ဗဟုသုတ

ခွေးပျင်း နှင့် ဝက်ပျင်း (ဗဟုသုတရဖွယ် စာသားလေးပါ)

တစ်ခါတုန်းက လွင်ပြင်တစ်ခုမှာ ဝက်ကြီး တစ်ကောင် အစာရှာလှည့်နေသတဲ့။ အဲဒီအခါမှာ ခွေး တစ်ကောင်က ရောက်လာပြီး ဝက်ကြီးကို မြင်တာနဲ့ kiteစားမယ်ဆိုပြီး အပြေးလိုက်သတဲ့။ ဒါပေမယ့် တိတ်တိတ်ကလေး မလိုက်ဘဲ ခွေးသံပေးပြီး ဟောင်ဖွာဟောင်ဖွာနဲ့ လိုက်သတဲ့။

ဒါနဲ့ ဝက်ကြီးကလည်း နောက်ကို လှည့်ကြည့်လိုက်တော့ kiteစားဖို့ ခွေးလိုက်လာတာ မြင်တာနဲ့ အော်ပြီး ပြေးတော့တာပဲ။ အဲဒီလို ဝက်ကြီးက ရှေ့ကနေပြီး အတော်အတန် ပြေးလိုက်ရင်ပဲ နောက်ကလိုက်လာတဲ့ ခွေးက “ဟာ- မီမှာ မဟုတ်တော့ပါဘူး ဆိုပြီး ဆက်မလိုက်တော့ဘဲ အရှိန်လျော့ပြီး ရပ်နေရစ်သတဲ့။

ဒီအခါ ရှေ့ကပြေးနေတဲ့ ဝက်ကြီးကလည်း နောက်က ခွေးဆက်မလိုက်မှန်း သိတာနဲ့ “ဒီခွေးလောက်များ ဘာအရေးစိုက်စရာ လိုသေးသလဲ ဆိုတဲ့ သဘောနဲ့ ဆက်ပြီး မပြေးတော့ဘဲ အေးအေးဆေးဆေး အစာရှာနေတယ်။

အဲဒီအခါ ခွေးက အနီးရောက်လာပြီး တစ်ခါ kiteစားမယ်ဆိုပြီး အပြေးလိုက်ပြန်တယ်။ ခွေးကလိုက်ပြန်တော့ ဝက်ကြီးကလည်း ပြေးပြန်တာပါပဲ။ ဝက်ကြီး ပြေးပြီဆိုရင် ခွေးကလည်း ဆက်မလိုက်တော့ဘဲ ရပ်နေရစ်ရောတဲ့။

ဒီလိုနဲ့ ခွေးက လိုက် လိုက်၊ ဝက်က ပြေးလိုက် ပြေးလိုက်၊ ခွေးက ရပ်လိုက်၊ ဝက်က ရပ်လိုက်နဲ့ ဝက်ကြီးကလည်း တကယ် လွတ်ကျွတ်အောင် မပြေးဘူး၊ ခွေးကလည်း တကယ်မီအောင် မလိုက်ဘူး။ ခွေးရော ဝက်ကြီးပါ အပျင်းတွေချည်းပဲတဲ့။

ဤပုံပြင်အတိုင်းပင် လူ့စိတ်သဘာဝလည်း လောကဓံဒုက္ခခပ်ဆိုးဆိုးများ နောက်က ထပ်ကြပ်လိုက်လာမှ ကုသိုလ်ကို လုပ်လိုပေသည်။ ကုသိုလ်ကို အမြန် ပြေးယူလိုပေသည်။ တက်ကြွနိုးကြားလာတတ်ပေသည်။

လောကဓံဒုက္ခများ သက်သာရပ်တန့်သွားလျှင် ကုသိုလ်ကို မေ့သွားတတ်သည်။ အလုပ်လမ်းစ ပျောက်သွားတတ်သည်။ ပစ္စုပ္ပန် တမလွန် ကိုယ့်အကျိုးစီးပွား ကိုယ့်ကိစ္စများကို တိုးတက်အောင် မလုပ်လိုဘဲ အပို အလုပ်များ၊ အပျော်အပါးကိစ္စများဖြင့်သာ အချိန် ဖြုန်းတီးနေတတ်သည်။

