လူတစ်ယောက်ကို စစတွေ့ချင်းစက္ကန့် (၃၀) မှာ သင့်ကို အထင်ကြီးသွားအောင် ဖန်တီးလို့ရတယ်လို့ ပြောပါတယ်။ ပြီးတော့ နှုတ်ကနေ ပြောလိုက်တဲ့ စကားတွေထက် ခန္ဒာကိုယ် အမူအရာက ပိုပြီးအရေးကြီး နေပါသေးတယ်။
ဒါကြောင့် ကိုယ်အမူအရာ အမှားတွေကို ပြုပြင်ပြီးတော့ သူစိမ်းတစ်ယောက်က အထင်ကြီးလာအောင် လုပ်သင့်ပါတယ်။
လူတစ်ယောက်က ကိုယ့်ကို အထင်အမြင်သေးသွားတာကို ပြန်ပြုပြင်ဖို့ မလွယ်ကူပါဘူး။ ဘယ်လို ကိုယ်အမူအရာတွေက တစ်ဖက်သူကို စော်ကားသလို ဖြစ်နေလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်နော်။
၁။ နာရီခဏခဏ ကြည့်ခြင်း
ဒီလို နာရီခဏခဏကြည့်တာဟာ သင်က သူတို့နှင့် စကားပြောရတာကို စိတ်မပါကြောင်း ပြသလို ဖြစ်သွားပြီးတော့ ဒီနေရာကနေ ထွက်သွားချင်နေတဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။ သင်တကယ် သွားစရာရှိတဲ့အခါ ပွင့်ပွင့်လင်းလင်း ပြောဆိုပါ။
ပြီးတော့ ဖုန်းမှာလဲ alarm တစ်ခု ပေးထားလိုက်ပါ။ ဒီလိုလုပ်ခြင်းဟာ သူတို့ကို အလေးထားရာ ရောက်ပါတယ်။ ပြီးတော့ လူတွေဟာအခြေအနေတစ်ခုခု (သို့) ပြဿနာ တစ်ခုခုကို သတိထားမိတဲ့အခါ ပိုပြီးနားလည်မှုပေးလေ့ ရှိပါတယ်။
၂။ လက်ဆွဲနှုတ်ဆက်တဲ့အခါ အားမပါခြင်း
လက်ဆွဲနှုတ်ဆက်တဲ့အခါ ပျော့တိပျော့ရွဲနဲ့ အားမထည့်ပဲ နှုတ်ဆက်တာက တစ်ဖက်သူကို ဂရုမစိုက်သလို အခြေအနေမျိုး ဖြစ်စေပါတယ်။
သင့်လုပ်ငန်းခွင်မှ တစ်စုံတစ်ယောက်က သင့်ကို ဒီလိုနှုတ်ဆက်တယ် ဆိုလည်း သဘောကျမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ခိုင်မာတဲ့ (အရမ်းလည်း အားမပြင်းတဲ့) အားနဲ့ နှုတ်ဆက်တာက တစ်ဖက်လူကို သင်ဟာ စေ့စပ်ပြီး သေချာတဲ့လူလို့ ခံစားရစေနိုင်ပါတယ်။
ပြီးတော့ နွေးထွေးတဲ့ မျက်လုံးနဲ့ အကြည့်ချင်းဆုံအောင် လိုက်ကြည့်ပါ။ အလွန်အကျွံ ကြည့်မိရင်တော့ တစ်ဖက်လူက အနေရခက်နေပါလိမ့်မယ်။
