လူသိနည္းတဲ့ ဗိုလ္ခ်ဳပ္ရဲ႕ ပါရမီျဖည့္ဖက္ ေဒၚခင္ၾကည္ အေၾကာင္းအျပည့္အစုံ
မ်က္ေမွာက္ကာလအထိ ျမန္မာႏိုင္ငံ၏ တစ္ဦးတည္းေသာအမ်ိဳးသမီးသံအမတ္ႀကီးအျဖစ္ ေမာ္ကြန္းထိုးခံခဲ့ရသူမွာ ဗိုလ္ခ်ဳပ္ကေတာ္ မဟာသီရိသုဓမၼဘြဲ႕ခံ ေဒၚခင္ၾကည္ျဖစ္သည္။ဗိုလ္ခ်ဳပ္ေအာင္ဆန္းသည္ မသမာသူလူတစ္ခု၏ လုပ္ႀကံသတ္ျဖတ္ျခင္းခံခဲ့ရၿပီးေနာက္ ေဒၚခင္ၾကည္သည္ ခင္ပြန္းသည္ခ်မွတ္ခဲ့ေသာတိုင္းျပဳျပည္ျပဳလုပ္ငန္းမ်ားအမ်ိဳးသားေရး ရည္မွန္းခ်က္မ်ားကို ဆက္လက္ထိန္းသိမ္း ေဆာင္႐ြက္ခဲ့သည္။
ေဒၚခင္ၾကည္
သို႔ကလို ၎၏ဘ၀တေလွ်ာက္လုံးတြင္ တိုင္းျပည္အက်ိဳးကိုရည္စူး၍ ျမင့္ျမတ္ေသာ အက်င့္သိကၡာ၊ ကိုယ္က်ိဳးစြန္႔လြတ္မႈႏွင့္ ႐ိုးသားတည္ ၾကည္မွန္ကန္မႈတို႔ကို အၿမဲတေစ ဦးထိပ္ထား အေရးေပးခံခဲ့ရေသာ ေဒၚခင္ၾကည္ကို ဧရာ၀တီတိုင္း၊ ေျမာင္းျမၿမိဳ႕၌ အဖ ျပည္သူ႔လုပ္ငန္း၀န္ထမ္း ဦးမိုးညႇင္း၊ အမိေဒၚဖြားစုတို႔မွ (၁၉၁၂) ခုႏွစ္ ဧၿပီလ (၁၆) ရက္အဂါေနၤ့တြင္ ဖြားျမင္ခဲ့သည္။ ေမြးခ်င္း (၉)ဦး အနက္ သတၱမေျမာက္ ျဖစ္သည္။ ေဒၚခင္ၾကည္သည္ ေမြးခ်င္းေမာင္ႏွမမ်ားမွာ
၁။ ဦဘလြင္၂။ ေဒၚခင္ေသာင္း၃။ ဦးေမာင္ (ငယ္စဥ္ကကြယ္လြန္)၄။ ဦးဘေက်ာ္၅။ ေဒၚခင္ႀကီး (ဗကပဥကၠဌ သခင္သန္းထြန္း၏ဇနီး)၆။ ေဒၚခင္တင့္ (ဦးသိန္းလွဇနီး)၇။ ေဒၚခင္ၾကည္ (ဗိုလ္ခ်ဳပ္ကေတာ္)၈။ ဦးသိန္း (လူပ်ိဳႀကီး)၉။ ေဒၚမမႀကီး (ေခၚ) ေဒၚအမာ (ေကာက္ပဲသီးႏွံမင္းႀကီး ဦးတင္ေအာင္ (ေခၚ) ဦးေဂ်ာ္နီ၏ဇနီး) တို႔ျဖစ္ပါသည္။
ငယ္စဥ္ကေျမာင္းျမၿမိဳ႕တြင္ (၇) တန္းအထိပညာသင္ခဲ့သည္။ ရန္ကုန္ၾကည့္ျမင္တိုင္ ABM မိန္းကေလးေက်ာင္းမွ (၉) တန္းေအာင္သည္။ထို႔ေနာက္ေမာ္လၿမိဳင္ ABM ေက်ာင္း (ေမာ္တင္လိန္းဆရာျဖစ္ သင္တန္းေက်ာင္း) မွ မူလတန္းဆရာျဖစ္လက္မွတ္ရသည္။ေျမာင္းျမအမ်ိဳးသားအထက္တန္းေက်ာင္း၌ ေစတနာ၀န္ထမ္းဆရာအျဖစ္ ႏွစ္အတန္၊ၾကာေအာင္လုပ္ခဲ့သည္။ထို႔ေနာက္ ဝါသနာအရ မိမိဗီဇပါရမီႏွင့္ ကိုက္ညီမည့္သူနာျပဳဆရာမအလုပ္ကို လုပ္ကိုင္ရန္အတြက္ ရန္ကုန္ဒပ္ဖရင္ေဆး႐ုံ (ယခုဗဟိုအမ်ိဳးသမွးေဆး႐ုံ) ၌ သားဖြား ဆရာမသင္တန္း၊ ရန္ကုန္ေဆး႐ုံႀကီး၌ သူနာျပဳဆရာသင္တန္းမ်ားတက္ေရာက္ခဲ့သည္။
စစ္မျဖစ္မီရန္ကုန္ေဆး႐ုံႀကီး၌ သူနာျပဳအျဖစ္ ႏွစ္ အနည္းငယ္ၾကာထမ္း႐ြက္ခဲ့သည္။ (၁၉၄၁) ခုႏွစ္၊ ဒီဇင္ဘာလ (၂၃) ရက္တြင္ ရန္ကုန္ၿမိဳ႕ဗုံးခ်ခံရၿပီး ဒဏ္ရာရလူနာမ်ား ကာလကတၱားသို႔ပို႔ ေဆာင္ေရးတြင္ သူနာျပဳအျဖစ္ေစတနာ၀န္ထမ္းေဆာင္႐ြက္ခဲ့သည္။ယင္းေနာက္အိႏၵိယမွျမန္မာႏိုင္ငံသို႔ ေနာက္ဆုံးထြက္သည့္သေဘာၤ ႏွင့္ျပန္လာသည္။
(၁၉၄၂) တြင္ ရန္ကုန္ၿမိဳ႕ ေဂၚရာကုန္းေျမ ဒိုင္အိုစီဇင္မိန္းကေလးေက်ာင္း၌ ေဒါက္တာဘသန္း (ဗိုလ္ခ်ဳပ္ႀကီးေန၀င္း၏ေယာကၡမ) ဦးေဆာင္၍ ေဆး႐ုံဖြင့္လွစ္သည္။ ထိုဘီဒီေအေဆး႐ုံတြင္ အစ္မျဖစ္သူေဒၚခင္ႀကီးႏွင့္အတူ သူနာျပဳအျဖစ္ အေစာဆုံးေဆာင္႐ြက္ခဲ့သည္။ ေဒၚခင္ႀကီးမွာ စစ္မျဖစ္မီ သူနာျပဳ (၂၄၆) သင္တန္းဆင္းျဖစ္သည္။ရန္ကုန္ေဆး႐ုံႀကီးကိုဂ်ပန္တပ္မ်ားတပ္ခြဲထားရာ ဘီဒီေအေဆး႐ုံသည္ ေဒါက္တာဘေမာ္အုပ္ခ်ဳပ္ေရးေခတ္တြင္ ရန္ကုန္ေဆး႐ုံႀကီး ျဖစ္လာသည္။ ေဒါက္တာဘသန္း၏ ဦးေဆာင္မႈေအာက္တြင္ ေဒါက္တာလွေ႐ြ(ရဲေဘာ္သုံး က်ိပ္ ဗိုလ္လက္်ာ၏ညီ၊ (၁၉၃၈) ေက်ာင္းသားေခါင္းေဆာင္ အာဏာရွင္ကိုလွေ႐ႊ) ေဒါက္တာၾကည္ေပါ၊ ေဒါက္တာဦးေအး၊ ေဒါက္တာျမင့္ေဆြ၊ ေဒါက္တာေဒၚရင္ေမ၊ သူနာျပဳ ကယ္လီ၊ မတင္ေထြး (ေဒါက္တာျမင့္ေဆြ၏ဇနီး) တို႔ႏွင့္အတူ သူနာျပဳခ်ဳပ္အျဖစ္ အမႈထမ္းေနစဥ္ ဘီဒီေအ စစ္ေသနာပတိဗိုလ္ခ်ဳပ္ ဗိုလ္ေတဇ (ဗိုလ္ခ်ဳပ္ေအာင္ဆန္း) ေဆး႐ုံလာတက္ရာမွ၊ ေတြ႕ဆုံေမတၱာမွ်ခဲ့ေလသည္။
