ထုံနာ ကျဉ်နာ သတိပြုစရာ
ကြည်လွင်မြင့် ( မုဒြာ )
၁ – နွေ မိုး ဆောင်း ဥတုသုံးလီတွင် ထုံနာကျဉ်နာခေါ် အကြောလေမလျှောက်သော ဝေဒနာသည် မိုးဥတုနဲ့ ဆောင်းဥတုတွင် ပို၍ အဖြစ်များသည်။ဥတုပျက်မိုး အချိန်အခါမဟုတ်မိုး – လွန်ပဲစွာနှင်းကျခြင်း ရာသီဥတု ဖောက်ပြန်ခြင်းတို့ကြောင့် ထုံကျဉ်ရောဂါတိုးနိုင်သည်။
ကျေးလက်ဒေသများတွင် သက်ကြီးရွယ်အို အဖိုးအဖွားများသည် အေးသောရာသီတွင် မီးလူံလေ့ရှိ ကြသည်။ မီးလူံနေမှ ခြေသလုံး. ညို့သကျည်း ကိုက်ခဲသောရောဂါ. ဒူလာရောဂါနဲ့ ထုံနာကျဉ်နာများ သက်သာသည်ဟု ဆိုကြသည်။ အပူရှိန် ဟပ်သဖြင့် ခေတ္တသက်သာသွားခြင်းဖြစ်သည်။ဆောင်းဥတု၌ ရိပ်သာတရားစခန်းများတွင် ယောဂီနည်းလေ့ရှိသည်။ အထူးသဖြင့် တမံသလင်း ကြမ်းပြင်ပေါ်တွင်အခင်းနဲ့ထိုင်ရလျှင် အဆင်မပြေနိုင်ပေ -ခြေလက်များအအေးလွန်ကဲသဖြင့် အောက်ပိုင်းသေသလိုဖြစ်ရသော တရားထိုင်သူများကို တွေ့ရဖူးသည်။
ဆီးချိုရောဂါရှိသူများမှာ ရာသီမရွေးထုံကျဉ်ဝေဒနာခံစားရနိုင်သည်။ဆီးချိုထိန်းနိုင်လျှင် သက်သာပြီး ဆီးချိုတက်လျှင် ထုံကျဉ် ဝေဒနာသည် ခြေဖျားလက်ဖျားလေးများမှ စတင်လာတတ်သည်။
ဆီးချို သွေးချို ရောဂါကို စနစ်တကျ ပုံမှန်ဆေးမစားသောကြောင့်လေဖြတ်ဝေဒနာခံစားရသူ အလွန်များသည်ကသတိပြုမိသည်။မျိုးရိုးကြောင့်ဖြစ်သောဆီးချိုသွေးချိုဝေဒနာရှင်များ ပို၍ သတိထားသင့်သည်။
ထုံနာ ကျဉ်နာကို ဒူလာရောဂါ ဂေါက်ရောဂါ များနဲ့ မှားယွင်းနေသူများရှိသည်။ ဆေးကု ဆေးစားမမှားရန်လိုသည် – ထုံနာ ကျဉ်နာသည် အာရုံကြောများကိုက်ခဲသောရောဂါ မဟုတ်. အဆစ်အမြစ်များ ကိုက်ခဲသောရောဂါမဟုတ်. “မသိသောရောဂါ ထုံသောရောဂါ ” ဖြစ်သည်။
” လေငန်းအစ ထုံကျဉ်က ” ဟု ဆိုသည်. ပစ္စည်းကိုင်လျှင် မကြာခဏလွတ်ကျသူ လမ်းသွားလျင်ခြေများလေးတွဲလာပြီး ဖိနပ်ကျွတ် ကျန်ခဲ့သူများသည် လေဖြတ်မည့် ရှေ့ပြေး လက္ခဏာရှိသူများဖြစ်သည်။ထုံနာ ကျဉ်နာရှိသူများအတွက်. သင့်လျော်သော ဆေးနည်းတို့မှာ
၁ ) ငုရွက် – အရွက်ရင့်များခူးပြီး နေပူထဲ အခြောက်လှန်းပါ
၂ ) – ဥနဲရွက် – အစိုအတိုင်း အသုံးပြုရန်
