ဗဟုသုတ

ဘုန်းတော်ကြီးတွေကို မဝေဖန်ကောင်းဘူးလား…(ပါချုပ်ဆရာတော်ကြီးမိန့်ကြားချက်)

ဘုန်းတော်ကြီးတွေကို မဝေဖန်ကောင်းဘူးလား…(ပါချုပ်ဆရာတော်ကြီးမိန့်ကြားချက်)

ဘုန်းတော်ကြီးတွေကို မဝေဖန်ကောင်းဘူးလား…

(ပါချုပ်ဆရာတော်ကြီးမိန့်ကြားချက်)

*ဘုန်းကြီးရဟန်းတွေကိုဝေဖန်ရင်ငရဲကြီးတယ်။ အပြစ်ဖြစ်တယ်ဆိုတာဟုတ်ပါသလားဘုရား။လူပုဂ္ဂိုလ်တွေကဘုန်းကြီးရဟန်းတွေကို လုံးဝေဝဖန်ပိုင်ခွင့်မရှိဘူးဆိုတာဟုတ်ပါသလား။မေးသင့်မေးထိုက်တဲ့ မေးခွန်းဖြစ်ပြီး အဖြေကိုလည်းကျယ်ကျယ်ပြန့်ပြန့်ပြန်လည်ဆွေးနွေးနွေးဖြေကြားပေးမှ ကောင်းမယ်လို့ထင်မြင်မိပါတယ်။

ဘာကြောင့်လဲဆိုတော့ဘာသာရေးနဲ့ပတ်သက်ပြီးဝေဖန်ပြောဆိုရမှာကို ဗုဒ္ဓဘာသာဝင်အများစုဟာကြောက်ရွံ့ထိတ်လန့်တတ်ကြသလို ဝေဖန်သူရှိရင်တောင် မိစ္ဆာဒိဋ္ဌိတစ်ဦးသဖွယ် ရှု့မြင်တတ်ကြလို့ပါ။

ဗုဒ္ဓဘာသာဝင်မှန်ရင် ကလေးဘဝထဲက ငရဲကြီးလိမ့်မယ်ဆိုတဲ့ စကားနဲ့ကြီးပျင်းလာခဲ့ရတာမို့ ဗုဒ္ဓဘာသာဝင်မှန်ရင် အားလုံးနီးပါးကငရဲကြီးမှာ ကြောက်ကြတာ ဆန်းတော့လဲမဆန်းပါဘူး။

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသလိုအဝေဖန်ခံလိုက်ရပြီဆိုရင်လည်း ငါ့ကို ကောင်းစေချင်လို့ အပြုသဘောဝေဖန်တာလား –

ဂုဏ်သိက္ခာ ညှိုးနွမ်းအောင်လို့ အပျက်သဘောကဲ့ရဲ့အတင်းဆို ရှုတ်ချပြီးပြောတာလားဆိုတာကို မဝေခွဲတော့ပဲ`မင်းကတော့ ဘယ်လောက်ကောင်းနေလို့လဲ!ဆိုတဲ့ စကားလုံးကြမ်းကြမ်းတွေနဲ့ပြန်လည်တုန့်ပြန်တတ်ကြပါတယ်။

မညှာမတာဝေဖန်ရရင် ဒါဟာ ပညာမဲ့ခြင်းရဲ့အစဖြစ်ပြီး လူမိုက်တွေရဲ့ လက္ခဏာလည်းဖြစ်ပါတယ်။ပုဗ္ဗာရုံကျောင်းအမကြီး ဝိသာခါဟာ ထေရဝါဒဗုဒ္ဓသာသနာတော်မှာ နေလိုလလို ထင်ရှားကျော်ကြားပါတယ်။

ဝိသာခါကျောင်းအမကြီးဟာ lရဟန်းတော်တွေကိုအကိုလိုမောင်လိုသားလိုလေးစားကြည်ညိုချစ်ခင်မြတ်နိုးတတ်သူတစ်ဦးဖြစ်ပြီး ရဟန်းတော်တွေ သာသနာ့ဝန်ကို အားသွန်ကြိုးပမ်းထမ်းရွက်နိုင်အောင် အဘက်ဘက်ကလိုလေသေးမရှိထောက်ပံ့လှုဒါန်းသူတစ်ဦးလည်းဖြစ်ပါတယ်။

ဝိသာခါကျောင်းအမကြီးဟာလှုဒါန်းစရာရှိရင်လည်း လိုသေးမရှိလှုဒါန်းတတ်ပြီး ရဟန်းတော်တွေကို ဆုံးမစရာရှိရင် ဆုံးမတတ်သလို ဝေဖန်စရာရှိရင်လည်းဘွင်းဘွင်းကြီးအားမနာတမ်းဝေဖန်တတ်သူဖြစ်ပါတယ်။