၃။ ဖုန်း (သို့) လက်ထဲမှာ တစ်ခုခု ကိုင်ထားခြင်း
တစ်ယောက်ယောက်က စကားလာပြောပြီဆိုရင် သင်ဖုန်းကိုင်နေတာပဲဖြစ်ဖြစ်၊ စာအုပ် ဖတ်နေတာပဲဖြစ်ဖြစ် လက်ထဲမှာရှိတဲ့ အရာကို စားပွဲပေါ်သို့ တင်လိုက်သင့်ပါတယ်။
ဒီလို တင်လိုက်တာဟာ တစ်ဖက်သူကို အလေးထားသလို ဖြစ်သွားပြီးတော့ သင်တို့ကြားထဲမှာလည်း စကားပြောရတာ ပိုအဆင်ပြေစေပါလိမ့်မယ်။ ဟိုဘက်ကလူကလည်း သူ့ကို အလေးပေးတယ်လို့ သတ်မှတ်ပြီးတော့ သင်တို့ကြား ရင်းနှီးမှုတွေ တိုးလာစေမှာပါ။
၄။ အရမ်း နီးနီးကပ်ကပ်နေခြင်း
လူတစ်ဦးရဲ့ ကိုယ်ပိုင်နေရာဟာ ၁.၅ မှ ၄ ပေ ( ၄၅ စင်တီမီတာမှ ၁၂၂ စင်တီမီတာ ) အထိရှိပြီး အခြားလူတစ်ယောက်က သင့်ရဲ့ခွင့်ပြုချက်မရှိပဲ သင့်အနားမကပ်သင့်တဲ့ အကွာအဝေးပဲ ဖြစ်ပါတယ်။
ဒီအကွာအဝေးတွေကို မသိပဲ လူတစ်ယောက်နား အရမ်းကပ်သွားရင် သင့်ကို ယဉ်ကျေးမှု မရှိတဲ့သူလို့ ထင်သွားနိုင်တဲ့အပြင် သူတို့ကို ရန်လိုမလားလို့တောင် တွေးမိသွားနိုင်ပါတယ်။ ဒါကြောင့် တစ်စုံတစ်ယောက်နဲ့ တွေ့ပြီဆိုရင် သူတို့ဘက်က ချည်းကပ်လာတာကိုပဲ အရင်စောင့်သင့်ပါတယ်။
၅။ အင်္ကျီကို ခဏခဏ ကိုင်နေခြင်း
လူတွေဟာ တစ်ခါတစ်လေမှာ အင်္ကျီမှာပါတဲ့ အမွှေးစလေးတွေကို အငြိမ်မနေပဲ ဆွဲထုတ်လေ့ ရှိပါတယ်။ ဒီလိုလုပ်တာက သင့်ကို တစ်ဖက်သားက တော်တော်ကို အထင်သေးစေနိုင်ပြီးတော့ သူ့ကိုလည်း စိတ်မဝင်စားဘူး ဆိုတဲ့ သဘောလည်း ဖြစ်နေပါတယ်။ သူ့ကိုလည်း လေးစားတဲ့ အမူအရာမျိုး ဖြစ်မနေတာကြောင့် သင့်ကိုလည်း ပြန်ပြီး အထင်သေးသွားနိုင်ပါတယ်။
၆။ လက်များကို ပွတ်သပ်နေခြင်း
တစ်စုံတစ်ဦးက တစ်ခုခုကို တင်ပြနေတဲ့အချိန် (ဒါမှမဟုတ်) သူတို့ရဲ့ စိတ်ကူးတွေကို ဖော်ပြနေတဲ့အချိန်မှာ သင့်လက်တွေကို ပွတ်သတ်နေတာက မကောင်းပါဘူး။
သင်က ဒီလိုတွေ လုပ်နေတာကြောင့် ရှင်းပြနေတဲ့သူက သူတို့ဘာများ မှားသွားလို့လဲ ဆိုတဲ့ အတွေးတွေ ဝင်လာပြီးတော့ သူတို့ရဲ့စိတ်ကူးတွေ စကားတွေ အလွဲလွဲအချော်ချော် ဖြစ်သွားနိုင်ပါတယ်။