၃ ) – သဘောင်္ မဲဇလီရွက် – အချို့အရပ်ဒေသများတွင် ပွေးကိုင်းမဲဇလီဟုခေါ်ကြသည်- အစိုသုံးရန်
၄ ) – ဝါးရွက် – ကြခတ်ဝါးရွက် ရလျင် ပိုကောင်းသည်- အစိုသုံးရန် – အထက်ပါ အရွက် ၄ မျိုးကို ပြုတ်၍ ဖြစ်စေ. လက်ဖက်ခြောက်ကဲ့သို့ ခတ်သောက်ခြင်း ဖြစ်စေ နေ့စဉ် မတ်ခွက် ၁ ခွက်စာ. အကြမ်းပုဂံလုံး ၃ လုံးစာမျှ သောက်ပေးခြင်းဖြင့်.သက်သာစေနိုင်သည်။
ဤ အရွက်များသည် အသည်းအဆီဖုံးသူ ဆီးချိုသွေးချိုရောဂါ ရှိသူများနှင့်လည်း သင့်လျာ်သောအရွက်များဖြစ်သည်။ငုရွက်သည်ဝမ်းသက်စေသဖြင့် ဝမ်မသွားစေလိုလျှင် ငုရွက်ကိုအခြားအရွက်များထက် လျှော့ထည့်ပြီးသောက်သုံးနိုင်သည်။ဆောင်းဥတုတွင်. အသားပတ်ရာမှ အနာများကဲ့သို အရေပြားကွာကျနေသူ တစ်ဦးသည် ဤ အရွက် ပြုတ်ရည်ကို သောက်ပြီး သက်သာသည်ကို တွေ့ရသည် – ပွေးကိုင်း မဲဇလီရွက်သည် ပွေးရောဂါ စွဲနေသူများနှင့် အရေပြားတွင် မိူကွက်ရှိသုများစွဲသောက်လျှင် ပျောက်ကင်းစေနိုင်သည်။
ထုံနာ ကျဉ်နာ ရှိသူများသည် အသားနဲ့ အသီးအရွက်ကို မျှတအောင် စားရန်လိုသည်။ ဝမ်းတွင်းသာများ ကြာရှည်ခံအောင် ပြုပြင်ထားသော အသားများကို လုံးဝ ရှောင်ကြဉ်သင့်သည်။
ငါး တစ်မျိုးနဲ့ ဆီးဖြူသီးရောချက်စားခြင်း , ကင်ပွန်းချဉ်ရွက် , ရှောက်ရွက် , ဥသျှစ်ရွက် , ငါးရံ့ပတူရွက်များ စားသုံးပေးခြင်းဖြင့်လည်း သက်သာစေနိုင်သည်။လမ်းများများ လျှောက်ပေးခြင်းဖြင့်လည်း ထုံကျဉ်ဝေဒနာ သက်သာစေနိုင်တယ်။
၂ – လေဖြတ်ဝေဒနာ ခံစားရသူ လူကြီးများကို လေ့လာမေးမြန်း သုတေသနပြုကြည့်သောအခါ လေမဖြတ်မီ ၂ နှစ်ခန့်ကပင် ကြိုတင်၍ ထုံကျဉ်ဝေဒနာခံစား နေရသည်ကို တွေ့ရသည်။ပစ္စည်းများကိုင်လျှင် မမြဲခြင်း မကြာခဏ လွတ်ကျခြင်း ဖိနပ်ကျွတ်ထွက်ခြင်း ခြေချော်လဲခြင်းခလုတ်တိုက်ခြင်း တို့ ဖြစ်နေသည်ကို သတိ မထားမိခြင်းကြောင့်သာဖြစ်သည်။
မိတ်ဆွေအရာရှိတစ်ဦးသည် ပင်စင်ယူမည့်အသက်မရောက်မီလေဖြတ်ဝေဒနာခံစားရသည့်အတွက် စော၍ပင်စင်ယူလိုက်ရသည်။
