က်မၼာေရး ဗဟုသုတ

ကိုဗစ္လူနာေတြအတြက္ အသက္ရႈေလ့က်င့္ခန္းေကာင္းတစ္ခု မွ်ေဝလိုပါတယ္ ကျန်းမာရေး

ကိုဗစ္လူနာေတြအတြက္ အသက္ရႈေလ့က်င့္ခန္းေကာင္းတစ္ခု မွ်ေဝလိုပါတယ္။

 

ပူစီေဘာင္း ( အူစီေဘာင္း) ဘယ္လိုေခၚေခၚ ေလမႈတ္သြင္းရတဲ့ ရာဘာေဘာလုံးပါးပါ။လူနာက သူ႔ကို တင္းေအာင္ေလမႈတ္ေပးရမွာပါ။

ေလမႈတ္ဖို႔ အဆုပ္ထဲေလျပည့္ေအာင္အရင္အားစိုက္ရႉရပါတယ္။ ၿပီးမွ ေဘာ့လုံးရဲ႕ Elastic Recoil ကိုေက်ာ္ေအာင္မႈတ္သြင္းရပါတယ္။

ဒုတိယအႀကိမ္မွာမႈတ္သြင္းဖို႔ ပိုၿပီးအားျပဳပါတယ္။

ေဘာ့လုံးထဲကေလကို ရာဘာကျပန္ညႇစ္ထုတ္လာတာကိုေက်ာ္ၿပီး အားစိုက္မႈတ္သြင္းရပါတယ္။ အဲ့ဒီအခ်ိန္ ေဘာ့လုံးျပန္ဖိတဲ့ဖိအားက

အဆုပ္ထဲဝင္တာဟာ ဒီေန႔ ေဆး႐ုံႀကီးေတြရဲ႕ICU မွာ ေမ့ေဆးဆရာဝန္ႀကီးေတြ လူနာကို ခဏသတိလစ္ေအာင္လုပ္ၿပီး လည္ပင္းေလႁပြ

န္ထဲပိုက္ထည့္ၿပီး သိန္း ၄၀၀ သိန္း၅ဝဝတန္ ေမ့ေဆးစက္နဲ႔ ဆက္ၿပီးေပးတဲ့ Continuous Positive Airway Pressure (CPAP) အစြမ္း

ကိုရပါတယ္။

ေဘာ့လုံးကို အတင္းဆုံးထိမႈတ္၊ ျပန္ေလ်ာ့၊ ျပန္မႈတ္ ၃-၄ ႀကိမ္လုပ္ၿပီးရင္ ေဘာ့လုံးရဲ႕ရာဘာတင္းအားက်သြားလို႔ အသစ္တစ္လုံးေျပာင္း

သင့္ပါတယ္။ဒီနည္းကေတာ့ ၂၀၀၀ ခုႏွစ္မွာ ႏွလုံးခြဲစိတ္ကုပညာဌာနကို လက္ေထာက္ ႏွလုံးခြဲစိတ္ကုဆရာဝန္ဘဝစေရာက္ကတည္းက

က်ေနာ့ရဲ ႏွလုံးခြဲစိတ္ကုပညာလက္ဦးဆရာမ်ားျဖစ္ၾကတဲ့ ပါေမာကၡဦးခြန္စိုးမိုး၊ ႏွလုံးခြဲစိတ္အထူးကုဆရာဝန္ႀကီး ေဒါက္တာဦးတင္ႏု နဲ႔

ေမ့ေဆးဆရာဝန္ႀကီး ေဒါက္တာဦးဟန္ေဌး ( ယခု အၿငိမ္းစား ပါေမာကၡဌာနမႉး) တို႔က လူနာမ်ားကိုခိုင္းေစရင္း သင္ၾကားျပသခဲ့တဲ့ပညာ