ဒီအမူအရာက negative ဆန်စေပြီးတော့ ဖြစ်နိုင်ရင် သင့်လက်တွေကို စားပွဲခုံအောက်မှာပဲဖြစ်ဖြစ်၊ ပေါင်ပေါ်မှာပဲဖြစ်ဖြစ် တင်ထားသင့်ပါတယ်။
၇။ သင့်ရဲ့ခြေထောက်ကို သတိထားပါ။
ခြေထောက်တွေက သင်ခန္ဓာကိုယ်ရဲ့ သွားချင်နေတဲ့နေရာကို အမြဲလှည့်နေလေ့ ရှိပါတယ်။ ပြီးတော့ တစ်စုံတစ်ယောက်နဲ့ စကားပြောရင် သူတို့ဘက်ကို ခြေဦးလှည့်ထားတာက သူတို့ကို အလေးပေးတယ်လို့ ခံစားရစေပါတယ်။ သင်တစ်နေရာရာကို အရမ်း သွားချင်နေပေမယ့်လည်း သူတို့ပြောတာကို ရပ်ပြီးနားထောင်ပေးတာက သင့်ကို သူတို့စိတ်ထဲမှာ စွဲနေစေပါလိမ့်မယ်။
၈။ ခုံရဲ့ အစွန်မှာထိုင်ခြင်း
စီးပွားရေး အစည်းအဝေး (သို့) ညစာစားပွဲမှာ သင်ထိုင်တဲ့ပုံစံက လူတွေအားလုံးကို message တွေ ပေးနိုင်ပါတယ်။ တကယ်လို့ သင်ဟာ ထိုင်ခုံရဲ့ အစွန်မှာထိုင်နေတယ် ဆိုရင်တော့ သင်ဟာ စိတ်မသက်မသာ ဖြစ်တာကို ခံစားနေရပြီး မိမိကိုယ်မိမိ ယုံကြည်ချက် ပျောက်ဆုံးနေတယ် ဆိုတာကို ဖော်ပြနေသလိုပါပဲ။
ဒါကြောင့် ခုံပေါ်မှာထိုင်ရင် သက်တောင့်သက်သာနဲ့ ကိုယ်နေကိုယ်ထား ဖြောင့်မတ်နေဖို့ လိုပါတယ်။ ဤနည်းအားဖြင့် သင်ဟာသင်ရဲ့ ယုံကြည်မှုနှင့် သင့်စိတ်ကူးတွေ ကိုယုံကြည်ကြောင်း လူတိုင်းကို ပြသလို ဖြစ်နေပါလိမ့်မယ်။
၉။ တစ်ဖက်လူရဲ့ အမူအရာတိုင်း လိုက်မလုပ်ခြင်း
စက်ရုပ်တွေလိုမျိုးတော့ တစ်ဖက်လူရဲ့ အမူအရာအတိုင်း လိုက်လုပ်ခိုင်းတာတော့ မဟုတ်ပါဘူး။ ပြီးတော့ တစ်ဖက်က ဒေါသထွက်ရင် ကိုယ်ပါလိုက်ထွက်ခိုင်းတာမျိုး မဟုတ်ပါဘူး။
တစ်ဖက်က ရယ်ပြီးစကားပြောရင် ကိုယ့်ဘက်ကနေ ရယ်ပြီးပြန်ဖြေတာမျိုးကို ဆိုလိုတာပါ။ ဒီလို လုပ်တာဟာ သူတို့ကသင့်ရဲ့ထောက်ခံမှုနဲ့ ယုံကြည်မှုကို ရတယ်လို့ ခံစားရစေပြီး သူတို့ပြောနေတာတွေကို ပိုလို့တောင် ယုံကြည်မှု ရသွားစေပါတယ်။
