လူကြီးတွေက အမြဲတမ်း ရေဓါတ်ပြည့်ဖို့ လိုအပ်ပေမယ့် ကလေးတွေ ကတော့ လအနည်းငယ်အထိ ရေကို မလိုအပ်ပါဘူး။ မိခင်နို့ရည်ကနေ ရေဓါတ်ကို ရရှိကြပါတယ်။ ကလေးတွေကို သတ်မှတ်ထားတဲ့ အရွယ်မရောက်ခင်မှာ ရေတိုက်ရင် ကျန်းမာရေး ပြဿနာအချို့ ဖြစ်ပေါ်စေပါတယ်။
ကလေးတွေရဲ့ ဝမ်းဗိုက်က လသားအရွယ်မှာ အရမ်းကို သေးငယ်နေပါသေးတယ်။ မွေးကာစ ကလေးတွေရဲ့ အစာအိမ်က လက်ဖက်ရည်ဇွန်း ၂ ဇွန်းပမာဏလောက်ကိုပဲ လက်ခံနိုင်တာပါ။ တစ်လသားအရွယ် ရောက်တဲ့အခါ ၂.၇ အောင်စကနေ ၅ အောင်စအထိ အစာအိမ်ထဲမှာ လက်ခံလာနိုင်ပါတယ်။
အဲဒါကြောင့် ကလေးရဲ့ အစာအိမ်ထဲကို အာဟာရ မဖြစ်စေတဲ့ ရေဓါတ်အစား အာဟာရပေါင်းစုံ ပါဝင်တဲ့ မိခင်နို့ရည်ကိုသာ ထည့်သင့်ပါတယ်။ မိခင်နို့ရည်ထဲမှာ ဗီတာမင်တွေ၊ သတ္ထုဓါတ်တွေ၊ အဆီ၊ ကယ်လိုရီနဲ့ ကြီးထွားဖွံ့ဖြိုးစေတဲ့ အာဟာရတွေ ပါဝင်ပါတယ်။
အဲဒါကြောင့် ကလေး လသားအရွယ်မှာ ရေတိုက်ရင် အာဟာရ နည်းပါးပြီး ကိုယ်အလေးချိန်လည်း တိုးမလာနိုင်ပါဘူး။
ကလေးရဲ့ ကျောက်ကပ်က လူကြီးတွေရဲ့ ကျောက်ကပ်လို ရေကို မကိုင်တွယ် နိုင်သေးပါဘူး။ အဲဒါကြောင့် ကလေးကို ရေများများ တိုက်တဲ့အခါ သွေးကြောထဲမှာ ရေဓါတ်တွေများပြီး ဆိုဒီယမ်ပျော်ဝင်မှုတွေ နည်းပါးစေပါတယ်။ ရေဓါတ် အရမ်းများသွားရင် ဦးနှောက်ရောင်ရမ်းတဲ့ ရောဂါအထိ ဖြစ်စေပါတယ်။
ကလေးကို ၆ လအရွယ်ကနေ ရေ စတင်တိုက်လို့ ရပါပြီ။ ရေကျက်အေး လက်ဖက်ရည်ဇွန်း တစ်ဇွန်းလောက်နဲ့ စတင်တိုက်ပေးလို့ ရပါတယ်။ ဒါပေမယ့် မိခင်နို့ရည်မှာ ရေဓါတ်ပါလို့ နို့ရည်ကိုလည်း ဆက်တိုက်ပေးရမှာပါ။
ကလေးက အစားအစာ အနည်းငယ် စားနိုင်တဲ့ အရွယ်ရောက်ရင် ရေကို နည်းနည်းချင်းစီ စုပ်သောက်လို့ ရပါပြီ။ အဲဒီအခါ ဝမ်းချုပ်တာ ကိုလည်း ကာကွယ်ပြီးသား ဖြစ်စေပါတယ်။
အသက် ၆ လကနေ ၁၂ လအရွယ်ရောက်တဲ့အခါ တစ်နေ့ကို ရေ ၄ အောင်စကနေ ၈ အောင်စအထိ တိုက်လို့ရပါပြီ။ ဒီထက်တော့ ပိုပြီး မတိုက်သင့်သေးပါဘူး။
– သင့်ကလေးက အသက် ၆ လအောက်ရှိပြီး ကိုယ်အပူချိန် များတဲ့အခါ၊ ရာသီဥတုပူတဲ့အခါ ရေဓါတ်ရအောင် မကြာခဏ နို့တိုက်ပေး သင့်ပါတယ်။ ဆရာဝန်ရဲ့ ညွှန်ကြားချက် မပါဘဲနဲ့တော့ ရေ မတိုက်သင့်ပါဘူး။
– ရေကို သူ့အသက်အရွယ် အလိုက်ပဲ တိုက်သင့်ပြီး လိုအပ်တာထက် ပို မတိုက်သင့်ပါဘူး။ လိုအပ်တာထက် ရေပိုတိုက်ရင် ကလေးအတွက် လိုအပ်တဲ့ အာဟာရတွေ မရနိုင်တော့ပါဘူး။
Zombie (Lovemedia).Credit
Zawgyi ဖြင့်ဖတ်ပါ
