ၾကားသိရသမွ်

ဖေဖေမရှိတော့တဲ့နောက် သမီးအရမ်းပြောင်းလဲသွားခဲ့တယ် ဖေဖေ

ချစ်ရတဲ့ ဖေဖေရေ…

ဖေဖေဆုံးတာ ဒီနေ့ဆို (၂) နှစ်ပြည့်ပြီနော်။ နှလုံးဖောက်တာကြောင့် အိပ်နေရင်းကနေ ရုတ်တရက်ဆုံးပါးသွားတဲ့ ဖေဖေ့ကြောင့် သမီး ယူကျုံးမရဝမ်းနည်းရသလို တစ်ဖက်ကတွေးကြည့်ရင်လည်း ဝမ်းသာမိပါတယ်။ ဝမ်းသာမိတယ်ဆိုတာက ဒီလိုပါ။ ဖေဖေဘဝတစ်လျှောက်လုံးသောက်ခဲ့တဲ့ စီးကရက်ဒဏ်တွေ၊ အလုပ်ဒဏ်တွေ၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ဖေဖေကင်ဆာဖြစ်မှာကို သမီး သိပ်စိုးရိမ်တာ။ ကင်ဆာဝေဒနာရှင်တွေရဲ့ နောက်ဆုံးအချိန်က သိပ်ကို နာနာကျင်ကျင်ခံစားရတယ်တဲ့။ ဒီလိုမျိုး ဖေဖေ မနာမကျင်ဘဲ သက်တောင့်သက်သာ ဆုံးပါးသွားတာကို သမီး ဝမ်းသာမိတာပါ။ ဒါပေမဲ့ ဖေဖေ့ကိုဆုံးရှုံးရတဲ့ နာကျင်မှုကိုတော့ ကုစားလို့ မရဘူးပေါ့။

ဒါပေမဲ့ ၂ နှစ်ကြာတဲ့အထိ ဖေဖေသမီးအနားမှာ ရှိနေတယ်လို့ ခံစားနေရတုန်းပဲ။ ဖေဖေမရှိတဲ့ ဒီ ၂နှစ်တယကာလအတွင်း သမီးဘာတွေဖြစ်ခဲ့လဲဆိုတာ ဖေဖေ့ကို ပြောပြရဦးမယ်။

၁။ သမီး အရင်တုန်းကလောက် မငိုဖြစ်တော့ဘူး။ ငိုလည်း ဖေဖေ့ကို ပြန်ရမှာမှ မဟုတ်တာ။ ဖေဖေလည်း သမီးရဲ့ မျက်ရည်တွေကို မမြင်ချင်ဘူး မဟုတ်လား။

၂။ သီချင်းအသစ်လေးတွေ ကြားတိုင်း သမီးနဲ့ သီချင်းအတူတူနားထောင်ပြီး ခံစားခဲ့တဲ့ ဖေဖေ့ကို သတိရတယ်။ “ဖေဖေ သမီးဒီသီချင်းလေးကို ကြိုက်တယ်။ နားထောင်ကြည့်ပါလား” ဆိုပြီး ပြောရမယ့်သူမှ မရှိတော့တာ။

၃။ အခုအချိန်မှာ ဖေဖေဆိုတာ သမီးဘဝအတွက်တော့ ပုံပြင်တစ်ပုဒ်လိုပဲ ဖြစ်ခဲ့ပါပြီ။

၄။ မေမေကတော့ ဖေဖေအကြောင်းတွေ သတိရတိုင်းပြောနေလေရဲ့။ အရင်ကလို ဖေဖေ့ကို အပြစ်မတင်၊ မဆူပူတော့ပါဘူး။ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ သားသမီးတွေအတွက် မေမေကိုယ်တိုင် ရုန်းကန်ပြီး စီးပွားရှာနေရတာကြောင့် အရင်ကလောက် မိသားစုတွေ နွေးနွေးထွေးထွေးမရှိတော့ဘူး။ သမီးလည်း ပြဿနာတွေကို ကိုယ့်ဘာသာဖြေရှင်းတတ်ပါပြီ။

၆။ သူငယ်ချင်းတွေဆုံလို့ အိမ်အကြောင်း၊ မိသားစုအကြောင်းပြောရင် အရင်ကလို ရှောင်ထွက်သွားတာ၊ မျက်ရည်ကျတာတွေ မရှိတော့ပါဘူး။ ဖေဖေရဲ့ အကြောင်းတွေကို ဂုဏ်ဖော်ပြီး ပြောတတ်နေပြီ။