သူ၏ပြောပြချက်အရ လေမဖြတ်မီ တနှစ်အတွင်းမှာပင် သူ၏ထိုးနေကျလက်မှတ်မှာ မတူညီတော့ – လက်မှတ်ထိုးလျှင် ယခင်က မိမိထိုးမြဲလက်မှတ်နဲ့ မတူသဖြင့် ဘဏ်တွင်ငွေထုတ်သည့်အခါ သကာင်္မကင်းဖြစ်ခံရသည်ဟုဆိုသည်။ မိမိထိုးနေကျလက်မှတ်မတူခြင်း လက်ရေးလက်သားများ ပျက်ယွင်းလာခြင်းသည်လည်း ထုံကျဉ်လက္ခဏာများပင်ဖြစ်သဖြင့် သတိ ထားကြစေချင်သည်။လမ်းလျှောက်နည်းခြင်းသည်လည်း ထုံကျဉ်ဝေဒနာကို ပို၍ဆိုးစေသည်။ နံနက်စောစောထ၍ လမ်းလျှောက်သူများသည် အိပ်နေသူများထက် ပို၍ ကျန်းမာရေးကောင်းကြသည်။
ဆီးချိုရောဂါ သွေးတိုးရောဂါရှိသူများ လမ်းမှန်မှန်လျှောက်ပေးခြင်းဖြင့် ဝေဒနာသက်သာစေသည်မှာ အမှန်ပင်ဖြစ်သည်။ နံနက်စောစောအေး၍ ချမ်း၍လမ်းမလျှောက်နိုင်လျှင် ညနေစောင်းချိန်တွင် လမ်းလျောက်ခြင်းဖြင့်လည်း ထုံကျဉ်ရောဂါ လေဖြတ်ရောဂါများမှ ကာကွယ်နိုင်ပေသည်။
ထုံနာ ကျဉ်နာ ရောဂါ ကာကွယ်ရန်အတွက်…
၁ – အသက် ၅၀ ကျော်လာလျှင် အသားလျှော့စားပြီး အသီးအရွက်များစားပါ ။
၂ – ဆေးလိပ်နဲ့အရက်ကို လုံးဝဖြတ်လျှင် အကောင်းဆုံး ဖြစ်ပါသည်။( လျှော့သောက်ခြင်းဖြင့် အကျိုးမရှိပါ. လုံးဝဖြတ်ပါ)
၃ – ထမင်းနဲ့ဟင်းကို ပူပူနွေးနွေးစားသုံးပါ
၄ – အစာစားလျှင် အစာကြေအောင်ဖြည်းဖြည်းနဲ့ကျေညက်အောင်စားသုံးသင့်ပါသည်။
၅ – အိပ်ချိန်မှန်အောင်အိပ်ပါ
၆ – အငန် ကြိုက်လျှင်လျော့စားပါ သွေးတိုးစေမည့် အပုပ် အငန်များကို ရှောင်ပါ။
၇ – လမ်းများများလျောက်ပါ – ထိုင်နေခြင်း ကားစီးခြင်းများကို တတ်နိုင်သမျှရှောင်ပြီး လမ်းလျောက်ပါ. ခြေကျင်သွားပါ။
၈ – ပစ္စည်းများကိုင်လျင် မကြာခဏလွတ်ကျခြင်း , လမ်းသွားရင်း ဖိနပ်ကျွတ်ထွက်ရင် ထုံကျဉ်ရောဂါ စနေပြီဟု သတိရှိပါ။
၉ – သွေးတိုးရောဂါ ဆီးချိုရောဂါ ရှိမရှိ မစစ်ဆေးရသေးလျှင် ဆရာဝန် သမားတော်နဲ့ပြပြီး စစ်ဆေးပါ။
၁၀ – သွေးတိုးရောဂါ. ဆီးချိုရောဂါရှိနေလျင် ဆေးမြီးတိုများ ရောင်းတန်းဆေးများနဲ့ မကုသပဲ တတ်ကျွမ်းသည့် သမားတော်၏ ညွှန်ကြားသည့် ဆေးဝါးကိုသာ ကုသပါ။
၄င်းအချက်များအတိုင်း လိုက်နာကျင့်သုံးလျှင် ထုံကျဉ်ရောဂါဝေဒနာမှ လေဖြတ်ရောဂါအဆင့်အထိ မရောက်ရှိနိုင်ပါ။
Credit to မခင်နီဝင်း
