နေ့စဉ်နဲ့အမျှတော့ ဘဝကို ဖြတ်သန်းနေကြရတယ်။ ရှေ့ဆက်နေရတယ်။ အချိန်တွေကို ရပ်တန့်လို့ မရသလို ဘဝကိုလည်း ခဏရွှေ့ဆိုင်းထားလို့ မရဘူး။ သို့သော်လည်း အချိန်တွေကသာ ရှေ့ကို သွားနေတာ ကိုယ့်ဘဝက တစ်နေရာရာမှာ ကျန်နေခဲ့တဲ့သူတွေ အများကြီးပါ။ အဲ့လိုလူတွေအတွက် အကြံပြုချက် ၁၀ ခုကို ပြောပြပေးချင်ပါတယ်။
၁။ တခြားသူတွေရဲ့ အတွေးအမြင်ကို ကိုယ့်ဘဝအပေါ် လွှမ်းမိုးခွင့် ပေးထားခြင်း
ဘယ်သူ ဘာပြောပြော ဂရုမစိုက်ဘူး ဆိုတာ မကောင်းသလို၊ သူများ ဘယ်လိုထင်မလဲလို့ အမြဲတမ်း ထည့်စဉ်းစားနေတာကလည်း ကိုယ့်ကို မပျော်မရွှင် ဖြစ်စေနိုင်ပါတယ်။ လောကမှာ လူတိုင်း ၁၀၀ % ထောက်ခံတာ ခံရသူရယ်လို့ ဘယ်သူမှ မရှိဘူး။ မကြိုက်တဲ့သူ ရှိတယ်။ မုန်းတဲ့သူတောင် ရှိမယ်။ ဒါကို အရှိအရှိအတိုင်း လက်ခံပြီး ကိုယ်လုပ်သင့်တာ ဆက်လုပ်ပါ။ လူတိုင်း ကြိုက်အောင် ကြိုးစားနေခြင်းက သိပ်ကို ပင်ပန်းစေပါတယ်။
၂။ အတိတ်က ရှုံးနိမ့်မှုများ
စာမေးပွဲတစ်ခုမှာ ကျရှုံးတယ်ဆိုတာ နောင်ဖြေသမျှ စာမေးပွဲတိုင်းမှာလည်း ကျမှာပဲ ဆိုတဲ့ အဓိပ္ပါယ် မဟုတ်ပါဘူး။ ဘဝမှာ ဖြေရတဲ့ စာမေးပွဲတွေကလည်း အမျိုးမျိုး ဖြစ်နိုင်တာမို့ အပြေးပြိုင်ပွဲမှာ ရှုံးပေမဲ့ မုန့်စားတဲ့ ပြိုင်ပွဲကျ နိုင်ချင်နိုင်မှာပေါ့။ ဒါကြောင့် အတိတ်က ရှုံးနိမ့်မှုတွေကို နောင် ရလာမဲ့ အောင်ပွဲတိုင်းအတွက် အတားအဆီးတစ်ခု ဖြစ်မနေစေချင်ပါဘူး။
၃။ ကိုယ် ဘာလိုချင်တယ် ဆိုတာ ကွဲကွဲပြားပြား မသိခြင်း
ကမ်းခြေတစ်ခု သွားတယ်။ အသား နေမလောင်ချင်ဘူးဆို ရေထဲမဆင်းပါနဲ့။ ရေထဲဆင်းမယ်ဆို ပျော်ရမယ်။ သို့သော် အသားတော့ နေနည်းနည်းလောင်မယ်။ ဆိုတော့ ရွေးစရာ ၂ လမ်းပဲ ရှိတယ်။ ပြဿနာက ရေထဲလည်း ဆင်းချင်၊ အသားအရည်လည်း မထိခိုက်ချင်၊ ရေထဲ ဆင်းရကောင်းမလား၊ အသားအရည် ထိသွားရင် ဘယ်လိုလုပ်မလဲ စသဖြင့် တွေဝေနေကြတာပါပဲ။ ဒီတော့ ကမ်းခြေကနေ ပြန်သာ လာတယ်။ မပျော်ခဲ့ရဘူး။ ဒါကြောင့် ဘဝမှာ ပျော်ရွှင်ချင်တယ်၊ အောင်မြင်ချင်တယ်ဆို ကိုယ် ဘာကို လိုချင်သလဲ ရှင်းရှင်းလင်းလင်း သိထားဖို့ လိုပါတယ်။
