မြန်မာနိုင်ငံက နိုင်ငံရေး အကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရာထူးက ဆင်းပေးဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ကတိုက်တွန်းလိုက်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ အခြေအနေတွေ ဒီထက်ပိုဆိုးမလာအောင် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက ဝိုင်းဝန်းကြိုးပမ်းကြဖို့လည်း အထူးကိုယ်စားလှယ် Burgener အပြင်၊ မြန်မာနိုင်ငံဆိုင်ရာ
လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Thomas Andrews မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း တို့က သောကြာနေ့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယ ကော်မတီမှာ တိုက်တွန်းခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ကိုဇော်မိုးကျော်က တင်ပြပေးထားပါတယ်။
စစ်အာဏာသိမ်းခဲ့တာ ၈ လကျော် ကာလအတွင်း ကလေးတွေ အပါအဝင် လူပေါင်း ၁,၁၀၀ ကျော် သေဆုံးခဲ့ရတဲ့ နောက်ဆက်တွဲ အကျပ်အတည်းတွေဟာ ပိုမိုဆိုးရွားလာနေတာကိုသာ တွေ့မြင်နေရတဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့
မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener က တာဝန်က အနားမယူခင် ကုလသမဂ္ဂမှာ နောက်ဆုံး အစီရင်ခံ တင်ပြရာမှာ သတိပေးလိုက်တာပါ။
အခြေအနေတွေ ဒီထက်ပိုဆိုးမလာဖို့ဆိုရင် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရာထူးက ဆင်းပေးသင့်တယ်လို့လည်း ကုလသမဂ္ဂမှာ အထွေထွေညီလာခံရဲ့ လူ့အခွင့်အရေး ကိစ္စတွေကို ကိုင်တွယ်ရတဲ့ တတိယကော်မတီမှာ သောကြာနေ့က အစီရင်ခံရာမှာ တိုက်တွန်းလိုက်တာပါ။
“ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ တိုင်းပြည်အနာဂတ်ကို အမှန်တကယ် အလေးထားတယ်ဆိုရင် ရာထူးက ဆင်းပေးပြီး၊ ပြည်သူလူထုဆန္ဒနဲ့အညီ တင်မြှောက်ထားတဲ့ အရပ်သား အစိုးရကို တပ်မတော်က အာဏာလွှဲပေးလိုက်ပါ။
မြန်မာနိုင်ငံက ကလေးတွေ လူငယ်တွေရဲ့ အနာဂတ်ကို ဖျက်ဆီးခံနေရတဲ့အပေါ် စိတ်မချမ်းမသာ ဖြစ်နေကြတဲ့ တပ်မတော်သားတွေ ရှိမယ်လို့လည်း ကျမယုံကြည်ပါတယ်။”
