တစ်ခါတစ်လေ လက်ရှိမှာ သာယာမိတတ်တဲ့ ကိုယ့်ကိုယ်ကိုယ် နောက်ငါးနှစ်ကျရင် ဆိုတဲ့ စကားလေးနဲ့ သတိ ကပ်မိတယ်။ နဖူးပေါ် လက်တင်စဉ်းစားကြည့်ရင် လွယ်တယ်လို့ ထင်ရပေမယ့်လည်း ကိုယ်ဖြတ်သန်းခဲ့တာတွေ ပြန် စဉ်းစားကြည့်ရင် အချိန်ဖြုန်းခဲ့တာတွေ၊ လေထဲ အိမ်ဆောက်ခဲ့မိတာတွေက ခပ်များများရယ်… တွေးမိတော့ ရင်မောရပါရဲ့။ ဒါကြောင့်ပဲ ရေရှည် ဆိုတာလေးကို မမေ့မလျော့ ခေါင်းထဲ ထည့်ထားရတာပေါ့။ နောင်တစ်ချိန်မှာ အတိတ်ကို ပြန်ကြည့်ရင် ကိုယ်အကောင်းဆုံး ကြိုးစားခဲ့တာကိုပဲ မှတ်မိနေချင်တယ်လေ။
ဘယ်သူကများ မအောင်မြင်ချင်ဘဲ နေလိမ့်မလဲနော်။
ဒါပေမယ့်လည်း ကျွန်တော်တို့ လူသားတွေက သိပ်ဆန်းကြယ်ပါတယ်။ အိမ်မက်တွေကျ အကြီးကြီး မက်ပြီး အချိန် တော်တော်များများမှာ မနက်ဖြန် စားဖို့ ရှိရုံလောက်နဲ့ ကျေနပ်နေတတ်ပြန်တယ်။
လက်ရှိ ပျော်ရွှင်မှုလေးနဲ့ ရောင့်ရဲနေကြပြန်ရော ခနနေတော့လည်း မှိုင်တွေပြီး အောင်မြင်ချင်တယ် ဖြစ်သွားရော… တတ်လည်း တတ်နိုင်တဲ့ လူသားတွေရယ်ပါပဲ။ တကယ် လက်တွေ့ဆန်တဲ့ အောင်မြင်မှုတစ်ခု အတွက်က ရေရှည်ကို ကြိုတင်တွေးတော ကြံဆထားဖို့ လိုပါတယ်။ နိုင်ငံတွေနဲ့ ယှဉ်ပြီး စဉ်းစားကြည့်ပါ ကမ္ဘာပေါ်က နိုင်ငံတိုင်းလိုလို ရေရှည်ကို မဖြစ်မနေ တွက်ချက် ပြင်ဆင်ထားရတာပါပဲ။ ဒီလိုမှပဲ ဒီနိုင်ငံလည်း ရေရှည် ရပ်တည်နိုင်မှာပါ။
ရေရှည်ဆိုတာက ကျွန်တော်တို့ ဘဝတင်မက ပညာရေး၊ စီးပွားရေး အရာအားလုံးမှာ အရေးပါတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ ဆိုတော့ ရေရှည်ဆိုတာ ဘာကြောင့် အရေးပါသလဲ၊ ဘယ်လို တွေးတော ဆင်ခြင်ရမလဲ၊ ဘာတွေ သတိထားသင့်လဲ၊ ဘာတွေ လုပ်သင့်လဲ ဆိုတာလေးတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်နော်။
၁. လက်ရှိအခြေအနေ
ကျွန်တော်တို့ရဲ့ ရေရှည်အိမ်မက်ကို ရပ်တန့်စေတဲ့ အကြီးမားဆုံးသော တရားခံက လက်ရှိ အခြေအနေ ဖြစ်နေ တတ်ပါတယ်။ ဥပမာ နောက်ငါးနှစ်ကျရင် ဘာတွေလုပ်ပြီး ဘယ်လိုတွေ အောင်မြင်မယ် ဆိုတာမျိုး စိတ်ကူးယဉ်တဲ့ အခါ စိတ်ကူးကနေ လက်တွေ့ပြောင်းလို့ လုပ်တော့မယ်ဟေ့ ဆိုရင် ပြဿနာ စတက်တာက လက်ရှိအခြေအနေပါပဲ။
ကိုယ့်ရဲ့ လက်ရှိအခြေအနေက စိတ်ကူးနဲ့ ကွာခြားနေတဲ့အခါ စိတ်ဓာတ်ကျပြီး မဖြစ်နိုင်ပါဘူးလေ၊ အခုငါ့အခြေအနေနဲ့ ဘာလုပ်နိုင်မှာလဲ ဆိုပြီး လက်ရှိနဲ့ ကန့်သတ်လိုက်တာ များပါတယ်။ စိတ်ကူးအိမ်မက်တွေကို လက်ရှိ အခြေအနေကြောင့် ရပ်တန့်လိုက်တဲ့အခါ၊ လက်လျှော့လိုက်တဲ့အခါ ရေရှည်အနာဂတ် ဆိုတာကြီးက ပျက်ယွင်း သွားရတော့တာပါပဲ။
