မေန႕က ကေလး၂ေယာက္ ျပင္ဦးလြင္ ၾကက္ၿခံတစ္ခုကေန ထြက္ေျပးလာလို႔ လားရွိုးေရာက္လာတယ္။ ဒါကလည္း လူမ်ိဳးခ်င္းတူတဲ့ ျပင္ဦးလြင္က အသိတစ္ေယာက္ အခ်ိတ္အဆက္နဲ႕ ေရာက္လာျခင္းျဖစ္တယ္။
၂ေယာက္လုံး အသက္က၁၂ ၁၃၀န္းက်င္ေလာက္ျဖစ္မယ္။ ဇာတိက တန့္ယန္းၿမိဳ႕နယ္ထဲက႐ြာမွာ။ ဗမာစကား မတတ္ ဘာမတတ္နဲ႕ လားရွိုးေရာက္လာေတာ့ သြားႀကိဳျဖစ္တယ္။
ေနာက္တစ္ရက္ေတာ့ သူတို႔ရဲ႕ ေနရပ္ဇာတိကို ျပန္ပို႔ေပးတယ္။ျပသနာက ဘာလဲဆိုေတာ့ကေလးသူငယ္ခိုင္းစားျခင္းပဲ။ မိဘေတြကိုယ္တိုင္က သူတို႔သားသမီးေတြကို တ႐ုတ္အလုပ္ခြင္ထဲပို႔တယ္။
တစ္ႏွစ္စာလုံးး လုပ္လခစာေတြ ႀကိဳထုတ္ပစ္တယ္။ ဒီကေလး ၂ေယာက္ဆို ၁ ေယာက္ကို ၁ႏွစ္ပတ္လုံး ၆သိန္းရတယ္ေျပာတယ္။ သူတို႔လခကေတာ့ မိဘေတြက ထုတ္ယူသြားတယ္။
လခ ႀကိဳထုတ္ထားေတာ့ ဟိုကလည္း ကေလးေတြကို စပယ္ရွယ္ခိုင္းးတယ္။ မလုပ္နိုင္တဲ့ အဆုံး ကေလးေတြ ထြက္ေျပးလာတယ္။ဒီကိစၥမ်ိဳး ကြၽန္ေတာ္ဆီေရာက္လာတာ ၃ခါထက္မနည္းေတာ့ဘူး။
အခ်ိဳ႕ကိုေတာ့ အိမ္ျပန္ပို႔တယ္။ အခ်ိဳ႕ကေလးေတြကိုေတာ့ ကိုယ့္နည္းကိုယ့္ဟန္ ေက်ာင္းထားေပးထားတယ္။ အိမ္ျပန္ထားတယ္။ ဒီကိစၥမ်ိဳးက ရွမ္းေျမာက္မွာဆို
တန့္ယန္း မိုင္းရယ္ မိုင္းေယာ္က ကေလးငယ္ေတြ အျဖစ္မ်ားတယ္။ အခ်ိဳ႕က မိဘေတြကိုယ္တိုင္ ဘိန္းစားျဖစ္လို႔ သူတို႔ကေလးေတြကို အလုပ္ခြင္ထဲ ပို႔ပစ္တယ္။ လခႀကိဳထုတ္ထားတယ္။
ဘုမသိ ဘမသိ ကေလးငယ္ေတြ အလုပ္မတရားခိုင္းခံရတယ္။လုပ္ငန္းရွင္ေတြရဲ႕ အႀကိဳက္ေပါ့။ လုပ္ငန္းရွင္ဆိုတာ အမ်ားစုက တ႐ုတ္ေတြပိုမ်ားတယ္။ အဲလိုကေလးငယ္ေတြ လားရွိုးထဲမွာတင္ အမ်ားႀကီးရွိတယ္။
ထမင္းဆိုင္၊ အကင္ဆိုင္၊ ကုန္စုံဆိုင္ေတြမွာ အမ်ားႀကီးေတြ႕ရတယ္။ ၿပီးရင္ေတာ့ ၿမိဳ႕ျပင္မွာ ကြၽဲေက်ာင္းတာေတြႏြားေက်ာင္းတာေတြ ၿခံေစာင့္တို႔ ဘာတို႔မွာ အဲလိုကေလးေတြ ပိုေတြ႕ရတတ္တယ္။
ဒီလိုအျဖစ္မ်ိဳးက ေျပာရရင္ ေျဖရွင္းရခက္တဲ့ နည္းတနည္းျဖစ္ေနတယ္။ အေၾကာင္းက မိဘေတြကိုတိုင္ သူတို႔ကေလးေတြကို ခိုင္းတာေၾကာင့္ျဖစ္ေနတယ္။
ဒီကိစၥရပ္နဲ႕ ပတ္သက္ၿပီး တာ၀န္ယူေျဖရွင္းေပးတဲ့ CSOအဖြဲ႕ေတြ ပညာေပးတဲ့ အဖြဲ႕အစည္းေတြလည္း အားနည္းေနတယ္။ ဆိုေတာ့ ဒီလိုကိစၥရပ္မ်ိဳး ေတာ္႐ုံနဲ႕ ေပ်ာက္ကြယ္ေသးမွာ မဟုတ္ဘူး။
ေက်ာင္းေန႐ြယ္မွာ လုပ္သားကြၽန္လုပ္ေနရတဲ့ ကေလးေတြအတြက္ ၀မ္းနည္းစရာေတာ့ အလြန္ေကာင္းတယ္။ ဒီအေၾကာင္းအရာေတြ ကြင္းဆက္လိုက္တဲ့ မီဒီယာလည္း အားနည္ေနတယ္။
ကြၽန္ေတာ္တို႔ ကိုယ္တိုင္အပါအ၀င္ေပါ့။ ခရက္ဒစ္ Mai A Naing
Unicode Version
