“သူနဲ့ အရမ်းရင်းနှီးတဲ့သူကို ပြောပြခဲ့တဲ့ အမေစုရဲ့ ” ကျောက်ခဲဟင်းချို”ပုံပြင်လေး”
” အမေစုပြောတဲ့ကျောက်ခဲဟင်းချို ”
အန်တီနဲ့အနီးကပ်နေခဲ့စဉ်အချိန်တွေမှာညဘက်ဆိုအိမ် ထဲမှာ၂ယောက်တည်းပေါ့။ည၇နာရီလောက်ကျရင်အန်တီကကျမနဲ့အတူTV ဇာတ် လမ်း
(အဲဒီအချိန်က ပေါင်ချိန်တရုတ်ကား)ကို၇:၃၀နာရီအထိလာကြည့်ပေးတယ်။ပြီးရင်အန်တီကသူ့အခန်းပြန်ပြီးအလုပ်လုပ်တယ်။
ကျမက၈ နာရီဇာတ်လမ်းပြီးအောင်ကြည့်တယ်။ပြီးရင်ကျမလည်းလုပ်စရာရှိတာဆက်လုပ်တာပေါ့။နံနက်breakfastစားချိန်ကျရင်ညကအန်တီမကြည့်လိုက်ရတဲ့ဇာတ်လမ်းလေးကိုပြောပြရတယ်။ပြီးတော့အဲဒီဇာတ်လမ်းအပေါ် သူ့အမြင်၊ကိုယ့်အမြင်တွေနဲ့ဝေဖန်သုံးသပ်ကြတဲ့နေ့တွေလည်းရှိခဲ့ပါတယ်။
တခါတရံနာမည်ကြီးပုဂ္ဂိုလ်တွေရဲ့အထ္ထုပ္ပတိဇာတ် ကားကိုအန်တီကဘာသာပြန်ပေးပြီးအတူကြည့်ခဲ့ဖူးတယ်။
ပြီးတော့အဲဒီပုဂ္ဂိုလ်ရဲ့လေးစားအတုယူစရာကောင်းတဲ့အချက်တွေကိုအန်တီကထုတ်နှုတ်ပြလေ့ရှိတယ်။
ညလုံးပေါက်မအိပ်ဘဲစကားပြောတဲ့နေ့များမှာလည်း အန်တီပြောတဲ့ပုံပြင်လေးတွေကိုနားထောင်ခွင့်ရခဲ့ပါတယ်။
အန်တီပြောခဲ့ဖူးတဲ့ပုံပြင်လေးတစ်ပုဒ်ကတော့အရ သာရှိသောကျောက်ခဲဟင်းချိုလေးဆိုတဲ့ပုံပြင်လေးပါဘဲ။
ကျမအကျဉ်းချုံးပြီးပြောပါ့မယ်။စစ်ပွဲကြီးပြီးသွားပေမယ့်တောတောင်တွေထဲမှာကျန်နေသေးတဲ့စစ်သားတွေ ရှိနေသေးတာပေါ့။
တနေ့မှာတော့စစ်သားတစ်ယောက်ဟာရွာထဲကိုရောက်လာတယ်။သူ့မှာစစ်ထမင်းဘူးနဲ့ မီးခြစ်လေးသာကျန်ရှိပြီးစားစရာဝတ်စရာဆိုလို့ဘာမှမရှိဘူးပေါ့။
သူကရွာလယ်ခေါင်မှာထင်းရှားတယ်။စစ်ထမင်းချိုင့်လေးနဲ့ရေခပ်ပြီးမီးဖိုလေးမွှေးတယ်။အဲဒီပေါ်မှာစစ်ထမင်းချိုင့်လေးကိုတင် ကျောက်ခဲလေးကိုထည့်ပြီးတည်ထားတယ်
သူရဲ့ထူးဆန်းတဲ့အပြုအမူကြောင့်ရွာသားတွေစိတ်ဝင် စားလာတယ်။ခဏအကြာရွာသားတစ်ယောက်ကလာမေးတယ်။
ခင်ဗျားဘာလုပ်နေတာလဲပေါ့။သူကကျောက်ခဲဟင်းချိုလေးချက်နေတာပါ။ကျောက်ခဲကဟင်းချက်လို့ရလားလို့ မေးတယ်။