အဲလိုနဲ့ ဒီအဆင့်ကနေ မတက်နိုင်ဘဲ ဒုံရင်းဘဝနဲ့တင် သံသရာ လည်နေရတာပေါ့။ အဲ့တော့ ဒီနေရာမှာ ကံကြမ္မာက မပြောင်းလဲပေးပါဘူး၊ ကိုယ့်ရေရှည် စီမံကိန်းတွေ အကောင်အထည် ပေါ်လာဖို့ ကိုယ်တိုင်က လက်ရှိကို အနာဂတ်အဖြစ် ပြောင်းလဲရမှာပါ။ ဒါကိုယ်သေချာပေါက် လုပ်ကို လုပ်ရမယ့် ကိုယ်ပိုင်တာဝန်ပါနော်။
၂. အချိန်လိုတယ်
လူသားတွေ ဆိုသည်မှာလည်း မလိုတဲ့ တစ်ချို့နေရာတွေမှာ စိတ်ရှည်တတ်ကြသလောက် အနာဂတ် ရည်မှန်းချက်နဲ့ ပက်သက်လာရင် သိပ်စိတ်မရှည်နိုင်ကြပါဘူး။ ရေရှည်ဆိုတာ မနက်ဖြန်ကို ဆိုလိုတာ မဟုတ်ပါဘူး။ နောက်လာမယ့် ၅နှစ်လား ၁၀နှစ်လား နှစ်၂၀လား အဲဒါကို ရေရှည်ရယ်လို့ ခေါ်တာပါ။ ရေရှည်မှာ “ခုရေတွင်းတူး ခုရေကြည်သောက်” ဆိုတာ လုံးဝမရှိပါဘူး။ ဥပမာ စီးပွားရေး လုပ်ငန်းတွေမှာဆိုရင်လည်း ရေရှည်စီမံကိန်း ဆိုတာမျိုး သူတို့မှာ ရှိပါတယ်။
အဲဒါက ချက်ချင်း အကောင်အထည်ဖော် လုပ်ဆောင်ရတာ မဟုတ်ဘဲ အချိန်ယူပြီး ဖြည်းဖြည်းချင်း အဆင့်ဆင့် အကောင်အထည် ဖော်သွားရတာပါ။ ရလဒ်ကိုလည်း ရေရှည်ဆိုသလို အချိန်ယူ စောင့်ကြည့်ရပါတယ်။ ကျွန်တော်တို့တွေက စိတ်မရှည်တတ်လေတော့ ရေရှည်ကို တွေးမိပေမယ့် တကယ် မလုပ်နိုင်ဘဲ ရေတိုနဲ့ပဲ ကျေနပ် တတ်ပါတယ်။
ဒါကြောင့်မို့ ကိုယ့်အနာဂတ် Plan တွေဆွဲလို့ ရေရှည်အတွက် စီစဉ်တဲ့အခါ တစ်ခါတည်း ဖြစ်လာဖို့ကို မမျှော်လင့်ပါနဲ့။ စိတ်ရှည်ရှည်နဲ့ ဖြည်းဖြည်းချင်း လုပ်သွားပါ ဒီလိုမှပဲ ကိုယ့်ရေရှည် အစီအစဉ်က ဖြစ်မြောက်နိုင်ပြီး တစ်နေ့မှာ ကိုယ်ရောက်ချင်တဲ့ နေရာတစ်ခုကို အရောက်လှမ်းနိုင်မှာပါ။
၃. အခုဘာလုပ်နေလဲ
ငယ်ရွယ်တုန်းဆိုရင်တော့ သွေးပူနေတာမို့ လုပ်ချင်ရာ လုပ်ဖို့လောက်ပဲ စဉ်းစားပြီး ရေရှည်ကိုတော့ သိပ်မတွေးမိ တတ်ပါဘူး။ အခုကျွန်တော်တို့ လုပ်နေတဲ့ အရာတွေတိုင်းက ရေရှည်မှာ သက်ရောက်မှု ရှိလာလိမ့်မယ် ဆိုတာ ရင့်ကျက်လာတဲ့ အချိန်လောက်ကျမှ သတိထားမိတတ်လာတာပါ။
ဘာမှမဖြစ်ပါဘူး ဆိုပြီး အခုလုပ်လိုက်တဲ့ အမှားလေး တစ်ခုက နောင် ၁၀နှစ်မှာ အမဲစက်ကြီးတစ်ခု ဖြစ်သွားနိုင်သလို ဒီနေ့တော့ အိပ်လိုက်ပါဦးမယ်လို့ အချိန် ခဏဆွဲလိုက်တာက ရေရှည်ကျရှုံးမှုကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်း ဖြစ်လာနိုင်ပါတယ်။