ပါ။

လက္ေတြ႕လုပ္ၾကည့္ၾကပါ။ အလြန္အက်ိဳးရွိတဲ့ အသက္ရႉေလ့က်င့္ခန္းတစ္ခု ျဖစ္ပါတယ္ခင္ဗ်။

ဆရာႀကီးမ်ားကို ဂါရဝျပဳအပ္ပါတယ္ခင္ဗ်။

– ပါေမာကၡေဒါက္တာခင္ေမာင္ေထြး

Unicode

ကိုဗစ်လူနာတွေအတွက် အသက်ရှုလေ့ကျင့်ခန်းကောင်းတစ်ခု မျှဝေလိုပါတယ်။

 

ပူစီဘောင်း ( အူစီဘောင်း) ဘယ်လိုခေါ်ခေါ် လေမှုတ်သွင်းရတဲ့ ရာဘာဘောလုံးပါးပါ။လူနာက သူ့ကို တင်းအောင်လေမှုတ်ပေးရမှာပါ။

လေမှုတ်ဖို့ အဆုပ်ထဲလေပြည့်အောင်အရင်အားစိုက်ရှူရပါတယ်။ ပြီးမှ ဘော့လုံးရဲ့ Elastic Recoil ကိုကျော်အောင်မှုတ်သွင်းရပါ

တယ်။ ဒုတိယအကြိမ်မှာမှုတ်သွင်းဖို့ ပိုပြီးအားပြုပါတယ်။

ဘော့လုံးထဲကလေကို ရာဘာကပြန်ညှစ်ထုတ်လာတာကိုကျော်ပြီး အားစိုက်မှုတ်သွင်းရပါတယ်။ အဲ့ဒီအချိန် ဘော့လုံးပြန်ဖိတဲ့ဖိအား

က အဆုပ်ထဲဝင်တာဟာ ဒီနေ့ ဆေးရုံကြီးတွေရဲ့ICU မှာ မေ့ဆေးဆရာဝန်ကြီးတွေ လူနာကို ခဏသတိလစ်အောင်လုပ်ပြီး လည်ပင်း

လေပြွန်ထဲပိုက်ထည့်ပြီး သိန်း ၄၀၀ သိန်း၅ဝဝတန် မေ့ဆေးစက်နဲ့ ဆက်ပြီးပေးတဲ့ Continuous Positive Airway Pressure (CPAP)

အစွမ်းကိုရပါတယ်။

ဘော့လုံးကို အတင်းဆုံးထိမှုတ်၊ ပြန်လျော့၊ ပြန်မှုတ် ၃-၄ ကြိမ်လုပ်ပြီးရင် ဘော့လုံးရဲ့ရာဘာတင်းအားကျသွားလို့ အသစ်တစ်လုံး

ပြောင်းသင့်ပါတယ်။ဒီနည်းကတော့ ၂၀၀၀ ခုနှစ်မှာ နှလုံးခွဲစိတ်ကုပညာဌာနကို လက်ထောက် နှလုံးခွဲစိတ်ကုဆရာဝန်ဘဝစရောက်

ကတည်းက ကျနော့ရဲ နှလုံးခွဲစိတ်ကုပညာလက်ဦးဆရာများဖြစ်ကြတဲ့ ပါမောက္ခဦးခွန်စိုးမိုး၊ နှလုံးခွဲစိတ်အထူးကုဆရာဝန်ကြီး

ဒေါက်တာဦးတင်နု နဲ့ မေ့ဆေးဆရာဝန်ကြီး ဒေါက်တာဦးဟန်ဌေး ( ယခု အငြိမ်းစား ပါမောက္ခဌာနမှူး) တို့က လူနာများကိုခိုင်းစေရင်း

သင်ကြားပြသခဲ့တဲ့ပညာပါ။

လက်တွေ့လုပ်ကြည့်ကြပါ။ အလွန်အကျိုးရှိတဲ့ အသက်ရှူလေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်ခင်ဗျ။

ဆရာကြီးများကို ဂါရဝပြုအပ်ပါတယ်ခင်ဗျ။

– ပါမောက္ခဒေါက်တာခင်မောင်ထွေး