ထို႔ေနာက္ (၁၉၄၂) စက္တင္ဘာ (၆) တနဂၤေႏြေန႔တြင္ဂ်ပန္ေခတ္ ျပည္သူ႔ေဆး႐ုံႀကီးအေရွ႕ဘက္ အစြန္းဆုံးခန္းမေဆာင္တြင္ လက္ထပ္ထိမ္း ျမားခဲ့သည္။
ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ သားေအာင္ဆန္းဦး၊ ေအာင္ဆန္းလင္း၊ သမီးေအာင္ဆန္းစုၾကည္(ယခု အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဥကၠဌ၊ ၿငိမ္းခ်မ္းေရးႏိုဗယ္ဆုရွင္) တို႔ ထြန္းကားခဲ့သည္။အေထြးဆုံးသမီးကေလးကို (၁၉၄၆) စက္တင္ဘာလ (၂၂) တြင္ထြန္းကားခဲ့ေသာ္လည္း အဖတ္မတင္ဘဲ (၅) ရက္အၾကာတြင္ တိမ္းပါးသြားခဲ့ရသည္။ သားလတ္ ေအာင္ဆန္းလင္းမွာလည္း ရန္ကုန္ ဗဟန္းၿမိဳ႕နယ္ တာဝါလိန္းလမ္း အမွတ္ (၂၅) ေနအိမ္ (ယခု ဗိုလ္ခ်ဳပ္ျပတိုက္)ရွိ ေရကန္တြင္ (၁၉၅၃) ဇန္နဝါရီ (၁၆) တြင္ ေရနစ္ေသဆုံးသြားခဲ့ရသည္။
ေဒၚခင္ၾကည္သည္ (၁၉၄၇) ဇူလိုင္ (၁၉) ရက္ နံနက္ (၁၀ း ၃၅) နာရီတြင္ ခင္ပြန္းျဖစ္သူ ဗိုလ္ခ်ဳပ္ေအာင္ဆန္းသည္ လုပ္ေဖာ္ကိုင္ဖက္ အျခား ၀န္ႀကီးမ်ားႏွင့္အတူ က်ဆုံးခဲ့ၿပီးေနာက္ ခင္ပြန္းျဖစ္ သူခ်မွတ္ခဲ့ေသာ တိုင္းျပဳျပည္ျပဳလုပ္ငန္းမ်ားကို ကိုယ္စြမ္း ဉာဏ္စြမ္း ရွိသမွ် ေဆာင္႐ြက္ခဲ့ သည္။ဖဆပလ၏တာ၀န္ေပးျခင္းအရ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ မဲဆႏၵနယ္တြင္ (၁၉၄၇) မွ (၁၉၅၁) အထိ အမ်ိဳးသမီးအမတ္ျဖစ္ေ႐ြးခ်ယ္တင္ ေျမႇာက္ျခင္း ခံခဲ့ရသည္။ (၁၉၄၇) ၾသဂုတ္ (၂) တြင္ ဗိုလ္ခ်ဳပ္ကေတာ္ေဒၚခင္ၾကည္သည္ အဓိ႒န္ျပဳခ်က္နဲ႔အတူ လူထုပန္ၾကားလႊာကိုထုတ္ျပန္၍ လြတ္လပ္ေရးႀကိဳးပမ္းမႈသမိုင္းေပးတာ၀န္ကို ထမ္းေဆာင္ခဲ့သည္။ ေဒၚခင္ၾကည္၏ပန္ၾကားလႊာတြင္ …“က်မရဲ႕ခင္ပြန္းသည္ျဖစ္တဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းဟာ တိုင္းျပည္ႏွင့္လူမ်ိဳးအတြက္ႀကိဳးပမ္းရင္း လမ္းခုလက္တြင္ က်ဆုံးခဲ့ရပါၿပီ။ အခု သူကြယ္လြန္သြားေတာ့ သူ႔ကိုျပဳစုရမဲ့အစား သူခ်ခဲ့တဲ့လမ္းစဥ္တြင္ပါ၀င္ႏိုင္တဲ့ဘက္တြင္ပါ၀င္ၿပီး သူခ်န္ခဲ့တဲ့ သူေသြး သူ႔သား မိမ္ိရဲ႕ရင္ ေသြးကေလးေတြကို အေဖသားပီပီ ေျခရာနင္းႏိုင္ေအာင္ ပ်ိဳးေထာင္ေပးေတာ့မယ္လို႔ ဆုံးျဖတ္ပါတယ္။ လူထုကို က်မေျပာလိုတာကေတာ့ မိမိတို႔ အားကိုးယုံၾကည္ေလးစားေသာ ေခါင္းေဆာင္ႀကီးကို ရက္စက္စြာလုပ္ႀကံမႈေၾကာင့္
ေဒါသထြက္ စိတ္ဆိုး၍ စိတ္လိုက္မာန္ပါ လုပ္မႈကိုင္ မႈကို ေရွာင္ၾကဥ္၍ သူခ်ခဲ့ေသာလမ္းစဥ္အတိုင္း တသေဝမတိမ္းလိုက္နာက်င့္ေဆာင္ၾကပါ။ သူပ်ိဳးေထာင္ခဲ့ေသာ ဖဆပလအဖြဲ႕ႀကီးကို ဆထက္တပိုး အားေပးေထာက္ခံၾကပါ။ သူရည္မွန္းခဲ့ေသာ လြတ္လပ္ေရးကို မရမေနႀကိဳးပမ္းၾကပါ”ဟု တိုင္းျပည္ကို တိုက္တြန္းခဲ့ေလသည္။ေဒၚခင္ၾကည္သည္ (၁၉၄၇ – ၅၃) တြင္ မိခင္နဲ႔ကေလးေစာင့္ေရွာက္ေရး ၫႊန္ၾကားေရး၀န္၊(၁၉၅၃ – ၅၈) တြင္ လူမႈ၀န္ထမ္း စီမံကိန္းေကာ္မရွင္ဥကၠဌအျဖစ္ တာ၀န္ ထမ္းေဆာင္သည္။ထိုသို႔တာ၀န္ယူေဆာင္႐ြက္ေနစဥ္၊ ျပည္ေထာင္စုျမန္မာႏိုင္ငံ လူမႈ၀န္ထမ္းေကာင္စီဥကၠဌ၊မိခင္နဲ႔ ကေလးေစာင့္ေရွာင့္ေရးဥကၠဌ၊ ကေလးသူငယ္ေစာင့္ေရွာက္ေရးေကာင္စီဥကၠဌ၊က်န္းမာေရးႏွင့္ျပည္ေရးျပည္ရာအဖြဲ႕ဥကၠဌ၊ျပည္ေထာင္စုျမန္မာႏိုင္ငံ အမ်ိဳးသမီးအသင္းမ်ားေကာင္စီ ဥကၠဌ၊
