ကမ္ဘာ့ပေါ်မှာ ငွေကြေးဖောင်းပွမှုအများဆုံး ၁၀နိုင်ငံ စာရင်းသို့ ဝင်ရောက်သွားပြီဖြစ်သော မြန်မာနိုင်ငံ
ပြည်သူ ရွေးချယ်ထားသည့် အစိုးရကို ဖမ်းဆီးကာ စစ်တပ်က အာဏာသိမ်းပြီး ၆လအကြာတွင် မြန်မာနိုင်ငံ၏ ငွေကြေးတန်ဖိုး ဇောက်ထိုးကျဆင်းကာ ကမ္ဘာ့ပေါ်တွင် ငွေကြေးဖောင်းပွမှုအများဆုံး ၁၀ နိုင်ငံ စာရင်းသို့ ဝင်ရောက်သွားသည်။
ဩဂုတ်လ နောက်ဆုံးသီတင်းပတ်က ထုတ်ပြန်သည့် ဂျွန်စ်ဟော့ပ်ကင်းတက္ကသိုလ် Hanke ငွေကြေး ဖောင်းပွမှု အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ ငွေကြေး ဖောင်းပွမှုနှုန်းမှာ ၃၁ ရာခိုင်နှုန်းရှိကာ အီရန်ကို ကျော်လွန်ပြီး ကမ္ဘာ့အဆင့် ၉ သို့ ရောက်ရှိသွားသည်။
ပြည်သူ့အစိုးရ နောက်ဆုံး အုပ်ချုပ်ခဲ့သည့် ဇန်နဝါရီလကုန် ဖေဖော်ဝါရီလဆန်းတွင် ငွေကြေးဖောင်းပွမှု ရာခိုင်နှုန်းမှာ ၂ ဒဿမ ၆၁ ရာခိုင်နှုန်းသာ ရှိရာမှ ၃၁ ရာခိုင်နှုန်းသို့ တဟုန်ထိုး ထိုးတက်သွားခြင်း ဖြစ်သည်။
ပြင်ပဈေးကွက်တွင် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းမှာ တစ်ဒေါ်လာလျှင် ကျပ် ၁၃၀၀ ကျော်မှ ကျပ် ၁၈၀၀ ကျော်သို့ ထိုးတက်သွားသည်။
ရွှေဈေးမှာလည်း ကျပ် ၁၇ သိန်းခွဲခန့်သို့ တက်လာပြီး ပြည်ပမှ တင်သွင်းသည့် စားသောက်ကုန်နှင့် လူသုံးကုန် ပစ္စည်းများမှာ ၃၀ ရာခိုင်နှုန်းခန့် ဈေးတက်သွားကြောင်း အီလက်ထရောနစ် ပစ္စည်း တင်သွင်းရောင်းချသူ တစ်ဦးက ပြောသည်။.
“ဈေးကတော့ ရှယ်တက်တာ။ အရင်က ၆ သိန်းလောက်ဟာက အခု ၈ သိန်းနား ကပ်သွားတယ်။ စားသောက်ကုန် ဆိုရင်လည်း စားသုံးဆီတွေ ၃၂ ရာခိုင်နှုန်းလောက် ဈေးတက်သွားတယ်” ဟု သူက ပြောသည်။
သြဂုတ် ၁၆ရက်မှာ ပြည်တွင်းအခေါက်ရွှေ ဈေးနှုန်း တစ်ကျပ်သားကို ကျပ် ၁၇ သိန်းခန့် အထိ စံချိန်တင်မြင့်တက်ခဲ့ပေမယ့် နောက်ရက်မှာ တစ်ကျပ်သားကို ကျပ် ၁၆ သိန်း ၅ သောင်းကို ပြန်လည် ကျဆင်းခဲ့ပါသေးတယ်။
အဲဒီနောက် တရိပ်ရိပ် ပြန်တက်လာပြီး အခု စက်တင်ဘာ ၄ရက် ပြည်တွင်း ရွှေဈေးနှုန်းဟာ ဈေးကွက်ပိတ်ချိန်မှာ အခေါက်ရွှေတစ်ကျပ်သားကို ၁,၇၇၈,၀၀၀ ကျော် အထိ ဈေးကွက်ပေါက်ဈေး ရှိပါတယ်။
