က်မၼာေရး ဗဟုသုတ

ထမင်းမြိန်ပေမယ့် ကိုယ့်ကို မြန်မြန်သတ်နေတဲ့ နေ့စဉ်စားသောက်မှုပုံစံ

ထမင်းမြိန်ပေမယ့် ကိုယ့်ကို မြန်မြန်သတ်နေတဲ့ နေ့စဉ်စားသောက်မှုပုံစံ

လူတွေသေဆုံးမှုအများဆုံး ကမ္ဘာ့ထိပ်တန်းအကြောင်းအရင်း ၅ ခုထဲမှာ အစားအသောက်တွေကို နေ့စဉ်လွဲမှားစွာ စားနေကြတဲ့ အချက်ဟာ တစ်ချက်အပါအဝင်ဖြစ်တယ်လို့ ကျွမ်းကျင်သူ သုတေသီတွေက လတ်တလောမှာ သတိပေး ပြောကြားလိုက်ပါတယ်။

သကြား၊ ဆားနဲ့ အသားတို့ကို လွန်ကဲစွာစားသုံးမှုကြောင့် နှစ်စဉ် သန်းပေါင်းများစွာသော လူတွေ အရွယ်မတိုင်မီ တဖြုတ်ဖြုတ် သေဆုံးနေရတယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေထဲက တစ်ဘီလီယံနီးပါးလောက်က အဟာရချို့တဲ့တာကြောင့်ဖြစ်ပြီး ၂ ဘီလီယံနီးပါးကတော့ “အဟာရလွန်ကဲ”(လိုတာထက်ပိုစားမိ) တာကြောင့် ဖြစ်ကြောင်း ယူနိုက်တက်နေရှင်းက ခန့်မှန်းထားပါတယ်။

အစားအစာကို အတိုင်းအတာအချင့်အချိန်နဲ့ စားသောက်ခြင်းနဲ့ပက်သက်တဲ့ စစ်တမ်းများကို ကမ္ဘာ့နိုင်ငံပေါင်း ၁၉၅ နိုင်ငံက ကောက်ခံထားချက်အရ လူတွေစားသောက်နေတဲ့ နေ့စဉ်စားအသောက်မှု ပုံစံတွေဟာ လွဲမှားနေပြီး ကျန်းမာရေးနဲ့ပက်သက်လို့ စိုးရိမ်ရတဲ့ အခြေနေတွေကို တွေ့ခဲ့ရပါတယ်။ ဒီလိုပုံစံမျိုးနဲ့ အစားအသောက်တွေကို နေ့စဉ်စားရင်းနဲ့ပဲ ကိုယ့်ကိုယ်ကို မြန်မြန်သေအောင် လုပ်သလိုဖြစ်နေတယ်လို့ ဆိုပါတယ်။

ဥပမာအနေနဲ့ဆိုရင် သကြားပါဝင်တဲ့ အချိုရည်တွေကို သောက်သုံးမှုဟာ ကမ္ဘာ့လူဦးရေအချိုးနဲ့ တိုင်းတာရင် သောက်သုံးသင့်တဲ့ ပျှမ်းမျှပမာဏထက် ၁၀ ဆကျော် မြင့်တက်နေပါတယ်။ အလားတူစွာပင် ‘ဆား(ဆိုဒီယမ်)’ စားသုံးမှုကလည်း လူတစ်ဦးခြင်းစီအတွက် အန္တရာယ်မဖြစ်နိုင်တဲ့ ပမာဏထက် ၈၆% ပိုပြီး စားသုံးနေကြတာကိုလည်း တွေ့ရပါတယ်။

၁၉၉၀ ကနေ ၂၀၁၇ ခုနှစ်ထိ ဆက်တိုက်လေ့လာခဲ့တဲ့ အစားအသောက်နဲ့ ရောဂါယယ ဆက်စပ်မှု သုတေသနစာတမ်းအရ လူတွေဟာ ကောက်ပဲသီးနှံ၊ သစ်သီး၊ အစေ့အဆံ စားသုံးမှု အလွန့်အလွန် နည်းပါးတာကြောင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဘဝနေထိုင်မှုပုံစံနဲ့ အလှမ်းကွာနေကြတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