ဒီမိုကေရစီသေဘာတရားတိုးတက္ျပန္ပြားေရးအသင္း ဥကၠဌ၊ျမန္မာႏိုင္ငံအမ်ိဳးသမီးကင္းေထာက္အသင္း၏ ကင္းေထာက္ခ်ဳပ္၊ျမန္မာႏိုင္ငံ သူနာျပဳတင္ကားတပ္ဖြဲ႕၀င္ အမ်ိဳးသမီးအုပ္ခ်ဳပ္ေရးမႉးး၊ရာမာခရစ္ရ္ွနာသာသနာျပဳ ေဆး႐ုံႏွင့္ စာၾကည့္တိုက္ ဒုဥကၠဌအျဖစ္ ေ႐ြးခ်ယ္တင္ေျမာက္ခံရသည္။ေဒၚခင္ၾကည္သည္ ျမန္မာႏိုင္ငံတြင္သူနာျပဳလုပ္ငန္းမ်ားကို မြန္ျမတ္ ေသာပရဟိတလုပ္ငန္းအျဖစ္ အမ်ားကစိတ္၀င္စားစြာ ခံယူလုပ္ေဆာင္ေစရန္ ေရွးဦးစြာစည္း႐ုံးခဲ့သူတစ္ဦးလည္းျဖစ္သည္။ေဒၚခင္ၾကည္သည္ က်န္းမာေရး၊ လူမႈေရးလုပ္ငန္းမ်ားထမ္းေဆာင္ေနစဥ္(၁၉၄၉) တြင္ အိႏၵိယႏိုင္ငံ နယူးေဒလီကမာၻ႔က်န္းမာေရးအဖြဲ႕၏ ေဒသဆိုင္ရာညီလာခံ၊ (၁၉၅၀) တြင္ ကိုလံဘိုကမာၻ႔က်န္းမာေရးအဖြဲ႕၏ ေဒဆိုင္ရာညီလာခံမ်ားကို ျမန္မာကိုယ္စာလွည္အဖြဲ႕ကို ဦးေဆာင္၍ တက္ေရာက္ခဲ့သည္။ ကိုလန္ဘိုညီလာခံတြင္ညီလာခံသဘာပတိအျဖစ္ ေ႐ြးခ်ယ္တာ၀န္ေပးအပ္ ခံရသည္။၁၉၅၀၊၁၉၅၁၊၁၉၅၂ ခုႏွစ္မ်ားတြင္ ဂ်ီနီဗာကမာၻ႔က်န္းမာေရးအဖြဲ႕ညီလာခံမ်ားကိုျမန္မာကိုယ္စားလွည္အဖြဲ႕ကို ဦးေဆာင္ကာတက္ေရာက္၍ အေနာက္ဥေရာပ၊ အေမရိကန္၊ ဂ်ပန္၊ တ႐ုတ္၊ အိႏၵိယ၊ ထိုင္း၊ဗိယက္နမ္နိင္ငံမ်ားသို႔ ေလ့လာေရးခရီး သြားေရာက္ခဲ့သည္။
(၁၉၅၉ – ၆၀) ႏွစ္မ်ားတြင္ ဦးႏုဦးေဆာင္ေသာ ျပည္ေထာင္စုပါတီ (ပထစ) အတြက္ စည္း႐ုံးေရးတာ၀န္မ်ားကို ဖိဖိစီးစီး တာ၀န္ယူေဆာင္႐ြက္ ေပးခဲ့သည္။
သို႔အတြက္ ဦးႏုဦးေဆာင္ေသာ သန္႔ရွင္းဖဆပလတျဖစ္လည္း ျပည္ေထာင္စုပါတီသည္ ေ႐ြးေကာက္ပြဲတြင္အႏိုင္ရရွိခဲ့သည္။ ေဒၚခင္ၾကည္သည္ ပထစပါတီအား မဲဆြယ္စည္း႐ုံးေပးခဲ့ေသာ္လည္း ေ႐ြးေကာက္ပြဲတြင္ ၀င္ေရာက္အေ႐ြးမခံခဲ့ေခ်။
ဦးႏုဦးေဆာင္ေသာ ျပည္ေထာင္စုအစိုးရအဖြဲ႕သည္ ေဒၚခင္ၾကည္အား (၁၉၆၀) ျပည့္ႏွစ္ ေမလ (၁၉) ရက္ေန႔တြင္ အိႏၵိယႏိုင္ငံဆိုင္ရာ ျမန္မာသံ အမတ္ႀကီးအျဖစ္ခန္႔အပ္ခံခဲ့ရသည္။ဇြန္လတြင္နီေပါႏိုင္ငံဆိုင္ရာ၊ ျမန္မာသံအမတ္ႀကီးအျဖစ္ ပူးတြဲတာ၀န္ေပးအပ္ျခင္းခံခဲ့ရသည္။
ျမန္မာအမ်ိဳးသမီးေလာကတြင္ ပထမဆုံးႏွင့္ ယေန႔အခ်ိန္အထိ တစ္ဦးတည္းေသာ ျမန္မာအမ်ိဳးသမီးသံအမတ္ႀကီးအျဖစ္ ေမာ္ကြန္း တင္ခံရသည္။ အိႏၵိယနိင္ငံ၊ နယူးေဒလီၿမိဳ႕တြင္ ႐ုံးထိုင္၍ သံအမတ္ႀကီးအျဖစ္ (၇) ႏွစ္တာမွ် တာ၀န္ထမ္းေဆာင္ခဲ့ၿပီးေနာက္ (၁၉၆၇) ဇြန္လ တြင္ အၿငိမ္းစားယူခဲ့သည္။
အၿငိမ္းစားယူၿပီးေနာက္ ရန္ကန္ၿမိဳ႕ တကၠသိုလ္ရိပ္သာလိမ္းအမွတ္ (၅၄-၅၆) ေနအိမ္၌ ႐ိုး႐ိုးကုတ္ကုတ္ ေနထိုင္ခဲ့သည္။ မိခင္ႏွင့္ ကေလး ေစာင့္ေရွာင့္ေရးအဖြဲ႕ ၫႊန္ၾကားေရး၀န္ႀကီးလုပ္သက္၊ သံအမတ္ပင္စင္မ်ားကိုမယူပဲ အာဇာနည္ေခါင္းေဆာင္ႀကီးမ်ား၏ဇနီးေထာက္ပံ့ေငြ ကိုသာ ခံစားခဲ့သည္။
ဂဠဳန္ဦးေစာသည္ ႀကိဳးမိန္႔က်ၿပီးေနာက္ က်ဆုံးခဲ့ရေသာအာဇာနည္ကိုးဦးအား အသက္ေလ်ာ္ေၾကးေပးရန္ ၎ပိုင္ လက္၀တ္ရတနာမ်ား ကိုေရာင္းခ်၍ ရရွိေငြကို အညီအမွ်ခြဲေဝေပးရန္ ဇနီးျဖစ္သူေဒၚသန္းခင္အား ေထာင္းတြင္းမွ မွာၾကားခဲ့သည္။