for zawgyi
တစ္ဖက္လူက သင့္ကို အထင္ေသးသြားေစမယ့္ အျပဳအမူ (၉) ခု
လူတစ္ေယာက္ကို စစေတြ႕ခ်င္းစကၠန႔္ (၃၀) မွာ သင့္ကို အထင္ႀကီးသြားေအာင္ ဖန္တီးလို႔ရတယ္လို႔ ေျပာပါတယ္။ ၿပီးေတာ့ ႏႈတ္ကေန ေျပာလိုက္တဲ့ စကားေတြထက္ ခႏၵာကိုယ္ အမူအရာက ပိုၿပီးအေရးႀကီး ေနပါေသးတယ္။
ဒါေၾကာင့္ ကိုယ္အမူအရာ အမွားေတြကို ျပဳျပင္ၿပီးေတာ့ သူစိမ္းတစ္ေယာက္က အထင္ႀကီးလာေအာင္ လုပ္သင့္ပါတယ္။ လူတစ္ေယာက္က ကိုယ့္ကို အထင္အျမင္ေသးသြားတာကို ျပန္ျပဳျပင္ဖို႔ မလြယ္ကူပါဘူး။ ဘယ္လို ကိုယ္အမူအရာေတြက တစ္ဖက္သူကို ေစာ္ကားသလို ျဖစ္ေနလဲ ဆိုတာကို ေျပာျပေပးခ်င္ပါတယ္ေနာ္။
၁။ နာရီခဏခဏ ၾကည့္ျခင္း
ဒီလို နာရီခဏခဏၾကည့္တာဟာ သင္က သူတို႔ႏွင့္ စကားေျပာရတာကို စိတ္မပါေၾကာင္း ျပသလို ျဖစ္သြားၿပီးေတာ့ ဒီေနရာကေန ထြက္သြားခ်င္ေနတဲ့ ပုံစံမ်ိဳး ျဖစ္ေနပါတယ္။
သင္တကယ္ သြားစရာရွိတဲ့အခါ ပြင့္ပြင့္လင္းလင္း ေျပာဆိုပါ။ ၿပီးေတာ့ ဖုန္းမွာလဲ alarm တစ္ခု ေပးထားလိုက္ပါ။ ဒီလိုလုပ္ျခင္းဟာ သူတို႔ကို အေလးထားရာ ေရာက္ပါတယ္။
ၿပီးေတာ့ လူေတြဟာအေျခအေနတစ္ခုခု (သို႔) ျပႆနာ တစ္ခုခုကို သတိထားမိတဲ့အခါ ပိုၿပီးနားလည္မႈေပးေလ့ ရွိပါတယ္။
၂။ လက္ဆြဲႏႈတ္ဆက္တဲ့အခါ အားမပါျခင္း
လက္ဆြဲႏႈတ္ဆက္တဲ့အခါ ေပ်ာ့တိေပ်ာ့႐ြဲနဲ႔ အားမထည့္ပဲ ႏႈတ္ဆက္တာက တစ္ဖက္သူကို ဂ႐ုမစိုက္သလို အေျခအေနမ်ိဳး ျဖစ္ေစပါတယ္။
သင့္လုပ္ငန္းခြင္မွ တစ္စုံတစ္ေယာက္က သင့္ကို ဒီလိုႏႈတ္ဆက္တယ္ ဆိုလည္း သေဘာက်မွာ မဟုတ္ပါဘူး။ ဒါ့ေၾကာင့္ ခိုင္မာတဲ့ (အရမ္းလည္း အားမျပင္းတဲ့) အားနဲ႔ ႏႈတ္ဆက္တာက တစ္ဖက္လူကို သင္ဟာ ေစ့စပ္ၿပီး ေသခ်ာတဲ့လူလို႔ ခံစားရေစႏိုင္ပါတယ္။
ၿပီးေတာ့ ေႏြးေထြးတဲ့ မ်က္လုံးနဲ႔ အၾကည့္ခ်င္းဆုံေအာင္ လိုက္ၾကည့္ပါ။ အလြန္အကြၽံ ၾကည့္မိရင္ေတာ့ တစ္ဖက္လူက အေနရခက္ေနပါလိမ့္မယ္။