မြန်မာနိုင်ငံမှာ လက်ရှိ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေကို ဆွေးနွေးဖြေရှင်းဖို့ လိုအပ်ပေမဲ့ လတ်တလောမှာ စစ်အာဏာပိုင်တွေက စေ့စပ်ဖြေရှင်းလိုပုံ မရဘူးလို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ အကျပ်အတည်းတွေကို ကျော်လွှားပြီး ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်ဖို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက ဆက်လက် ဖိအားပေးဖို့ အရေးကြီးတယ်လို့လည်း ပြောဆိုခဲ့တာပါ။
“မြန်မာနိုင်ငံ ပြန်လည်သင့်မြတ်ရေးနဲ့ မြန်မာနိုင်ငံရဲ့ပြဿနာတွေကိုဖြေရှင်းနိုင်မယ့် နည်လမ်းတွေရရှိဖို့ တိကျခိုင်မာတဲ့ လုပ်ဆောင်မှုတွေအတွက် ဖိအားပေးတာတွေ၊ ကူညီဆောင်ရွက်ပေးတာတွေကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ညီညီညွတ်ညွတ် မလုပ်နိုင်ဘူးဆိုရင် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပေါ်နေဦးမှာပါ။”
အထွေထွေညီလာခံ တတိယကော်မတီမှာ မြန်မာနိုင်ငံက အခြေအနေတွေနဲ့ ပတ်သက်လို့ တင်ပြခဲ့တဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း အထူးကိုယ်စားလှယ်ရဲ့ တိုက်တွန်းချက်ကို အားပေးထောက်ခံ တင်ပြခဲ့တာပါ။
“ဖေဖေါ်ဝါရီလ ၁ ရက်နေ့မနက်အစောပိုင်းမှာ ဒီမိုကရေစီနည်းလမ်းတကျရွေးကောက် တင်မြောက်ထားတဲ့ သမတကြီးဦးဝင်းမြင့်ထံလာရောက်ပြီး၊ ရာထူးကနေနှုတ်ထွက်ဖို့ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။
သမတ ဦးဝင်းမြင့်အနေနဲ့ သူ့အသက်ကိုသာလျင်စွန့် လွှတ်သွားမယ်၊သူတို့ရဲ့ခြိမ်းခြောက်တောင်းဆိုမှုကိုလိုက်နာမှာမဟုတ်ကြောင်းတုံပြန်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နိုင်ငံတော်အပေါ်သစ္စာဖေါက်မှုကြီး ကိုကျူးလွန်ပြီး၊ စစ်တပ်က အာဏာသိမ်းယူခဲ့ပါတယ်။
အဲဒိ အချိန်ကတည်းကစပြီး ကျနော်တို့တိုင်းပြည်ဟာလည်း တစထက်တစအခြေအနေဆိုး လာခဲ့ပြီးယိုယွင်းပျက်စီးလာခဲ့ပါတယ်”
မြန်မာပြည်မှာ စစ်တပ်ရဲ့အကြမ်းဖက်ဖိနှိပ့်မှုတွေကြောင့် မလွဲသာမရှောင် ပြည်သူတွေ အနေနဲ့ ကိုယ့်ကိုယ်ကိုယ်ခုံခံကာကွယ်တိုက်ခိုက်နေရကြောင်း၊ ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ထိရောက်တဲ့အရေးယူ ဆောင်ရွက်မှု တွေပြုလုပ်ဖို့လုပ်အပ်ကြောင်းကိုလည်း ဦးကျော်မိုးထွန်းကပြောဆိုခဲ့ပါတယ်။
အထူးကိုယ်စားလှယ် Christine Burgener မြန်မာကိုယ်စားလှယ် ဦးကျော်မိုးထွန်းတို့နဲ့အတူ တတိယကော်မတီမှာ အစီရင်ခံခဲ့တဲ့ လူ့အခွင့်အရေးကိုယ်စားလှယ် Thomas Andrew ကလည်း နိုင်ငံတကာရဲ့ အခန်းကဏ္ဍကို အလေးထား ပြောသွားခဲ့တာပါ။