ေဒၚသန္းခင္သည္ ခင္ပြန္းျဖစ္သူ ဦးေစာ၏ဆႏၵအတိုင္း ပုဂၢိဳလ္ရွစ္ဦးအား လိုက္လံေပးၿပီးေနာက္ ေဒၚခင္ၾကည္အား အက်ိဳးအေၾကာင္းေျပာၿပီး အသက္ေလ်ာ္ေၾကးေပးရေသာအခါ ေဒၚခင္ၾကည္က …“ရွင့္ေယာက္်ား က်မေယာက္်ားကိုလုပ္ႀကံလို႔ က်မမုဆိုးမဘဝေရာက္ခဲ့ရပါၿပီ။ ရွင္လည္း မၾကာမီ မုဆိုးမျဖစ္ေတာ့မွာမို႔ မုဆိုးမဘ၀တူခ်င္းမို႔ အဲ့ဒီေလ်ာ္ေၾကးေငြကိုမယူပါရေစနဲ႔။ ဦးေစာအတြက္ သာဘ၀ကူးေကာင္းေအာင္ ကုသိုလ္ဒါန တစ္ခုခုျပဳလုပ္ေပးပါ” ဟုေျပာၾကားခဲ့ေၾကာင္း သိရေပသည္။
ဤသို႔ ေဒၚခင္ၾကည္သည္ ေနအ္ိမ္ၿခံအတြင္း ပန္းမာလ္ပင္မ်ားစိုက္ပ်ိဳးျပဳျပင္လ်က္ ဘ၀ကိုေအးခ်မ္းစြာကုန္ဆုံးေနစဥ္အတြင္း (၁၉၈၇)၊ဇန္န ဝါရီလ (၁၀) တြင္သမီးျဖစ္သူ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ေဒါက္တာမိုက္ကယ္အဲ့ရစ္(Dr. Michael Aris) တို႔မွဖြားျမင္ေသာ ေျမးႏွစ္ေယာက္ျဖစ္ သည့္ ျမင့္ဆန္းေအာင္ (Alezander)၊ ထိန္လင္း (Kim) တို႔ကို ဗုဒၶသာသနာအစဥ္အလာအရ ရွင္ျပဳမဂၤလာပြဲကို ေနအိမ္၌ အက်ဥ္းခ်ဳံးျပဳလုပ္ခဲ့သည္။ကမာၻ႔သာသနာျပဳ အဂၢမဟာပ႑ိတအရွင္ေသဋိလက အဂၤဘာသာျဖင့္ တရားေဟာၾကားၿပီး သာမေဏႏွစ္ပါးကို တာဝါလိန္းလမ္း(ဗိုလ္ခ်ဳပ္ျပတိုက္လမ္း) ေ႐ြၾကက္ယက္ေက်ာင္း၌ သီတင္းသုံးေစခဲ့သည္။ ထိုႏွစ္ ဧၿပီလတြင္ ႏိုင္ငံေတာ္၏ေထာက္ပံ့မႈျဖင့္ အဂၤလန္ျပည္တြင္ မ်က္စိခြဲစိတ္ကုသခဲ့သည္။
လန္ဒန္ၿမိဳ႕တြင္၂လၾကာကုသခဲ့ၿပီးေနာက္ ေဒၚခင္ၾကည္သည္ ျမန္မာႏိုင္ငံသို႔၊ျပန္လည္ေရာက္ရွိလာခဲ့သည္။ယင္းေနာက္ (၁၀) အၾကာ (၁၉၈၈) မတ္လအကုန္ပိုင္းတြင္ျပင္းထန္ေသာေလျဖတ္ေရာဂါျဖစ္ပြားခဲ့ေသာေၾကာင့္သမီးျဖစ္သူ ေဒၚေအာင္ဆန္းစုၾကည္သည္ မိခင္ႀကီးအားျပဳစုရန္ ျမန္မာႏိုင္ငံသို႔ လာေရာက္ေနထိုင္ခဲ့သည္။
ဗိုလ္ခ်ဳပ္ေအာင္ဆန္း
ထို႔ေနာက္ (၁၉၈၈) ဒီဇင္ဘာလ (၂၇) ရက္နံနက္ (၇) နာရီ (၁၇) မိနစ္တြင္ ရန္ကုန္ၿမိဳ႕၊ တကၠသိုလ္ရိပ္သာလမ္းေနအိမ္တြင္သမီးျဖစ္သူ
ေဒၚေအာင္ဆန္းစုၾကည္၏လက္ေပၚ၌ပင္ ကြယ္လြန္အနိစၥေရာက္ခဲ့သည္။ေဒၚခင္ၾကည္သည္ ဘ၀တစ္ေလွ်ာက္လုံး တိုင္းက်ိဳးျပည္ျပဳ စြမ္းစြမ္းတမန္၊ေဆာင္႐ြက္ခဲ့မႈေၾကာင့္(၁၉၅၀) ျပည့္ႏွစ္တြင္ အေမရိကန္ျပည္ေထာင္စုမွ ေပးအပ္ခ်ီးျမႇင့္ေသာ ျမန္မာမိခင္ဘြဲ႕တံဆိပ္(၁၉၅၁) ခုႏွစ္တြင္ ႏိုင္ငံေတာ္အစိုးရကခ်ီးျမႇင့္ေသာ မဟာသိရိသုဓမၼဘြဲ႕၊(၁၉၅၅) ခုႏွစ္ တြင္ ယူကိုဇလာဗီးယားႏိုင္ငံမွခ်ီးျမင့္ေသာ မာရွယ္တီးတိုးယူဂိုဆလပ္ၾကယ္ (ဒုတိယဆင့္)ႏွင့္ထိုင္းႏိုင္ငံဥေသွ်ာင္အဖြဲ႕၏ ႏိုဘယ္ေအာ္ဒါ ဘြဲ႕ (ဝါ) အျမင့္ျမတ္ဆုံးဆုတံဆိပ္တို႔ကို ခ်ီးျမႇင့္အပ္ႏွင္းျခင္းခံခဲ့ရသည္။(၁၉၈၉) ခုႏွစ္၊ ဇန္နဝါရီလ l၂ ) ရက္ေန႔တြင္ အမ်ိဳးသားေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ဇနီး မဟာသီရိသုဓမၼေဒၚခင္ၾကည္၏ ႂကြင္းက်န္ေသာ႐ုပ္ကလာပ္ကို ေ႐ႊတိဂုံဘုရားလမ္းရွိ ၿငိမ္းခ်မ္းေရႏွင့္ မ်ိဳးခ်စ္စာဆိုဆရာႀကီး သခင္ကိုယ္ေတာင္မႈိင္း၏ ဂူဗိမာန္ႏွင့္ သီေပါမင္း၏မိဘုရားေခါင္ႀကီး စုဘုရားလတ္ဂူဗိမာန္တို႔အၾကား ေျမကြက္လပ္၌ဂူဗိမာန္တည္ေဆာက္သၿဂိဳဟ္ခဲ့ေလသည္။
Source# အတၳဳပၸတၱိ ေပါင္းခ်ဳပ္
Unicode
လူသိနည်းတဲ့ ဗိုလ်ချုပ်ရဲ့ ပါရမီဖြည့်ဖက် ဒေါ်ခင်ကြည် အကြောင်းအပြည့်အစုံ