ဝိသာခါဟာ သားသမီးမြေးမြစ်ပေါများပြီး အသက်လည်းရှည်တာကြောင့် ‘ အလွန်မင်္ဂလာရှိသော သူ´´လို့ မြို့သူမြို့သားများက အသိအမှတ်ပြုပြီး ဘာသာခြားတို့ကအစ လက်ထပ်မင်္ဂလာစသောကိစ္စတို့၌ ပင့်ဖိတ်ပြီး ဦးစွာကျွေးမွေးဧည့်ခံကာ “ဤသတို့သားနဲ့ သတိုးသမီးသည် အရှင်မကဲ့သို့ အသက်ရှည်စွာ အနားကင်း၍ ချမ်းသာခြင်းနှင့် ပြည့်စုံပါစေ´´လို့ ဆုတောင်းကြပါတယ်။

တစ်နေ့မှာတော့ ဖိတ်ကြားထားတဲ့ မင်္ဂလာဆောင်အိမ်အရောက်မှာ ဥဒါယီဆိုတဲ့ရဟန်းတစ်ပါးဟာ သတိုးသမီးနဲ့အတူ အခန်းတစ်ခန်းထဲ မှာ နှစ်ယောက်ထဲ စကားပြောနေတာကို မြင်လိုက်ရပါတယ်။

မြင်လျှင်မြင်ချင်းပဲ အခန်းထဲဝင်သွားကာ ‘`အရှင်ဘုရား မာတုဂါမနဲ့ နှစ်ယောက်ထဲ မဖွယ်ရာပြုနိုင်တဲ့နေရာမှာ စကားပြောနေတာဟာ မသင့်တော်ပါဘူး။အရှင်ဘုရားက ရိုးရိုးသားသားပြောဆိုနေတာဆိုရင်တောင် လူအများက အရှင်ဘုရားတို့ရိုးရိုးသားသား ပြောဆိုနေတယ်ဆိုတာယုံကြည်ကြမှာ မဟုတ်ပါဘူး´´လို့ ပြောဆိုဆုံးမပါတယ်။

ဥဒါယီရဟန်းဟာ ပြောစကားနားမထောင်တာကြောင့် ဝိသာခါဟာလမ်းပေါ်ထွက်ပြီး“ဥဒါယီကိုယ်တော်ဟာမိန်းကလေးနဲ့အတူ ဆိတ်ကွယ်ရာအရပ်မှာ နှစ်ယောက်ထဲ ထိုင်စကားပြောနေပါတယ်´´ဆိုပြီး လမ်းပေါ်သွားနေတဲ့ဘုန်းကြီးရဟန်းမှန်သမျှကို လျှောက်ထားပါတယ်။

ရဟန်းတွေကလည်း ဘုရားကို ပြန်လျှောက်ကြပါတယ်။ ဒီအခါမှာ ဘုရားရှင်က သိက္ခာပုဒ်ပညတ်တော်မူပါတယ်။ ဝိသာခါဟာ ပြောဆိုဆုံးမဝေဖန်စရာရှိရင်ရဟန်းတွေကိုလည်း အကြွေးမထားပဲ ပြောဆိုဆုံးမဝေဖန်တတ်ပါတယ်။

ဘုရားရှင်လက်တော်က မစ္ဆိကာသဏ္ဍမြို့မှာ စိတ္တသူကြွယ်ဆိုတာ ရှိခဲ့ပါတယ်။ သူက ပဉ္စဝဂ္ဂီအပါတွင်ပါဝင်သော မဟာနာမ်ထေရ်ထံမှာ တရားနာပြီး သောတာပန်တည်ခဲ့သူပါ။မဟာနာမ်ဓမ္မထေရ်က သူလှုတဲ့ကျောင်းမှာသီတင်းမသုံးတာမို့ သုဓမ္မအမည်ရှိတဲ့ရဟန်းတစ်ပါးကို ကျောင်းအပ်ကာကိုးကွယ်ပါတယ်။

တစ်နေ့တော့ အဲဒီမြို့လေးကို အရှင်သာရိပုတ္တရာမထေရ်နဲ့ အရှင်မဟာမောဂ္ဂလာန်မထေရ်တို့ဟာ နောက်ပါရဟန်းတစ်ထောင်နဲ့အတူ ရောက်ရှိခဲ့ပါတယ်။