ပုံပြင်ထဲက ဝက်ပျင်းပမာ လောကဓံဒုက္ခဆိုးများ မိမိနောက်က အဆက်မပြတ်လိုက်နေမှ ကုသိုလ်ကောင်းမှုကို အဆက်မပြတ် လုပ်တတ်သည့်သဘော သက်ရောက်နေတတ်ပေသည်။

အမှန်မှာ ဤသို့မဖြစ်သင့်ပေ။ `ဆင်းရဲ၏နောက် ချမ်းသာရောက် ဟူသော သဘောအရ ဆင်းရဲတွေ့လျှင် လက်မှိုင်ချမနေဘဲ ကြိုးစားရမည်ဖြစ်သကဲ့သို့ တကယ်တမ်း ချမ်းသာသုခ ဖြစ်ပေါ်လာသော ကာလတွင်လည်း မမေ့မလျော့ ကြိုးစားရမည် ဖြစ်ပေသည်။

လောက၏သဘာဝမှာ ကြီးမားသောချမ်းသာကို ရလိုလျှင် ချမ်းသာငယ်ကို ရဲရဲအနစ်နာခံ စွန့်ရမည်သာဖြစ်၍ ကြီးမားလှသောဆင်းရဲကို ကြောက်လျှင်လည်း ဆင်းရဲငယ်ကို ချုပ်တည်းအောင့်အည်း သည်းခံရမည်သာ ဖြစ်ပေသည်။

(တိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိက

ယော ဆရာတော်ကြီး) ရိုသေလျက် ခရက်ဒစ်

Zawgyi

တစ္ခါတုန္းက လြင္ျပင္တစ္ခုမွာ ဝက္ႀကီး တစ္ေကာင္ အစာရွာလွည့္ေနသတဲ့။ အဲဒီအခါမွာ ေခြး တစ္ေကာင္က ေရာက္လာၿပီး ဝက္ႀကီးကို ျမင္တာနဲ႔ kiteစားမယ္ဆိုၿပီး အေျပးလိုက္သတဲ့။ ဒါေပမယ့္ တိတ္တိတ္ကေလး မလိုက္ဘဲ ေခြးသံေပးၿပီး ေဟာင္ဖြာေဟာင္ဖြာနဲ႔ လိုက္သတဲ့။

ဒါနဲ႔ ဝက္ႀကီးကလည္း ေနာက္ကို လွည့္ၾကည့္လိုက္ေတာ့ kiteစားဖို႔ ေခြးလိုက္လာတာ ျမင္တာနဲ႔ ေအာ္ၿပီး ေျပးေတာ့တာပဲ။ အဲဒီလို ဝက္ႀကီးက ေရွ႕ကေနၿပီး အေတာ္အတန္ ေျပးလိုက္ရင္ပဲ ေနာက္ကလိုက္လာတဲ့ ေခြးက “ဟာ- မီမွာ မဟုတ္ေတာ့ပါဘူး ဆိုၿပီး ဆက္မလိုက္ေတာ့ဘဲ အရွိန္ေလ်ာ့ၿပီး ရပ္ေနရစ္သတဲ့။

ဒီအခါ ေရွ႕ကေျပးေနတဲ့ ဝက္ႀကီးကလည္း ေနာက္က ေခြးဆက္မလိုက္မွန္း သိတာနဲ႔ “ဒီေခြးေလာက္မ်ား ဘာအေရးစိုက္စရာ လိုေသးသလဲ ဆိုတဲ့ သေဘာနဲ႔ ဆက္ၿပီး မေျပးေတာ့ဘဲ ေအးေအးေဆးေဆး အစာရွာေနတယ္။