သူက သိပ်ရတာပေါ့ဗျာ။ကျောက်ခဲဟင်းရည်ကကောင်းသလားလို့ဆိုပြန်တယ်။သူကလည်းကောင်းတာပေါ့ဗျာ၊ဒါပေမယ့်ကြက်သွန်နီလေးသာပါရင်ပိုကောင်းတာပေါ့လို့ပြောတော့အဲဒီရွာသားကသူ့အိမ်မှာရှိတဲ့ကြက်သွန်နီလေးတစ်လုံးလာပေးတယ်။
တအောင့်ကြာတော့ နောက်တစ်ယောက်ကလာမေးပြန်တယ်။ သူကလည်းထုံးစံအတိုင်းဖြေပြီး ငါးလေးပါရင်တော့ ပိုကောင်းတာပေါ့! ဆိုပြန်တယ်။
အဲဒီလူကလည်း သူ့မှာရှိတဲ့ ငါးအနည်းငယ်ကို လာပေးသွားပြန်တယ်။ဒီလိုနဲ့ တစ်ယောက်မှစ၍ လာမေးကြရင်း သူကလည်းဟင်းရည်ထဲမှာပါဝင်ရမည့် အမျိုးအမည်တွေကို တစ်ဦးချင်းစီမှာ ယခင်ကအတိုင်း ပြောဆိုတယ်။တစ်ဦးချင်းစီကလည်း သူတို့နိုင်သလောက်လေးတွေပေးကြတာပေါ့။နောက်ဆုံးမှာတော့ အရသာရှိတဲ့ ကျောက်ခဲဟင်းချိုလေးတစ်ခွက် ရရှိခဲ့ပါတော့တယ်။
အဲဒီပုံပြင်ပြီးတော့ ကျမတို့ သူ့အမြင် ကိုယ့်အမြင်သုံးသပ်တယ်။ ကျမကတော့ လွယ်လင့်တကူ တောင်းဆိုပြီး “စားရေး”ခက်ခဲမှုကို မဖြေရှင်းတဲ့စိတ်ဓာတ်နဲ့ကိုယ့်အားကိုယ်ကိုးပြီး အမျှော်အမြင်နဲ့ လူတွေပါလာအောင် စည်းရုံးနိုင်တဲ့ စွမ်းရည်ကို ချီးကျူးမိတယ်။
အန်တီကတော့ တစ်ဦးချင်းစီရဲ့ စိတ်ဝင်စားမှုနဲ့ စတင်ပြီး အများပါဝင်လာခဲ့မှုကြောင့် “ကျောက်ခဲတောင်မှ အရသာရှိတဲ့ဟင်းချို”ဖြစ်ခဲ့သေးတာအန်တီတို့ ပြည်သူတွေ တစ်ဦးချင်းရဲ့ ပါဝင်မှုကစပြီး အများပါဝင် ညီညွတ်ကြရင် အန်တီတို့ရည်မှန်းတဲ့ ဒီမိုကရေစီ ဘာလို့မရနိုင်ရမှာလဲ။ရကိုရမှာပေါ့လို့ ပြောခဲ့တယ်။
ဒီကနေ့ ကျမတို့ ကိုယ့်အားကိုယ်ကိုးပြီး အမျှော်အမြင်ကြီးစွာနဲ့ အများပါဝင်လာအောင် စည်းရုံးနိုင်သော ခေါင်းဆောင်ကောင်းနောက်မှာအရသာရှိသော ကျောက်ခဲဟင်းချိုလေး (သို့) ရေရှည်တည်တံ့ခိုင်မြဲမည့် ဖွံ့ဖြိုးတိုးတက်သောမြန်မာနိုင်ငံသစ်ကြီးတစ်ခုအဖြစ်
ပြောင်းလဲရန်ကောင်းမွန်သော စံနစ်တစ်ခုကို တက်ညီလက်ညီညီညွတ်စွာပြောင်းလဲကြပါစို့။
Credit to Ma Htwe