မျက်မှောက်ကာလအထိ မြန်မာနိုင်ငံ၏ တစ်ဦးတည်းသောအမျိုးသမီးသံအမတ်ကြီးအဖြစ် မော်ကွန်းထိုးခံခဲ့ရသူမှာ ဗိုလ်ချုပ်ကတော် မဟာသီရိသုဓမ္မဘွဲ့ခံ ဒေါ်ခင်ကြည်ဖြစ်သည်။ဗိုလ်ချုပ်အောင်ဆန်းသည် မသမာသူလူတစ်ခု၏ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရပြီးနောက် ဒေါ်ခင်ကြည်သည် ခင်ပွန်းသည်ချမှတ်ခဲ့သောတိုင်းပြုပြည်ပြုလုပ်ငန်းများအမျိုးသားရေး ရည်မှန်းချက်များကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်ခဲ့သည်။
ဒေါ်ခင်ကြည်
သို့ကလို ၎င်း၏ဘဝတလျှောက်လုံးတွင် တိုင်းပြည်အကျိုးကိုရည်စူး၍ မြင့်မြတ်သော အကျင့်သိက္ခာ၊ ကိုယ်ကျိုးစွန့်လွတ်မှုနှင့် ရိုးသားတည် ကြည်မှန်ကန်မှုတို့ကို အမြဲတစေ ဦးထိပ်ထား အရေးပေးခံခဲ့ရသော ဒေါ်ခင်ကြည်ကို ဧရာဝတီတိုင်း၊ မြောင်းမြမြို့၌ အဖ ပြည်သူ့လုပ်ငန်းဝန်ထမ်း ဦးမိုးညှင်း၊ အမိဒေါ်ဖွားစုတို့မှ (၁၉၁၂) ခုနှစ် ဧပြီလ (၁၆) ရက်အဂါင်္နေ့တွင် ဖွားမြင်ခဲ့သည်။ မွေးချင်း (၉)ဦး အနက် သတ္တမမြောက် ဖြစ်သည်။ ဒေါ်ခင်ကြည်သည် မွေးချင်းမောင်နှမများမှာ
၁။ ဦဘလွင်၂။ ဒေါ်ခင်သောင်း၃။ ဦးမောင် (ငယ်စဉ်ကကွယ်လွန်)၄။ ဦးဘကျော်၅။ ဒေါ်ခင်ကြီး (ဗကပဥက္ကဌ သခင်သန်းထွန်း၏ဇနီး)၆။ ဒေါ်ခင်တင့် (ဦးသိန်းလှဇနီး)၇။ ဒေါ်ခင်ကြည် (ဗိုလ်ချုပ်ကတော်)၈။ ဦးသိန်း (လူပျိုကြီး)၉။ ဒေါ်မမကြီး (ခေါ်) ဒေါ်အမာ (ကောက်ပဲသီးနှံမင်းကြီး ဦးတင်အောင် (ခေါ်) ဦးဂျော်နီ၏ဇနီး) တို့ဖြစ်ပါသည်။
ငယ်စဉ်ကမြောင်းမြမြို့တွင် (၇) တန်းအထိပညာသင်ခဲ့သည်။ ရန်ကုန်ကြည့်မြင်တိုင် ABM မိန်းကလေးကျောင်းမှ (၉) တန်းအောင်သည်။ထို့နောက်မော်လမြိုင် ABM ကျောင်း (မော်တင်လိန်းဆရာဖြစ် သင်တန်းကျောင်း) မှ မူလတန်းဆရာဖြစ်လက်မှတ်ရသည်။မြောင်းမြအမျိုးသားအထက်တန်းကျောင်း၌ စေတနာဝန်ထမ်းဆရာအဖြစ် နှစ်အတန်၊ကြာအောင်လုပ်ခဲ့သည်။ထို့နောက် ဝါသနာအရ မိမိဗီဇပါရမီနှင့် ကိုက်ညီမည့်သူနာပြုဆရာမအလုပ်ကို လုပ်ကိုင်ရန်အတွက် ရန်ကုန်ဒပ်ဖရင်ဆေးရုံ (ယခုဗဟိုအမျိုးသမှးဆေးရုံ) ၌ သားဖွား ဆရာမသင်တန်း၊ ရန်ကုန်ဆေးရုံကြီး၌ သူနာပြုဆရာသင်တန်းများတက်ရောက်ခဲ့သည်။
စစ်မဖြစ်မီရန်ကုန်ဆေးရုံကြီး၌ သူနာပြုအဖြစ် နှစ် အနည်းငယ်ကြာထမ်းရွက်ခဲ့သည်။ (၁၉၄၁) ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်တွင် ရန်ကုန်မြို့ဗုံးချခံရပြီး ဒဏ်ရာရလူနာများ ကာလကတ္တားသို့ပို့ ဆောင်ရေးတွင် သူနာပြုအဖြစ်စေတနာဝန်ထမ်းဆောင်ရွက်ခဲ့သည်။ယင်းနောက်အိန္ဒိယမှမြန်မာနိုင်ငံသို့ နောက်ဆုံးထွက်သည့်သဘောၤ နှင့်ပြန်လာသည်။
(၁၉၄၂) တွင် ရန်ကုန်မြို့ ဂေါ်ရာကုန်းမြေ ဒိုင်အိုစီဇင်မိန်းကလေးကျောင်း၌ ဒေါက်တာဘသန်း (ဗိုလ်ချုပ်ကြီးနေဝင်း၏ယောက္ခမ) ဦးဆောင်၍ ဆေးရုံဖွင့်လှစ်သည်။ ထိုဘီဒီအေဆေးရုံတွင် အစ်မဖြစ်သူဒေါ်ခင်ကြီးနှင့်အတူ သူနာပြုအဖြစ် အစောဆုံးဆောင်ရွက်ခဲ့သည်။ ဒေါ်ခင်ကြီးမှာ စစ်မဖြစ်မီ သူနာပြု (၂၄၆) သင်တန်းဆင်းဖြစ်သည်။ရန်ကုန်ဆေးရုံကြီးကိုဂျပန်တပ်များတပ်ခွဲထားရာ ဘီဒီအေဆေးရုံသည် ဒေါက်တာဘမော်အုပ်ချုပ်ရေးခေတ်တွင် ရန်ကုန်ဆေးရုံကြီး ဖြစ်လာသည်။ ဒေါက်တာဘသန်း၏ ဦးဆောင်မှုအောက်တွင် ဒေါက်တာလှရွေ(ရဲဘော်သုံး ကျိပ် ဗိုလ်လက်ျာ၏ညီ၊ (၁၉၃၈) ကျောင်းသားခေါင်းဆောင် အာဏာရှင်ကိုလှရွှေ) ဒေါက်တာကြည်ပေါ၊ ဒေါက်တာဦးအေး၊ ဒေါက်တာမြင့်ဆွေ၊ ဒေါက်တာဒေါ်ရင်မေ၊ သူနာပြု ကယ်လီ၊ မတင်ထွေး (ဒေါက်တာမြင့်ဆွေ၏ဇနီး) တို့နှင့်အတူ သူနာပြုချုပ်အဖြစ် အမှုထမ်းနေစဉ် ဘီဒီအေ စစ်သေနာပတိဗိုလ်ချုပ် ဗိုလ်တေဇ (ဗိုလ်ချုပ်အောင်ဆန်း) ဆေးရုံလာတက်ရာမှ၊ တွေ့ဆုံမေတ္တာမျှခဲ့လေသည်။