ကျောင်းတုန်းက ဆရာတွေ ပြောခဲ့ဖူးပါတယ် “နောက် ၁၀နှစ်ကျ သူငယ်ချင်းတွေ ပြန်ဆုံကြတဲ့အခါ မျက်နှာမငယ်ချင်ရင် အခုကတည်းက ကြိုးစား” ဆိုတာမျိုးပေါ့။ ဒါတကယ်ကို တွေးထားသင့်တဲ့ အရာပါ။ အဲ့တော့ မေးခွန်းတစ်ခု မေးရရင် နောက် ၁၀နှစ်ကျရင် ဘယ်လို အခြေအနေမျိုး ဖြစ်ချင်လဲ၊ ဘယ်လို အတိတ်တွေ ပိုင်ဆိုင်ထားချင်လဲပေါ့။
၄. အတိတ်ကိုတွေးကြည့်ပါ
လက်ရှိကနေ နောက်ကြောင်းပြန်ကြည့်ရအောင် အတိတ်ကို ခဏလောက် ပြန်လှည့်ကြည့်လိုက် လွန်ခဲ့တဲ့ ၃နှစ် လောက်တုန်းက ကိုယ်ဘယ်လောက် စိတ်ဓာတ်တွေ တက်ကြွပြီး ဘာတွေ စိတ်ကူးယဉ်ခဲ့ဖူးလဲ ဆိုတာ။ နောက် ၃နှစ်ကျရင် ငါဘယ်လိုတွေ ဖြစ်နေလိမ့်မယ်လို့ ရည်မှန်းခဲ့ဖူးသလဲ။
အခုရော ပြန်မေးကြည့်ပါဦး တကယ် ဖြစ်လာသလား… တကယ်လုပ်နိုင်ခဲ့ရင်တော့ ဂုဏ်ယူပါတယ်။ ဒါပေမယ့် တော်တော်များများတော့ ကျရှုံးမယ် ထင်ပါတယ်။ ဟုတ်ကဲ့ ကျွန်တော်ကိုယ်တိုင်လည်း မလုပ်နိုင်ခဲ့ပါဘူး။ ကိုယ်ရည်မှန်း ထားခဲ့တဲ့ အရာ ဖြစ်လာဖို့ အတွက် တကယ်ရော ကြိုးစားခဲ့ရဲ့လား ဒါမှမဟုတ် စိတ်ကူးသာရှိပြီး လက်တွေ့လုပ်ဆောင်မှု ကင်းမဲ့နေခဲ့သလား ဆိုတာကို သေချာ ပြန်စဉ်းစားကြည့်ပါ။
တခြားသူကို လိမ်လို့ ရချင်ရမယ် ကိုယ့်ကိုယ်ကိုယ်တော့ လိမ်လို့ မရနိုင်ဘူးနော်။ ဒါဆိုရင် နောက်၅နှစ်ကျရင်ရော ဒီလို အဖြစ်ခံမလား၊ အနာဂတ်မှာ အတိတ်ကို ပြန်လှည့်ကြည့်လိုက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဘယ်လို မှတ်ချက်ပေးမလဲ ဆိုတာတော့ အခုလက်ရှိ ကိုယ့်အပေါ်ပဲ မူတည်ပါတယ်။ ရေရှည်ကို ဆက်ပြီး လျစ်လျူရှုနေဦးမလား စဉ်းစားပေါ့။
၅. အရည်အချင်း
ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ အားနည်းချက် တစ်ခုက နည်းနည်းလေး အောင်မြင်လာတာနဲ့၊ တစ်ခုခု လုပ်နိုင်လာတာနဲ့ လေ့လာသင်ယူမှုတွေ ရပ်တန့်ပစ်လိုက်တာပါ။ ကိုယ့်ကိုယ်ကိုယ်လည်း တော်လှပြီ၊ ဟုတ်လှပြီ ထင်တတ်ပါတယ်။
မှန်ကန်တဲ့အရာ တစ်ခုကတော့ အခုလုပ်နိုင်တဲ့ အရည်အချင်းလောက်နဲ့ ကျေနပ်နေရင် အနာဂတ်မှာ နောက်ကျကျန်ခဲ့မှာပါ။ အချိန်တွေ စီးဆင်းနေသလို ကမ္ဘာကြီး တိုးတက် ပြောင်းလဲနေသလို အနီးဆုံး စဉ်းစားကြည့်ရင် နောက် ၃နှစ်လောက်မှာတောင်မှ အများကြီး ပြောင်းလဲသွားမှာပါ။
“ခေတ်နဲ့အမီ” ဆိုတဲ့ စကားလည်း ရှိသေးတာပဲ မဟုတ်လား။ ဒီလိုပဲ ကျွန်တော်တို့ရဲ့ အရည်အချင်းတွေကို ခေတ်နဲ့အမီ မြှင့်တင်နေဖို့ လိုပါတယ်။ ဥပမာ လွန်ခဲ့တဲ့ ၁၀နှစ်လောက်က နည်းပညာ အလုပ်အကိုင်တွေ အခုလောက် အရေးပါချင်မှ ပါမှာပါ။