သေဆုံးသူတွေထဲက ၁၁ သန်းလောက်ဟာ လွဲမှားတဲ့ စားသောက်နေထိုင်မှုပုံစံကြောင့်ဖြစ်ပြီး သူတို့ကို အဓိကသတ်တာကတော့ နှလုံးသွေးကြောဆိုင်ရာရောဂါတွေပဲ ဖြစ်ပါတယ်။ အဝလွန်တာကနေ ဒီလိုရောဂါတွေ ဖြစ်လာတာပါ။

သုတေသနစာတမ်းရဲ့ အနှစ်ချုပ်အရကတော့ ကမ္ဘာပေါ်မှာ လူသေဆုံးမှုအများဆုံး ဖြစ်ရတာနဲ့ပက်သက်ပြီး အဟာရရှိရှိ ညီညွတ်မျှတအောင် ချင့်ချိန်စားသောက်ဖို့ ပျက်ကွက်တဲ့အကြောင်းရင်းက အဓိကတရားခံဖြစ်တယ်လို့ အမေရိကန်နိုင်ငံ ဝါရှင်တန်တက္ကသိုလ် Health Metrics and Evaluation မှ ဒါရိုက်တာဖြစ်သူ သုတေသီစာရေးဆရာ Christopher Murray က ဆိုပါတယ်။

“ဆား” စားသုံးတာများပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ စားတာကျတော့ နည်းပါးလွန်းတာက ဒီပြဿနာတွေကို ဖြစ်စေတယ်လို့ အကြံပေးဖော်ပြထားပါတယ်။

ကမ္ဘာ့လူသားတွေအနေနဲ့ လက်ရှိနေ့စဉ် စားသောက်နေတဲ့ ပုံစံတွေထဲက အသားစားနှုန်းကို ထက်ဝက်လျှော့ချပြီး ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံစားသုံးမှုကို နှစ်ဆမြှင့်တင်ကြဖို့လည်း နှိုးဆော်ထားပါတယ်။

ကျန်းမာရေးအတွက်ဆိုရင် အသီးအနှံ၊ ဟင်းသီးဟင်းရွက်နဲ့ ကောက်ပဲသီးနှံ၊ အစေ့အဆံတို့ကို မပျက်မကွက် စားကြဖို့လိုအပ်သလို ဆား(ဆိုဒီယမ်) အငံဓါတ်စားသုံးမှုကို တတ်နိုင်သလောက် လျှော့ချဖို့ အကြံပေးထားပါတယ်။ အငံဓါတ် လွန်ကဲစွာ စားသုံးမှုဟာ လူကိုသေစေနိုင်လောက်တဲ့ထိ အန္တရာယ်မြင်းမားကြောင်း ယခုစာတမ်းက အဓိက မီးမောင်းထိုးပြခဲ့ပါတယ်။

ဒါကြောင့်မို့ မြန်မာဆန်တဲ့ ပိုပိုလေးရဲ့ ပရိသတ်တွေအနေနဲ့လည်း ရိုးရာစားစရာတွေ ဖြစ်တဲ့ ငပိ၊ ငါးခြောက်၊ ငံပြာရည် စတာတွေကို တတ်နိုင်သလောက်လျှော့ချပြီး ရာသီပေါ်သစ်သီး၊ ဟင်းသီးဟင်းရွက်တို့ကို ပိုမိုစားသုံးကာ ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝပုံစံကို အမြန်ဆုံးပြောင်းလဲရင်း ချစ်ခင်ရတဲ့မိသားစုနဲ့အတူ သက်ရှည်ကျန်းမာစွာ နေထိုင်ကြပါလို့ တိုက်တွန်းလိုက်ပါရစေ။

Credit: popolay

ထမင္းၿမိန္ေပမယ့္ ကိုယ့္ကို ျမန္ျမန္သတ္ေနတဲ့ ေန႔စဥ္စားေသာက္မႈပုံစံ

လူေတြေသဆုံးမႈအမ်ားဆုံး ကမာၻ႔ထိပ္တန္းအေၾကာင္းအရင္း ၅ ခုထဲမွာ အစားအေသာက္ေတြကို ေန႔စဥ္လြဲမွားစြာ စားေနၾကတဲ့ အခ်က္ဟာ တစ္ခ်က္အပါအဝင္ျဖစ္တယ္လို႔ ကြၽမ္းက်င္သူ သုေတသီေတြက လတ္တေလာမွာ သတိေပး ေျပာၾကားလိုက္ပါတယ္။