ထို့နောက် (၁၉၄၂) စက်တင်ဘာ (၆) တနင်္ဂနွေနေ့တွင်ဂျပန်ခေတ် ပြည်သူ့ဆေးရုံကြီးအရှေ့ဘက် အစွန်းဆုံးခန်းမဆောင်တွင် လက်ထပ်ထိမ်း မြားခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် သားအောင်ဆန်းဦး၊ အောင်ဆန်းလင်း၊ သမီးအောင်ဆန်းစုကြည်(ယခု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်) တို့ ထွန်းကားခဲ့သည်။အထွေးဆုံးသမီးကလေးကို (၁၉၄၆) စက်တင်ဘာလ (၂၂) တွင်ထွန်းကားခဲ့သော်လည်း အဖတ်မတင်ဘဲ (၅) ရက်အကြာတွင် တိမ်းပါးသွားခဲ့ရသည်။ သားလတ် အောင်ဆန်းလင်းမှာလည်း ရန်ကုန် ဗဟန်းမြို့နယ် တာဝါလိန်းလမ်း အမှတ် (၂၅) နေအိမ် (ယခု ဗိုလ်ချုပ်ပြတိုက်)ရှိ ရေကန်တွင် (၁၉၅၃) ဇန်နဝါရီ (၁၆) တွင် ရေနစ်သေဆုံးသွားခဲ့ရသည်။
ဒေါ်ခင်ကြည်သည် (၁၉၄၇) ဇူလိုင် (၁၉) ရက် နံနက် (၁၀ း ၃၅) နာရီတွင် ခင်ပွန်းဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းသည် လုပ်ဖော်ကိုင်ဖက် အခြား ဝန်ကြီးများနှင့်အတူ ကျဆုံးခဲ့ပြီးနောက် ခင်ပွန်းဖြစ် သူချမှတ်ခဲ့သော တိုင်းပြုပြည်ပြုလုပ်ငန်းများကို ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသမျှ ဆောင်ရွက်ခဲ့ သည်။ဖဆပလ၏တာဝန်ပေးခြင်းအရ ဗိုလ်ချုပ်အောင်ဆန်း၏ မဲဆန္ဒနယ်တွင် (၁၉၄၇) မှ (၁၉၅၁) အထိ အမျိုးသမီးအမတ်ဖြစ်ရွေးချယ်တင် မြှောက်ခြင်း ခံခဲ့ရသည်။ (၁၉၄၇) သြဂုတ် (၂) တွင် ဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည်သည် အဓိဋ္ဌန်ပြုချက်နဲ့အတူ လူထုပန်ကြားလွှာကိုထုတ်ပြန်၍ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းပေးတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ဒေါ်ခင်ကြည်၏ပန်ကြားလွှာတွင် …“ကျမရဲ့ခင်ပွန်းသည်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းပြည်နှင့်လူမျိုးအတွက်ကြိုးပမ်းရင်း လမ်းခုလက်တွင် ကျဆုံးခဲ့ရပါပြီ။ အခု သူကွယ်လွန်သွားတော့ သူ့ကိုပြုစုရမဲ့အစား သူချခဲ့တဲ့လမ်းစဉ်တွင်ပါဝင်နိုင်တဲ့ဘက်တွင်ပါဝင်ပြီး သူချန်ခဲ့တဲ့ သူသွေး သူ့သား မိမိရဲ့ရင် သွေးကလေးတွေကို အဖေသားပီပီ ခြေရာနင်းနိုင်အောင် ပျိုးထောင်ပေးတော့မယ်လို့ ဆုံးဖြတ်ပါတယ်။ လူထုကို ကျမပြောလိုတာကတော့ မိမိတို့ အားကိုးယုံကြည်လေးစားသော ခေါင်းဆောင်ကြီးကို ရက်စက်စွာလုပ်ကြံမှုကြောင့်
ဒေါသထွက် စိတ်ဆိုး၍ စိတ်လိုက်မာန်ပါ လုပ်မှုကိုင် မှုကို ရှောင်ကြဉ်၍ သူချခဲ့သောလမ်းစဉ်အတိုင်း တသဝေမတိမ်းလိုက်နာကျင့်ဆောင်ကြပါ။ သူပျိုးထောင်ခဲ့သော ဖဆပလအဖွဲ့ကြီးကို ဆထက်တပိုး အားပေးထောက်ခံကြပါ။ သူရည်မှန်းခဲ့သော လွတ်လပ်ရေးကို မရမနေကြိုးပမ်းကြပါ”ဟု တိုင်းပြည်ကို တိုက်တွန်းခဲ့လေသည်။ဒေါ်ခင်ကြည်သည် (၁၉၄၇ – ၅၃) တွင် မိခင်နဲ့ကလေးစောင့်ရှောက်ရေး ညွှန်ကြားရေးဝန်၊(၁၉၅၃ – ၅၈) တွင် လူမှုဝန်ထမ်း စီမံကိန်းကော်မရှင်ဥက္ကဌအဖြစ် တာဝန် ထမ်းဆောင်သည်။ထိုသို့တာဝန်ယူဆောင်ရွက်နေစဉ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ လူမှုဝန်ထမ်းကောင်စီဥက္ကဌ၊မိခင်နဲ့ ကလေးစောင့်ရှောင့်ရေးဥက္ကဌ၊ ကလေးသူငယ်စောင့်ရှောက်ရေးကောင်စီဥက္ကဌ၊ကျန်းမာရေးနှင့်ပြည်ရေးပြည်ရာအဖွဲ့ဥက္ကဌ၊ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသမီးအသင်းများကောင်စီ ဥက္ကဌ၊