အထူးသဖြင့် အာဏာသိမ်း စစ်ကောင်စီကို လက်မခံဖို့နဲ့ ဒဏ်ခတ်အရေးယူတာတွေလုပ်ပြီး ဒီမိုကရေစီလမ်းကြောင်းကို ပြန်ရောက်လာအောင် တွန်းအားပေးဖို့လည်း တိုက်တွန်းသွားပါတယ်။
“မြန်မာစစ်အာဏာရှင်တွေဟာ သူ့ရဲ့ အခြေခံကျတဲ့လိုအပ်ချက်ဖြစ်တဲ့ ငွေ၊ လက်နှက် နဲ့ တရားဝင်မှု ဆိုတာတွေအတွက် နိုင်ငံတကာအသိုင်းအဝိုင်းကိုမှီခိုအားထားနေရတယ်ဆိုတဲ့အချက်ကို ကျနော်တို့ နားလည်သဘောပေါက်လာတဲ့နောက်၊ အဲဒီနေရာကနေစတင်လုပ်ဆောင်နိုင်ပါတယ်။
ဒီအချက် ၃ ချက်ကိုပစ်မှတ်ထားပြီးကျနော်တို့ လုပ်ဆောင်နိုင်ပါတယ်။ တချိန်ထဲမှာဘဲ ရိုဟင်ဂျာဒုက္ခသည်တွေ အပါအဝင်မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာအထောက်အပံတွေကို တိုးချဲ့ပေးသွားနိုင်ပါတယ်။ ဒီလိုနည်းလမ်းဟာမြန်မာပြည်သူတွေကို ကူညီလုပ်ဆောင်ပေးဖို့အကောင်းဆုံးနည်း လမ်းတွေဖြစ်ပါတယ်။”
ASEAN ရဲ့ဆုံးဖြတ်ချက်ဟာ အာဏာသိမ်း စစ်ကောင်စီ ကိုအထိနာစေခဲ့ကြောင်း၊ မြန်မာနိုင်ငံကို လက်နက် မရောင်းဖို့ကို လုံခြုံရေး ကောင်စီက မလုပ်နိုင်ရင်တောင် အဖွဲ့ဝင်နိုင်ငံတိုင်း ကဝိုင်းဝန်း လုပ်ဆောင်ကြဖိုလိုကြောင်း၊
မြန်မာနိုင်ငံကိုစီးပွားရေးအရ ပိတ်ဆို့အရေးယူတဲ့နေရာမှာ စွမ်းအင်းကဏ္ဌကို အဓိကထားလုပ် ဆောင်ဖို့လိုကြောင်းတွေကို တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် မကြာခင် တာဝန်က အနားယူတော့မယ့် Christine Burgener ရဲ့ တင်ပြချက်တွေကိုတော့ အာဆီယံနဲ့ ဒေသတွင်းနိုင်ငံတွေ အပါအဝင်၊ နိုင်ငံတော်တော်များများက ထောက်ခံ ဆွေးနွေးခဲ့ကြပါတယ်။
တရုတ်နိုင်ငံကတော့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တွေရဲ့ တင်ပြချက်တွေနဲ့ ပတ်သက်လို့ ကန့်ကွက်တာ၊ ထောက်ခံတာမျိုး မရှိပဲ ပြဿနာတွေကို အပြုသဘော ဆွေးနွေးဖြေရှင်းတာတွေကို အားပေးကြောင်းသာပြောဆိုခဲ့တာပါ။
မြန်မာ့အရေး တင်ပြချက်တွေနဲ့ ပတ်သက်လို့ အပြန်အလှန် ဆွေးနွေးမေးမြန်းကြတဲ့အထဲမှာ အမေရိကန်ကတော့ မြန်မာ့အရေးမှာ နိုင်ငံတကာက ပိုမိုပြင်းပြင်းထန်ထန် တုန့်ပြန်ဆောင်ရွက်ဖို့ အထူးကိုယ်စားလှယ်ရဲ့
တိုက်တွန်းချက်ကို လက်ခံကြောင်းနဲ့ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေ အပါအဝင် ခိုင်မာတဲ့ အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့တိုက်တွန်းခဲ့ပါတယ်။
crd