စိတ္တသူကြွယ်ဟာ အရှင်သာရိပုတ္တရာမထေရ်ထံမှာ တရားနာကြားပြီး အနာဂါမ်ဖြစ်သွားပါတယ်။တစ်ရက်မှာ သူကြွယ်က အဂ္ဂသာဝကနှစ်ပါးကို အိမ်ဆွမ်းစားကြွဖို့ပင့်ဖိတ်ပါတယ်။ ပြီးမှ သုဓမ္မရဟန်းကိုပင့်ဖိတ်ပါတယ်။ သုဓမ္မရဟန်းဟာ သူ့ကို ကျောင်းထိုင်ဖြစ်တဲ့အရင်မပင့်ဖိတ်လို့ စိတ်ဆိုးကာ ငြင်းလွှတ်လိုက်ပါတယ်။

သုဓမ္မရဟန်းဟာ နောက်နေ့ဆွမ်းစားချိန်ကျတော့စိတ္တသူကြွယ်အိမ်ကို သွားပါတယ်။ အိမ်ရောက်လာတဲ့ သုဓမ္မရဟန်းကို စိတ္တသူကြွယ်က ကောင်းမွန်ချိုသာစွာနဲ့“အရှင်ဘုရား ဒီနေရာမှာ သီတင်းသုံးပါ´´လို့လျှောက်ထားတဲ့အခါမှာ “ငါဆွမ်းစားလာတာမဟုတ်ဘူး။

လှုဖွယ်ဝတ္ထုတွေကို လာကြည့်တာ´´လို့ ပြောပြီး ဟိုဟိုသည်သည် တစ်ခဏမျှကြည့်ကာ“ဒကာ သင့်လှုဖွယ်ဝတ္ထုတို့သည် များပြားပေစွ။သို့သော်ကား နှမ်းကြွပ်မုန့်ကား မပါချေ´´ဆိုပြီးစိတ္တသူကြွယ်စိတ်ဆင်းရဲအောင် ပြောပါတယ်။

စိတ္တသူကြွယ်တို့မျိုးရိုးက နှမ်းကြွပ်မုန့်သည်တွေပါ။‘`အရှင်သုဓမ္မ အရှင်ကား တစ်ခဏမျှပင်နား၍ရှု့သော်လည်း အကုန်အစင် မြင်တတ်သော ကျီးကန်းနဲ့တူပါပေတယ်´´လို့ စိတ္တသူကြွယ်က ပြန်ပြောလိုက်တဲ့အခါမှာ စိတ်ဆိုးပြီး `ဒီသူကြွယ်ရဲ့ ကျောင်းမှာ ငါမနေဘူး´လို့ တွေးပြီး ရာဇဂြိုဟ်က ဘုရားရှင်ဆီသွားပါတယ်။

မိမိကိုလာရောက်တဲ့ သုဓမ္မရဟန်းကို ဘုရားရှင်ကနှုတ်ခွန်းဆက်စကားပြောကြားပြီး ဘာကြောင့် ရာဇဂြိုဟ်ကို ပြောင်းရွှေ့ခဲ့တာလည်းဆိုတာကို မေးမြန်းတော်မူပါတယ်။ သုဓမ္မရဟန်းကလည်း ဖြစ်ကြောင်းကုန်စင် လျှောက်ထားပါတယ်။

ဒီအခါမှာ ဘုရားရှင်က “စိတ္တသူကြွယ်ရဲ့အပြစ်မဟုတ်၊ သင်ရဲ့ အပြစ်သာဖြစ်တယ်။ စိတ္တသူကြွယ်ကို သွားတောင်းပန်ချေ´´ဆိုပြီး မိန့်တော်မူခဲ့ပါတယ်။သုဓမ္မရဟန်း လာတောင်းပန်တာကို စိတ္တသူကြွယ်ကသုဓမ္မရဟန်း မာနကျစေလိုတာကြောင့် ခွင့်မလွှတ်ပါဘူး။

ဒီအခါမှာ သုဓမ္မရဟန်းက ဘုရားရှင်ဆီ ပြန်ပြီး လျှောက်ထားရပါတယ်။ ဘုရားရှင်ကလည်းပြန်သွားပြီးတောင်းပန်ခိုင်းပါတယ်။ ဒီလိုနဲ့သုံးကြိမ်သုံးခါ သွားလိုက်ပြန်လိုက် လုပ်ပြီးမှ ခွင့်လွှတ်ပေးပါတယ်။ သုဓမ္မရဟန်းလည်း သိပ်မကြာခင်မှာ ရဟန္တာဖြစ်သွားခဲ့ပါတယ်။

