“ဒစ္ဂ်စ္တယ္ေခတ္ လိမ္နည္းအသစ္” ( သို႔မဟုတ္ ) ေလာဘ တက္မိရင္ ခံရမယ့္ အင္တာနက္ေပၚကလိမ္နည္းတမ်ဳိး
LinkedIn မွာ ျမန္မာျပည္အတြက္ အလုပ္ဆိုၿပီး ေၾကာ္ျငာေနတဲ့အထဲမွာ e-commerce app တခုကို test လုပ္ဖို႔အတြက္ လူေတြလိုတယ္ဆိုၿပီး အလုပ္ေခၚေနတာေလးေတြ႕မိတယ္။ စင္ကာပူမွာ အလားတူပုံစံမ်ိဳးႏွင့္ အလိမ္ခံလိုက္ရတဲ့လူငယ္တေယာက္ စင္ကာပူေဒၚလာ ၂ သိန္းေက်ာ္ အလိမ္ခံလိုက္ရတယ္ဆိုတာေလး CNA သတင္းမွာ သည္ေန႔ပဲဖတ္လိုက္ရလို႔ ကိုယ့္ျမန္မာျပည္သားမ်ား
အလိမ္မခံရေလေအာင္ သတိေပးလိုပါတယ္။ လိမ္သူေတြရဲ႕ လုပ္ပုံလုပ္နည္း Modus Operandi ကသည္လိုပါ..
၁။ သူတို႔ e-commerce app (အြန္လိုင္းေစ်းဝယ္တဲ့ app) ကိုစမ္းသပ္ဖို႔ အစမ္းဝယ္ယူေပးသူအျဖစ္ အလုပ္ခန္႔မယ္။ ဝယ္တဲ့ပစၥည္းဖိုးေငြကို ကုမၸဏီက ျပန္အမ္းေပးၿပီး ကိုယ္ကပစၥည္းေတြ အလကားရမယ္ (သို႔) ဝယ္ေပးသမွ်ေငြပမာဏေပၚကေန ေကာ္မရွင္ေပးမယ္လို႔ ေၾကျငာမယ္။
၂။ ကနဦးမွာ သူတို႔ app သို႔ web site မွာဖြင့္လိုက္တဲ့ ကိုယ့္အေကာင့္ထဲကို သူတို႔ေငြနည္းနည္းေလးႀကိဳထည့္ၿပီး အဝယ္ခိုင္းလို႔ အယုံသြင္းျပမယ္။
၃။ WhatsApp group လိုမ်ိဳးထဲ ကိုယ့္ကိုထည့္ၿပီး အျခားကိုယ္လိုဝယ္သူဆိုၿပီး သူတို႔လူဒလန္ေတြထည့္ထားတာကေန ဘယ္သူက ဘယ္ေလာက္ေတာင္ အက်ိဳးအျမတ္ရေနၿပီးဆိုၿပီး
ဖ်ားေယာင္းမယ္။ (ျမန္မာျပည္လမ္းေဘးဖဲသုံးခ်ပ္လိမ္နည္းတို႔၊ MLM လိမ္နည္းတို႔လိုေပါ့။)
၄။ ကိုယ္က နည္းနည္းခ်င္းဝယ္ေပးရာကေန အက်ိဳးအျမတ္ကေလးနည္းနည္းရလာၿပီး ေလာဘတက္လာခ်ိန္ၾကရင္ ကိုယ့္ကို တန္ဖိုးႀကီးတာေတြ ဝယ္ခိုင္းေတာ့မယ္။ (ပစၥည္းေတြပို႔ရမယ့္လိပ္စာက သူတို႔လူလိမ္ေတြရဲ႕ လိပ္စာေပါ့။)
၅။ ကိုယ့္ဆီက ေငြမ်ားမ်ားစားစားထြက္သြားၿပီးတာႏွင့္ သူတို႔က အဆက္အသြယ္အကုန္ျဖတ္ၿပီး ေျပးေတာ့တာပါ။ သည္လိုနည္းႏွင့္ စင္ကာပူကေကာင္ေလးအလိမ္ခံရတာမွာ သူအေကာင့္ထဲက ေငြေတြကုန္ခ်ိန္မွာေတာင္ ေလာဘေၾကာင့္ သူ႔အေမ့ဘဏ္အေကာင့္ကိုပါခ်ိတ္ၿပီး ဝယ္ေပးလိုက္ခ်ိန္မွာ ေဒၚလာ ၂ သိန္းေက်ာ္ အလိမ္ခံလိုက္ရေတာ့တာေပါ့။ နည္းပညာေတြထြန္းကားလာတာႏွင့္အတူ ေခတ္သစ္ေနေအးလိမ္နည္းအသစ္ေတြကလည္း ထြက္လာေနတာပါပဲ။
ပုံမွန္မဟုတ္တဲ့ မတန္တဆ အက်ိဳးအျမတ္မ်ိဳးရမယ္လို႔ ျမႇဴဆြယ္ေနၿပီဆိုရင္ အလိမ္ခံရဖို႔က ေသခ်ာေနၿပီေပါ့။ ေ႐ႊျပည္ႀကီးသူ/သားမ်ား လိမ္ညာခံရျခင္းေဘး ကင္းေဝးေအာင္ ဆင္ျခင္ႏိုင္ၾကေစဖို႔ တင္ျပအပ္ပါတယ္။
LinkedIn မွာ အဲသည္လိုေၾကာ္ျငာမ်ိဳး ျမန္မာျပည္အတြက္ ဝယ္ေပးသူလိုတယ္ဆိုၿပီးေခၚေနတာၾကာၿပီဆိုေတာ့ ကိုယ္ေျပာတာေတာင္ ေနာက္က်ေနၿပီထင္ပါတယ္။
Kwee Myo
Unicode
“ဒစ်ဂျစ်တယ်ခေတ် လိမ်နည်းအသစ်” ( သို့မဟုတ် ) လောဘ တက်မိရင် ခံရမယ့် အင်တာနက်ပေါ်ကလိမ်နည်းတမျိုး
LinkedIn မှာ မြန်မာပြည်အတွက် အလုပ်ဆိုပြီး ကြော်ငြာနေတဲ့အထဲမှာ e-commerce app တခုကို test လုပ်ဖို့အတွက် လူတွေလိုတယ်ဆိုပြီး အလုပ်ခေါ်နေတာလေးတွေ့မိတယ်။ စင်ကာပူမှာ အလားတူပုံစံမျိုးနှင့် အလိမ်ခံလိုက်ရတဲ့လူငယ်တယောက် စင်ကာပူဒေါ်လာ ၂ သိန်းကျော် အလိမ်ခံလိုက်ရတယ်ဆိုတာလေး CNA သတင်းမှာ သည်နေ့ပဲဖတ်လိုက်ရလို့ ကိုယ့်မြန်မာပြည်သားများ
အလိမ်မခံရလေအောင် သတိပေးလိုပါတယ်။ လိမ်သူတွေရဲ့ လုပ်ပုံလုပ်နည်း Modus Operandi ကသည်လိုပါ..