ျမန္မာနိုင္ငံက နိုင္ငံေရး အက်ပ္အတည္းေတြကို ေျဖရွင္းနိုင္ဖို႔ ျမန္မာစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ ရာထူးက ဆင္းေပးဖို႔ ကုလသမဂၢရဲ့ ျမန္မာနိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Christine Schraner Burgener ကတိုက္တြန္းလိုက္ပါတယ္။
စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ျမန္မာနိုင္ငံမွာ ၾကဳံေနရတဲ့ အေျခအေနေတြ ဒီထက္ပိုဆိုးမလာေအာင္ ကုလသမဂၢ အပါအဝင္ နိုင္ငံတကာ အသိုင္းအဝန္းက ဝိုင္းဝန္းႀကိဳးပမ္းၾကဖို႔လည္း အထူးကိုယ္စားလွယ္ Burgener အျပင္၊ ျမန္မာနိုင္ငံဆိုင္ရာ
လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ Thomas Andrews ျမန္မာနိုင္ငံဆိုင္ရာ ကုလသမဂၢ အျမဲတမ္းကိုယ္စားလွယ္ ဦးေက်ာ္မိုးထြန္း တို႔က ေသာၾကာေန႔ ကုလသမဂၢ အေထြေထြညီလာခံရဲ့ တတိယ ေကာ္မတီမွာ တိုက္တြန္းခဲ့ၾကတာပါ။ အျပည့္အစုံကိုေတာ့ ကိုေဇာ္မိုးေက်ာ္က တင္ျပေပးထားပါတယ္။
စစ္အာဏာသိမ္းခဲ့တာ ၈ လေက်ာ္ ကာလအတြင္း ကေလးေတြ အပါအဝင္ လူေပါင္း ၁,၁၀၀ ေက်ာ္ ေသဆုံးခဲ့ရတဲ့ ေနာက္ဆက္တြဲ အက်ပ္အတည္းေတြဟာ ပိုမိုဆိုးရြားလာေနတာကိုသာ ေတြ႕ျမင္ေနရတဲ့အေၾကာင္း ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ရဲ့
ျမန္မာနိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Christine Schraner Burgener က တာဝန္က အနားမယူခင္ ကုလသမဂၢမွာ ေနာက္ဆုံး အစီရင္ခံ တင္ျပရာမွာ သတိေပးလိုက္တာပါ။
အေျခအေနေတြ ဒီထက္ပိုဆိုးမလာဖို႔ဆိုရင္ အာဏာသိမ္း စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ ရာထူးက ဆင္းေပးသင့္တယ္လို႔လည္း ကုလသမဂၢမွာ အေထြေထြညီလာခံရဲ့ လူ႔အခြင့္အေရး ကိစၥေတြကို ကိုင္တြယ္ရတဲ့ တတိယေကာ္မတီမွာ ေသာၾကာေန႔က အစီရင္ခံရာမွာ တိုက္တြန္းလိုက္တာပါ။
“ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ အေနနဲ႔ တိုင္းျပည္အနာဂတ္ကို အမွန္တကယ္ အေလးထားတယ္ဆိုရင္ ရာထူးက ဆင္းေပးၿပီး၊ ျပည္သူလူထုဆႏၵနဲ႔အညီ တင္ေျမႇာက္ထားတဲ့ အရပ္သား အစိုးရကို တပ္မေတာ္က အာဏာလႊဲေပးလိုက္ပါ။
ျမန္မာနိုင္ငံက ကေလးေတြ လူငယ္ေတြရဲ့ အနာဂတ္ကို ဖ်က္ဆီးခံေနရတဲ့အေပၚ စိတ္မခ်မ္းမသာ ျဖစ္ေနၾကတဲ့ တပ္မေတာ္သားေတြ ရွိမယ္လို႔လည္း က်မယုံၾကည္ပါတယ္။”