တစ်ခါမှာလည်းပဲ သောတာပန်အရိယာများဖြစ်တဲ့ဃောသကသူဌေးကြီးတို့ ဦးဆောင်သောကောသမ္ဗီမြို့က ဒကာဒကာမတွေဟာ အကျင့်သီလအင်မတန်စင်ကြယ်ကြတဲ့ရဟန်းတော်များ အတ္တမာနကို အခြေခံပြီးဖြစ်တဲ့ စိတ်ဝမ်းကွဲပြားမှုကို ပြန်လည်ညီညွတ်စေဖို့အတွက် ဝါတွင်းသုံးလပတ်လုံး ဆွမ်းလောင်းလှုခြင်း မရှိပဲ ရဟန်းတော်တွေကို အကြပ်ကိုင်ကာ ညီညွတ်စွာနေထိုင်ကြအောင် ပြုလုပ်ခဲ့ဘူးပါတယ်။

အထက်ပါဝတ္ထုတွေကို ထောက်ဆပြီးတော့ သာသနာတော်ကြီး စင်ကြယ်စေဖို့အတွက် အပြုသဘောဆောင်တဲ့ စိတ်ကောင်းစိတ်မြတ်များနဲ့ဆိုရင် ရဟန်းသံဃာတွေကို ဝေဖန်ရုံမျှမကလိုအပ်ရင် အကြပ်ကိုင်ပြီးတောင် ဆုံးမနိုင်တယ်ဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားလှပါတယ်။

ရဟန်းသံဃာတွေကိုကောင်းစေလို၍ အပြုသဘောဆောင်တဲ့ ဝေဖန်မှုမျိုးပြုလုပ်တာဟာ အပြစ်မရှိသလို ငရဲလဲမကြီးပါဘူး။ဒကာဒကာမတွေအနေနဲ့ ဤကဲ့သို့ ဝေဖန်မှုမျိုးကိုပြုလဲပြုလုပ်သင့်ကြပါတယ်။ ဒါမှသာလျှင် သာသနာတော်ကြီးဟာ စင်စင်ကြယ်ကြယ်နဲ့ အဓွန့်ရှည်တည်တန့်နိုင်မှာဖြစ်ပါတယ်။

ဒုတိယရွှေကျင်သာသနာပိုင် ဘာသာဋီကာကျမ်းပြုအကျော် အဂ္ဂမဟာပဏ္ဍိတ ကျေးဇူးတော်ရှင် အမရပူရ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက “ဤဝိသာခါဝတ္ထုကို မှတ်ချက်ထား၍ ယခုကာလ၌လည်း သာသနာ သန့်ရှင်းစေလိုသော သဘောဖြင့် မတော်မတဲ့ ပြုကျင့်သူများကို ယဉ်ကျေးစွာ ပြောဆိုတားမြစ်နိုင် ကဲ့ရဲ့ရှုံ့ချနိုင်၏။

ထိုသို့ ကဲ့ရဲ့ရှုံ့ချမှုကြောင့် တစ်စုံတစ်ခုမျှအပြစ်မရှိချေ´´လို့ ဘုရားဥပဒေတော်ကြီးကျမ်းမှာ ရေးသားတော်မူခဲ့ပါတယ်။ ဒါကြောင့် ရဟန်းသံဃာတွေကို ကောင်းစေလိုတာကြောင့် အပြုသဘောဆောင်တဲ့ ဝေဖန်မှုပြုလုပ်ခြင်းကြောင့် အပြစ်မဖြစ်သလို ငရဲလည်းမကြီးဆိုတာသိမှတ်နားလည်ထားကြရပါမယ်။

ယုတ်မာသောစိတ်နေသဘောထားနဲ့ အပြစ်မရှိအပြစ်ရှာပြီး ရှုတ်ချဝေဖန်တာမျိုးကတော့ အပြစ်ရှိပါတယ်။ ငရဲကြီးပါတယ်။

ပါမောက္ခချုပ်ဆရာတော်

ဘဒ္ဒန္တဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

ဘုန္းေတာ္ႀကီးေတြကို မေဝဖန္ေကာင္းဘူးလား…(ပါခ်ဳပ္ဆရာေတာ္ႀကီးမိန႔္ၾကားခ်က္)

ဘုန္းေတာ္ႀကီးေတြကို မေဝဖန္ေကာင္းဘူးလား…

(ပါခ်ဳပ္ဆရာေတာ္ႀကီးမိန႔္ၾကားခ်က္)

*ဘုန္းႀကီးရဟန္းေတြကိုေဝဖန္ရင္ငရဲႀကီးတယ္။ အျပစ္ျဖစ္တယ္ဆိုတာဟုတ္ပါသလားဘုရား။လူပုဂၢိဳလ္ေတြကဘုန္းႀကီးရဟန္းေတြကို လုံးေဝဝဖန္ပိုင္ခြင့္မရွိဘူးဆိုတာဟုတ္ပါသလား။ေမးသင့္ေမးထိုက္တဲ့ ေမးခြန္းျဖစ္ၿပီး အေျဖကိုလည္းက်ယ္က်ယ္ျပန႔္ျပန႔္ျပန္လည္ေဆြးေႏြးေႏြးေျဖၾကားေပးမွ ေကာင္းမယ္လို႔ထင္ျမင္မိပါတယ္။