ထုံနာ က်ဥ္နာ သတိျပဳစရာ
ၾကည္လြင္ျမင့္ ( မုျဒာ )
၁ – ေႏြ မိုး ေဆာင္း ဥတုသုံးလီတြင္ ထံုနာက်ဥ္နာေခၚ အေၾကာေလမေလၽွာက္ေသာ ေဝဒနာသည္ မိုးဥတုနဲ႔ ေဆာင္းဥတုတြင္ ပို၍ အျဖစ္မ်ားသည္။ဥတုပ်က္မိုး အခ်ိန္အခါမဟုတ္မိုး – လြန္ပဲစြာႏွင္းက်ျခင္း ရာသီဥတု ေဖာက္ျပန္ျခင္းတို႔ေၾကာင့္ ထုံက်ဥ္ေရာဂါတိုးႏိုင္သည္။
ေက်းလက္ေဒသမ်ားတြင္ သက္ၿကီးရြယ္အို အဖိုးအဖြားမ်ားသည္ ေအးေသာရာသီတြင္ မီးလူံေလ့ရွိ ျကသည္။ မီးလူံေနမွ ေျခသလုံး. ညိဳ႕သက်ည္း ကိုက္ခဲေသာေရာဂါ. ဒူလာေရာဂါနဲ႔ ထုံနာက်ဥ္နာမ်ား သက္သာသည္ဟု ဆိုၾကသည္။ အပူရွိန္ ဟပ္သျဖင့္ ေခတၱသက္သာသြားျခင္းျဖစ္သည္။ေဆာင္းဥတု၌ ရိပ္သာတရားစခန္းမ်ားတြင္ ေယာဂီနည္းေလ့ရွိသည္။ အထူးသျဖင့္ တမံသလင္း ၾကမ္းျပင္ေပၚတြင္အခင္းနဲ႔ထိုင္ရလၽွင္ အဆင္မေျပႏိုင္ေပ -ေျခလက္မ်ားအေအးလြန္ကဲသျဖင့္ ေအာက္ပိုင္းေသသလိုျဖစ္ရေသာ တရားထိုင္သူမ်ားကို ေတြ႕ရဖူးသည္။
ဆီးခ်ဳိေရာဂါရွိသူမ်ားမွာ ရာသီမေရြးထုံက်ဥ္ေဝဒနာခံစားရႏိုင္သည္။ဆီးခ်ဳိထိန္းႏိုင္လၽွင္ သက္သာၿပီး ဆီးခ်ဳိတက္လၽွင္ ထုံက်ဥ္ ေဝဒနာသည္ ေျခဖ်ားလက္ဖ်ားေလးမ်ားမွ စတင္လာတတ္သည္။
ဆီးခ်ဳိ ေသြးခ်ဳိ ေရာဂါကို စနစ္တက် ပုံမွန္ေဆးမစားေသာေၾကာင့္ေလျဖတ္ေဝဒနာခံစားရသူ အလြန္မ်ားသည္ကသတိျပဳမိသည္။မ်ဳိးရိုးေၾကာင့္ျဖစ္ေသာဆီးခ်ဳိေသြးခ်ဳိေဝဒနာရွင္မ်ား ပို၍ သတိထားသင့္သည္။
ထုံနာ က်ဥ္နာကို ဒူလာေရာဂါ ေဂါက္ေရာဂါ မ်ားနဲ႔ မွားယြင္းေနသူမ်ားရွိသည္။ ေဆးကု ေဆးစားမမွားရန္လိုသည္ – ထုံနာ က်ဥ္နာသည္ အာရုံေၾကာမ်ားကိုက္ခဲေသာေရာဂါ မဟုတ္. အဆစ္အျမစ္မ်ား ကိုက္ခဲေသာေရာဂါမဟုတ္. “မသိေသာေရာဂါ ထုံေသာေရာဂါ ” ျဖစ္သည္။
” ေလငန္းအစ ထုံက်ဥ္က ” ဟု ဆိုသည္. ပစၥည္းကိုင္လၽွင္ မၾကာခဏလြတ္က်သူ လမ္းသြားလ်င္ေျခမ်ားေလးတြဲလာၿပီး ဖိနပ္ကၽြတ္ က်န္ခဲ့သူမ်ားသည္ ေလျဖတ္မည့္ ေရွ႕ေျပး လကၡဏာရွိသူမ်ားျဖစ္သည္။ထုံနာ က်ဥ္နာရွိသူမ်ားအတြက္. သင့္ေလ်ာ္ေသာ ေဆးနည္းတို႔မွာ
၁ ) ငုရြက္ – အရြက္ရင့္မ်ားခူးၿပီး ေနပူထဲ အေျခာက္လွန္းပါ
၂ ) – ဥနဲရြက္ – အစိုအတိုင္း အသုံးျပဳရန္