ဇန်နဝါရီ ၃၁ ရက်နေ့က အမေရိကန် ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၁၃၃၁ ကျပ် တန်ဖိုး ရှိပါတယ်။ ဒီကနေ့ စက်တင်ဘာ ၅ ရက်နေ့ အမေရိကန် ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၁၈၃၀ အထိ ပြင်ပ ပေါက်ဈေး ရှိပါတယ်။
ဒီလို ဒေါ်လာ ငွေလဲနှုန်း မြင့်တက်လာတာကြောင့် ပြည်တွင်းငွေထက် ခိုင်မာတဲ့ ရွှေဈေးကွက်မှာ ပိုပြီးရင်းနှီး မြှုပ်နှံလာကြပါတယ်။ အဲဒီအခါ ဝယ်လိုအားများပြီးရွှေဈေး မြင့်တက်ပါတယ်။“
ကမ္ဘာ့ရွှေဈေး တက်ပေမယ့် ပြည်တွင်းမှာ ဝယ်လိုအား ရှိသလောက် ရောင်းလိုအားရှိရင် ဈေးက ဒီလောက် မတက်နိုင်ဘူး။ အခုကျတော့ ဝယ်လိုပေမယ့် ရောင်းမယ့်သူက မရောင်းတော့ ဈေးက ပိုတက်တယ်။
မရောင်းတာကလည်း ကမ္ဘာ့ရွှေဈေးတက်နေတော့ ရောင်းတဲ့သူက အရမ်းကာရော မရောင်းရဲဘူး။ သူပြန်ဝယ်ရင် ဈေးတက်နဲ့ပြန်ဝယ်ရရင် သူရှုံးမှာကိုး။
အဲဒီတော့ ဝယ်လိုအားများ ရွှေဈေးတက်တာ” လို့ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်း အထွေထွေ အတွင်းရေးမှူး ဦးအုန်းမြိုင်က ပြောကြောင်း ဘီဘီစီ သတင်းမှာ ဖော်ပြထားပါတယ်။။
ဇင်ဘာဘွေနိုင်ငံသားတစ်ဦးစျေးဝယ်ထွက်ပုံံ
လက်ရှိ ဖြစ်ပေါ်နေသည့် ရွှေဈေးနှင့် ဒေါ်လာဈေးမှာ စံချိန်တင် ဈေးအမြင့်ဆုံး ဖြစ်နေပြီး မြန်မာ့ငွေကြေး တန်ဖိုးမှာလည်း စံချိန်တင် ကျဆင်းနေခြင်းဖြစ်သည်။
ပြင်ပငွေဈေးက 1USD = 1830 ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
ငွေဈေးဟာ သမိုင်းတလျှောက် အမြင့်ဆုံး စံချိန်တင် ရောက်ခဲ့တာပါ။ August 28 တရုတ်အထူးကိုယ်စားလှယ် ပြန်ပြီး ခုလို ဒေါ်လာဈေး တက်ခဲ့တာကို တိုက်ဆိုင်မှုအဖြစ် တွေ့ရပါတယ်။
လာမယ့် September လလယ်မှာ မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂ ကိုယ်စားပြု ခွင့်ကို မဲခွဲ ဆုံးဖြတ်ဖို့ ရှိနေပါတယ်။