ဒါပေမယ့် ရေရှည်ကို မျှော်ကြည့်ပြီး လေ့လာခဲ့သူ တစ်ချို့ကတော့ အခုချိန် အကျိုးခံစားရတာပေါ့။ ဒါပေမယ့် သူတို့တွေ ရပ်လိုက်လားဆိုတော့ မရပ်ပါဘူး သူတို့တွေ လေ့လာဆဲ၊ အရည်အချင်းတွေ မြှင့်တင်ဆဲ၊ သင်ယူနေဆဲ၊ တိုးတက်နေဆဲပါပဲ။ ဒါကြောင့် နောက်ကောက်ကျ မကျန်ခဲ့ချင်ရင် ရေရှည်တွေးခေါ်မှုနဲ့ အတူ သင်ယူလေ့လာမှုတွေ မပြတ်ဖို့ လိုပါတယ်နော်။
၆. ရေတိုပန်းတိုင်
ရေရှည်ကို တွေးတတ်ဖို့ လိုမှန်းလည်း သိတယ်၊ တွေးလည်း တွေးထားတယ်၊ ရည်မှန်းထားတာလည်း ရှိတယ် ဆိုရင် တစ်ခု သတိချပ်ရမှာက ရေတိုပန်းတိုင်လေးတွေ ချပေးဖို့ပါ။ အပေါ်ကို ရောက်ဖို့ လှေကား တစ်ထစ်ချင်း တက်ရသလို ရေရှည်အိမ်မက် အကောင်အထည် ဖော်ဖို့အတွက် ရေတိုပန်းတိုင်လေးတွေအပေါ် အခြေတည်ဖို့ လိုပါတယ်။
ကြီးမားလွန်းတဲ့ အရာကို တစ်ခါတည်း စီမံဖို့က မလွယ်ပါဘူး။ ရေရှည်ဆိုတာ ရေတိုပန်းတိုင်လေးတွေ စုပေါင်းပြီးမှ အကောင်အထည့်ပေါ်လာနိုင်တဲ့ စီမံကိန်းပါ။ ဒါကြောင့်လည်း စီးပွားရေး လုပ်ငန်းတွေမှာ ရေရှည်စီမံကိန်း ချထားပြီး ရေတိုပန်းတိုင်လေးတွေနဲ့ ပြန်လည် အကောင်အထည် ဖော်ကြတာပေါ့။
ဥပမာ အဆင့်မြင့် ကွန်ဒိုဆောက်ဖို့ ရေရှည်စီမံကိန်း ချထားတယ်ဆိုရင် အဲဒီအစီအစဉ်ကြီး အကောင်အထည် ဖော်လာဖို့အတွက် Engineers တွေနဲ့ ဆွေးနွေးတယ်၊ လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်မယ်၊ Foundation ချမယ် ဆိုတဲ့ ရေတိုပန်းတိုင် လေးတွေနဲ့ ဒီကွန်ဒိုကြီးကို တည်ဆောက်ရတာပါ။ ဆိုတော့ ရေရှည်အတွက် စဉ်းစားတဲ့အခါ ရေတို ပန်းတိုင်လေးတွေ ချပေးဖို့လည်း မမေ့ပါနဲ့နော်။
၇. လက်တွေ့ဆန်မှု
ရေရှည်အနာဂတ်အတွက် မစဉ်းစားဘူးလား ဆိုတော့ စဉ်းစားတယ်၊ တွေးပါတယ်။ နောက် ၅နှစ်လောက် ကျရင် ဖြစ်လာမယ့် ကိုယ့်ကိုယ်ကိုယ်လည်း ပုံဖော်ထားပြီးပြီ ဒါပေမယ့် လိုနေတာလေး တစ်ခုက လက်တွေ့ဆန်မှု…။
ဘာလို့လဲ ဆိုတော့ ပြန်စဉ်းစားကြည့်ရအောင် အနာဂတ်အတွက် အစီအစဉ်တွေချလို့ ပုံဖော်ကြည့်တဲ့အခါ များသောအားဖြင့် အောင်မြင်မှုတွေကိုပဲ တွေးမိကြတယ်မလား။ ငါဘယ်ကနေ စမယ်၊ ဘာတွေဆက်လုပ်မယ်၊ ဘယ်လို အောင်မြင်လာမယ်၊ ပြီးရင် ဘယ်အဆင့်တက်မယ် ဆိုပြီးတော့ ကျရှုံးမှုတွေ နည်းနည်းလေးမှ ရောယှက် ပါဝင်ခြင်း မရှိတဲ့ အောင်မြင်မှု အိမ်မက်တစ်ခုပေါ့။
ဒါပေမယ့် လက်တွေ့ကျတော့ အဲလို ဖြစ်မလာဘူးလေ။ တကယ် လက်တွေ့ဆန်တဲ့ ရေရှည်တွေးခေါ်မှု ဆိုတာက အောင်မြင်မှုနဲ့ အတူ ကျရှုံးမှုတွေရော၊ ကြုံရမယ့် အခက်အခဲတွေအတွက်ပါ ကြိုတင် တွေးထားရမှာပါ ဒီလိုမှပဲ ကိုယ်ရည်မှန်းထားတဲ့ နေရာရောက်ဖို့ တစ်ချို့ အခြေအနေတွေကို ဖြတ်ကျော်နိုင်ပါလိမ့်မယ်။