ျမန္မာနိုင္ငံမွာ လက္ရွိ ရင္ဆိုင္ေနရတဲ့ အက်ပ္အတည္းေတြကို ေဆြးေႏြးေျဖရွင္းဖို႔ လိုအပ္ေပမဲ့ လတ္တေလာမွာ စစ္အာဏာပိုင္ေတြက ေစ့စပ္ေျဖရွင္းလိုပုံ မရဘူးလို႔လည္း ေျပာပါတယ္။
ျမန္မာနိုင္ငံမွာ ၾကဳံေနရတဲ့ အက်ပ္အတည္းေတြကို ေက်ာ္လႊားၿပီး ဒီမိုကေရစီ လမ္းေၾကာင္းေပၚ ျပန္ေရာက္ဖို႔ ကုလသမဂၢ အပါအဝင္ နိုင္ငံတကာ အသိုင္းအဝန္းက ဆက္လက္ ဖိအားေပးဖို႔ အေရးႀကီးတယ္လို႔လည္း ေျပာဆိုခဲ့တာပါ။
“ျမန္မာနိုင္ငံ ျပန္လည္သင့္ျမတ္ေရးနဲ႔ ျမန္မာနိုင္ငံရဲ့ျပႆနာေတြကိုေျဖရွင္းနိုင္မယ့္ နည္လမ္းေတြရရွိဖို႔ တိက်ခိုင္မာတဲ့ လုပ္ေဆာင္မႈေတြအတြက္ ဖိအားေပးတာေတြ၊ ကူညီေဆာင္ရြက္ေပးတာေတြကို နိုင္ငံတကာအသိုင္းအဝိုင္းအေနနဲ႔ ညီညီညြတ္ညြတ္ မလုပ္နိုင္ဘူးဆိုရင္ ျမန္မာနိုင္ငံမွာ အၾကမ္းဖက္မႈေတြ ဆက္လက္ျဖစ္ေပၚေနဦးမွာပါ။”
အေထြေထြညီလာခံ တတိယေကာ္မတီမွာ ျမန္မာနိုင္ငံက အေျခအေနေတြနဲ႔ ပတ္သက္လို႔ တင္ျပခဲ့တဲ့ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကလည္း အထူးကိုယ္စားလွယ္ရဲ့ တိုက္တြန္းခ်က္ကို အားေပးေထာက္ခံ တင္ျပခဲ့တာပါ။
“ေဖေဖၚဝါရီလ ၁ ရက္ေန႔မနက္အေစာပိုင္းမွာ ဒီမိုကေရစီနည္းလမ္းတက်ေရြးေကာက္ တင္ေျမာက္ထားတဲ့ သမတႀကီးဦးဝင္းျမင့္ထံလာေရာက္ၿပီး၊ ရာထူးကေနႏႈတ္ထြက္ဖို႔ၿခိမ္းေျခာက္ေျပာဆိုခဲ့ပါတယ္။
သမတ ဦးဝင္းျမင့္အေနနဲ႔ သူ႔အသက္ကိုသာလ်င္စြန႔္ လႊတ္သြားမယ္၊သူတို႔ရဲ့ၿခိမ္းေျခာက္ေတာင္းဆိုမႈကိုလိုက္နာမွာမဟုတ္ေၾကာင္းတုံျပန္ခဲ့ပါတယ္။ ဒါေပမယ့္လည္း နိုင္ငံေတာ္အေပၚသစၥာေဖါက္မႈႀကီး ကိုက်ဴးလြန္ၿပီး၊ စစ္တပ္က အာဏာသိမ္းယူခဲ့ပါတယ္။
အဲဒိ အခ်ိန္ကတည္းကစၿပီး က်ေနာ္တို႔တိုင္းျပည္ဟာလည္း တစထက္တစအေျခအေနဆိုး လာခဲ့ၿပီးယိုယြင္းပ်က္စီးလာခဲ့ပါတယ္”
ျမန္မာျပည္မွာ စစ္တပ္ရဲ့အၾကမ္းဖက္ဖိႏွိပ့္မႈေတြေၾကာင့္ မလြဲသာမေရွာင္ ျပည္သူေတြ အေနနဲ႔ ကိုယ့္ကိုယ္ကိုယ္ခုံခံကာကြယ္တိုက္ခိုက္ေနရေၾကာင္း၊ ကုလသမဂၢအပါအဝင္နိုင္ငံတကာအသိုင္းအဝိုင္းအေနနဲ႔ ထိေရာက္တဲ့အေရးယူ ေဆာင္ရြက္မႈ ေတြျပဳလုပ္ဖို႔လုပ္အပ္ေၾကာင္းကိုလည္း ဦးေက်ာ္မိုးထြန္းကေျပာဆိုခဲ့ပါတယ္။
အထူးကိုယ္စားလွယ္ Christine Burgener ျမန္မာကိုယ္စားလွယ္ ဦးေက်ာ္မိုးထြန္းတို႔နဲ႔အတူ တတိယေကာ္မတီမွာ အစီရင္ခံခဲ့တဲ့ လူ႔အခြင့္အေရးကိုယ္စားလွယ္ Thomas Andrew ကလည္း နိုင္ငံတကာရဲ့ အခန္းက႑ကို အေလးထား ေျပာသြားခဲ့တာပါ။
