတယ္ .. “မငိုနဲ႔ ငါ့သား .. အေမ အရမ္း နာနာက်င္က်င္မခံစားရပါဘူး ..”တဲ့ ။
အဲ့ဒီလို အဌမေျမာက္မုသားကို ေျပာၿပီး အေမ လူ႔ေလာကထဲက ထြက္ခြါသြားခဲ့တယ္။
အႂကြင္းမဲ့ေမတၱာေတာ္နဲ႔ ကြၽန္ေတာ့္ဘဝရဲ႕ မာတာမိခင္ဟာ သားသမီးမ်ားအေပၚထားတဲ့ ခ်စ္ျခင္းေမတၱာအတြက္ (တာဝန္ေက်ပြန္စြာနဲ႔) သူ႔ကိုယ္သူအနစ္နာခံတဲ့ မုသားစကားလုံးေလးေတြသုံးၿပီး ေလာကအလယ္မွာ ကြၽန္ေတာ္တို႔ကို စိတ္ခ်လက္ခ် ခ်န္ထားႏႈတ္ဆက္သြားခဲ့ပါၿပီ ။
ကြၽန္ေတာ္တို႔ကေရာ အဲ့ဒီလို မိခင္ေတြရဲ႕ ရင္းႏွီးေပးဆပ္ခဲ့တဲ့ ဘဝေတြအတြက္ ထိုက္ထိုက္တန္တန္ ျပန္ေပးဆပ္ခဲ့ပါသလား ။ ခုခ်ိန္ ကြၽန္ေတာ့္ရင္ထဲက အေမးစကားကို အေမၾကားရင္ နဝမေျမာက္မုသားစကားတစ္ခြန္းကို ဆိုေလဦးမလားလို႔ ကြၽန္ေတာ္ ဝမ္းပမ္းတနည္း ေတြးေနမိတယ္ ။