၁။ သူတို့ e-commerce app (အွန်လိုင်းဈေးဝယ်တဲ့ app) ကိုစမ်းသပ်ဖို့ အစမ်းဝယ်ယူပေးသူအဖြစ် အလုပ်ခန့်မယ်။ ဝယ်တဲ့ပစ္စည်းဖိုးငွေကို ကုမ္ပဏီက ပြန်အမ်းပေးပြီး ကိုယ်ကပစ္စည်းတွေ အလကားရမယ် (သို့) ဝယ်ပေးသမျှငွေပမာဏပေါ်ကနေ ကော်မရှင်ပေးမယ်လို့ ကြေငြာမယ်။
၂။ ကနဦးမှာ သူတို့ app သို့ web site မှာဖွင့်လိုက်တဲ့ ကိုယ့်အကောင့်ထဲကို သူတို့ငွေနည်းနည်းလေးကြိုထည့်ပြီး အဝယ်ခိုင်းလို့ အယုံသွင်းပြမယ်။
၃။ WhatsApp group လိုမျိုးထဲ ကိုယ့်ကိုထည့်ပြီး အခြားကိုယ်လိုဝယ်သူဆိုပြီး သူတို့လူဒလန်တွေထည့်ထားတာကနေ ဘယ်သူက ဘယ်လောက်တောင် အကျိုးအမြတ်ရနေပြီးဆိုပြီး
ဖျားယောင်းမယ်။ (မြန်မာပြည်လမ်းဘေးဖဲသုံးချပ်လိမ်နည်းတို့၊ MLM လိမ်နည်းတို့လိုပေါ့။)
၄။ ကိုယ်က နည်းနည်းချင်းဝယ်ပေးရာကနေ အကျိုးအမြတ်ကလေးနည်းနည်းရလာပြီး လောဘတက်လာချိန်ကြရင် ကိုယ့်ကို တန်ဖိုးကြီးတာတွေ ဝယ်ခိုင်းတော့မယ်။ (ပစ္စည်းတွေပို့ရမယ့်လိပ်စာက သူတို့လူလိမ်တွေရဲ့ လိပ်စာပေါ့။)
၅။ ကိုယ့်ဆီက ငွေများများစားစားထွက်သွားပြီးတာနှင့် သူတို့က အဆက်အသွယ်အကုန်ဖြတ်ပြီး ပြေးတော့တာပါ။ သည်လိုနည်းနှင့် စင်ကာပူကကောင်လေးအလိမ်ခံရတာမှာ သူအကောင့်ထဲက ငွေတွေကုန်ချိန်မှာတောင် လောဘကြောင့် သူ့အမေ့ဘဏ်အကောင့်ကိုပါချိတ်ပြီး ဝယ်ပေးလိုက်ချိန်မှာ ဒေါ်လာ ၂ သိန်းကျော် အလိမ်ခံလိုက်ရတော့တာပေါ့။ နည်းပညာတွေထွန်းကားလာတာနှင့်အတူ ခေတ်သစ်နေအေးလိမ်နည်းအသစ်တွေကလည်း ထွက်လာနေတာပါပဲ။
ပုံမှန်မဟုတ်တဲ့ မတန်တဆ အကျိုးအမြတ်မျိုးရမယ်လို့ မြှူဆွယ်နေပြီဆိုရင် အလိမ်ခံရဖို့က သေချာနေပြီပေါ့။ ရွှေပြည်ကြီးသူ/သားများ လိမ်ညာခံရခြင်းဘေး ကင်းဝေးအောင် ဆင်ခြင်နိုင်ကြစေဖို့ တင်ပြအပ်ပါတယ်။
LinkedIn မှာ အဲသည်လိုကြော်ငြာမျိုး မြန်မာပြည်အတွက် ဝယ်ပေးသူလိုတယ်ဆိုပြီးခေါ်နေတာကြာပြီဆိုတော့ ကိုယ်ပြောတာတောင် နောက်ကျနေပြီထင်ပါတယ်။
Kwee Myo