၄။ ကိုယ် လုပ်ချင်တာတွေ လုပ်ခွင့်ရဖို့ အချိန်တုံ့ဆိုင်းနေခြင်း
ဘဝဆိုတာ တိုတောင်းပါတယ်။ ဘယ်အချိန် ရပ်သွားမယ် မသိနိုင်တဲ့ အခန်းဆက် ဇာတ်လမ်းတွဲတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ ဒါကြောင့် အများကို မထိခိုက်ဘူးဆို ကိုယ် လုပ်ချင်တာတွေ၊ နောက်ပြီး လုပ်သင့်တယ် ထင်တာတွေကို လုပ်ပါ။ အချိန်ဆွဲခြင်းက ကိုယ့်ဘဝကို အလဟဿ ဖြုန်းတီးနေတာနဲ့လည်း အတူတူပါပဲ။
၅။ ရှုံးနိမ့်မှာထက် ဘာမှမလုပ်ဘဲ နေဖို့ကို ရွေးချယ်ခြင်း
Failing or Never trying ဘာကို ရွေးမလဲဆို Never trying ကိုပဲ ရွေးတတ်ကြတယ်။ ဒီတော့ ကိုယ့်အတွေးအကြံ၊ ကိုယ့်စိတ်ကူးဟာ အောင်မြင်မလား၊ မအောင်မြင်ဘူးလားတောင် သိခွင့် မရလိုက်ဘဲ ဘဝတစ်ခုကို ကုန်ဆုံးသွားရမယ်။ တကယ်တော့ တခုခု လုပ်ပြီးမှ ရှုံးနိမ့်သွားရင် ယူစရာ သင်ခန်းစာ ရပါတယ်။ မလုပ်လိုက်ရဘူးဆိုရင်တော့ ပြန်ရမှာက နောင်တပဲ ရှိတယ်။ စွတ်ရွတ်ပြီး လုပ်ဖို့ မဟုတ်ပါဘူး။ တွန့်ဆုတ်မှုတွေနဲ့ ကိုယ့်ရဲ့ စိတ်ကူးကောင်းတွေကို ကန့်သတ်မထားစေချင်တာ၊ သူများလုပ်လိုက်မှ ငါလည်း အဲ့လိုလုပ်ခဲ့ရ ကောင်းသား ဆိုပြီး နောင်တမရနေစေချင်တာပါ။
၆။ အမှားတွေကို ကြောက်ခြင်း
လောကမှာ မမှားဖူးတဲ့သူ မရှိပါဘူး။ မှားမှာကြောက်လို့ ဘာမှမလုပ်လိုက်သူရယ်၊ အမှားတွေပဲ ဆက်တိုက် ဆက်တိုက် လုပ်မိနေသူရယ်၊ အမှားကနေ သင်ခန်းစာယူပြီး ရှေ့ဆက်တဲ့သူရယ်၊ ဒီ ၃ မျိုးပဲ ရှိပါတယ်။
၇။ ဖြေရှင်းရမဲ့ ပြဿနာတွေကနေ ရှောင်ပြေးခြင်း
ရှောင်ပြေးတိုင်းသာ ပြဿနာတွေ ပြေလည်သွားမယ်ဆို အဲဒီနည်းက လူသုံးအများဆုံး ပြဿနာဖြေရှင်းနည်းတစ်ခု ဖြစ်နေတော့မှာပေါ့။ အိမ်မှာ ပစ္စည်းတွေ တအားရှုပ်ပွနေလို့ အပြင်ထွက်သွားမယ်ဆိုလည်း ပြန်လာရင် ကိုယ်ပဲ ရှင်းရမှာပါ။ စောစောရှင်းတာနဲ့ နောက်ကျမှ ရှင်းတာပဲ ကွာတာပါ။ ဒီတော့ ရှင်းရမဲ့ဟာကို မြန်မြန်သွက်သွက်သာ ရှင်းလိုက်ပါ။
၈။ အကြောင်းပြချက် ပေးလွန်းခြင်း