Credit Live the dream
တစ္ခါတစ္ေလ လက္ရွိမွာ သာယာမိတတ္တဲ့ ကိုယ့္ကိုယ္ကိုယ္ ေနာက္ငါးႏွစ္က်ရင္ ဆိုတဲ့ စကားေလးနဲ႔ သတိ ကပ္မိတယ္။ နဖူးေပၚ လက္တင္စဥ္းစားၾကည့္ရင္ လြယ္တယ္လို႔ ထင္ရေပမယ့္လည္း ကိုယ္ျဖတ္သန္းခဲ့တာေတြ ျပန္ စဥ္းစားၾကည့္ရင္ အခ်ိန္ျဖဳန္းခဲ့တာေတြ၊ ေလထဲ အိမ္ေဆာက္ခဲ့မိတာေတြက ခပ္မ်ားမ်ားရယ္… ေတြးမိေတာ့ ရင္ေမာရပါရဲ႕။ ဒါေၾကာင့္ပဲ ေရရွည္ ဆိုတာေလးကို မေမ့မေလ်ာ့ ေခါင္းထဲ ထည့္ထားရတာေပါ့။ ေနာင္တစ္ခ်ိန္မွာ အတိတ္ကို ျပန္ၾကည့္ရင္ ကိုယ္အေကာင္းဆုံး ႀကိဳးစားခဲ့တာကိုပဲ မွတ္မိေနခ်င္တယ္ေလ။
ဘယ္သူကမ်ား မေအာင္ျမင္ခ်င္ဘဲ ေနလိမ့္မလဲေနာ္။
ဒါေပမယ့္လည္း ကြၽန္ေတာ္တို႔ လူသားေတြက သိပ္ဆန္းၾကယ္ပါတယ္။ အိမ္မက္ေတြက် အႀကီးႀကီး မက္ၿပီး အခ်ိန္ ေတာ္ေတာ္မ်ားမ်ားမွာ မနက္ျဖန္ စားဖို႔ ရွိ႐ုံေလာက္နဲ႔ ေက်နပ္ေနတတ္ျပန္တယ္။
လက္ရွိ ေပ်ာ္႐ႊင္မႈေလးနဲ႔ ေရာင့္ရဲေနၾကျပန္ေရာ ခနေနေတာ့လည္း မႈိင္ေတြၿပီး ေအာင္ျမင္ခ်င္တယ္ ျဖစ္သြားေရာ… တတ္လည္း တတ္ႏိုင္တဲ့ လူသားေတြရယ္ပါပဲ။ တကယ္ လက္ေတြ႕ဆန္တဲ့ ေအာင္ျမင္မႈတစ္ခု အတြက္က ေရရွည္ကို ႀကိဳတင္ေတြးေတာ ႀကံဆထားဖို႔ လိုပါတယ္။ ႏိုင္ငံေတြနဲ႔ ယွဥ္ၿပီး စဥ္းစားၾကည့္ပါ ကမာၻေပၚက ႏိုင္ငံတိုင္းလိုလို ေရရွည္ကို မျဖစ္မေန တြက္ခ်က္ ျပင္ဆင္ထားရတာပါပဲ။ ဒီလိုမွပဲ ဒီႏိုင္ငံလည္း ေရရွည္ ရပ္တည္ႏိုင္မွာပါ။
ေရရွည္ဆိုတာက ကြၽန္ေတာ္တို႔ ဘဝတင္မက ပညာေရး၊ စီးပြားေရး အရာအားလုံးမွာ အေရးပါတဲ့ အခ်က္တစ္ခု ျဖစ္ပါတယ္။ ဆိုေတာ့ ေရရွည္ဆိုတာ ဘာေၾကာင့္ အေရးပါသလဲ၊ ဘယ္လို ေတြးေတာ ဆင္ျခင္ရမလဲ၊ ဘာေတြ သတိထားသင့္လဲ၊ ဘာေတြ လုပ္သင့္လဲ ဆိုတာေလးေတြကို စုစည္းေဖာ္ျပေပးလိုက္ပါတယ္ေနာ္။
၁. လက္ရွိအေျခအေန
ကြၽန္ေတာ္တို႔ရဲ႕ ေရရွည္အိမ္မက္ကို ရပ္တန႔္ေစတဲ့ အႀကီးမားဆုံးေသာ တရားခံက လက္ရွိ အေျခအေန ျဖစ္ေန တတ္ပါတယ္။ ဥပမာ ေနာက္ငါးႏွစ္က်ရင္ ဘာေတြလုပ္ၿပီး ဘယ္လိုေတြ ေအာင္ျမင္မယ္ ဆိုတာမ်ိဳး စိတ္ကူးယဥ္တဲ့ အခါ စိတ္ကူးကေန လက္ေတြ႕ေျပာင္းလို႔ လုပ္ေတာ့မယ္ေဟ့ ဆိုရင္ ျပႆနာ စတက္တာက လက္ရွိအေျခအေနပါပဲ။
ကိုယ့္ရဲ႕ လက္ရွိအေျခအေနက စိတ္ကူးနဲ႔ ကြာျခားေနတဲ့အခါ စိတ္ဓာတ္က်ၿပီး မျဖစ္ႏိုင္ပါဘူးေလ၊ အခုငါ့အေျခအေနနဲ႔ ဘာလုပ္ႏိုင္မွာလဲ ဆိုၿပီး လက္ရွိနဲ႔ ကန႔္သတ္လိုက္တာ မ်ားပါတယ္။ စိတ္ကူးအိမ္မက္ေတြကို လက္ရွိ အေျခအေနေၾကာင့္ ရပ္တန႔္လိုက္တဲ့အခါ၊ လက္ေလွ်ာ့လိုက္တဲ့အခါ ေရရွည္အနာဂတ္ ဆိုတာႀကီးက ပ်က္ယြင္း သြားရေတာ့တာပါပဲ။
