ကြားသိရသမျှ

အားလုံးသိချင်နေကြတဲ့ မုန်တိုင်းသတင်း..

မုန်တိုင်း၏ ဗဟိုချက် နှင့် လားရာ….၂၀၂၁ မေလ ၂၄ ရက် (တနင်္လာနေ့) ဆရာ သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

လက်ရှိ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ တဖြည်းဖြည်း အားကောင်းလာလျက်ရှိပြီး မုန်တို

င်းပလယ်ဗဟိုချက် (မျက်စိ) ဟာလည်း သိသာထင်ရှားလို့ လာနေပြီဖြစ်ပါတယ်။ ထိုနေရာရဲ့ လေဖိအားဟာ ၉၉၅ မီလီဘားအထိ ကျဆ

င်းလာပြီး လေတိုက်နှုန်းကတော့ တစ်နာရီလျှင် ကီလိုမီတာ ၆၀ မှ အများဆုံး ၇၅ ကီလိုမီတာအထိ တိုက်ခတ်နေပါတယ်။

အဆိုပါမုန်တိုင်းငယ်ဟာ ဆိုင်ကလုံးမုန်တိုင်းတစ်ခု ဖြစ်သည်အထိ အားကောင်းလာနိုင်ပြီး အနောက်မြောက်ဘက်သို့ ဦးတည်ရွေ့လျားမယ်လို့ ခန့်မှန်းထားပါတယ်။ (မြန်မာနိုင်ငံသို့ မဝင်ပါ။)

လေမှာ အလေးချိန် နဲ့ ဖိအား ရှိပါတယ်။ ကမ္ဘာကြီးရဲ့ ဆွဲအားကြောင့်ပါ။ အစိုင်အခဲ၊ အရည် နဲ့ အငွေ့မှာ လေးတဲ့အရာဝတ္ထုတွေဟာေ

အာက်မှာရှိပြီး ပေါ့ပါးတဲ့ အရာတွေကတော့ အထက်ဘက်မှာ ရှိကြပါတယ်။ ရေ နဲ့ လေဟာ ပေါ့ပါးတဲ့အတွက် ကမ္ဘာမြေကြီးပေါ်မှာ ရှိကြပါတယ်။ ထို့အတွက်ကြောင့် နေ နဲ့ ထိစပ်မှု ပိုများပါတယ် (တနည်း) နေမှ အပူချိန်ကို ပိုမိုလက်ခံရရှိပါတယ်။

လေဟာ အပူချိန်ကြောင့် ပွပြီး အထက်သို့တက်ကြသလို..၊ ပူလာတဲ့ ရေတွေဟာလည်း အငွေ့ပျံပြီး အထက်သို့ တက်ကြပါတယ်။ အထက်သို့တက်တဲ့ ရေများဟာ မိုးတိမ်များ ဖြစ်လာကြပြီး ၊ အထက်သို့ တက်တဲ့ လေပူများကြောင့် ဖိအားတွေ လျော့ကျသွားတတ်ပါတယ်။

ဖိအားနည်းသွားတဲ့ နေရာကို ဖိအားများတဲ့ (တနည်း) အေးပြီးလေးတဲ့ လေတွေ ဝင်ရောက်တိုက်ခတ်ခြင်းမှ လေမုန်တိုင်းတစ်ခု ဖြစ်ပေါ်

ဖို့ အစပျိုးခဲ့ကြပါတယ်။ ပင်လယ်ရေမျက်နှာပြင်ရဲ့ ပျမ်းမျှ လေဖိအားဟာ ၁၀၁၃.၂၅ မီလီဘားခန့် ရှိပါတယ်။

လက်ရှိမုန်တိုင်းနေရာ (ပင်လယ်ပြင်)မှာ လေဖိအား ၉၉၅ မီလီဘားဖြစ်ပြီး အပူချိန်ကတော့ ၃၀ မှ ၃၂ ဒီဂရီ စင်တီဂရိတ်ရှိတဲ့အတွက် ဆို

င်ကလုံးမုန်တိုင်းတစ်ခုအဖြစ်သို့ ရောက်ရှိရန် အားပေးလျက်ရှိပါတယ်။ ဆိုင်ကလုံးမုန်တိုင်းတစ်ခု ဖြစ်လာခဲ့လျှင်တော့ YAAS (ရာစ်) လို့ အမည်ပေးရတော့မှာ ဖြစ်ပါတယ်။

အနာဂတ်ပညာရေးအတွက်..

သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

Source- Bay of Bengal Cyclone Watch / BWOT

မုန်တိုင်း၏ ဗဟိုချက် နှင့် လားရာ….၂၀၂၁ မေလ ၂၄ ရက် (တနင်္လာနေ့) ဆရာ သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

လက်ရှိ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ တဖြည်းဖြည်း အားကောင်းလာလျက်ရှိပြီး မုန်တိုင်းပလယ်ဗဟိုချက် (မျက်စိ) ဟာလည်း သိသာထင်ရှားလို့ လာနေပြီဖြစ်ပါတယ်။ ထိုနေရာရဲ့ လေဖိအားဟာ ၉၉၅ မီလီဘားအထိ ကျဆင်းလာပြီး လေတိုက်နှုန်းကတော့ တစ်နာရီလျှင် ကီလိုမီတာ ၆၀ မှ အများဆုံး ၇၅ ကီလိုမီတာအထိ တိုက်ခတ်နေပါတယ်။

အဆိုပါမုန်တိုင်းငယ်ဟာ ဆိုင်ကလုံးမုန်တိုင်းတစ်ခု ဖြစ်သည်အထိ အားကောင်းလာနိုင်ပြီး အနောက်မြောက်ဘက်သို့ ဦးတည်ရွေ့လျားမယ်လို့ ခန့်မှန်းထားပါတယ်။ (မြန်မာနိုင်ငံသို့ မဝင်ပါ။)

လေမှာ အလေးချိန် နဲ့ ဖိအား ရှိပါတယ်။ ကမ္ဘာကြီးရဲ့ ဆွဲအားကြောင့်ပါ။ အစိုင်အခဲ၊ အရည် နဲ့ အငွေ့မှာ လေးတဲ့အရာဝတ္ထုတွေဟာ အောက်မှာရှိပြီး ပေါ့ပါးတဲ့ အရာတွေကတော့ အထက်ဘက်မှာ ရှိကြပါတယ်။ ရေ နဲ့ လေဟာ ပေါ့ပါးတဲ့အတွက် ကမ္ဘာမြေကြီးပေါ်မှာ ရှိကြပါတယ်။ ထို့အတွက်ကြောင့် နေ နဲ့ ထိစပ်မှု ပိုများပါတယ် (တနည်း) နေမှ အပူချိန်ကို ပိုမိုလက်ခံရရှိပါတယ်။

လေဟာ အပူချိန်ကြောင့် ပွပြီး အထက်သို့တက်ကြသလို..၊ ပူလာတဲ့ ရေတွေဟာလည်း အငွေ့ပျံပြီး အထက်သို့ တက်ကြပါတယ်။ အထက်သို့တက်တဲ့ ရေများဟာ မိုးတိမ်များ ဖြစ်လာကြပြီး ၊ အထက်သို့ တက်တဲ့ လေပူများကြောင့် ဖိအားတွေ လျော့ကျသွားတတ်ပါတယ်။ ဖိအားနည်းသွားတဲ့ နေရာကို ဖိအားများတဲ့ (တနည်း) အေးပြီးလေးတဲ့ လေတွေ ဝင်ရောက်တိုက်ခတ်ခြင်းမှ လေမုန်တိုင်းတစ်ခု ဖြစ်ပေါ်ဖို့ အစပျိုးခဲ့ကြပါတယ်။ ပင်လယ်ရေမျက်နှာပြင်ရဲ့ ပျမ်းမျှ လေဖိအားဟာ ၁၀၁၃.၂၅ မီလီဘားခန့် ရှိပါတယ်။

လက်ရှိမုန်တိုင်းနေရာ (ပင်လယ်ပြင်)မှာ လေဖိအား ၉၉၅ မီလီဘားဖြစ်ပြီး အပူချိန်ကတော့ ၃၀ မှ ၃၂ ဒီဂရီ စင်တီဂရိတ်ရှိတဲ့အတွက် ဆိုင်ကလုံးမုန်တိုင်းတစ်ခုအဖြစ်သို့ ရောက်ရှိရန် အားပေးလျက်ရှိပါတယ်။ ဆိုင်ကလုံးမုန်တိုင်းတစ်ခု ဖြစ်လာခဲ့လျှင်တော့ YAAS (ရာစ်) လို့ အမည်ပေးရတော့မှာ ဖြစ်ပါတယ်။

အနာဂတ်ပညာရေးအတွက်..

သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

Source- Bay of Bengal Cyclone Watch / BWOT