၃။ ဖုန္း (သို႔) လက္ထဲမွာ တစ္ခုခု ကိုင္ထားျခင္း
တစ္ေယာက္ေယာက္က စကားလာေျပာၿပီဆိုရင္ သင္ဖုန္းကိုင္ေနတာပဲျဖစ္ျဖစ္၊ စာအုပ္ ဖတ္ေနတာပဲျဖစ္ျဖစ္ လက္ထဲမွာရွိတဲ့ အရာကို စားပြဲေပၚသို႔ တင္လိုက္သင့္ပါတယ္။
ဒီလို တင္လိုက္တာဟာ တစ္ဖက္သူကို အေလးထားသလို ျဖစ္သြားၿပီးေတာ့ သင္တို႔ၾကားထဲမွာလည္း စကားေျပာရတာ ပိုအဆင္ေျပေစပါလိမ့္မယ္။ ဟိုဘက္ကလူကလည္း သူ႔ကို အေလးေပးတယ္လို႔ သတ္မွတ္ၿပီးေတာ့ သင္တို႔ၾကား ရင္းႏွီးမႈေတြ တိုးလာေစမွာပါ။
၄။ အရမ္း နီးနီးကပ္ကပ္ေနျခင္း
လူတစ္ဦးရဲ႕ ကိုယ္ပိုင္ေနရာဟာ ၁.၅ မွ ၄ ေပ ( ၄၅ စင္တီမီတာမွ ၁၂၂ စင္တီမီတာ ) အထိရွိၿပီး အျခားလူတစ္ေယာက္က သင့္ရဲ႕ခြင့္ျပဳခ်က္မရွိပဲ သင့္အနားမကပ္သင့္တဲ့ အကြာအေဝးပဲ ျဖစ္ပါတယ္။
ဒီအကြာအေဝးေတြကို မသိပဲ လူတစ္ေယာက္နား အရမ္းကပ္သြားရင္ သင့္ကို ယဥ္ေက်းမႈ မရွိတဲ့သူလို႔ ထင္သြားႏိုင္တဲ့အျပင္ သူတို႔ကို ရန္လိုမလားလို႔ေတာင္ ေတြးမိသြားႏိုင္ပါတယ္။ ဒါေၾကာင့္ တစ္စုံတစ္ေယာက္နဲ႔ ေတြ႕ၿပီဆိုရင္ သူတို႔ဘက္က ခ်ည္းကပ္လာတာကိုပဲ အရင္ေစာင့္သင့္ပါတယ္။
၅။ အက်ႌကို ခဏခဏ ကိုင္ေနျခင္း
လူေတြဟာ တစ္ခါတစ္ေလမွာ အက်ႌမွာပါတဲ့ အေမႊးစေလးေတြကို အၿငိမ္မေနပဲ ဆြဲထုတ္ေလ့ ရွိပါတယ္။ ဒီလိုလုပ္တာက သင့္ကို တစ္ဖက္သားက ေတာ္ေတာ္ကို အထင္ေသးေစႏိုင္ၿပီးေတာ့ သူ႔ကိုလည္း စိတ္မဝင္စားဘူး ဆိုတဲ့ သေဘာလည္း ျဖစ္ေနပါတယ္။ သူ႔ကိုလည္း ေလးစားတဲ့ အမူအရာမ်ိဳး ျဖစ္မေနတာေၾကာင့္ သင့္ကိုလည္း ျပန္ၿပီး အထင္ေသးသြားႏိုင္ပါတယ္။
၆။ လက္မ်ားကို ပြတ္သပ္ေနျခင္း
တစ္စုံတစ္ဦးက တစ္ခုခုကို တင္ျပေနတဲ့အခ်ိန္ (ဒါမွမဟုတ္) သူတို႔ရဲ႕ စိတ္ကူးေတြကို ေဖာ္ျပေနတဲ့အခ်ိန္မွာ သင့္လက္ေတြကို ပြတ္သတ္ေနတာက မေကာင္းပါဘူး။