၇။ အိမ်ပြန်နောက်ကျတိုင်း အရင်ကလို ဖေဖေဖုန်းဆက်ပြီး ပြန်ခေါ်မလားလို့တော့ မျှော်လင့်မိနေတုန်းပဲ။

၈။ စိတ်ဓာတ်ပျော့ညံ့တဲ့ မိန်းကလေးမဟုတ်တော့ဘူးဖေဖေ။ ဖေဖေဖြစ်စေချင်တဲ့ဘဝကို ရဖို့ သမီးအစွမ်းကုန်ကြိုးစားနေပြီ။

၉။ ငယ်ငယ်က ဖေဖေနဲ့ အတူတူသွားခဲ့တဲ့ ပန်းခြံထဲကို ရောက်တိုင်း ဖေဖေနဲ့အတူထိုင်နေကျ ခုံလေးပေါ်မှာ ထိုင်ဖြစ်တယ်။ အရင်ကအတိုင်းမပြောင်းလဲပေမဲ့ ဘေးမှာ ဖေဖေမရှိတော့ အရင်ကလို မနွေးထွေးတော့ဘူး ဖေဖေရဲ့။

ဖေဖေမရှိတော့တဲ့နောက်ပိုင်း သမီးဘဝက အများကြီးပြောင်းလဲသွားပါတယ်။ ပြီးတော့ တစ်ချိန်ချိန်မှာ သမီးမှာ သားသမီးတွေရှိလာတဲ့အခါ သူတို့ဘိုးဘိုးက ဘယ်လောက်တော်ကြောင်း၊ ကောင်းကြောင်း သူတို့ကို ဂုဏ်ယူစွာနဲ့ ပြန်ပြောင်း ပြောပြရဦးမယ်လေ။

အဖေမရှိတော့သူတွေသာ ဒီခံစားချက်တွေကို နားလည်နိုင်မှာပါ။ ခံစားချက်ချင်းတိုက်ဆိုင်သွားရင် SHARE လိုက်ပါနော်။

Zawgyi

ခ်စ္ရတဲ့ ေဖေဖေရ…

ေဖေဖဆုံးတာ ဒီေန႔ဆို (၂) ႏွစ္ျပည့္ၿပီေနာ္။ ႏွလုံးေဖာက္တာေၾကာင့္ အိပ္ေနရင္းကေန ႐ုတ္တရက္ဆုံးပါးသြားတဲ့ ေဖေဖ့ေၾကာင့္ သမီး ယူက်ဳံးမရဝမ္းနည္းရသလို တစ္ဖက္ကေတြးၾကည့္ရင္လည္း ဝမ္းသာမိပါတယ္။ ဝမ္းသာမိတယ္ဆိုတာက ဒီလိုပါ။ ေဖေဖဘဝတစ္ေလွ်ာက္လုံးေသာက္ခဲ့တဲ့ စီးကရက္ဒဏ္ေတြ၊ အလုပ္ဒဏ္ေတြ၊ စိတ္ဖိစီးမႈဒဏ္ေတြေၾကာင့္ ေဖေဖကင္ဆာျဖစ္မွာကို သမီး သိပ္စိုးရိမ္တာ။ ကင္ဆာေဝဒနာရွင္ေတြရဲ႕ ေနာက္ဆုံးအခ်ိန္က သိပ္ကို နာနာက်င္က်င္ခံစားရတယ္တဲ့။ ဒီလိုမ်ိဳး ေဖေဖ မနာမက်င္ဘဲ သက္ေတာင့္သက္သာ ဆုံးပါးသြားတာကို သမီး ဝမ္းသာမိတာပါ။ ဒါေပမဲ့ ေဖေဖ့ကိုဆုံးရႈံးရတဲ့ နာက်င္မႈကိုေတာ့ ကုစားလို႔ မရဘူးေပါ့။

ဒါေပမဲ့ ၂ ႏွစ္ၾကာတဲ့အထိ ေဖေဖသမီးအနားမွာ ရွိေနတယ္လို႔ ခံစားေနရတုန္းပဲ။ ေဖေဖမရွိတဲ့ ဒီ ၂ႏွစ္တယကာလအတြင္း သမီးဘာေတြျဖစ္ခဲ့လဲဆိုတာ ေဖေဖ့ကို ေျပာျပရဦးမယ္။

၁။ သမီး အရင္တုန္းကေလာက္ မငိုျဖစ္ေတာ့ဘူး။ ငိုလည္း ေဖေဖ့ကို ျပန္ရမွာမွ မဟုတ္တာ။ ေဖေဖလည္း သမီးရဲ႕ မ်က္ရည္ေတြကို မျမင္ခ်င္ဘူး မဟုတ္လား။

