ၾကားသိရသမွ်

Seen ပြပြီး reply မပြန်တာ ခုခေတ်မှ မဟုတ်ပါဘူး

မြန်မာနိုင်ငံရဲ့ သက်ဦးဆံပိုင် ဘုရင်စနစ်ဟာ သီပေါမင်းလက်ထက်မှာ မရှုမလှ နိဂုံးချုပ်ခဲ့ရပေမဲ့ သမိုင်းတစ်လျှောက်ထူးချွန်ပြောင်မြောက်တဲ့ ဗမာမင်းတွေလည်း ရှိခဲ့ပါတယ်။

အဲဒီထဲကမှသာမန်လယ်သမားလူတန်းစားကနေရှင်ဘုရင်ဖြစ်ခဲ့တဲ့အလောင်းမင်းတရားကြီးဦးအောင်ဇေယျရဲ့ခေတ်ရှေ့ပြေးတဲ့တွေးခေါ်မြော်မြင်မှုတစ်ရပ်ကို ပြောပြချင်ပါတယ်။

၁၇၅၆ခုနှစ်အလောင်းမင်းတရားတန်ခိုးထွားစဥ်ကဗြိတိသျှဘုရင်ဒုတိယမြောက်ဂျော့်ချ်ထံရွှေပေလွှာပေးပို့ခဲ့ပါတယ်။ရွှေစာပေါ်မြန်မာစာလုံးများ ထွင်းထားပြီး ပတ္တမြား၂၄လုံးနဲ့စီခြယ်ထားခဲ့ပါတယ်။ထုပ်ပိုးမှုမှာလည်းဆင်စွယ်နဲ့ပြုလုပ်ထားတဲ့ဘူးလေးထဲထည့်ပေးခဲ့တာဖြစ်ပါတယ်။

ဒီလို တခမ်းတနား တလေးတစားနဲ့ ပေးပို့ခဲ့ပေမဲ့ဗြိတိသျှဘုရင်ဟာအရေးတယူမလုပ်ခဲ့ပါဘူး။ပြောရရင်ဖွင့်တောင်မဖတ်ခဲ့ဘူးလို့ဆိုရပါမယ်။ သူတို့ထံမှာ မြန်မာဘာသာစကားကို ပြောတတ်တဲ့သူ မရှိတဲ့အတွက် ရောက်ကတည်းက ပစ်ထားခဲ့ပါတယ်။

မြန်မာနိုင်ငံလို သေးငယ်ပြီး သြဇာအာဏာနည်းတဲ့ နိုင်ငံကလာတာဖြစ်တဲ့အတွက်အလေးမထားခဲ့ခြင်းဖြစ်ပါတယ်။အလောင်းမင်းတရားဟာ စာရရှိကြောင်း အကြောင်းပြန်စာတောင် မရခဲ့တဲ့အတွက် စော်ကားခံရသလို ခံစားခဲ့ရတယ်လို့လည်း ပြောကြပါတယ်။

အခုလို နိုင်ငံရပ်ခြားက အင်အားကြီး နိုင်ငံတစ်ခုကို စာလွှာပေးပို့ဆက်သွယ်ခြင်းဟာ သံတမန်နည်းအရ ခေတ်ရှေ့ပြေးပြီး ကောင်းမွန်တဲ့ အတွေးအခေါ်တစ်ရပ် ဖြစ်ခဲ့ပါတယ်။

ခေတ်အဆက်ဆက်ပြန်စာမရခဲ့တဲ့စာတွေအနက်အလောင်းမင်းတရားရဲ့ရွှေပေလွှာဟာနှမျောစရာအကောင်းဆုံးလို့တောင်ဆိုနိုင်မယ်ထင်ပါတယ်။ သံတမန်ရေး၊ ကုန်သွယ်ရေးသာ တိုးတက်ခဲ့ရင် မြန်မာ့သမိုင်းဟာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားခဲ့မှာပါပဲ။