အဲလိုနဲ႔ ဒီအဆင့္ကေန မတက္ႏိုင္ဘဲ ဒုံရင္းဘဝနဲ႔တင္ သံသရာ လည္ေနရတာေပါ့။ အဲ့ေတာ့ ဒီေနရာမွာ ကံၾကမၼာက မေျပာင္းလဲေပးပါဘူး၊ ကိုယ့္ေရရွည္ စီမံကိန္းေတြ အေကာင္အထည္ ေပၚလာဖို႔ ကိုယ္တိုင္က လက္ရွိကို အနာဂတ္အျဖစ္ ေျပာင္းလဲရမွာပါ။ ဒါကိုယ္ေသခ်ာေပါက္ လုပ္ကို လုပ္ရမယ့္ ကိုယ္ပိုင္တာဝန္ပါေနာ္။
၂. အခ်ိန္လိုတယ္
လူသားေတြ ဆိုသည္မွာလည္း မလိုတဲ့ တစ္ခ်ိဳ႕ေနရာေတြမွာ စိတ္ရွည္တတ္ၾကသေလာက္ အနာဂတ္ ရည္မွန္းခ်က္နဲ႔ ပက္သက္လာရင္ သိပ္စိတ္မရွည္ႏိုင္ၾကပါဘူး။ ေရရွည္ဆိုတာ မနက္ျဖန္ကို ဆိုလိုတာ မဟုတ္ပါဘူး။ ေနာက္လာမယ့္ ၅ႏွစ္လား ၁၀ႏွစ္လား ႏွစ္၂၀လား အဲဒါကို ေရရွည္ရယ္လို႔ ေခၚတာပါ။ ေရရွည္မွာ “ခုေရတြင္းတူး ခုေရၾကည္ေသာက္” ဆိုတာ လုံးဝမရွိပါဘူး။ ဥပမာ စီးပြားေရး လုပ္ငန္းေတြမွာဆိုရင္လည္း ေရရွည္စီမံကိန္း ဆိုတာမ်ိဳး သူတို႔မွာ ရွိပါတယ္။
အဲဒါက ခ်က္ခ်င္း အေကာင္အထည္ေဖာ္ လုပ္ေဆာင္ရတာ မဟုတ္ဘဲ အခ်ိန္ယူၿပီး ျဖည္းျဖည္းခ်င္း အဆင့္ဆင့္ အေကာင္အထည္ ေဖာ္သြားရတာပါ။ ရလဒ္ကိုလည္း ေရရွည္ဆိုသလို အခ်ိန္ယူ ေစာင့္ၾကည့္ရပါတယ္။ ကြၽန္ေတာ္တို႔ေတြက စိတ္မရွည္တတ္ေလေတာ့ ေရရွည္ကို ေတြးမိေပမယ့္ တကယ္ မလုပ္ႏိုင္ဘဲ ေရတိုနဲ႔ပဲ ေက်နပ္ တတ္ပါတယ္။
ဒါေၾကာင့္မို႔ ကိုယ့္အနာဂတ္ Plan ေတြဆြဲလို႔ ေရရွည္အတြက္ စီစဥ္တဲ့အခါ တစ္ခါတည္း ျဖစ္လာဖို႔ကို မေမွ်ာ္လင့္ပါနဲ႔။ စိတ္ရွည္ရွည္နဲ႔ ျဖည္းျဖည္းခ်င္း လုပ္သြားပါ ဒီလိုမွပဲ ကိုယ့္ေရရွည္ အစီအစဥ္က ျဖစ္ေျမာက္ႏိုင္ၿပီး တစ္ေန႔မွာ ကိုယ္ေရာက္ခ်င္တဲ့ ေနရာတစ္ခုကို အေရာက္လွမ္းႏိုင္မွာပါ။
၃. အခုဘာလုပ္ေနလဲ
ငယ္႐ြယ္တုန္းဆိုရင္ေတာ့ ေသြးပူေနတာမို႔ လုပ္ခ်င္ရာ လုပ္ဖို႔ေလာက္ပဲ စဥ္းစားၿပီး ေရရွည္ကိုေတာ့ သိပ္မေတြးမိ တတ္ပါဘူး။ အခုကြၽန္ေတာ္တို႔ လုပ္ေနတဲ့ အရာေတြတိုင္းက ေရရွည္မွာ သက္ေရာက္မႈ ရွိလာလိမ့္မယ္ ဆိုတာ ရင့္က်က္လာတဲ့ အခ်ိန္ေလာက္က်မွ သတိထားမိတတ္လာတာပါ။
ဘာမွမျဖစ္ပါဘူး ဆိုၿပီး အခုလုပ္လိုက္တဲ့ အမွားေလး တစ္ခုက ေနာင္ ၁၀ႏွစ္မွာ အမဲစက္ႀကီးတစ္ခု ျဖစ္သြားႏိုင္သလို ဒီေန႔ေတာ့ အိပ္လိုက္ပါဦးမယ္လို႔ အခ်ိန္ ခဏဆြဲလိုက္တာက ေရရွည္က်ရႈံးမႈကို ျဖစ္ေစတဲ့ အဓိက အေၾကာင္းအရင္း ျဖစ္လာႏိုင္ပါတယ္။