ဒီဆုံးဖြတ်မှုဟာ ဖြစ်နိုင်ချေ အမျိုးမျိုး ရှိနေသလို ပဋိပက္ခတစ်ခုရဲ့အမြင့်ဆုံး အမှတ် (Stalemate) ကို အမြင့်ဆုံး တွန်းပို့နိုင်ပါတယ်။ မိတ်ဆွေတို့ရဲ့ အမြင်လေးတွေလည်း ရေးပေး ခဲ့ကြပါဦး။
ℂ𝕣𝕖𝕕𝕚𝕥 𝕋𝕠 𝕆𝕣𝕚𝕘𝕚𝕟𝕒𝕝 𝕌𝕡𝕝𝕠𝕒𝕕𝕖𝕣
Zawgyi
ကမာၻ႔ေပၚမွာ ေငြေၾကးေဖာင္းပြမႈအမ်ားဆုံး ၁၀ႏိုင္ငံ စာရင္းသို႔ ဝင္ေရာက္သြားၿပီျဖစ္ေသာ ျမန္မာႏိုင္ငံ
ျပည္သူ ေ႐ြးခ်ယ္ထားသည့္ အစိုးရကို ဖမ္းဆီးကာ စစ္တပ္က အာဏာသိမ္းၿပီး ၆လအၾကာတြင္ ျမန္မာႏိုင္ငံ၏ ေငြေၾကးတန္ဖိုး ေဇာက္ထိုးက်ဆင္းကာ ကမာၻ႔ေပၚတြင္ ေငြေၾကးေဖာင္းပြမႈအမ်ားဆုံး ၁၀ ႏိုင္ငံ စာရင္းသို႔ ဝင္ေရာက္သြားသည္။
ဩဂုတ္လ ေနာက္ဆုံးသီတင္းပတ္က ထုတ္ျပန္သည့္ ဂြၽန္စ္ေဟာ့ပ္ကင္းတကၠသိုလ္ Hanke ေငြေၾကး ေဖာင္းပြမႈ အစီရင္ခံစာတြင္ ျမန္မာႏိုင္ငံ၏ ေငြေၾကး ေဖာင္းပြမႈႏႈန္းမွာ ၃၁ ရာခိုင္ႏႈန္းရွိကာ အီရန္ကို ေက်ာ္လြန္ၿပီး ကမာၻ႔အဆင့္ ၉ သို႔ ေရာက္ရွိသြားသည္။
ျပည္သူ႔အစိုးရ ေနာက္ဆုံး အုပ္ခ်ဳပ္ခဲ့သည့္ ဇန္နဝါရီလကုန္ ေဖေဖာ္ဝါရီလဆန္းတြင္ ေငြေၾကးေဖာင္းပြမႈ ရာခိုင္ႏႈန္းမွာ ၂ ဒႆမ ၆၁ ရာခိုင္ႏႈန္းသာ ရွိရာမွ ၃၁ ရာခိုင္ႏႈန္းသို႔ တဟုန္ထိုး ထိုးတက္သြားျခင္း ျဖစ္သည္။
ျပင္ပေဈးကြက္တြင္ အေမရိကန္ေဒၚလာ လဲလွယ္ႏႈန္းမွာ တစ္ေဒၚလာလွ်င္ က်ပ္ ၁၃၀၀ ေက်ာ္မွ က်ပ္ ၁၈၀၀ ေက်ာ္သို႔ ထိုးတက္သြားသည္။
ေ႐ႊေဈးမွာလည္း က်ပ္ ၁၇ သိန္းခြဲခန႔္သို႔ တက္လာၿပီး ျပည္ပမွ တင္သြင္းသည့္ စားေသာက္ကုန္ႏွင့္ လူသုံးကုန္ ပစၥည္းမ်ားမွာ ၃၀ ရာခိုင္ႏႈန္းခန႔္ ေဈးတက္သြားေၾကာင္း အီလက္ထေရာနစ္ ပစၥည္း တင္သြင္းေရာင္းခ်သူ တစ္ဦးက ေျပာသည္။.
“ေဈးကေတာ့ ရွယ္တက္တာ။ အရင္က ၆ သိန္းေလာက္ဟာက အခု ၈ သိန္းနား ကပ္သြားတယ္။ စားေသာက္ကုန္ ဆိုရင္လည္း စားသုံးဆီေတြ ၃၂ ရာခိုင္ႏႈန္းေလာက္ ေဈးတက္သြားတယ္” ဟု သူက ေျပာသည္။
ၾသဂုတ္ ၁၆ရက္မွာ ျပည္တြင္းအေခါက္ေ႐ႊ ေဈးႏႈန္း တစ္က်ပ္သားကို က်ပ္ ၁၇ သိန္းခန႔္ အထိ စံခ်ိန္တင္ျမင့္တက္ခဲ့ေပမယ့္ ေနာက္ရက္မွာ တစ္က်ပ္သားကို က်ပ္ ၁၆ သိန္း ၅ ေသာင္းကို ျပန္လည္ က်ဆင္းခဲ့ပါေသးတယ္။