ဒီမိုကရေစီသဘောတရားတိုးတက်ပြန်ပွားရေးအသင်း ဥက္ကဌ၊မြန်မာနိုင်ငံအမျိုးသမီးကင်းထောက်အသင်း၏ ကင်းထောက်ချုပ်၊မြန်မာနိုင်ငံ သူနာပြုတင်ကားတပ်ဖွဲ့ဝင် အမျိုးသမီးအုပ်ချုပ်ရေးမှူးး၊ရာမာခရစ်ရ်ှနာသာသနာပြု ဆေးရုံနှင့် စာကြည့်တိုက် ဒုဥက္ကဌအဖြစ် ရွေးချယ်တင်မြောက်ခံရသည်။ဒေါ်ခင်ကြည်သည် မြန်မာနိုင်ငံတွင်သူနာပြုလုပ်ငန်းများကို မွန်မြတ် သောပရဟိတလုပ်ငန်းအဖြစ် အများကစိတ်ဝင်စားစွာ ခံယူလုပ်ဆောင်စေရန် ရှေးဦးစွာစည်းရုံးခဲ့သူတစ်ဦးလည်းဖြစ်သည်။ဒေါ်ခင်ကြည်သည် ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းများထမ်းဆောင်နေစဉ်(၁၉၄၉) တွင် အိန္ဒိယနိုင်ငံ နယူးဒေလီကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဒေသဆိုင်ရာညီလာခံ၊ (၁၉၅၀) တွင် ကိုလံဘိုကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဒေဆိုင်ရာညီလာခံများကို မြန်မာကိုယ်စာလှည်အဖွဲ့ကို ဦးဆောင်၍ တက်ရောက်ခဲ့သည်။ ကိုလန်ဘိုညီလာခံတွင်ညီလာခံသဘာပတိအဖြစ် ရွေးချယ်တာဝန်ပေးအပ် ခံရသည်။၁၉၅၀၊၁၉၅၁၊၁၉၅၂ ခုနှစ်များတွင် ဂျီနီဗာကမ္ဘာ့ကျန်းမာရေးအဖွဲ့ညီလာခံများကိုမြန်မာကိုယ်စားလှည်အဖွဲ့ကို ဦးဆောင်ကာတက်ရောက်၍ အနောက်ဥရောပ၊ အမေရိကန်၊ ဂျပန်၊ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ဗိယက်နမ်နိင်ငံများသို့ လေ့လာရေးခရီး သွားရောက်ခဲ့သည်။
(၁၉၅၉ – ၆၀) နှစ်များတွင် ဦးနုဦးဆောင်သော ပြည်ထောင်စုပါတီ (ပထစ) အတွက် စည်းရုံးရေးတာဝန်များကို ဖိဖိစီးစီး တာဝန်ယူဆောင်ရွက် ပေးခဲ့သည်။
သို့အတွက် ဦးနုဦးဆောင်သော သန့်ရှင်းဖဆပလတဖြစ်လည်း ပြည်ထောင်စုပါတီသည် ရွေးကောက်ပွဲတွင်အနိုင်ရရှိခဲ့သည်။ ဒေါ်ခင်ကြည်သည် ပထစပါတီအား မဲဆွယ်စည်းရုံးပေးခဲ့သော်လည်း ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးမခံခဲ့ချေ။
ဦးနုဦးဆောင်သော ပြည်ထောင်စုအစိုးရအဖွဲ့သည် ဒေါ်ခင်ကြည်အား (၁၉၆၀) ပြည့်နှစ် မေလ (၁၉) ရက်နေ့တွင် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးအဖြစ်ခန့်အပ်ခံခဲ့ရသည်။ဇွန်လတွင်နီပေါနိုင်ငံဆိုင်ရာ၊ မြန်မာသံအမတ်ကြီးအဖြစ် ပူးတွဲတာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။
မြန်မာအမျိုးသမီးလောကတွင် ပထမဆုံးနှင့် ယနေ့အချိန်အထိ တစ်ဦးတည်းသော မြန်မာအမျိုးသမီးသံအမတ်ကြီးအဖြစ် မော်ကွန်း တင်ခံရသည်။ အိန္ဒိယနိင်ငံ၊ နယူးဒေလီမြို့တွင် ရုံးထိုင်၍ သံအမတ်ကြီးအဖြစ် (၇) နှစ်တာမျှ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် (၁၉၆၇) ဇွန်လ တွင် အငြိမ်းစားယူခဲ့သည်။
အငြိမ်းစားယူပြီးနောက် ရန်ကန်မြို့ တက္ကသိုလ်ရိပ်သာလိမ်းအမှတ် (၅၄-၅၆) နေအိမ်၌ ရိုးရိုးကုတ်ကုတ် နေထိုင်ခဲ့သည်။ မိခင်နှင့် ကလေး စောင့်ရှောင့်ရေးအဖွဲ့ ညွှန်ကြားရေးဝန်ကြီးလုပ်သက်၊ သံအမတ်ပင်စင်များကိုမယူပဲ အာဇာနည်ခေါင်းဆောင်ကြီးများ၏ဇနီးထောက်ပံ့ငွေ ကိုသာ ခံစားခဲ့သည်။
ဂဠုန်ဦးစောသည် ကြိုးမိန့်ကျပြီးနောက် ကျဆုံးခဲ့ရသောအာဇာနည်ကိုးဦးအား အသက်လျော်ကြေးပေးရန် ၎င်းပိုင် လက်ဝတ်ရတနာများ ကိုရောင်းချ၍ ရရှိငွေကို အညီအမျှခွဲဝေပေးရန် ဇနီးဖြစ်သူဒေါ်သန်းခင်အား ထောင်းတွင်းမှ မှာကြားခဲ့သည်။