သၾကား၊ ဆားနဲ႔ အသားတို႔ကို လြန္ကဲစြာစားသုံးမႈေၾကာင့္ ႏွစ္စဥ္ သန္းေပါင္းမ်ားစြာေသာ လူေတြ အ႐ြယ္မတိုင္မီ တျဖဳတ္ျဖဳတ္ ေသဆုံးေနရတယ္လို႔ ဆိုပါတယ္။

ေသဆုံးသူေတြထဲက တစ္ဘီလီယံနီးပါးေလာက္က အဟာရခ်ိဳ႕တဲ့တာေၾကာင့္ျဖစ္ၿပီး ၂ ဘီလီယံနီးပါးကေတာ့ “အဟာရလြန္ကဲ”(လိုတာထက္ပိုစားမိ) တာေၾကာင့္ ျဖစ္ေၾကာင္း ယူႏိုက္တက္ေနရွင္းက ခန႔္မွန္းထားပါတယ္။

အစားအစာကို အတိုင္းအတာအခ်င့္အခ်ိန္နဲ႔ စားေသာက္ျခင္းနဲ႔ပက္သက္တဲ့ စစ္တမ္းမ်ားကို ကမာၻ႔ႏိုင္ငံေပါင္း ၁၉၅ ႏိုင္ငံက ေကာက္ခံထားခ်က္အရ လူေတြစားေသာက္ေနတဲ့ ေန႔စဥ္စားအေသာက္မႈ ပုံစံေတြဟာ လြဲမွားေနၿပီး က်န္းမာေရးနဲ႔ပက္သက္လို႔ စိုးရိမ္ရတဲ့ အေျခေနေတြကို ေတြ႕ခဲ့ရပါတယ္။ ဒီလိုပုံစံမ်ိဳးနဲ႔ အစားအေသာက္ေတြကို ေန႔စဥ္စားရင္းနဲ႔ပဲ ကိုယ့္ကိုယ္ကို ျမန္ျမန္ေသေအာင္ လုပ္သလိုျဖစ္ေနတယ္လို႔ ဆိုပါတယ္။

ဥပမာအေနနဲ႔ဆိုရင္ သၾကားပါဝင္တဲ့ အခ်ိဳရည္ေတြကို ေသာက္သုံးမႈဟာ ကမာၻ႔လူဦးေရအခ်ိဳးနဲ႔ တိုင္းတာရင္ ေသာက္သုံးသင့္တဲ့ ပွ်မ္းမွ်ပမာဏထက္ ၁၀ ဆေက်ာ္ ျမင့္တက္ေနပါတယ္။ အလားတူစြာပင္ ‘ဆား(ဆိုဒီယမ္)’ စားသုံးမႈကလည္း လူတစ္ဦးျခင္းစီအတြက္ အႏၲရာယ္မျဖစ္ႏိုင္တဲ့ ပမာဏထက္ ၈၆% ပိုၿပီး စားသုံးေနၾကတာကိုလည္း ေတြ႕ရပါတယ္။

၁၉၉၀ ကေန ၂၀၁၇ ခုႏွစ္ထိ ဆက္တိုက္ေလ့လာခဲ့တဲ့ အစားအေသာက္နဲ႔ ေရာဂါယယ ဆက္စပ္မႈ သုေတသနစာတမ္းအရ လူေတြဟာ ေကာက္ပဲသီးႏွံ၊ သစ္သီး၊ အေစ့အဆံ စားသုံးမႈ အလြန႔္အလြန္ နည္းပါးတာေၾကာင့္ က်န္းမာေရးနဲ႔ညီၫြတ္တဲ့ ဘဝေနထိုင္မႈပုံစံနဲ႔ အလွမ္းကြာေနၾကတာျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။