Zawgyi
“သူနဲ႔ အရမ္းရင္းႏွီးတဲ့သူကို ေျပာျပခဲ့တဲ့ အေမစုရဲ႕ ” ေက်ာက္ခဲဟင္းခ်ိဳ”ပုံျပင္ေလး”
” အေမစုေျပာတဲ့ေက်ာက္ခဲဟင္းခ်ိဳ ”
အန္တီနဲ႔အနီးကပ္ေနခဲ့စဥ္အခ်ိန္ေတြမွာညဘက္ဆိုအိမ္ ထဲမွာ၂ေယာက္တည္းေပါ့။ည၇နာရီေလာက္က်ရင္အန္တီကက်မနဲ႔အတူTV ဇာတ္ လမ္း
(အဲဒီအခ်ိန္က ေပါင္ခ်ိန္တ႐ုတ္ကား)ကို၇:၃၀နာရီအထိလာၾကည့္ေပးတယ္။ၿပီးရင္အန္တီကသူ႔အခန္းျပန္ၿပီးအလုပ္လုပ္တယ္။
က်မက၈ နာရီဇာတ္လမ္းၿပီးေအာင္ၾကည့္တယ္။ၿပီးရင္က်မလည္းလုပ္စရာရွိတာဆက္လုပ္တာေပါ့။နံနက္breakfastစားခ်ိန္က်ရင္ညကအန္တီမၾကည့္လိုက္ရတဲ့ဇာတ္လမ္းေလးကိုေျပာျပရတယ္။ၿပီးေတာ့အဲဒီဇာတ္လမ္းအေပၚ သူ႔အျမင္၊ကိုယ့္အျမင္ေတြနဲ႔ေဝဖန္သုံးသပ္ၾကတဲ့ေန႔ေတြလည္းရွိခဲ့ပါတယ္။
တခါတရံနာမည္ႀကီးပုဂၢိဳလ္ေတြရဲ႕အထၳဳပၸတိဇာတ္ ကားကိုအန္တီကဘာသာျပန္ေပးၿပီးအတူၾကည့္ခဲ့ဖူးတယ္။
ၿပီးေတာ့အဲဒီပုဂၢိဳလ္ရဲ႕ေလးစားအတုယူစရာေကာင္းတဲ့အခ်က္ေတြကိုအန္တီကထုတ္ႏႈတ္ျပေလ့ရွိတယ္။
ညလုံးေပါက္မအိပ္ဘဲစကားေျပာတဲ့ေန႔မ်ားမွာလည္း အန္တီေျပာတဲ့ပုံျပင္ေလးေတြကိုနားေထာင္ခြင့္ရခဲ့ပါတယ္။
အန္တီေျပာခဲ့ဖူးတဲ့ပုံျပင္ေလးတစ္ပုဒ္ကေတာ့အရ သာရွိေသာေက်ာက္ခဲဟင္းခ်ိဳေလးဆိုတဲ့ပုံျပင္ေလးပါဘဲ။
က်မအက်ဥ္းခ်ဳံးၿပီးေျပာပါ့မယ္။စစ္ပြဲႀကီးၿပီးသြားေပမယ့္ေတာေတာင္ေတြထဲမွာက်န္ေနေသးတဲ့စစ္သားေတြ ရွိေနေသးတာေပါ့။
တေန႔မွာေတာ့စစ္သားတစ္ေယာက္ဟာ႐ြာထဲကိုေရာက္လာတယ္။သူ႔မွာစစ္ထမင္းဘူးနဲ႔ မီးျခစ္ေလးသာက်န္ရွိၿပီးစားစရာဝတ္စရာဆိုလို႔ဘာမွမရွိဘူးေပါ့။
သူက႐ြာလယ္ေခါင္မွာထင္းရွားတယ္။စစ္ထမင္းခ်ိဳင့္ေလးနဲ႔ေရခပ္ၿပီးမီးဖိုေလးေမႊးတယ္။အဲဒီေပၚမွာစစ္ထမင္းခ်ိဳင့္ေလးကိုတင္ ေက်ာက္ခဲေလးကိုထည့္ၿပီးတည္ထားတယ္
သူရဲ႕ထူးဆန္းတဲ့အျပဳအမူေၾကာင့္႐ြာသားေတြစိတ္ဝင္ စားလာတယ္။ခဏအၾကာ႐ြာသားတစ္ေယာက္ကလာေမးတယ္။
ခင္ဗ်ားဘာလုပ္ေနတာလဲေပါ့။သူကေက်ာက္ခဲဟင္းခ်ိဳေလးခ်က္ေနတာပါ။ေက်ာက္ခဲကဟင္းခ်က္လို႔ရလားလို႔ ေမးတယ္။