ဘာေၾကာင့္လဲဆိုေတာ့ဘာသာေရးနဲ႔ပတ္သက္ၿပီးေဝဖန္ေျပာဆိုရမွာကို ဗုဒၶဘာသာဝင္အမ်ားစုဟာေၾကာက္ရြံ့ထိတ္လန႔္တတ္ၾကသလို ေဝဖန္သူရွိရင္ေတာင္ မိစၧာဒိ႒ိတစ္ဦးသဖြယ္ ရႈ႔ျမင္တတ္ၾကလို႔ပါ။

ဗုဒၶဘာသာဝင္မွန္ရင္ ကေလးဘဝထဲက ငရဲႀကီးလိမ့္မယ္ဆိုတဲ့ စကားနဲ႔ႀကီးပ်င္းလာခဲ့ရတာမို႔ ဗုဒၶဘာသာဝင္မွန္ရင္ အားလုံးနီးပါးကငရဲႀကီးမွာ ေၾကာက္ၾကတာ ဆန္းေတာ့လဲမဆန္းပါဘူး။

ျမတ္စြာဘုရားရွင္က ဝိဘဇၨဝါဒေတာ္ရွိေပမယ့္ ရွင္ရဟန္းေတြပဲျဖစ္ျဖစ္ ဘာသာဝင္ေတြပဲျဖစ္ျဖစ္ ကိုယ္တိုင္ေဝဖန္ေရးလုပ္ရမွာကိုလည္း ေသမေလာက္ေၾကာက္ၾကသလိုအေဝဖန္ခံလိုက္ရၿပီဆိုရင္လည္း ငါ့ကို ေကာင္းေစခ်င္လို႔ အျပဳသေဘာေဝဖန္တာလား –

ဂုဏ္သိကၡာ ညႇိုးႏြမ္းေအာင္လို႔ အပ်က္သေဘာကဲ့ရဲ့အတင္းဆို ရႈတ္ခ်ၿပီးေျပာတာလားဆိုတာကို မေဝခြဲေတာ့ပဲ`မင္းကေတာ့ ဘယ္ေလာက္ေကာင္းေနလို႔လဲ!ဆိုတဲ့ စကားလုံးၾကမ္းၾကမ္းေတြနဲ႔ျပန္လည္တုန႔္ျပန္တတ္ၾကပါတယ္။

မညႇာမတာေဝဖန္ရရင္ ဒါဟာ ပညာမဲ့ျခင္းရဲ့အစျဖစ္ၿပီး လူမိုက္ေတြရဲ့ လကၡဏာလည္းျဖစ္ပါတယ္။ပုဗၺာ႐ုံေက်ာင္းအမႀကီး ဝိသာခါဟာ ေထရဝါဒဗုဒၶသာသနာေတာ္မွာ ေနလိုလလို ထင္ရွားေက်ာ္ၾကားပါတယ္။

ဝိသာခါေက်ာင္းအမႀကီးဟာ lရဟန္းေတာ္ေတြကိုအကိုလိုေမာင္လိုသားလိုေလးစားၾကည္ညိဳခ်စ္ခင္ျမတ္နိုးတတ္သူတစ္ဦးျဖစ္ၿပီး ရဟန္းေတာ္ေတြ သာသနာ့ဝန္ကို အားသြန္ႀကိဳးပမ္းထမ္းရြက္နိုင္ေအာင္ အဘက္ဘက္ကလိုေလေသးမရွိေထာက္ပံ့လႈဒါန္းသူတစ္ဦးလည္းျဖစ္ပါတယ္။

ဝိသာခါေက်ာင္းအမႀကီးဟာလႈဒါန္းစရာရွိရင္လည္း လိုေသးမရွိလႈဒါန္းတတ္ၿပီး ရဟန္းေတာ္ေတြကို ဆုံးမစရာရွိရင္ ဆုံးမတတ္သလို ေဝဖန္စရာရွိရင္လည္းဘြင္းဘြင္းႀကီးအားမနာတမ္းေဝဖန္တတ္သူျဖစ္ပါတယ္။

