ဖုန်းအစွဲလွန်ရောဂါ Nomophobia ကို ဘယ်လို ကုသနိုင်မလဲ?
ဖုန်းတွေဟာ အချက်အလက် တွေကို ရယူဖို့ ကိရိယာတစ်ခု ဖြစ်တယ်ဆိုတာထက် ပိုလာပါတယ် ။ သင်ကိုယ်တိုင် ဖုန်းတစ်လုံး မရှိရင် မနေနိုင်ဘူး နေ့တိုင်း ဖုန်းနဲ့အချိန်ကုန် အိပ်လည်းဖုန်း စားလည်းဖုန်း သင့်ဘဝရဲ့မရှိမဖြစ်အရာတစ်ခုလို ခံစားနေရပီဆို သင် ဖုန်းအစွဲလွန် ရောဂါရနေတာဖြစ်နိုင်ပါတယ် ။ Nomophobiaလို့ခေါ်တဲ့ no mobile phone phobia ဆိုတဲ့ရောဂါကို လူတော်တော်များများရနေကြပြီလို့ဆိုပါတယ် ။
နယူးယောက်တိုင်မး သတင်းစာအဆိုအရ ဆယ်ကျော်သက်တွေနဲ့လူကြီးတွေက သူတို့ဖုန်းတွေကို တစ်နေ့မှာ အကြိမ်လောက်ကြည့်ကြပြီး စာသားမက်ဆေ့ ၁၁၀ ခန့်ပေးပို့တတ်ကြပါတယ်။ အမေရိကန်မှာ ပြုလုပ်ခဲ့တဲ့စစ်တမ်းတွေအရ လူဦးရေ ၂၀ရာခိုင်နှုန်းလောက်က အင်တာနက်စွဲလမ်းခြင်းပြဿနာတက်နေကြတယ်လို့ဆိုပါတယ်။ လူဦးရေ ၅၀ရာခိုင်နှုန်းလောက်ကတော့ သူတို့ဖုန်းတွေမရှိပဲ ရှင်သန်နိုင်မှာမဟုတ်လို့ ပြောကြားခဲ့တယ်လို့ဆိုပါတယ်။ ခုပြောပြချင်တာက ဒီအင်တာနက် ဖုန်း စွဲလမ်းမှုရောဂါကို ကျွန်တော်တို့ ဘယ်လိုတိုက်ထုတ်နိုင်ကြမလဲလို့ပြောတာပါ ။
စမတ်ဖုန်းစွဲလမ်းခြင်းကို ဘယ်လိုရပ်တန့်ကြမလဲ
စမတ်ဖုန်းစွဲလမ်းတာကို တစ်ကယ်ကတော့ရပ်တန့်ဖို့ ခက်ခဲပါတယ်။ ခေတ်ရဲ့လိုအပ်ချက်အရ ဒီဖုန်းတွေ ကွန်ပြုတာတွေ လိုအပ်ကြတယ်ဆိုပေမယ့် အရမ်းအစွဲလွန်သွားရင် မကောင်းပါဘူး။ ကိုယ့်ကိုကိုယ်မေးခွန်းပြန်မေးပီးသတိပေးဖို့လိုတာက ဖုန်းတွေမပါပဲကျွန်တော်တို့ ရှင်သန်ခဲ့ကြဖူးတယ်ဆိုတာပါပဲ ။
သင့်ရဲ့ဖုန်း အစွဲလွန် ရောဂါကို ကုလို့ ရမယ့် နည်းလမ်း ၄ ခု ကိုပြောပြချင်ပါတယ်
၁-ညအချိန်မှာ သင့်ဖုန်းကို သင့်ရဲ့အိပ်ရာဘေး ဒါမှမဟုတ် အခန်းမှာမထားပါနဲ့ ။ ဘတ်ထရီကို ဖြုတ်ထားပီး သင်နဲ့ဝေးဝေးမှာထားပါ။ ဒါမှဖုန်းရဲ့သွေးဆောင်မှုကို သင်မခံရတော့မြှာဖစ်ပါတယ်..
၂-သင့်ဖုန်းမပါပဲသွားလို့ရမယ့်အရာတွေ နေရာတွေကို လေ့ကျင့်ပီး ဖုန်းမယူသွားပဲသွားကြည့်ပါ။ အတိတ်တချိန်ကနေ့ရက်တွေ ရှေးတုန်းကခံစားမှုတွေကို သင်ပြန်ခံစားရပါလိမ့်မယ်။
၃-ဖုန်းမှဖုန်းဖြစ်နေတဲ့လူတွေက များသောအားဖြင့် စိတ်ကျရောဂါကိုခံစားနေရပြီး စိတ်ဝေဒနာတွေခံစားနိုင်ရတယ်လို့ဆိုပါတယ်၊ သူတို့ရဲ့အထီးကျန်မှုကြောင့်အဲ့ဒီလိုတွေဖြစ်လာတာလည်း ဖြစ်နိုင်ပါတယ်။ ဖုန်းသုံးစွဲနေတဲ့အချိန်တွေကို လက်တွေ့ဘဝထဲအစားထိုး သုံးစွဲကြည့်လိုက်ပါ၊ အစစ်အမှန်ဘဝက ဘယ်လောက်ပျော်စရာကောင်းတယ်ဆိုတာ သင်စတင်ခံစားလာရပါလိမ့်မယ်.
၄-သင့်ဝါသနာကို အပြင်လက်တွေ့ဘဝမှာရှာပါ။ ဖုန်းထဲမှာ အချိန်ကုန်မနေပါနဲ့တော့။Like Commentနဲ့လူတွေ အထင်ကြီးစေတဲ့အရာတွေလုပ်လည်း လက်တွေ့ကလက်တွေ့ဘဝမို့ သင့်အတွက် အာရုံစိုက်စရာတစ်ခုခုကို အပြင်လောကမှာရှာဖွေဖို့လိုပါတယ်။ ဖုန်းသုံးချိန်တွေကိုတင်းကြပ်တဲ့ အချိန် ကန့်သတ်ကြည့်ပါနော်..ကဲဒီလောက်ဆို ဖုန်းအစွဲလွန်ရောဂါကိုဘယ်လိုရပ်တန့်နိုင်မလဲသိလောက်ပီထင်ပါတယ်.