မနေ့က ကလေး၂ယောက် ပြင်ဦးလွင် ကြက်ခြံတစ်ခုကနေ ထွက်ပြေးလာလို့ လားရှိုးရောက်လာတယ်။ ဒါကလည်း လူမျိုးချင်းတူတဲ့ ပြင်ဦးလွင်က အသိတစ်ယောက် အချိတ်အဆက်နဲ့ ရောက်လာခြင်းဖြစ်တယ်။
၂ယောက်လုံး အသက်က၁၂ ၁၃ဝန်းကျင်လောက်ဖြစ်မယ်။ ဇာတိက တန့်ယန်းမြို့နယ်ထဲကရွာမှာ။ ဗမာစကား မတတ် ဘာမတတ်နဲ့ လားရှိုးရောက်လာတော့ သွားကြိုဖြစ်တယ်။
နောက်တစ်ရက်တော့ သူတို့ရဲ့ နေရပ်ဇာတိကို ပြန်ပို့ပေးတယ်။ပြသနာက ဘာလဲဆိုတော့ကလေးသူငယ်ခိုင်းစားခြင်းပဲ။ မိဘတွေကိုယ်တိုင်က သူတို့သားသမီးတွေကို တရုတ်အလုပ်ခွင်ထဲပို့တယ်။
တစ်နှစ်စာလုံးး လုပ်လခစာတွေ ကြိုထုတ်ပစ်တယ်။ ဒီကလေး ၂ယောက်ဆို ၁ ယောက်ကို ၁နှစ်ပတ်လုံး ၆သိန်းရတယ်ပြောတယ်။ သူတို့လခကတော့ မိဘတွေက ထုတ်ယူသွားတယ်။
လခ ကြိုထုတ်ထားတော့ ဟိုကလည်း ကလေးတွေကို စပယ်ရှယ်ခိုင်းးတယ်။ မလုပ်နိုင်တဲ့ အဆုံး ကလေးတွေ ထွက်ပြေးလာတယ်။ဒီကိစ္စမျိုး ကျွန်တော်ဆီရောက်လာတာ ၃ခါထက်မနည်းတော့ဘူး။
အချို့ကိုတော့ အိမ်ပြန်ပို့တယ်။ အချို့ကလေးတွေကိုတော့ ကိုယ့်နည်းကိုယ့်ဟန် ကျောင်းထားပေးထားတယ်။ အိမ်ပြန်ထားတယ်။ ဒီကိစ္စမျိုးက ရှမ်းမြောက်မှာဆို
တန့်ယန်း မိုင်းရယ် မိုင်းယော်က ကလေးငယ်တွေ အဖြစ်များတယ်။ အချို့က မိဘတွေကိုယ်တိုင် ဘိန်းစားဖြစ်လို့ သူတို့ကလေးတွေကို အလုပ်ခွင်ထဲ ပို့ပစ်တယ်။ လခကြိုထုတ်ထားတယ်။
ဘုမသိ ဘမသိ ကလေးငယ်တွေ အလုပ်မတရားခိုင်းခံရတယ်။လုပ်ငန်းရှင်တွေရဲ့ အကြိုက်ပေါ့။ လုပ်ငန်းရှင်ဆိုတာ အများစုက တရုတ်တွေပိုများတယ်။ အဲလိုကလေးငယ်တွေ လားရှိုးထဲမှာတင် အများကြီးရှိတယ်။
ထမင်းဆိုင်၊ အကင်ဆိုင်၊ ကုန်စုံဆိုင်တွေမှာ အများကြီးတွေ့ရတယ်။ ပြီးရင်တော့ မြို့ပြင်မှာ ကျွဲကျောင်းတာတွေနွားကျောင်းတာတွေ ခြံစောင့်တို့ ဘာတို့မှာ အဲလိုကလေးတွေ ပိုတွေ့ရတတ်တယ်။
ဒီလိုအဖြစ်မျိုးက ပြောရရင် ဖြေရှင်းရခက်တဲ့ နည်းတနည်းဖြစ်နေတယ်။ အကြောင်းက မိဘတွေကိုတိုင် သူတို့ကလေးတွေကို ခိုင်းတာကြောင့်ဖြစ်နေတယ်။
ဒီကိစ္စရပ်နဲ့ ပတ်သက်ပြီး တာဝန်ယူဖြေရှင်းပေးတဲ့ CSOအဖွဲ့တွေ ပညာပေးတဲ့ အဖွဲ့အစည်းတွေလည်း အားနည်းနေတယ်။ ဆိုတော့ ဒီလိုကိစ္စရပ်မျိုး တော်ရုံနဲ့ ပျောက်ကွယ်သေးမှာ မဟုတ်ဘူး။
ကျောင်းနေရွယ်မှာ လုပ်သားကျွန်လုပ်နေရတဲ့ ကလေးတွေအတွက် ဝမ်းနည်းစရာတော့ အလွန်ကောင်းတယ်။ ဒီအကြောင်းအရာတွေ ကွင်းဆက်လိုက်တဲ့ မီဒီယာလည်း အားနည်နေတယ်။
ကျွန်တော်တို့ ကိုယ်တိုင်အပါအဝင်ပေါ့။ ခရက်ဒစ် Mai A Naing