ဝိသာခါဟာ သားသမီးေျမးျမစ္ေပါမ်ားၿပီး အသက္လည္းရွည္တာေၾကာင့္ ‘ အလြန္မဂၤလာရွိေသာ သူ´´လို႔ ၿမိဳ႕သူၿမိဳ႕သားမ်ားက အသိအမွတ္ျပဳၿပီး ဘာသာျခားတို႔ကအစ လက္ထပ္မဂၤလာစေသာကိစၥတို႔၌ ပင့္ဖိတ္ၿပီး ဦးစြာေကၽြးေမြးဧည့္ခံကာ “ဤသတို႔သားနဲ႔ သတိုးသမီးသည္ အရွင္မကဲ့သို႔ အသက္ရွည္စြာ အနားကင္း၍ ခ်မ္းသာျခင္းႏွင့္ ျပည့္စုံပါေစ´´လို႔ ဆုေတာင္းၾကပါတယ္။

တစ္ေန႔မွာေတာ့ ဖိတ္ၾကားထားတဲ့ မဂၤလာေဆာင္အိမ္အေရာက္မွာ ဥဒါယီဆိုတဲ့ရဟန္းတစ္ပါးဟာ သတိုးသမီးနဲ႔အတူ အခန္းတစ္ခန္းထဲ မွာ ႏွစ္ေယာက္ထဲ စကားေျပာေနတာကို ျမင္လိုက္ရပါတယ္။

ျမင္လၽွင္ျမင္ခ်င္းပဲ အခန္းထဲဝင္သြားကာ ‘`အရွင္ဘုရား မာတုဂါမနဲ႔ ႏွစ္ေယာက္ထဲ မဖြယ္ရာျပဳနိုင္တဲ့ေနရာမွာ စကားေျပာေနတာဟာ မသင့္ေတာ္ပါဘူး။အရွင္ဘုရားက ရိုးရိုးသားသားေျပာဆိုေနတာဆိုရင္ေတာင္ လူအမ်ားက အရွင္ဘုရားတို႔ရိုးရိုးသားသား ေျပာဆိုေနတယ္ဆိုတာယုံၾကည္ၾကမွာ မဟုတ္ပါဘူး´´လို႔ ေျပာဆိုဆုံးမပါတယ္။

ဥဒါယီရဟန္းဟာ ေျပာစကားနားမေထာင္တာေၾကာင့္ ဝိသာခါဟာလမ္းေပၚထြက္ၿပီး“ဥဒါယီကိုယ္ေတာ္ဟာမိန္းကေလးနဲ႔အတူ ဆိတ္ကြယ္ရာအရပ္မွာ ႏွစ္ေယာက္ထဲ ထိုင္စကားေျပာေနပါတယ္´´ဆိုၿပီး လမ္းေပၚသြားေနတဲ့ဘုန္းႀကီးရဟန္းမွန္သမၽွကို ေလၽွာက္ထားပါတယ္။

ရဟန္းေတြကလည္း ဘုရားကို ျပန္ေလၽွာက္ၾကပါတယ္။ ဒီအခါမွာ ဘုရားရွင္က သိကၡာပုဒ္ပညတ္ေတာ္မူပါတယ္။ ဝိသာခါဟာ ေျပာဆိုဆုံးမေဝဖန္စရာရွိရင္ရဟန္းေတြကိုလည္း အေႂကြးမထားပဲ ေျပာဆိုဆုံးမေဝဖန္တတ္ပါတယ္။

ဘုရားရွင္လက္ေတာ္က မစၧိကာသ႑ၿမိဳ႕မွာ စိတၱသူႂကြယ္ဆိုတာ ရွိခဲ့ပါတယ္။ သူက ပဥၥဝဂၢီအပါတြင္ပါဝင္ေသာ မဟာနာမ္ေထရ္ထံမွာ တရားနာၿပီး ေသာတာပန္တည္ခဲ့သူပါ။မဟာနာမ္ဓမၼေထရ္က သူလႈတဲ့ေက်ာင္းမွာသီတင္းမသုံးတာမို႔ သုဓမၼအမည္ရွိတဲ့ရဟန္းတစ္ပါးကို ေက်ာင္းအပ္ကာကိုးကြယ္ပါတယ္။

တစ္ေန႔ေတာ့ အဲဒီၿမိဳ႕ေလးကို အရွင္သာရိပုတၱရာမေထရ္နဲ႔ အရွင္မဟာေမာဂၢလာန္မေထရ္တို႔ဟာ ေနာက္ပါရဟန္းတစ္ေထာင္နဲ႔အတူ ေရာက္ရွိခဲ့ပါတယ္။