၃ ) – သေဘာၤ မဲဇလီရြက္ – အခ်ဳိ႕အရပ္ေဒသမ်ားတြင္ ေပြးကိုင္းမဲဇလီဟုေခၚၾကသည္- အစိုသံုးရန္
၄ ) – ဝါးရြက္ – ၾကခတ္ဝါးရြက္ ရလ်င္ ပိုေကာင္းသည္- အစိုသံုးရန္ – အထက္ပါ အရြက္ ၄ မ်ဳိးကို ျပဳတ္၍ ျဖစ္ေစ. လက္ဖက္ေျခာက္ကဲ့သို႔ ခတ္ေသာက္ျခင္း ျဖစ္ေစ ေန႔စဥ္ မတ္ခြက္ ၁ ခြက္စာ. အၾကမ္းပုဂံလုံး ၃ လုံးစာမၽွ ေသာက္ေပးျခင္းျဖင့္.သက္သာေစႏိုင္သည္။
ဤ အရြက္မ်ားသည္ အသည္းအဆီဖုံးသူ ဆီးခ်ဳိေသြးခ်ဳိေရာဂါ ရွိသူမ်ားႏွင့္လည္း သင့္လ်ာ္ေသာအရြက္မ်ားျဖစ္သည္။ငုရြက္သည္ဝမ္းသက္ေစသျဖင့္ ဝမ္မသြားေစလိုလၽွင္ ငုရြက္ကိုအျခားအရြက္မ်ားထက္ ေလွ်ာ့ထည့္ၿပီးေသာက္သုံးႏိုင္သည္။ေဆာင္းဥတုတြင္. အသားပတ္ရာမွ အနာမ်ားကဲ့သို အေရျပားကြာက်ေနသူ တစ္ဦးသည္ ဤ အရြက္ ျပဳတ္ရည္ကို ေသာက္ၿပီး သက္သာသည္ကို ေတြ႕ရသည္ – ေပြးကိုင္း မဲဇလီရြက္သည္ ေပြးေရာဂါ စြဲေနသူမ်ားႏွင့္ အေရျပားတြင္ မိူကြက္ရွိသုမ်ားစြဲေသာက္လၽွင္ ေပ်ာက္ကင္းေစႏိုင္သည္။
ထံုနာ က်ဥ္နာ ရွိသူမ်ားသည္ အသားနဲ႔ အသီးအရြက္ကို မၽွတေအာင္ စားရန္လိုသည္။ ဝမ္းတြင္းသာမ်ား ၾကာရွည္ခံေအာင္ ျပဳျပင္ထားေသာ အသားမ်ားကို လုံးဝ ေရွာင္ၾကဥ္သင့္သည္။
ငါး တစ္မ်ဳိးနဲ႔ ဆီးျဖဴသီးေရာခ်က္စားျခင္း , ကင္ပြန္းခ်ဥ္ရြက္ , ေရွာက္ရြက္ , ဥသၽွစ္ရြက္ , ငါးရံ႕ပတူရြက္မ်ား စားသုံးေပးျခင္းျဖင့္လည္း သက္သာေစႏိုင္သည္။လမ္းမ်ားမ်ား ေလၽွာက္ေပးျခင္းျဖင့္လည္း ထံုက်ဥ္ေဝဒနာ သက္သာေစႏိုင္တယ္။
၂ – ေလျဖတ္ေဝဒနာ ခံစားရသူ လူၿကီးမ်ားကို ေလ့လာေမးျမန္း သုေတသနျပဳၾကည့္ေသာအခါ ေလမျဖတ္မီ ၂ ႏွစ္ခန္႔ကပင္ ႀကိဳတင္၍ ထုံက်ဥ္ေဝဒနာခံစား ေနရသည္ကို ေတြ႕ရသည္။ပစၥည္းမ်ားကိုင္လၽွင္ မျမဲျခင္း မၾကာခဏ လြတ္က်ျခင္း ဖိနပ္ကၽြတ္ထြက္ျခင္း ေျခေခ်ာ္လဲျခင္းခလုတ္တိုက္ျခင္း တို႔ ျဖစ္ေနသည္ကို သတိ မထားမိျခင္းေၾကာင့္သာျဖစ္သည္။
မိတ္ေဆြအရာရွိတစ္ဦးသည္ ပင္စင္ယူမည့္အသက္မေရာက္မီေလျဖတ္ေဝဒနာခံစားရသည့္အတြက္ ေစာ၍ပင္စင္ယူလိုက္ရသည္။