၂။ သီခ်င္းအသစ္ေလးေတြ ၾကားတိုင္း သမီးနဲ႔ သီခ်င္းအတူတူနားေထာင္ၿပီး ခံစားခဲ့တဲ့ ေဖေဖ့ကို သတိရတယ္။ “ေဖေဖ သမီးဒီသီခ်င္းေလးကို ႀကိဳက္တယ္။ နားေထာင္ၾကည့္ပါလား” ဆိုၿပီး ေျပာရမယ့္သူမွ မရွိေတာ့တာ။

၃။ အခုအခ်ိန္မွာ ေဖေဖဆိုတာ သမီးဘဝအတြက္ေတာ့ ပုံျပင္တစ္ပုဒ္လိုပဲ ျဖစ္ခဲ့ပါၿပီ။

၄။ ေမေမကေတာ့ ေဖေဖအေၾကာင္းေတြ သတိရတိုင္းေျပာေနေလရဲ႕။ အရင္ကလို ေဖေဖ့ကို အျပစ္မတင္၊ မဆူပူေတာ့ပါဘူး။ဤေဆာင္းပါးကို ဂႏၴဝင္မဂၢဇင္းမွ ေရးသားတင္ဆက္သည္။

၅။ သားသမီးေတြအတြက္ ေမေမကိုယ္တိုင္ ႐ုန္းကန္ၿပီး စီးပြားရွာေနရတာေၾကာင့္ အရင္ကေလာက္ မိသားစုေတြ ေႏြးေႏြးေထြးေထြးမရွိေတာ့ဘူး။ သမီးလည္း ျပႆနာေတြကို ကိုယ့္ဘာသာေျဖရွင္းတတ္ပါၿပီ။

၆။ သူငယ္ခ်င္းေတြဆုံလို႔ အိမ္အေၾကာင္း၊ မိသားစုအေၾကာင္းေျပာရင္ အရင္ကလို ေရွာင္ထြက္သြားတာ၊ မ်က္ရည္က်တာေတြ မရွိေတာ့ပါဘူး။ ေဖေဖရဲ႕ အေၾကာင္းေတြကို ဂုဏ္ေဖာ္ၿပီး ေျပာတတ္ေနၿပီ။

၇။ အိမ္ျပန္ေနာက္က်တိုင္း အရင္ကလို ေဖေဖဖုန္းဆက္ၿပီး ျပန္ေခၚမလားလို႔ေတာ့ ေမွ်ာ္လင့္မိေနတုန္းပဲ။

၈။ စိတ္ဓာတ္ေပ်ာ့ညံ့တဲ့ မိန္းကေလးမဟုတ္ေတာ့ဘူးေဖေဖ။ ေဖေဖျဖစ္ေစခ်င္တဲ့ဘဝကို ရဖို႔ သမီးအစြမ္းကုန္ႀကိဳးစားေနၿပီ။

၉။ ငယ္ငယ္က ေဖေဖနဲ႔ အတူတူသြားခဲ့တဲ့ ပန္းၿခံထဲကို ေရာက္တိုင္း ေဖေဖနဲ႔အတူထိုင္ေနက် ခုံေလးေပၚမွာ ထိုင္ျဖစ္တယ္။ အရင္ကအတိုင္းမေျပာင္းလဲေပမဲ့ ေဘးမွာ ေဖေဖမရွိေတာ့ အရင္ကလို မေႏြးေထြးေတာ့ဘူး ေဖေဖရဲ႕။

ေဖေဖမရွိေတာ့တဲ့ေနာက္ပိုင္း သမီးဘဝက အမ်ားႀကီးေျပာင္းလဲသြားပါတယ္။ ၿပီးေတာ့ တစ္ခ်ိန္ခ်ိန္မွာ သမီးမွာ သားသမီးေတြရွိလာတဲ့အခါ သူတို႔ဘိုးဘိုးက ဘယ္ေလာက္ေတာ္ေၾကာင္း၊ ေကာင္းေၾကာင္း သူတို႔ကို ဂုဏ္ယူစြာနဲ႔ ျပန္ေျပာင္း ေျပာျပရဦးမယ္ေလ။

အေဖမရွိေတာ့သူေတြသာ ဒီခံစားခ်က္ေတြကို နားလည္ႏိုင္မွာပါ။ ခံစားခ်က္ခ်င္းတိုက္ဆိုင္သြားရင္ SHARE လိုက္ပါေနာ္။