သူက သိပ္ရတာေပါ့ဗ်ာ။ေက်ာက္ခဲဟင္းရည္ကေကာင္းသလားလို႔ဆိုျပန္တယ္။သူကလည္းေကာင္းတာေပါ့ဗ်ာ၊ဒါေပမယ့္ၾကက္သြန္နီေလးသာပါရင္ပိုေကာင္းတာေပါ့လို႔ေျပာေတာ့အဲဒီ႐ြာသားကသူ႔အိမ္မွာရွိတဲ့ၾကက္သြန္နီေလးတစ္လုံးလာေပးတယ္။
တေအာင့္ၾကာေတာ့ ေနာက္တစ္ေယာက္ကလာေမးျပန္တယ္။ သူကလည္းထုံးစံအတိုင္းေျဖၿပီး ငါးေလးပါရင္ေတာ့ ပိုေကာင္းတာေပါ့! ဆိုျပန္တယ္။
အဲဒီလူကလည္း သူ႔မွာရွိတဲ့ ငါးအနည္းငယ္ကို လာေပးသြားျပန္တယ္။ဒီလိုနဲ႔ တစ္ေယာက္မွစ၍ လာေမးၾကရင္း သူကလည္းဟင္းရည္ထဲမွာပါဝင္ရမည့္ အမ်ိဳးအမည္ေတြကို တစ္ဦးခ်င္းစီမွာ ယခင္ကအတိုင္း ေျပာဆိုတယ္။တစ္ဦးခ်င္းစီကလည္း သူတို႔ႏိုင္သေလာက္ေလးေတြေပးၾကတာေပါ့။ေနာက္ဆုံးမွာေတာ့ အရသာရွိတဲ့ ေက်ာက္ခဲဟင္းခ်ိဳေလးတစ္ခြက္ ရရွိခဲ့ပါေတာ့တယ္။
အဲဒီပုံျပင္ၿပီးေတာ့ က်မတို႔ သူ႔အျမင္ ကိုယ့္အျမင္သုံးသပ္တယ္။ က်မကေတာ့ လြယ္လင့္တကူ ေတာင္းဆိုၿပီး “စားေရး”ခက္ခဲမႈကို မေျဖရွင္းတဲ့စိတ္ဓာတ္နဲ႔ကိုယ့္အားကိုယ္ကိုးၿပီး အေမွ်ာ္အျမင္နဲ႔ လူေတြပါလာေအာင္ စည္း႐ုံးႏိုင္တဲ့ စြမ္းရည္ကို ခ်ီးက်ဴးမိတယ္။
အန္တီကေတာ့ တစ္ဦးခ်င္းစီရဲ႕ စိတ္ဝင္စားမႈနဲ႔ စတင္ၿပီး အမ်ားပါဝင္လာခဲ့မႈေၾကာင့္ “ေက်ာက္ခဲေတာင္မွ အရသာရွိတဲ့ဟင္းခ်ိဳ”ျဖစ္ခဲ့ေသးတာအန္တီတို႔ ျပည္သူေတြ တစ္ဦးခ်င္းရဲ႕ ပါဝင္မႈကစၿပီး အမ်ားပါဝင္ ညီၫြတ္ၾကရင္ အန္တီတို႔ရည္မွန္းတဲ့ ဒီမိုကေရစီ ဘာလို႔မရႏိုင္ရမွာလဲ။ရကိုရမွာေပါ့လို႔ ေျပာခဲ့တယ္။
ဒီကေန႔ က်မတို႔ ကိုယ့္အားကိုယ္ကိုးၿပီး အေမွ်ာ္အျမင္ႀကီးစြာနဲ႔ အမ်ားပါဝင္လာေအာင္ စည္း႐ုံးႏိုင္ေသာ ေခါင္းေဆာင္ေကာင္းေနာက္မွာအရသာရွိေသာ ေက်ာက္ခဲဟင္းခ်ိဳေလး (သို႔) ေရရွည္တည္တံ့ခိုင္ၿမဲမည့္ ဖြံ႕ၿဖိဳးတိုးတက္ေသာျမန္မာႏိုင္ငံသစ္ႀကီးတစ္ခုအျဖစ္
ေျပာင္းလဲရန္ေကာင္းမြန္ေသာ စံနစ္တစ္ခုကို တက္ညီလက္ညီညီၫြတ္စြာေျပာင္းလဲၾကပါစို႔။
Credit to Ma Htwe