တပ်မ (၇၇) က ထွက်ပြေးခဲ့တဲ့ ချင်းလူမျိုး ဗိုလ်ကြီးတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်။
တပ်ထဲမှာတော့ ဆန္ဒပြသူတွေကို သူတို့ရဲ့ရန်သူတွေ၊ ရာဇဝတ်ကောင်တွေလို့ မြင်နေကြပါတယ်။ သူကိုယ်တိုင်တောင်မှ မတ်လဆန်းက အပြင်လောကဘာတွေဖြစ်နေမှန်းမသိလို့ ဖေ့ဘုတ်ခဏဖွင့်ကြည့်ရာကနေ မခံစားနိုင်လို့ စစ်ပြေးလုပ်ခဲ့ပါတယ်။
DSA ကျောင်းဆင်း ဒီဗိုလ်ကြီးဟာ သူနဲ့လုပ်ဖော်ကိုင်ဖက်စစ်သားတွေကို ခုလိုသတင်းစကားပါးလိုက်ပါသေးတယ်။
ရဲဘော်တို့၊ တိုင်းပြည်နဲ့ စစ်တပ်အကြားမှာ ရွေးရမယ်ဆိုရင် တိုင်းပြည်ဖက်ကိုသာ ရွေးပေးကြပါတဲ့။
သူကဆက်ပြီးတပ်အရာရှိတွေနဲ့ သူတို့မိသားစုဝင်တွေဟာ တပ်တွင်းမှာပဲ အများစုကနေထိုင်ကြရပြီး၊ တပ်ပြင်ကို ခွင့်ပြုချက်မရဘဲ (၁၅) မိနစ်ထက်ပိုထွက်ခွင့်မပြုပါဘူး။
ဒါဟာ ကျွန်တော့်အမြင်မှာတော့ ခေတ်သစ်ကျွန်ပြုခြင်းတစ်မျိုးပါပဲ။
သူ DSA ပထမနှစ်တက်စဉ် ကျောင်းသားတွေကို ၁၉၈၈ အရေးအခင်းမှာ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေက စစ်သားတွေကိုလည်ပင်းဖြတ်ခဲ့ကြတာတွေပြပြီး ဝါဒမှိုင်းတိုက်ခြင်း brainwashed အလုပ်ခံခဲ့ရပါတယ်။
တပ်ထဲမှာလည်း ပြည်ပတိုင်းပြည်တွေက မြန်မာပြည်ကိုပြိုကွဲဖို့ကြိုးစားနေလို့ ခုလိုပြန်ခုခံနေရကြောင်း စစ်သားတွေကို ဝါဒဖြန့်ထားရပါတယ်။
ဒါ့အပြင် စစ်တပ်မရှိရင် ဒီတိုင်းပြည်ပြိုကွဲမယ်၊ ဗုဒ္ဓဘာသာလည်းပျက်ဆီးမယ် စသဖြင့် တလွဲရိုက်သွင်းကာ စစ်သားတွေကို အမျိုး၊ဘာသာ၊သာသနာ သူရဲကောင်းတွေရယ်လို့ မြှောက်ပင့်သွေးထိုးနေကြကာ စစ်အာဏာရှင်တွေကို သစ္စာခံစေဖို့ ကြိုးစားလုပ်ဆောင်နေကြပါတယ်။
တကယ်တော့ စစ်သားတွေဟာ တပ်တွင်းအမှောင်ခေတ်ထဲမှာ အကြောက်တရားနဲ့ပဲ နေနေကြရပြီး ခုထိ ဒီမိုကရေစီအရသာကို မခံစားကြရရှာပါဘူး။
အင်တာနက်တွေဖြတ်တောက်လိုက်တာကလည်း ပြည်သူတွေသုံးမှာကြောက်လို့ထက် စစ်သားနဲ့ရဲတွေက ဖေ့ဘုတ်ကတဆင့် သူတို့လုပ်ရပ်အမှားတွေကို မြင်လို့ အသိတရားရသွားမှာကို ကြောက်လို့သာ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
သူဟာ ရှမ်းမြောက်ကရှေ့တန်းမှာ (၈) နှစ်ကြာ တပ်မ (၇၇) နဲ့ နေခဲ့ရလို့ တိုင်းရင်းသားတွေရဲ့ မြန်မာစစ်တပ်အပေါ်ဘာကြောင့်မုန်းနေရသလဲဆိုတာကို နားလည်ခဲ့ရပါသတဲ့။
ချင်းတိုင်းရင်းသားဗိုလ်ကြီးဟာ ပြည်သူအတွက်သာ တာဝန်ထမ်းဆောင်လိုပြီး၊ စစ်ခေါင်းဆောင်လူတစ်စုအတွက် မတရားမှုတွေမလုပ်ပေးနိုင်လို့ ခုလိုထွက်ပြေးကာ လုံခြုံတဲ့တနေရာမှာ ပုန်းခိုနေရပါတယ်။
Ref: NYTimes ZMN Credit