အဲဒီအခါ ေခြးက အနီးေရာက္လာၿပီး တစ္ခါ kiteစားမယ္ဆိုၿပီး အေျပးလိုက္ျပန္တယ္။ ေခြးကလိုက္ျပန္ေတာ့ ဝက္ႀကီးကလည္း ေျပးျပန္တာပါပဲ။ ဝက္ႀကီး ေျပးၿပီဆိုရင္ ေခြးကလည္း ဆက္မလိုက္ေတာ့ဘဲ ရပ္ေနရစ္ေရာတဲ့။

ဒီလိုနဲ႔ ေခြးက လိုက္ လိုက္၊ ဝက္က ေျပးလိုက္ ေျပးလိုက္၊ ေခြးက ရပ္လိုက္၊ ဝက္က ရပ္လိုက္နဲ႔ ဝက္ႀကီးကလည္း တကယ္ လြတ္ကြၽတ္ေအာင္ မေျပးဘူး၊ ေခြးကလည္း တကယ္မီေအာင္ မလိုက္ဘူး။ ေခြးေရာ ဝက္ႀကီးပါ အပ်င္းေတြခ်ည္းပဲတဲ့။

ဤပုံျပင္အတိုင္းပင္ လူ႔စိတ္သဘာဝလည္း ေလာကဓံဒုကၡခပ္ဆိုးဆိုးမ်ား ေနာက္က ထပ္ၾကပ္လိုက္လာမွ ကုသိုလ္ကို လုပ္လိုေပသည္။ ကုသိုလ္ကို အျမန္ ေျပးယူလိုေပသည္။ တက္ႂကြႏိုးၾကားလာတတ္ေပသည္။

ေလာကဓံဒုကၡမ်ား သက္သာရပ္တန္႔သြားလွ်င္ ကုသိုလ္ကို ေမ့သြားတတ္သည္။ အလုပ္လမ္းစ ေပ်ာက္သြားတတ္သည္။ ပစၥဳပၸန္ တမလြန္ ကိုယ့္အက်ိဳးစီးပြား ကိုယ့္ကိစၥမ်ားကို တိုးတက္ေအာင္ မလုပ္လိုဘဲ အပို အလုပ္မ်ား၊ အေပ်ာ္အပါးကိစၥမ်ားျဖင့္သာ အခ်ိန္ ျဖဳန္းတီးေနတတ္သည္။

ပုံျပင္ထဲက ဝက္ပ်င္းပမာ ေလာကဓံဒုကၡဆိုးမ်ား မိမိေနာက္က အဆက္မျပတ္လိုက္ေနမွ ကုသိုလ္ေကာင္းမႈကို အဆက္မျပတ္ လုပ္တတ္သည့္သေဘာ သက္ေရာက္ေနတတ္ေပသည္။

အမွန္မွာ ဤသို႔မျဖစ္သင့္ေပ။ `ဆင္းရဲ၏ေနာက္ ခ်မ္းသာေရာက္ ဟူေသာ သေဘာအရ ဆင္းရဲေတြ႕လွ်င္ လက္မႈိင္ခ်မေနဘဲ ႀကိဳးစားရမည္ျဖစ္သကဲ့သို႔ တကယ္တမ္း ခ်မ္းသာသုခ ျဖစ္ေပၚလာေသာ ကာလတြင္လည္း မေမ့မေလ်ာ့ ႀကိဳးစားရမည္ ျဖစ္ေပသည္။

ေလာက၏သဘာဝမွာ ႀကီးမားေသာခ်မ္းသာကို ရလိုလွ်င္ ခ်မ္းသာငယ္ကို ရဲရဲအနစ္နာခံ စြန္႔ရမည္သာျဖစ္၍ ႀကီးမားလွေသာဆင္းရဲကို ေၾကာက္လွ်င္လည္း ဆင္းရဲငယ္ကို ခ်ဳပ္တည္းေအာင့္အည္း သည္းခံရမည္သာ ျဖစ္ေပသည္။

(တိပိဋကဓရ၊ ဓမၼဘ႑ာဂါရိက

ေယာ ဆရာေတာ္ႀကီး) ႐ိုေသလ်က္ ခရက္ဒစ္

Zawgyi