စိတၱသူႂကြယ္ဟာ အရွင္သာရိပုတၱရာမေထရ္ထံမွာ တရားနာၾကားၿပီး အနာဂါမ္ျဖစ္သြားပါတယ္။တစ္ရက္မွာ သူႂကြယ္က အဂၢသာဝကႏွစ္ပါးကို အိမ္ဆြမ္းစားႂကြဖို႔ပင့္ဖိတ္ပါတယ္။ ၿပီးမွ သုဓမၼရဟန္းကိုပင့္ဖိတ္ပါတယ္။ သုဓမၼရဟန္းဟာ သူ႔ကို ေက်ာင္းထိုင္ျဖစ္တဲ့အရင္မပင့္ဖိတ္လို႔ စိတ္ဆိုးကာ ျငင္းလႊတ္လိုက္ပါတယ္။

သုဓမၼရဟန္းဟာ ေနာက္ေန႔ဆြမ္းစားခ်ိန္က်ေတာ့စိတၱသူႂကြယ္အိမ္ကို သြားပါတယ္။ အိမ္ေရာက္လာတဲ့ သုဓမၼရဟန္းကို စိတၱသူႂကြယ္က ေကာင္းမြန္ခ်ိဳသာစြာနဲ႔“အရွင္ဘုရား ဒီေနရာမွာ သီတင္းသုံးပါ´´လို႔ေလၽွာက္ထားတဲ့အခါမွာ “ငါဆြမ္းစားလာတာမဟုတ္ဘူး။

လႈဖြယ္ဝတၳဳေတြကို လာၾကည့္တာ´´လို႔ ေျပာၿပီး ဟိုဟိုသည္သည္ တစ္ခဏမၽွၾကည့္ကာ“ဒကာ သင့္လႈဖြယ္ဝတၳဳတို႔သည္ မ်ားျပားေပစြ။သို႔ေသာ္ကား ႏွမ္းႂကြပ္မုန႔္ကား မပါေခ်´´ဆိုၿပီးစိတၱသူႂကြယ္စိတ္ဆင္းရဲေအာင္ ေျပာပါတယ္။

စိတၱသူႂကြယ္တို႔မ်ိဳးရိုးက ႏွမ္းႂကြပ္မုန႔္သည္ေတြပါ။‘`အရွင္သုဓမၼ အရွင္ကား တစ္ခဏမၽွပင္နား၍ရႈ႔ေသာ္လည္း အကုန္အစင္ ျမင္တတ္ေသာ က်ီးကန္းနဲ႔တူပါေပတယ္´´လို႔ စိတၱသူႂကြယ္က ျပန္ေျပာလိုက္တဲ့အခါမွာ စိတ္ဆိုးၿပီး `ဒီသူႂကြယ္ရဲ့ ေက်ာင္းမွာ ငါမေနဘူး´လို႔ ေတြးၿပီး ရာဇၿဂိဳဟ္က ဘုရားရွင္ဆီသြားပါတယ္။

မိမိကိုလာေရာက္တဲ့ သုဓမၼရဟန္းကို ဘုရားရွင္ကႏႈတ္ခြန္းဆက္စကားေျပာၾကားၿပီး ဘာေၾကာင့္ ရာဇၿဂိဳဟ္ကို ေျပာင္းေရႊ႕ခဲ့တာလည္းဆိုတာကို ေမးျမန္းေတာ္မူပါတယ္။ သုဓမၼရဟန္းကလည္း ျဖစ္ေၾကာင္းကုန္စင္ ေလၽွာက္ထားပါတယ္။

ဒီအခါမွာ ဘုရားရွင္က “စိတၱသူႂကြယ္ရဲ့အျပစ္မဟုတ္၊ သင္ရဲ့ အျပစ္သာျဖစ္တယ္။ စိတၱသူႂကြယ္ကို သြားေတာင္းပန္ေခ်´´ဆိုၿပီး မိန႔္ေတာ္မူခဲ့ပါတယ္။သုဓမၼရဟန္း လာေတာင္းပန္တာကို စိတၱသူႂကြယ္ကသုဓမၼရဟန္း မာနက်ေစလိုတာေၾကာင့္ ခြင့္မလႊတ္ပါဘူး။

ဒီအခါမွာ သုဓမၼရဟန္းက ဘုရားရွင္ဆီ ျပန္ၿပီး ေလၽွာက္ထားရပါတယ္။ ဘုရားရွင္ကလည္းျပန္သြားၿပီးေတာင္းပန္ခိုင္းပါတယ္။ ဒီလိုနဲ႔သုံးႀကိမ္သုံးခါ သြားလိုက္ျပန္လိုက္ လုပ္ၿပီးမွ ခြင့္လႊတ္ေပးပါတယ္။ သုဓမၼရဟန္းလည္း သိပ္မၾကာခင္မွာ ရဟႏၲာျဖစ္သြားခဲ့ပါတယ္။