ေက်ာင္းတုန္းက ဆရာေတြ ေျပာခဲ့ဖူးပါတယ္ “ေနာက္ ၁၀ႏွစ္က် သူငယ္ခ်င္းေတြ ျပန္ဆုံၾကတဲ့အခါ မ်က္ႏွာမငယ္ခ်င္ရင္ အခုကတည္းက ႀကိဳးစား” ဆိုတာမ်ိဳးေပါ့။ ဒါတကယ္ကို ေတြးထားသင့္တဲ့ အရာပါ။ အဲ့ေတာ့ ေမးခြန္းတစ္ခု ေမးရရင္ ေနာက္ ၁၀ႏွစ္က်ရင္ ဘယ္လို အေျခအေနမ်ိဳး ျဖစ္ခ်င္လဲ၊ ဘယ္လို အတိတ္ေတြ ပိုင္ဆိုင္ထားခ်င္လဲေပါ့။
၄. အတိတ္ကိုေတြးၾကည့္ပါ
လက္ရွိကေန ေနာက္ေၾကာင္းျပန္ၾကည့္ရေအာင္ အတိတ္ကို ခဏေလာက္ ျပန္လွည့္ၾကည့္လိုက္ လြန္ခဲ့တဲ့ ၃ႏွစ္ ေလာက္တုန္းက ကိုယ္ဘယ္ေလာက္ စိတ္ဓာတ္ေတြ တက္ႂကြၿပီး ဘာေတြ စိတ္ကူးယဥ္ခဲ့ဖူးလဲ ဆိုတာ။ ေနာက္ ၃ႏွစ္က်ရင္ ငါဘယ္လိုေတြ ျဖစ္ေနလိမ့္မယ္လို႔ ရည္မွန္းခဲ့ဖူးသလဲ။
အခုေရာ ျပန္ေမးၾကည့္ပါဦး တကယ္ ျဖစ္လာသလား… တကယ္လုပ္ႏိုင္ခဲ့ရင္ေတာ့ ဂုဏ္ယူပါတယ္။ ဒါေပမယ့္ ေတာ္ေတာ္မ်ားမ်ားေတာ့ က်ရႈံးမယ္ ထင္ပါတယ္။ ဟုတ္ကဲ့ ကြၽန္ေတာ္ကိုယ္တိုင္လည္း မလုပ္ႏိုင္ခဲ့ပါဘူး။ ကိုယ္ရည္မွန္း ထားခဲ့တဲ့ အရာ ျဖစ္လာဖို႔ အတြက္ တကယ္ေရာ ႀကိဳးစားခဲ့ရဲ႕လား ဒါမွမဟုတ္ စိတ္ကူးသာရွိၿပီး လက္ေတြ႕လုပ္ေဆာင္မႈ ကင္းမဲ့ေနခဲ့သလား ဆိုတာကို ေသခ်ာ ျပန္စဥ္းစားၾကည့္ပါ။
တျခားသူကို လိမ္လို႔ ရခ်င္ရမယ္ ကိုယ့္ကိုယ္ကိုယ္ေတာ့ လိမ္လို႔ မရႏိုင္ဘူးေနာ္။ ဒါဆိုရင္ ေနာက္၅ႏွစ္က်ရင္ေရာ ဒီလို အျဖစ္ခံမလား၊ အနာဂတ္မွာ အတိတ္ကို ျပန္လွည့္ၾကည့္လိုက္တဲ့အခါ ကိုယ့္ကိုယ္ကိုယ္ ဘယ္လို မွတ္ခ်က္ေပးမလဲ ဆိုတာေတာ့ အခုလက္ရွိ ကိုယ့္အေပၚပဲ မူတည္ပါတယ္။ ေရရွည္ကို ဆက္ၿပီး လ်စ္လ်ဴရႈေနဦးမလား စဥ္းစားေပါ့။
၅. အရည္အခ်င္း
ကြၽန္ေတာ္တို႔ ျမန္မာလူမ်ိဳးေတြရဲ႕ အားနည္းခ်က္ တစ္ခုက နည္းနည္းေလး ေအာင္ျမင္လာတာနဲ႔၊ တစ္ခုခု လုပ္ႏိုင္လာတာနဲ႔ ေလ့လာသင္ယူမႈေတြ ရပ္တန႔္ပစ္လိုက္တာပါ။ ကိုယ့္ကိုယ္ကိုယ္လည္း ေတာ္လွၿပီ၊ ဟုတ္လွၿပီ ထင္တတ္ပါတယ္။
မွန္ကန္တဲ့အရာ တစ္ခုကေတာ့ အခုလုပ္ႏိုင္တဲ့ အရည္အခ်င္းေလာက္နဲ႔ ေက်နပ္ေနရင္ အနာဂတ္မွာ ေနာက္က်က်န္ခဲ့မွာပါ။ အခ်ိန္ေတြ စီးဆင္းေနသလို ကမာၻႀကီး တိုးတက္ ေျပာင္းလဲေနသလို အနီးဆုံး စဥ္းစားၾကည့္ရင္ ေနာက္ ၃ႏွစ္ေလာက္မွာေတာင္မွ အမ်ားႀကီး ေျပာင္းလဲသြားမွာပါ။
“ေခတ္နဲ႔အမီ” ဆိုတဲ့ စကားလည္း ရွိေသးတာပဲ မဟုတ္လား။ ဒီလိုပဲ ကြၽန္ေတာ္တို႔ရဲ႕ အရည္အခ်င္းေတြကို ေခတ္နဲ႔အမီ ျမႇင့္တင္ေနဖို႔ လိုပါတယ္။ ဥပမာ လြန္ခဲ့တဲ့ ၁၀ႏွစ္ေလာက္က နည္းပညာ အလုပ္အကိုင္ေတြ အခုေလာက္ အေရးပါခ်င္မွ ပါမွာပါ။