သင္က ဒီလိုေတြ လုပ္ေနတာေၾကာင့္ ရွင္းျပေနတဲ့သူက သူတို႔ဘာမ်ား မွားသြားလို႔လဲ ဆိုတဲ့ အေတြးေတြ ဝင္လာၿပီးေတာ့ သူတို႔ရဲ႕စိတ္ကူးေတြ စကားေတြ အလြဲလြဲအေခ်ာ္ေခ်ာ္ ျဖစ္သြားႏိုင္ပါတယ္။ ဒီအမူအရာက negative ဆန္ေစၿပီးေတာ့ ျဖစ္ႏိုင္ရင္ သင့္လက္ေတြကို စားပြဲခုံေအာက္မွာပဲျဖစ္ျဖစ္၊ ေပါင္ေပၚမွာပဲျဖစ္ျဖစ္ တင္ထားသင့္ပါတယ္။
၇။ သင့္ရဲ႕ေျခေထာက္ကို သတိထားပါ။
ေျခေထာက္ေတြက သင္ခႏၶာကိုယ္ရဲ႕ သြားခ်င္ေနတဲ့ေနရာကို အၿမဲလွည့္ေနေလ့ ရွိပါတယ္။ ၿပီးေတာ့ တစ္စုံတစ္ေယာက္နဲ႔ စကားေျပာရင္ သူတို႔ဘက္ကို ေျခဦးလွည့္ထားတာက သူတို႔ကို အေလးေပးတယ္လို႔ ခံစားရေစပါတယ္။
သင္တစ္ေနရာရာကို အရမ္း သြားခ်င္ေနေပမယ့္လည္း သူတို႔ေျပာတာကို ရပ္ၿပီးနားေထာင္ေပးတာက သင့္ကို သူတို႔စိတ္ထဲမွာ စြဲေနေစပါလိမ့္မယ္။
၈။ ခုံရဲ႕ အစြန္မွာထိုင္ျခင္း
စီးပြားေရး အစည္းအေဝး (သို႔) ညစာစားပြဲမွာ သင္ထိုင္တဲ့ပုံစံက လူေတြအားလုံးကို message ေတြ ေပးႏိုင္ပါတယ္။ တကယ္လို႔ သင္ဟာ ထိုင္ခုံရဲ႕ အစြန္မွာထိုင္ေနတယ္ ဆိုရင္ေတာ့ သင္ဟာ စိတ္မသက္မသာ ျဖစ္တာကို ခံစားေနရၿပီး မိမိကိုယ္မိမိ ယုံၾကည္ခ်က္ ေပ်ာက္ဆုံးေနတယ္ ဆိုတာကို ေဖာ္ျပေနသလိုပါပဲ။
ဒါေၾကာင့္ ခုံေပၚမွာထိုင္ရင္ သက္ေတာင့္သက္သာနဲ႔ ကိုယ္ေနကိုယ္ထား ေျဖာင့္မတ္ေနဖို႔ လိုပါတယ္။ ဤနည္းအားျဖင့္ သင္ဟာသင္ရဲ႕ ယုံၾကည္မႈႏွင့္ သင့္စိတ္ကူးေတြ ကိုယုံၾကည္ေၾကာင္း လူတိုင္းကို ျပသလို ျဖစ္ေနပါလိမ့္မယ္။
၉။ တစ္ဖက္လူရဲ႕ အမူအရာတိုင္း လိုက္မလုပ္ျခင္း
စက္႐ုပ္ေတြလိုမ်ိဳးေတာ့ တစ္ဖက္လူရဲ႕ အမူအရာအတိုင္း လိုက္လုပ္ခိုင္းတာေတာ့ မဟုတ္ပါဘူး။ ၿပီးေတာ့ တစ္ဖက္က ေဒါသထြက္ရင္ ကိုယ္ပါလိုက္ထြက္ခိုင္းတာမ်ိဳး မဟုတ္ပါဘူး။
တစ္ဖက္က ရယ္ၿပီးစကားေျပာရင္ ကိုယ့္ဘက္ကေန ရယ္ၿပီးျပန္ေျဖတာမ်ိဳးကို ဆိုလိုတာပါ။ ဒီလို လုပ္တာဟာ သူတို႔ကသင့္ရဲ႕ေထာက္ခံမႈနဲ႔ ယုံၾကည္မႈကို ရတယ္လို႔ ခံစားရေစၿပီး သူတို႔ေျပာေနတာေတြကို ပိုလို႔ေတာင္ ယုံၾကည္မႈ ရသြားေစပါတယ္။
crd-original writer