မွေးကင်းစကလေးတွေကို ရေမတိုက်သင့်တဲ့ အကြောင်းအရင်း
လူကြီးတွေက အမြဲတမ်း ရေဓါတ်ပြည့်ဖို့ လိုအပ်ပေမယ့် ကလေးတွေ ကေတာ့ လအနည်းငယ်အထိ ရေကို မလိုအပ်ပါဘူး။ မိခင်နို့ရည်ကနေ ရေဓါတ်ကို ရရှိကြပါတယ်။ ကလေးတွေကို သတ်မှတ်ထားတဲ့ အရွယ်မရောက်ခင်မှာ ရေတိုက်ရင် ကျန်းမာရေး ပြဿနာအချို့ ဖြစ်ပေါ်စေပါတယ်။
ကလေးတွေရဲ့ ဝမ်းဗိုက်က လသားအရွယ်မှာ အရမ်းကို သေးငယ်နေပါသေးတယ်။ မွေးကာစ ကလေးတွေရဲ့ အစာအိမ္က လက်ဖက်ရည်ဇွန်း ၂ ဇွန်းပမာဏလောက်ကိုပဲ လက်ခံနိုင်တာပါ။ တစ်လသားအရွယ် ရောက်တဲ့အခါ ၂.၇ အောင်စကနေ ၅ အောင်စအထိ အစာအိမ်ထဲမှာ လက်ခံလာနိုင်ပါတယ်။
အဲဒါကြောင့် ကလေးရဲ့ အစာအိမ်ထဲကို အာဟာရ မဖြစ်စေတဲ့ ရေဓါတ်အစား အာဟာရပေါင်းစုံ ပါဝင်တဲ့ မိခင်နို့ရည်ကိုသာ ထည့်သင့်ပါတယ်။ မိခင်နို့ရည်ထဲမှာ ဗီတာမင်တွေ၊ သတ္ထုဓါတ်တွေ၊ အဆီ၊ ကယ်လိုရီနဲ့ ကြီးထွားဖွံ့ဖြိုးစေတဲ့ အာဟာရေတြ ပါဝင်ပါတယ်။
အဲဒါကြောင့် ကေလး လသားအရွယ်မှာ ရေတိုက်ရင် အာဟာရ နည်းပါးပြီး ကိုယ်အလေးချိန်လည်း တိုးမလာနိုင်ပါဘူး။
ကလေးရဲ့ ကျောက်ကပ်က လူကြီးတွေရဲ့ ကျောက်ကပ်လို ရေကို မကိုင်တွယ် နိုင်သေးပါဘူး။ အဲဒါကြောင့် ကေလးကို ရေများများ တိုက်တဲ့အခါ သွေးကြောထဲမှာ ရေဓါတ်တွေများပြီး ဆိုဒီယမ်ပျော်ဝင်မှုတွေ နည်းပါးစေပါတယ်။ ရေဓါတ် အရမ်းများသွားရင် ဦးနှောက်ရောင်ရမ်းတဲ့ ရောဂါအထိ ဖြစ်စေပါတယ်။
ကေလးကို ၆ လအရွယ်ကနေ ရေ စတင်တိုက်လို့ ရပါပြီ။ ရေကျက်အေး လက်ဖက်ရည်ဇွန်း တစ်ဇွန်းလောက်နဲ့ စတင်တိုက်ပေးလို့ ရပါတယ်။ ဒါပေမယ့် မိခင်နို့ရည်မှာ ရေဓါတ်ပါလို့ နို့ရည်ကိုလည်း ဆက်တိုက်ပေးရမှာပါ။
ကေလးက အစားအစာ အနည်းငယ် စားနိုင်တဲ့ အရွယ်ရောက်ရင် ရေကို နည်းနည်းချင်းစီ စုပ်သောက်လို့ ရပါပြီ။ အဲဒီအခါ ဝမ်းချုပ်တာ ကိုလည်း ကာကွယ်ပြီးသား ဖြစ်စေပါတယ်။
အသက် ၆ လကေန ၁၂ လအရွယ်ရောက်တဲ့အခါ တစ်နေ့ကို ရေ ၄ အောင်စကနေ ၈ အောင်စအထိ တိုက်လို့ရပါပြီ။ ဒီထက်တော့ ပိုပြီး မတိုက်သင့်သေးပါဘူး။
– သင့်ကလေးက အသက် ၆ လအောက်ရှိပြီး ကိုယ်အပူချိန် မ်ားတဲ့အခါ၊ ရာသီဥတုပူတဲ့အခါ ရေဓါတ်ရအောင် မကြာခဏ နို့တိုက်ပေး သင့်ပါတယ်။ ဆရာဝန်ရဲ့ ညွှန်ကြားချက် မပါဘဲနဲ့တော့ ရေ မတိုက်သင့်ပါဘူး။
– ရေကို သူ့အသက်အရွယ် အလိုက်ပဲ တိုက်သင့်ပြီး လိုအပ်တာထက် ပို မတိုက်သင့်ပါဘူး။ လိုအပ်တာထက် ရေပိုတိုက်ရင် ကလေးအတွက် လိုအပ်တဲ့ အာဟာရေတြ မရနိုင်တော့ပါဘူး။
Zombie (Lovemedia).Credit