အဲဒီေနာက္ တရိပ္ရိပ္ ျပန္တက္လာၿပီး အခု စက္တင္ဘာ ၄ရက္ ျပည္တြင္း ေ႐ႊေဈးႏႈန္းဟာ ေဈးကြက္ပိတ္ခ်ိန္မွာ အေခါက္ေ႐ႊတစ္က်ပ္သားကို ၁,၇၇၈,၀၀၀ ေက်ာ္ အထိ ေဈးကြက္ေပါက္ေဈး ရွိပါတယ္။
ဇန္နဝါရီ ၃၁ ရက္ေန႔က အေမရိကန္ ၁ ေဒၚလာကို ျမန္မာက်ပ္ေငြ ၁၃၃၁ က်ပ္ တန္ဖိုး ရွိပါတယ္။ ဒီကေန႔ စက္တင္ဘာ ၅ ရက္ေန႔ အေမရိကန္ ၁ ေဒၚလာကို ျမန္မာက်ပ္ေငြ ၁၈၃၀ အထိ ျပင္ပ ေပါက္ေဈး ရွိပါတယ္။
ဒီလို ေဒၚလာ ေငြလဲႏႈန္း ျမင့္တက္လာတာေၾကာင့္ ျပည္တြင္းေငြထက္ ခိုင္မာတဲ့ ေ႐ႊေဈးကြက္မွာ ပိုၿပီးရင္းႏွီး ျမႇဳပ္ႏွံလာၾကပါတယ္။ အဲဒီအခါ ဝယ္လိုအားမ်ားၿပီးေ႐ႊေဈး ျမင့္တက္ပါတယ္။“
ကမာၻ႔ေ႐ႊေဈး တက္ေပမယ့္ ျပည္တြင္းမွာ ဝယ္လိုအား ရွိသေလာက္ ေရာင္းလိုအားရွိရင္ ေဈးက ဒီေလာက္ မတက္ႏိုင္ဘူး။ အခုက်ေတာ့ ဝယ္လိုေပမယ့္ ေရာင္းမယ့္သူက မေရာင္းေတာ့ ေဈးက ပိုတက္တယ္။
မေရာင္းတာကလည္း ကမာၻ႔ေ႐ႊေဈးတက္ေနေတာ့ ေရာင္းတဲ့သူက အရမ္းကာေရာ မေရာင္းရဲဘူး။ သူျပန္ဝယ္ရင္ ေဈးတက္နဲ႔ျပန္ဝယ္ရရင္ သူရႈံးမွာကိုး။
အဲဒီေတာ့ ဝယ္လိုအားမ်ား ေ႐ႊေဈးတက္တာ” လို႔ ျမန္မာႏိုင္ငံ ေ႐ႊလုပ္ငန္းရွင္မ်ား အသင္း အေထြေထြ အတြင္းေရးမႉး ဦးအုန္းၿမိဳင္က ေျပာေၾကာင္း ဘီဘီစီ သတင္းမွာ ေဖာ္ျပထားပါတယ္။။
လက္ရွိ ျဖစ္ေပၚေနသည့္ ေ႐ႊေဈးႏွင့္ ေဒၚလာေဈးမွာ စံခ်ိန္တင္ ေဈးအျမင့္ဆုံး ျဖစ္ေနၿပီး ျမန္မာ့ေငြေၾကး တန္ဖိုးမွာလည္း စံခ်ိန္တင္ က်ဆင္းေနျခင္းျဖစ္သည္။
ျပင္ပေငြေဈးက 1USD = 1830 ေရာက္ခဲ့တယ္လို႔ ဆိုပါတယ္။
ေငြေဈးဟာ သမိုင္းတေလွ်ာက္ အျမင့္ဆုံး စံခ်ိန္တင္ ေရာက္ခဲ့တာပါ။ August 28 တ႐ုတ္အထူးကိုယ္စားလွယ္ ျပန္ၿပီး ခုလို ေဒၚလာေဈး တက္ခဲ့တာကို တိုက္ဆိုင္မႈအျဖစ္ ေတြ႕ရပါတယ္။
လာမယ့္ September လလယ္မွာ ျမန္မာႏိုင္ငံရဲ႕ ကုလသမဂၢ ကိုယ္စားျပဳ ခြင့္ကို မဲခြဲ ဆုံးျဖတ္ဖို႔ ရွိေနပါတယ္။
ဒီဆုံးျဖတ္မႈဟာ ျဖစ္ႏိုင္ေခ် အမ်ိဳးမ်ိဳး ရွိေနသလို ပဋိပကၡတစ္ခုရဲ႕အျမင့္ဆုံး အမွတ္ (Stalemate) ကို အျမင့္ဆုံး တြန္းပို႔ႏိုင္ပါတယ္။ မိတ္ေဆြတို႔ရဲ႕ အျမင္ေလးေတြလည္း ေရးေပး ခဲ့ၾကပါဦး။
ℂ𝕣𝕖𝕕𝕚𝕥 𝕋𝕠 𝕆𝕣𝕚𝕘𝕚𝕟𝕒𝕝 𝕌𝕡𝕝𝕠𝕒𝕕𝕖𝕣