ဒါေပမယ့္ ေရရွည္ကို ေမွ်ာ္ၾကည့္ၿပီး ေလ့လာခဲ့သူ တစ္ခ်ိဳ႕ကေတာ့ အခုခ်ိန္ အက်ိဳးခံစားရတာေပါ့။ ဒါေပမယ့္ သူတို႔ေတြ ရပ္လိုက္လားဆိုေတာ့ မရပ္ပါဘူး သူတို႔ေတြ ေလ့လာဆဲ၊ အရည္အခ်င္းေတြ ျမႇင့္တင္ဆဲ၊ သင္ယူေနဆဲ၊ တိုးတက္ေနဆဲပါပဲ။ ဒါေၾကာင့္ ေနာက္ေကာက္က် မက်န္ခဲ့ခ်င္ရင္ ေရရွည္ေတြးေခၚမႈနဲ႔ အတူ သင္ယူေလ့လာမႈေတြ မျပတ္ဖို႔ လိုပါတယ္ေနာ္။
၆. ေရတိုပန္းတိုင္
ေရရွည္ကို ေတြးတတ္ဖို႔ လိုမွန္းလည္း သိတယ္၊ ေတြးလည္း ေတြးထားတယ္၊ ရည္မွန္းထားတာလည္း ရွိတယ္ ဆိုရင္ တစ္ခု သတိခ်ပ္ရမွာက ေရတိုပန္းတိုင္ေလးေတြ ခ်ေပးဖို႔ပါ။ အေပၚကို ေရာက္ဖို႔ ေလွကား တစ္ထစ္ခ်င္း တက္ရသလို ေရရွည္အိမ္မက္ အေကာင္အထည္ ေဖာ္ဖို႔အတြက္ ေရတိုပန္းတိုင္ေလးေတြအေပၚ အေျခတည္ဖို႔ လိုပါတယ္။
ႀကီးမားလြန္းတဲ့ အရာကို တစ္ခါတည္း စီမံဖို႔က မလြယ္ပါဘူး။ ေရရွည္ဆိုတာ ေရတိုပန္းတိုင္ေလးေတြ စုေပါင္းၿပီးမွ အေကာင္အထည့္ေပၚလာႏိုင္တဲ့ စီမံကိန္းပါ။ ဒါေၾကာင့္လည္း စီးပြားေရး လုပ္ငန္းေတြမွာ ေရရွည္စီမံကိန္း ခ်ထားၿပီး ေရတိုပန္းတိုင္ေလးေတြနဲ႔ ျပန္လည္ အေကာင္အထည္ ေဖာ္ၾကတာေပါ့။
ဥပမာ အဆင့္ျမင့္ ကြန္ဒိုေဆာက္ဖို႔ ေရရွည္စီမံကိန္း ခ်ထားတယ္ဆိုရင္ အဲဒီအစီအစဥ္ႀကီး အေကာင္အထည္ ေဖာ္လာဖို႔အတြက္ Engineers ေတြနဲ႔ ေဆြးေႏြးတယ္၊ လိုအပ္တဲ့ ပစၥည္းေတြ ဝယ္မယ္၊ Foundation ခ်မယ္ ဆိုတဲ့ ေရတိုပန္းတိုင္ ေလးေတြနဲ႔ ဒီကြန္ဒိုႀကီးကို တည္ေဆာက္ရတာပါ။ ဆိုေတာ့ ေရရွည္အတြက္ စဥ္းစားတဲ့အခါ ေရတို ပန္းတိုင္ေလးေတြ ခ်ေပးဖို႔လည္း မေမ့ပါနဲ႔ေနာ္။
၇. လက္ေတြ႕ဆန္မႈ
ေရရွည္အနာဂတ္အတြက္ မစဥ္းစားဘူးလား ဆိုေတာ့ စဥ္းစားတယ္၊ ေတြးပါတယ္။ ေနာက္ ၅ႏွစ္ေလာက္ က်ရင္ ျဖစ္လာမယ့္ ကိုယ့္ကိုယ္ကိုယ္လည္း ပုံေဖာ္ထားၿပီးၿပီ ဒါေပမယ့္ လိုေနတာေလး တစ္ခုက လက္ေတြ႕ဆန္မႈ…။
ဘာလို႔လဲ ဆိုေတာ့ ျပန္စဥ္းစားၾကည့္ရေအာင္ အနာဂတ္အတြက္ အစီအစဥ္ေတြခ်လို႔ ပုံေဖာ္ၾကည့္တဲ့အခါ မ်ားေသာအားျဖင့္ ေအာင္ျမင္မႈေတြကိုပဲ ေတြးမိၾကတယ္မလား။ ငါဘယ္ကေန စမယ္၊ ဘာေတြဆက္လုပ္မယ္၊ ဘယ္လို ေအာင္ျမင္လာမယ္၊ ၿပီးရင္ ဘယ္အဆင့္တက္မယ္ ဆိုၿပီးေတာ့ က်ရႈံးမႈေတြ နည္းနည္းေလးမွ ေရာယွက္ ပါဝင္ျခင္း မရွိတဲ့ ေအာင္ျမင္မႈ အိမ္မက္တစ္ခုေပါ့။
ဒါေပမယ့္ လက္ေတြ႕က်ေတာ့ အဲလို ျဖစ္မလာဘူးေလ။ တကယ္ လက္ေတြ႕ဆန္တဲ့ ေရရွည္ေတြးေခၚမႈ ဆိုတာက ေအာင္ျမင္မႈနဲ႔ အတူ က်ရႈံးမႈေတြေရာ၊ ႀကဳံရမယ့္ အခက္အခဲေတြအတြက္ပါ ႀကိဳတင္ ေတြးထားရမွာပါ ဒီလိုမွပဲ ကိုယ္ရည္မွန္းထားတဲ့ ေနရာေရာက္ဖို႔ တစ္ခ်ိဳ႕ အေျခအေနေတြကို ျဖတ္ေက်ာ္ႏိုင္ပါလိမ့္မယ္။
Credit Live the dream