မိဘဆင်းရဲသူက မိဘချမ်းသာသူထက်စာရင် ပိုကြိုးစားရတယ်။ ပိုပင်ပန်းတယ်။ ပိုခက်ခဲတယ်။ ဒါပေမဲ့ မိဘဆင်းရဲမှတော့ ငါလည်း ဒီလောက်ပဲ လုပ်နိုင်မှာပေါ့၊ တခုခုဆို ဘယ်သူ့ကြောင့်၊ ဘယ်ဝ့ါကြောင့်နဲ့ အကြောင်းပြချက် ပေးလွန်းခြင်းကလည်း ကိုယ့်ကို ရှေ့မဆက်နိုင်စေမဲ့ အချက်တစ်ချက်ပါပဲ။
၉။ ကိုယ့်ဘဝကိုယ် လျှော့တွက်လွန်းခြင်း
လူတိုင်းမှာ အရည်အသွေးရှိတယ်။ အားသာချက်တွေ ရှိတယ်။ သူများနဲ့ ယှဉ်လိုက်ရင် ပိုပျော်စရာ ကောင်းတာတွေ ရှိတယ်။ အဲဒါတွေကို မကြည့်ဘဲ ကိုယ့်ရဲ့ အားနည်းချက်တွေ၊ စိတ်ညစ်စရာတွေကိုပဲ ကြည့်နေခြင်းကလည်း ကိုယ့်ကို မပျော်မရွှင် ဖြစ်စေပါတယ်။ သူများလောက် ပိုက်ဆံမရှိတဲ့ ကိုယ်ဟာ ကျန်းမာရေး ကောင်းချင်ကောင်းမယ်။ သူများလောက် ပညာမတတ်ပေမဲ့ ပျော်စရာ ကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ချင်ပိုင်နေမယ်။ အဲ့လို ကိုယ့်ဘဝရဲ့ Positive တွေကိုလည်း မြင်အောင် ကြည့်စေချင်ပါတယ်။
၁၀။ ပစ္စုပ္ပန်ကို တန်ဖိုးမထားတတ်ခြင်း
အတိတ်ကနေ သင်ခန်းစာပဲ ယူပါ။ အနာဂတ်နဲ့ ပတ်သက်လို့ မျှော်လင့်ချက် ထားပါ။ အရေးကြီးဆုံးကတော့ လက်ရှိပစ္စုပ္ပန်မှာ အကောင်းဆုံး နေထိုင်တတ်ဖို့ပါပဲ။ ဒီနေ့ ကျန်းမာတယ်၊ အစားကောင်းကောင်း စားရတယ်၊ လစာရတဲ့ အလုပ်တစ်ခု ရှိနေတယ်၊ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ ဆက်ဆံရေးကောင်းတယ်၊ ကိုယ့်ပတ်ဝန်းကျင်ကိုလည်း အကူအညီ ပေးနေနိုင်တယ်၊ ဒါလောက်ဆိုရင်ကိုပဲ ကိုယ့်ဘဝဟာ အတော်လေး ပျော်စရာကောင်းတဲ့အထဲမှာ ပါနေပြီလို့ မှတ်ယူနိုင်ပါတယ်။ ဒါကို စစ်ဖြစ်နေတဲ့ ဒေသတွေ၊ စီးပွားရေး၊ လူမှုရေး ပြဿနာတွေကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားသူတွေ၊ ဆေးရုံဆေးခန်း အသီးသီးပေါ်က လူနာတွေက သက်သေခံနေပါတယ်။
Brand You Academy
24.8.2020
(Ref: 10 things you must give up to move forward – Marc & Angel Chernoff)
Unicode
“ကိုယ့်ဘဝမှာ ရှေ့ဆက်နိုင်ဖို့ လွှတ်ချခဲ့သင့်တဲ့ အရာ ၁၀ ခု”