ဒေါ်သန်းခင်သည် ခင်ပွန်းဖြစ်သူ ဦးစော၏ဆန္ဒအတိုင်း ပုဂ္ဂိုလ်ရှစ်ဦးအား လိုက်လံပေးပြီးနောက် ဒေါ်ခင်ကြည်အား အကျိုးအကြောင်းပြောပြီး အသက်လျော်ကြေးပေးရသောအခါ ဒေါ်ခင်ကြည်က …“ရှင့်ယောက်ျား ကျမယောက်ျားကိုလုပ်ကြံလို့ ကျမမုဆိုးမဘဝရောက်ခဲ့ရပါပြီ။ ရှင်လည်း မကြာမီ မုဆိုးမဖြစ်တော့မှာမို့ မုဆိုးမဘဝတူချင်းမို့ အဲ့ဒီလျော်ကြေးငွေကိုမယူပါရစေနဲ့။ ဦးစောအတွက် သာဘဝကူးကောင်းအောင် ကုသိုလ်ဒါန တစ်ခုခုပြုလုပ်ပေးပါ” ဟုပြောကြားခဲ့ကြောင်း သိရပေသည်။
ဤသို့ ဒေါ်ခင်ကြည်သည် နေအိမ်ခြံအတွင်း ပန်းမာလ်ပင်များစိုက်ပျိုးပြုပြင်လျက် ဘဝကိုအေးချမ်းစွာကုန်ဆုံးနေစဉ်အတွင်း (၁၉၈၇)၊ဇန်န ဝါရီလ (၁၀) တွင်သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာမိုက်ကယ်အဲ့ရစ်(Dr. Michael Aris) တို့မှဖွားမြင်သော မြေးနှစ်ယောက်ဖြစ် သည့် မြင့်ဆန်းအောင် (Alezander)၊ ထိန်လင်း (Kim) တို့ကို ဗုဒ္ဓသာသနာအစဉ်အလာအရ ရှင်ပြုမင်္ဂလာပွဲကို နေအိမ်၌ အကျဉ်းချုံးပြုလုပ်ခဲ့သည်။ကမ္ဘာ့သာသနာပြု အဂ္ဂမဟာပဏ္ဍိတအရှင်သေဋိလက အင်္ဂဘာသာဖြင့် တရားဟောကြားပြီး သာမဏေနှစ်ပါးကို တာဝါလိန်းလမ်း(ဗိုလ်ချုပ်ပြတိုက်လမ်း) ရွေကြက်ယက်ကျောင်း၌ သီတင်းသုံးစေခဲ့သည်။ ထိုနှစ် ဧပြီလတွင် နိုင်ငံတော်၏ထောက်ပံ့မှုဖြင့် အင်္ဂလန်ပြည်တွင် မျက်စိခွဲစိတ်ကုသခဲ့သည်။
လန်ဒန်မြို့တွင်၂လကြာကုသခဲ့ပြီးနောက် ဒေါ်ခင်ကြည်သည် မြန်မာနိုင်ငံသို့၊ပြန်လည်ရောက်ရှိလာခဲ့သည်။ယင်းနောက် (၁၀) အကြာ (၁၉၈၈) မတ်လအကုန်ပိုင်းတွင်ပြင်းထန်သောလေဖြတ်ရောဂါဖြစ်ပွားခဲ့သောကြောင့်သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် မိခင်ကြီးအားပြုစုရန် မြန်မာနိုင်ငံသို့ လာရောက်နေထိုင်ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်း
ထို့နောက် (၁၉၈၈) ဒီဇင်ဘာလ (၂၇) ရက်နံနက် (၇) နာရီ (၁၇) မိနစ်တွင် ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်တွင်သမီးဖြစ်သူ
ဒေါ်အောင်ဆန်းစုကြည်၏လက်ပေါ်၌ပင် ကွယ်လွန်အနိစ္စရောက်ခဲ့သည်။ဒေါ်ခင်ကြည်သည် ဘဝတစ်လျှောက်လုံး တိုင်းကျိုးပြည်ပြု စွမ်းစွမ်းတမန်၊ဆောင်ရွက်ခဲ့မှုကြောင့်(၁၉၅၀) ပြည့်နှစ်တွင် အမေရိကန်ပြည်ထောင်စုမှ ပေးအပ်ချီးမြှင့်သော မြန်မာမိခင်ဘွဲ့တံဆိပ်(၁၉၅၁) ခုနှစ်တွင် နိုင်ငံတော်အစိုးရကချီးမြှင့်သော မဟာသိရိသုဓမ္မဘွဲ့၊(၁၉၅၅) ခုနှစ် တွင် ယူကိုဇလာဗီးယားနိုင်ငံမှချီးမြင့်သော မာရှယ်တီးတိုးယူဂိုဆလပ်ကြယ် (ဒုတိယဆင့်)နှင့်ထိုင်းနိုင်ငံဥသျှောင်အဖွဲ့၏ နိုဘယ်အော်ဒါ ဘွဲ့ (ဝါ) အမြင့်မြတ်ဆုံးဆုတံဆိပ်တို့ကို ချီးမြှင့်အပ်နှင်းခြင်းခံခဲ့ရသည်။(၁၉၈၉) ခုနှစ်၊ ဇန်နဝါရီလ l၂ ) ရက်နေ့တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး မဟာသီရိသုဓမ္မဒေါ်ခင်ကြည်၏ ကြွင်းကျန်သောရုပ်ကလာပ်ကို ရွှေတိဂုံဘုရားလမ်းရှိ ငြိမ်းချမ်းရေနှင့် မျိုးချစ်စာဆိုဆရာကြီး သခင်ကိုယ်တောင်မှိုင်း၏ ဂူဗိမာန်နှင့် သီပေါမင်း၏မိဘုရားခေါင်ကြီး စုဘုရားလတ်ဂူဗိမာန်တို့အကြား မြေကွက်လပ်၌ဂူဗိမာန်တည်ဆောက်သဂြိုဟ်ခဲ့လေသည်။
Source# အတ္ထုပ္ပတ္တိ ပေါင်းချုပ်