ဗဟုသုတ

လျှပ်စစ်မီးဖိုသုံးရင် ဒါလေးတွေကို သတိပြုပါ

လျှပ်စစ်မီးဖိုသုံးရင်ဒါလေးတွေကိုသတိပြုပါ

ဒီဂျစ်တယ်မီးဖို အသုံးပြုသူများ အန္တရာယ်ကင်းကင်းနဲ့ ကြာရှည်ခံအောင်အသုံးပြုနိုင်ဖို့ သိထားသင့်တဲ့ အချက်လေး(၅) ချက်

အိမ်ရှင်မ အိမ်ရှင်ထီးတို့အတွက် အသုံးတည့်မယ်လို့ ယုံကြည်လို့ ဒီဂျစ်တယ်မီးဖို အသုံးပြုရာမှာ အန္တရာယ်ကင်းကင်းနဲ့ ကြာရှည်ခံအောင်အသုံးပြုနိုင်ဖို့ ဗဟုသုတအနေနဲ့ မျှဝေဖော်ပြပေးလိုက်ပါတယ်။

(၁) ဒီဂျစ်တယ်မီးဖို တော်တော်များများ က 2000 W, 2200 W ရှိလို့ (လုံးဝ) Extension ကြိုးခွေများနဲ့ မသုံးသင့်ပါဘူး။

(၂) တော်တော်များများက “on/off” နှိပ်ပြီးရင် တန်းပြီး လာပေမယ့် တစ်ချို့ အလုံးတွေက “ON” နှိပ်ပြီးတဲ့အပြင် “stand by” သို့မဟုတ် “Function” ခလုတ် တစ်ခုခုကိုပါ နှိပ်ဖို့လိုပါတယ်။

ထွေထွေထူးထူး မဟုတ်ပေမယ့် ဆိုင်က သေချာ ရှင်းပြလိုက်ရင်တောင် အိမ်ရောက်မှ ပြန်လာတာမျိုး ဖုန်းဆက်မေးတာမျိုး ဖြစ်ဖူးနေလို့ပါ။

(၃) ဒီဂျစ်တယ်မီးဖို တိုင်းမှာ “Function” တွေအစုံ ပြထား ရေးထားပေမယ့် တကယ်သုံးသင့်တာက ကိုယ်ချက်တဲ့ ဟင်းအပေါ် ဆီပူအပေါ် မူတည်ပြီး ‘(+ , -)’ အတိုးအလျှော့ လုပ်ပေးရင်း ချက်တာက

ကျွန်တော်တို့ အိမ်ရှင်ထီး အိမ်ရှင်မတွေ အတွက် ပိုအဆင်ပြေ သင့်တော်ပါတယ်။

(၄) “တရုတ်မိတ်တွေက ခဏ ခဏ အပျက်မြန်တယ်” “အကောင်းဝယ်လည်း မထူးပါဘူး” ဆိုတဲ့ အသံတွေအတွက်တော့ အရေးကြီးဆုံး ဒီနည်းလေးကို မမေ့စေချင်ပါဘူး။

ဒီဂျစ်တယ်မီးဖို တော်တော်များများက “Auto-Off” အလိုလျောက် ပိတ်ပေးတဲ့ စနစ်ပါဝင်ပါတယ်။ ဈေးကွက်ထဲက ဈေးအပေါဆုံး ဒီဂျစ်တယ်ဖိုကတော့ မပါဝင်ပါဘူး။

သို့သော် အခုပြောမယ့် အချက်လေးကိုတော့ အလိုအလျောက် ပိတ်တဲ့ စနစ် ပါပါ မပါပါ အသုံးပြုပေးဖို့ တိုက်တွန်းပေးချင်ပါတယ်နော်။

ချက်ပြီးပြီ ဆိုတာနဲ့ ပလပ် ကို ချက်ချင်း မဖြုတ်ပါနဲ့။ “on/off” ခလုတ်နှိပ်ပြီးသာ ပိတ်ပါ။ ပန် ကာက ဆက်လည်နေပါလိမ့်မယ်။

အလိုလျောက် ပိတ်တဲ့ စနစ်ပါဝင်တဲ့ မီးဖိုတွေက အချိန်ကြာလို့ လေပူပြန်ထုတ်တာ ‘ဝ’ သွားရင် အလိုလို ပိတ်သွားပါလိမ့်မယ်။

ပန်ကာလည်တဲ့ ကြာချိန် (အပူထုတ်တဲ့ကြာချိန်)က မိမိ ချက်ခဲ့တဲ့ အချိန်ပေါ် မူတည်ပြီး ကွာဟနိုင်ကြပါတယ်။

ပန်ကာရပ်ပြီး အသံမကြားတော့တဲ့အချိန်မှာ ပလပ်ကိုဖြုတ်ပေးပါ။

အကယ်၍ အလိုလျောက်ပိတ်တဲ့ စနစ်မပါရင်လည်း တော်တော် ကြာကြာထားပြီးမှ ပလပ်ကိုဖြုတ်ပါ။

ဒီနည်းက တကယ်ရေရှည်သုံးမယ့် အိမ်ရှင်ထီး အိမ်ရှင်မတွေ အတွက် အကောင်းဆုံးနည်းလမ်းလေးလို့ ညွှန်ပေးချင်ပါတယ်။

(၅) ချက်ပြီးပြီးချင်း တော့ အလယ် မီးပူနေရာကို သွားမကိုင်ဖို့ကတော့ အထူးပြောနေစရာ မလိုဘူးထင်ပေမယ့် အေးသွားလို့ သန့်ရှင်းရေးလုပ်ချင်တယ်ဆိုရင်တော့ ရေစိုဝတ် အခြောက် (သို့မ ဟုတ်) ဖေါ့ဖတ်လေးကို အသုံးပြုစေချင်ပါတယ်။

ဒီလောက်ဆိုရင်တော့ အိမ်ရှင်မ.. အိမ်ရှင်ထီးများ.. ဒီဂျစ်တယ်မီးဖိုကို ဘယ်လို ရေရှည်ခံအောင် သုံးမလဲဆိုတဲ့ အသုံးပြုပုံလေးတွေကို သိသွား တတ်သွားပြီလို့ အထူး ယုံကြည်ပါတယ်…။

ခုရေးသားထားတဲ့ အကြောင်းရာတွေက မိတ် ဆွေ သူငယ်ချင်းများအတွက် အကျိုးကျေးဇူးတစ်ခုရတယ်ဆိုရင်ပဲ ကျေနပ်ပါပြီနော်..။

ကျေးဇူးတင်ပါတယ်။

Zawgyi

crd-original writer