အထူးသျဖင့္ အာဏာသိမ္း စစ္ေကာင္စီကို လက္မခံဖို႔နဲ႔ ဒဏ္ခတ္အေရးယူတာေတြလုပ္ၿပီး ဒီမိုကေရစီလမ္းေၾကာင္းကို ျပန္ေရာက္လာေအာင္ တြန္းအားေပးဖို႔လည္း တိုက္တြန္းသြားပါတယ္။
“ျမန္မာစစ္အာဏာရွင္ေတြဟာ သူ႔ရဲ့ အေျခခံက်တဲ့လိုအပ္ခ်က္ျဖစ္တဲ့ ေငြ၊ လက္ႏွက္ နဲ႔ တရားဝင္မႈ ဆိုတာေတြအတြက္ နိုင္ငံတကာအသိုင္းအဝိုင္းကိုမွီခိုအားထားေနရတယ္ဆိုတဲ့အခ်က္ကို က်ေနာ္တို႔ နားလည္သေဘာေပါက္လာတဲ့ေနာက္၊ အဲဒီေနရာကေနစတင္လုပ္ေဆာင္နိုင္ပါတယ္။
ဒီအခ်က္ ၃ ခ်က္ကိုပစ္မွတ္ထားၿပီးက်ေနာ္တို႔ လုပ္ေဆာင္နိုင္ပါတယ္။ တခ်ိန္ထဲမွာဘဲ ရိုဟင္ဂ်ာဒုကၡသည္ေတြ အပါအဝင္ျမန္မာျပည္သူေတြအတြက္ လူသားခ်င္းစာနာမႈဆိုင္ရာအေထာက္အပံေတြကို တိုးခ်ဲ႕ေပးသြားနိုင္ပါတယ္။ ဒီလိုနည္းလမ္းဟာျမန္မာျပည္သူေတြကို ကူညီလုပ္ေဆာင္ေပးဖို႔အေကာင္းဆုံးနည္း လမ္းေတြျဖစ္ပါတယ္။”
ASEAN ရဲ့ဆုံးျဖတ္ခ်က္ဟာ အာဏာသိမ္း စစ္ေကာင္စီ ကိုအထိနာေစခဲ့ေၾကာင္း၊ ျမန္မာနိုင္ငံကို လက္နက္ မေရာင္းဖို႔ကို လုံျခဳံေရး ေကာင္စီက မလုပ္နိုင္ရင္ေတာင္ အဖြဲ႕ဝင္နိုင္ငံတိုင္း ကဝိုင္းဝန္း လုပ္ေဆာင္ၾကဖိုလိုေၾကာင္း၊
ျမန္မာနိုင္ငံကိုစီးပြားေရးအရ ပိတ္ဆို႔အေရးယူတဲ့ေနရာမွာ စြမ္းအင္းကဏၭကို အဓိကထားလုပ္ ေဆာင္ဖို႔လိုေၾကာင္းေတြကို တိုက္တြန္းေျပာဆိုသြားခဲ့ပါတယ္။
ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ရဲ့ ျမန္မာနိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္အျဖစ္ မၾကာခင္ တာဝန္က အနားယူေတာ့မယ့္ Christine Burgener ရဲ့ တင္ျပခ်က္ေတြကိုေတာ့ အာဆီယံနဲ႔ ေဒသတြင္းနိုင္ငံေတြ အပါအဝင္၊ နိုင္ငံေတာ္ေတာ္မ်ားမ်ားက ေထာက္ခံ ေဆြးေႏြးခဲ့ၾကပါတယ္။
တ႐ုတ္နိုင္ငံကေတာ့ ျမန္မာနိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ေတြရဲ့ တင္ျပခ်က္ေတြနဲ႔ ပတ္သက္လို႔ ကန႔္ကြက္တာ၊ ေထာက္ခံတာမ်ိဳး မရွိပဲ ျပႆနာေတြကို အျပဳသေဘာ ေဆြးေႏြးေျဖရွင္းတာေတြကို အားေပးေၾကာင္းသာေျပာဆိုခဲ့တာပါ။
ျမန္မာ့အေရး တင္ျပခ်က္ေတြနဲ႔ ပတ္သက္လို႔ အျပန္အလွန္ ေဆြးေႏြးေမးျမန္းၾကတဲ့အထဲမွာ အေမရိကန္ကေတာ့ ျမန္မာ့အေရးမွာ နိုင္ငံတကာက ပိုမိုျပင္းျပင္းထန္ထန္ တုန႔္ျပန္ေဆာင္ရြက္ဖို႔ အထူးကိုယ္စားလွယ္ရဲ့
တိုက္တြန္းခ်က္ကို လက္ခံေၾကာင္းနဲ႔ ကုလသမဂၢ အဖြဲ႕ဝင္ နိုင္ငံေတြအေနနဲ႔ စီးပြားေရး ပိတ္ဆို႔ဒဏ္ခတ္မႈေတြ အပါအဝင္ ခိုင္မာတဲ့ အေရးယူေဆာင္ရြက္မႈေတြလုပ္ဖို႔တိုက္တြန္းခဲ့ပါတယ္။
crd