ေသဆုံးသူေတြထဲက ၁၁ သန္းေလာက္ဟာ လြဲမွားတဲ့ စားေသာက္ေနထိုင္မႈပုံစံေၾကာင့္ျဖစ္ၿပီး သူတို႔ကို အဓိကသတ္တာကေတာ့ ႏွလုံးေသြးေၾကာဆိုင္ရာေရာဂါေတြပဲ ျဖစ္ပါတယ္။ အဝလြန္တာကေန ဒီလိုေရာဂါေတြ ျဖစ္လာတာပါ။

သုေတသနစာတမ္းရဲ႕ အႏွစ္ခ်ဳပ္အရကေတာ့ ကမာၻေပၚမွာ လူေသဆုံးမႈအမ်ားဆုံး ျဖစ္ရတာနဲ႔ပက္သက္ၿပီး အဟာရရွိရွိ ညီၫြတ္မွ်တေအာင္ ခ်င့္ခ်ိန္စားေသာက္ဖို႔ ပ်က္ကြက္တဲ့အေၾကာင္းရင္းက အဓိကတရားခံျဖစ္တယ္လို႔ အေမရိကန္ႏိုင္ငံ ဝါရွင္တန္တကၠသိုလ္ Health Metrics and Evaluation မွ ဒါ႐ိုက္တာျဖစ္သူ သုေတသီစာေရးဆရာ Christopher Murray က ဆိုပါတယ္။

“ဆား” စားသုံးတာမ်ားၿပီး က်န္းမာေရးနဲ႔ညီၫြတ္တဲ့ အစားအေသာက္ေတြ စားတာက်ေတာ့ နည္းပါးလြန္းတာက ဒီျပႆနာေတြကို ျဖစ္ေစတယ္လို႔ အႀကံေပးေဖာ္ျပထားပါတယ္။

ကမာၻ႔လူသားေတြအေနနဲ႔ လက္ရွိေန႔စဥ္ စားေသာက္ေနတဲ့ ပုံစံေတြထဲက အသားစားႏႈန္းကို ထက္ဝက္ေလွ်ာ့ခ်ၿပီး ဟင္းသီးဟင္း႐ြက္နဲ႔ သစ္သီးဝလံစားသုံးမႈကို ႏွစ္ဆျမႇင့္တင္ၾကဖို႔လည္း ႏႈိးေဆာ္ထားပါတယ္။

က်န္းမာေရးအတြက္ဆိုရင္ အသီးအႏွံ၊ ဟင္းသီးဟင္း႐ြက္နဲ႔ ေကာက္ပဲသီးႏွံ၊ အေစ့အဆံတို႔ကို မပ်က္မကြက္ စားၾကဖို႔လိုအပ္သလို ဆား(ဆိုဒီယမ္) အငံဓါတ္စားသုံးမႈကို တတ္ႏိုင္သေလာက္ ေလွ်ာ့ခ်ဖို႔ အႀကံေပးထားပါတယ္။ အငံဓါတ္ လြန္ကဲစြာ စားသုံးမႈဟာ လူကိုေသေစႏိုင္ေလာက္တဲ့ထိ အႏၲရာယ္ျမင္းမားေၾကာင္း ယခုစာတမ္းက အဓိက မီးေမာင္းထိုးျပခဲ့ပါတယ္။

ဒါေၾကာင့္မို႔ ျမန္မာဆန္တဲ့ ပိုပိုေလးရဲ႕ ပရိသတ္ေတြအေနနဲ႔လည္း ႐ိုးရာစားစရာေတြ ျဖစ္တဲ့ ငပိ၊ ငါးေျခာက္၊ ငံျပာရည္ စတာေတြကို တတ္ႏိုင္သေလာက္ေလွ်ာ့ခ်ၿပီး ရာသီေပၚသစ္သီး၊ ဟင္းသီးဟင္း႐ြက္တို႔ကို ပိုမိုစားသုံးကာ က်န္းမာေပ်ာ္႐ႊင္တဲ့ လူေနမႈဘဝပုံစံကို အျမန္ဆုံးေျပာင္းလဲရင္း ခ်စ္ခင္ရတဲ့မိသားစုနဲ႔အတူ သက္ရွည္က်န္းမာစြာ ေနထိုင္ၾကပါလို႔ တိုက္တြန္းလိုက္ပါရေစ။

Credit: popolay