တစ္ခါမွာလည္းပဲ ေသာတာပန္အရိယာမ်ားျဖစ္တဲ့ေဃာသကသူေဌးႀကီးတို႔ ဦးေဆာင္ေသာေကာသမၺီၿမိဳ႕က ဒကာဒကာမေတြဟာ အက်င့္သီလအင္မတန္စင္ၾကယ္ၾကတဲ့ရဟန္းေတာ္မ်ား အတၱမာနကို အေျခခံၿပီးျဖစ္တဲ့ စိတ္ဝမ္းကြဲျပားမႈကို ျပန္လည္ညီညြတ္ေစဖို႔အတြက္ ဝါတြင္းသုံးလပတ္လုံး ဆြမ္းေလာင္းလႈျခင္း မရွိပဲ ရဟန္းေတာ္ေတြကို အၾကပ္ကိုင္ကာ ညီညြတ္စြာေနထိုင္ၾကေအာင္ ျပဳလုပ္ခဲ့ဘူးပါတယ္။

အထက္ပါဝတၳဳေတြကို ေထာက္ဆၿပီးေတာ့ သာသနာေတာ္ႀကီး စင္ၾကယ္ေစဖို႔အတြက္ အျပဳသေဘာေဆာင္တဲ့ စိတ္ေကာင္းစိတ္ျမတ္မ်ားနဲ႔ဆိုရင္ ရဟန္းသံဃာေတြကို ေဝဖန္႐ုံမၽွမကလိုအပ္ရင္ အၾကပ္ကိုင္ၿပီးေတာင္ ဆုံးမနိုင္တယ္ဆိုတာ လယ္ျပင္မွာ ဆင္သြားသလို ထင္ရွားလွပါတယ္။

ရဟန္းသံဃာေတြကိုေကာင္းေစလို၍ အျပဳသေဘာေဆာင္တဲ့ ေဝဖန္မႈမ်ိဳးျပဳလုပ္တာဟာ အျပစ္မရွိသလို ငရဲလဲမႀကီးပါဘူး။ဒကာဒကာမေတြအေနနဲ႔ ဤကဲ့သို႔ ေဝဖန္မႈမ်ိဳးကိုျပဳလဲျပဳလုပ္သင့္ၾကပါတယ္။ ဒါမွသာလၽွင္ သာသနာေတာ္ႀကီးဟာ စင္စင္ၾကယ္ၾကယ္နဲ႔ အဓြန႔္ရွည္တည္တန႔္နိုင္မွာျဖစ္ပါတယ္။

ဒုတိယေရႊက်င္သာသနာပိုင္ ဘာသာဋီကာက်မ္းျပဳအေက်ာ္ အဂၢမဟာပ႑ိတ ေက်းဇူးေတာ္ရွင္ အမရပူရ မဟာဂႏၶာ႐ုံဆရာေတာ္ဘုရားႀကီးက “ဤဝိသာခါဝတၳဳကို မွတ္ခ်က္ထား၍ ယခုကာလ၌လည္း သာသနာ သန႔္ရွင္းေစလိုေသာ သေဘာျဖင့္ မေတာ္မတဲ့ ျပဳက်င့္သူမ်ားကို ယဥ္ေက်းစြာ ေျပာဆိုတားျမစ္နိုင္ ကဲ့ရဲ့ရႈံ႔ခ်နိုင္၏။

ထိုသို႔ ကဲ့ရဲ့ရႈံ႔ခ်မႈေၾကာင့္ တစ္စုံတစ္ခုမၽွအျပစ္မရွိေခ်´´လို႔ ဘုရားဥပေဒေတာ္ႀကီးက်မ္းမွာ ေရးသားေတာ္မူခဲ့ပါတယ္။ ဒါေၾကာင့္ ရဟန္းသံဃာေတြကို ေကာင္းေစလိုတာေၾကာင့္ အျပဳသေဘာေဆာင္တဲ့ ေဝဖန္မႈျပဳလုပ္ျခင္းေၾကာင့္ အျပစ္မျဖစ္သလို ငရဲလည္းမႀကီးဆိုတာသိမွတ္နားလည္ထားၾကရပါမယ္။

ယုတ္မာေသာစိတ္ေနသေဘာထားနဲ႔ အျပစ္မရွိအျပစ္ရွာၿပီး ရႈတ္ခ်ေဝဖန္တာမ်ိဳးကေတာ့ အျပစ္ရွိပါတယ္။ ငရဲႀကီးပါတယ္။

ပါေမာကၡခ်ဳပ္ဆရာေတာ္

ဘဒၵႏၲေဒါက္တာအရွင္နႏၵမာလာဘိဝံသ