ျမန္မာႏိုင္ငံရဲ႕ သက္ဦးဆံပိုင္ ဘုရင္စနစ္ဟာ သီေပါမင္းလက္ထက္မွာ မရႈမလွ နိဂုံးခ်ဳပ္ခဲ့ရေပမဲ့ သမိုင္းတစ္ေလွ်ာက္ထူးခြၽန္ေျပာင္ေျမာက္တဲ့ ဗမာမင္းေတြလည္း ရွိခဲ့ပါတယ္။

အဲဒီထဲကမွ သာမန္ လယ္သမား လူတန္းစားကေန ရွင္ဘုရင္ျဖစ္ခဲ့တဲ့အေလာင္းမင္းတရားႀကီးဦးေအာင္ေဇယ်ရဲ႕ေခတ္ေရွ႕ေျပးတဲ့ ေတြးေခၚေျမာ္ျမင္မႈတစ္ရပ္ကို ေျပာျပခ်င္ပါတယ္။

၁၇၅၆ ခုႏွစ္ အေလာင္းမင္းတရား တန္ခိုးထြားစဥ္က ၿဗိတိသွ်ဘုရင္ ဒုတိယေျမာက္ ေဂ်ာ့္ခ်္ ထံ ေ႐ႊေပလႊာ ေပးပို႔ခဲ့ပါတယ္။ ေ႐ႊစာေပၚ ျမန္မာစာလုံးမ်ား ထြင္းထားၿပီး ပတၱျမား ၂၄ လုံးနဲ႔ စီျခယ္ထားခဲ့ပါတယ္။ ထုပ္ပိုးမႈမွာလည္း ဆင္စြယ္နဲ႔ ျပဳလုပ္ထားတဲ့ ဘူးေလးထဲ ထည့္ေပးခဲ့တာ ျဖစ္ပါတယ္။

ဒီလို တခမ္းတနား တေလးတစားနဲ႔ ေပးပို႔ခဲ့ေပမဲ့ ၿဗိတိသွ်ဘုရင္ဟာ အေရးတယူမလုပ္ခဲ့ပါဘူး။ ေျပာရရင္ ဖြင့္ေတာင္ မဖတ္ခဲ့ဘူး လို႔ ဆိုရပါမယ္။ သူတို႔ထံမွာ ျမန္မာဘာသာစကားကို ေျပာတတ္တဲ့သူ မရွိတဲ့အတြက္ ေရာက္ကတည္းက ပစ္ထားခဲ့ပါတယ္။

ျမန္မာႏိုင္ငံလိုေသးငယ္ၿပီးၾသဇာအာဏာနည္းတဲ့ႏိုင္ငံကလာတာျဖစ္တဲ့အတြက္အေလးမထားခဲ့ျခင္းျဖစ္ပါတယ္။အေလာင္းမင္းတရားဟာ စာရရွိေၾကာင္း အေၾကာင္းျပန္စာေတာင္ မရခဲ့တဲ့အတြက္ ေစာ္ကားခံရသလိုခံစားခဲ့ရတယ္လို႔လည္းေျပာၾကပါတယ္။

အခုလို ႏိုင္ငံရပ္ျခားက အင္အားႀကီး ႏိုင္ငံတစ္ခုကို စာလႊာေပးပို႔ဆက္သြယ္ျခင္းဟာ သံတမန္နည္းအရ ေခတ္ေရွ႕ေျပးၿပီး ေကာင္းမြန္တဲ့ အေတြးအေခၚတစ္ရပ္ ျဖစ္ခဲ့ပါတယ္။

ေခတ္အဆက္ဆက္ ျပန္စာမရခဲ့တဲ့ စာေတြအနက္ အေလာင္းမင္းတရားရဲ႕ ေ႐ႊေပလႊာဟာႏွေမ်ာစရာအေကာင္းဆုံးလို႔ေတာင္ ဆိုႏိုင္မယ္ထင္ပါတယ္။ သံတမန္ေရး၊ ကုန္သြယ္ေရးသာ တိုးတက္ခဲ့ရင္ ျမန္မာ့သမိုင္းဟာ တစ္မ်ိဳးတစ္ဖုံ ေျပာင္းလဲသြားခဲ့မွာပါပဲ။

Credit