သူ၏ေျပာျပခ်က္အရ ေလမျဖတ္မီ တႏွစ္အတြင္းမွာပင္ သူ၏ထိုးေနက်လက္မွတ္မွာ မတူညီေတာ့ – လက္မွတ္ထိုးလၽွင္ ယခင္က မိမိထိုးျမဲလက္မွတ္နဲ႔ မတူသျဖင့္ ဘဏ္တြင္ေငြထုတ္သည့္အခါ သကာၤမကင္းျဖစ္ခံရသည္ဟုဆိုသည္။ မိမိထိုးေနက်လက္မွတ္မတူျခင္း လက္ေရးလက္သားမ်ား ပ်က္ယြင္းလာျခင္းသည္လည္း ထံုက်ဥ္လကၡဏာမ်ားပင္ျဖစ္သျဖင့္ သတိ ထားၾကေစခ်င္သည္။လမ္းေလၽွာက္နည္းျခင္းသည္လည္း ထံုက်ဥ္ေဝဒနာကို ပို၍ဆိုးေစသည္။ နံနက္ေစာေစာထ၍ လမ္းေလၽွာက္သူမ်ားသည္ အိပ္ေနသူမ်ားထက္ ပို၍ က်န္းမာေရးေကာင္းၾကသည္။
ဆီးခ်ဳိေရာဂါ ေသြးတိုးေရာဂါရွိသူမ်ား လမ္းမွန္မွန္ေလၽွာက္ေပးျခင္းျဖင့္ ေဝဒနာသက္သာေစသည္မွာ အမွန္ပင္ျဖစ္သည္။ နံနက္ေစာေစာေအး၍ ခ်မ္း၍လမ္းမေလၽွာက္ႏိုင္လၽွင္ ညေနေစာင္းခ်ိန္တြင္ လမ္းေလ်ာက္ျခင္းျဖင့္လည္း ထုံက်ဥ္ေရာဂါ ေလျဖတ္ေရာဂါမ်ားမွ ကာကြယ္ႏိုင္ေပသည္။
ထုံနာ က်ဥ္နာ ေရာဂါ ကာကြယ္ရန္အတြက္…
၁ – အသက္ ၅၀ ေက်ာ္လာလွ်င္ အသားေလၽွာ့စားၿပီး အသီးအရြက္မ်ားစားပါ ။
၂ – ေဆးလိပ္နဲ႔အရက္ကို လုံးဝျဖတ္လၽွင္ အေကာင္းဆုံး ျဖစ္ပါသည္။( ေလၽွာ့ေသာက္ျခင္းျဖင့္ အက်ဳိးမရွိပါ. လုံးဝျဖတ္ပါ)
၃ – ထမင္းနဲ႔ဟင္းကို ပူပူေႏြးေႏြးစားသုံးပါ
၄ – အစာစားလၽွင္ အစာေၾကေအာင္ျဖည္းျဖည္းနဲ႔ေက်ညက္ေအာင္စားသုံးသင့္ပါသည္။
၅ – အိပ္ခ်ိန္မွန္ေအာင္အိပ္ပါ
၆ – အငန္ ႀကိဳက္လၽွင္ေလ်ာ့စားပါ ေသြးတိုးေစမည့္ အပုပ္ အငန္မ်ားကို ေရွာင္ပါ။
၇ – လမ္းမ်ားမ်ားေလ်ာက္ပါ – ထိုင္ေနျခင္း ကားစီးျခင္းမ်ားကို တတ္ႏိုင္သမၽွေရွာင္ၿပီး လမ္းေလ်ာက္ပါ. ေျခက်င္သြားပါ။
၈ – ပစၥည္းမ်ားကိုင္လ်င္ မၾကာခဏလြတ္က်ျခင္း , လမ္းသြားရင္း ဖိနပ္ကၽြတ္ထြက္ရင္ ထုံက်ဥ္ေရာဂါ စေနၿပီဟု သတိရွိပါ။
၉ – ေသြးတိုးေရာဂါ ဆီးခ်ဳိေရာဂါ ရွိမရွိ မစစ္ေဆးရေသးလၽွင္ ဆရာဝန္ သမားေတာ္နဲ႔ျပၿပီး စစ္ေဆးပါ။
၁၀ – ေသြးတိုးေရာဂါ. ဆီးခ်ဳိေရာဂါရွိေနလ်င္ ေဆးၿမီးတိုမ်ား ေရာင္းတန္းေဆးမ်ားနဲ႔ မကုသပဲ တတ္ကၽြမ္းသည့္ သမားေတာ္၏ ညႊန္ၾကားသည့္ ေဆးဝါးကိုသာ ကုသပါ။
၄င္းအခ်က္မ်ားအတိုင္း လိုက္နာက်င့္သုံးလၽွင္ ထုံက်ဥ္ေရာဂါေဝဒနာမွ ေလျဖတ္ေရာဂါအဆင့္အထိ မေရာက္ရွိႏိုင္ပါ။
Credit to မခင္နီဝင္း