ၾကားသိရသမွ်

အမှားကြာရင် အမှန်ဖြစ်လာမယ့် အခြေအနေနဲ့ ရင်လေးစရာ သာသနာ့ အနာဂတ်

အမှားကြာရင် အမှန်ဖြစ်လာမယ့် အခြေအနေနဲ့ ရင်လေးစရာ သာသနာ့ အနာဂတ်

အမှားတွေကြာလာတော့ အမှန်တွေဖြစ်တော့မှာလား ရမည်းသင်းမြို့မြောက်ဖက် ရန်ကင်းတောရကျောင်းမှာ ပဋ္ဌာန်းပူဇော်ပွဲပင့်လို့ သွားခဲ့ပါတယ်။ ကျောင်းထိုင်က ဦးလေးဖြစ်လို့ ညအိပ်နေခိုင်းပါတယ်။

အနီးဆုံးရွာဖြစ်တဲ့ ကုန်းကလေး၊ငှက်သိုက်က မယ်တော်ရဲ့ ဇာတိရွာဖြစ်တာမို့ ပြောမယ်ဆို တစ်ရွာလုံး ဆွေမျိုးတွေချည်းပါပဲ။ရောက်တယ်ဆိုရင်ပဲ ဦးလေးတော်က လက်ဖက်သုပ်ဝိုင်းနဲ့ ကော်ဖီသောက်ပါဆိုပြီး အာဝါသိကဝတ်ပြုပါတယ်။

အချိန်ကြည့်လိုက်တော့ ညနေ ၅ နာရီ မို့ ငြင်းလိုက်ပါတယ်။ ကော်ဖီ ဟာ နွားနို့ပါလို့ ယာဝကာလိကာသာဖြစ်ကြောင်း၊ ယာမကာလိကာမထိုက်ကြောင်း ရှင်းပြတော့ ဝိုင်းမှာထိုင်ပြီး အချိုပွဲအားပေးနေကြတဲ့ ရဟန်း ၄ ပါးက အခြားကမ္ဘာကလာတဲ့ ဂြိုလ်သားကိုကြည့်သလို ဝိုင်းကြည့်ကြပါတယ်။

ဦးလေးဘုန်းကြီးက အချိုရည်ဗူးထုတ်ပြီး ဧည့်ဝတ်ပြုတာကို ငြင်းလို့ ဘာဖြစ်လို့လဲလို့ မေးပါတယ်။ ရယ်ဒီမိတ်ဗူးတွေဟာ မီးနဲ့အပူပေးပြီး တာရှည်ခံအောင် ထုတ်လုပ်ထားတာမို့ ယာမကာလိကာအဖြစ် မအပ်စပ်ပါကြောင်းရှင်းပြလိုက်တော့ ဦးလေးက သဘောကျပြီး ပြုံးပြုံး ပြုံးပြုံးနဲ့ ခေါင်းငြိမ့်ပါတယ်။

နဲနဲလေး မှောင်လာတော့ အအေးဓာတ်က စိမ့်လာလို့ အနွေးထည် ဆွယ်တာကိုယ်စီ၊ ခေါင်းစွပ်ကိုယ်စီ ထုတ်ဝတ်ကြပါတော့တယ်။ ခြုံထည်လေးခေါင်းပတ်ပြီး နေတာကတော့ ကိုယ်ရယ်၊ ဆုံရွာကုန်းတောရမှာ တစ်ပါးတည်းတောရဆောက် တည်နေတဲ့ နောင်တော်ဦးဇင်းရယ် နှစ်ပါးတည်းသာရှိပါတယ်။

အဆိုးဆုံးကတော့ ကော်လာမပါတဲ့ ကြယ်သီးတပ်အင်္ကျီလက်ရှည်အနီရောင်ကို ဝတ်ထားတာပါပဲ။ ရဟန်းအသွင်နဲ့ ဘယ်လိုမှကို မတူတော့တာပါ။ညဘက်ရောက်တော့ ရွာက ဒကာ၊ဒကာမတွေက တောင်းလေးတွေ ရွက်ပြီး ရောက်လာကြတယ်။

ဝိုင်းရဲ့အစွန်ဆုံးမှာ ထိုင်နေတဲ့ ကိုယ့်ကို ဆွမ်းအုပ်လေးတွေလာကပ်လို့ ဘာတွေလဲလို့မေးတော့ ပဲသုပ်ပါဘုရား၊နောက်တစ်ဦးက ဂျင်းသုပ်တဲ့၊ နောက်တစ်ဦးက ခေါက်ဆွဲသုပ်တဲ့ဆိုတော့ အကပ်မခံတော့ဘဲ နောက် လာမကပ်နဲ့လို့ ပြောလိုက်တယ်။ဘေးမှာထိုင်နေတဲ့ကိုယ်တော်က အကပ်ခံပြီး ခပ်တည်တည်နဲ့ ကဲကဲ လိုက်ဆိုလို့ပြောပြီး ဆုတောင်း ဆုပေးတွေတောင် လုပ်လိုက်သေးဗျာ။အင်း သူ့အရပ်နဲ့သူ့ဇာတ်ကတော့ လိုက်ပါ့ဗျား။

ဆုံရွာကုန်းနောင်တော်ကြီး လက်ကုပ်ခေါ်ပြီး ပြောပါတယ် (ကိုယ်တော် – ဒီမှာရှိတဲ့သူတွေက အားလုံး ဝါတွေ မနည်းတော့ပါဘူး၊ ရဟန်းဘဝရောက်ကတည်းက ဝိနည်းဆိုတာကို လေ့လာသင်ယူလို့ပဲ ဖြစ်ဖြစ်၊ အကြားနဲ့ပဲဖြစ်ဖြစ် သိပြီးတဲ့သူတွေပါ၊ ဒီလိုပွဲမျိုးမှာ တပည့်တော်လိုပဲ အလိုက်အထိုက်လေး အဆင်ပြေအောင်နေပေးလိုက်ပါ။ မဟုတ်ရင် စုန်းပြူးဖြစ်လိမ့်မယ်။ မှားလို့ မဟုတ်ဘူးနော်၊ မှန်လွန်းလို့ အံမဝင်ဖြစ်တာ)ဪ

အမှားတွေ ကြာလာလို့ အမှန်တွေ ဖြစ်တော့မှာလား၊ အနာဂတ် သာသနာ့ မျိုးဆက်သစ် ဖြစ်တဲ့ ကိုရင်တွေရဲ့ အမြင်မှာ ဘုန်းကြီးဖြစ်ရင် ကားမောင်းလို့ ရတယ်။ ပဋ္ဌာန်းပွဲဆိုရင် ဝိကာလ ဘောဇနာ သိက္ခာပုဒ် ထိန်းရန် မလို၊ ကျောင်းထိုင် ဖြစ်ရင် ဆွမ်းခံစရာမလိုဆိုပြီး စွဲမှတ်သွားကြမှာ သေချာပါတယ်။အင်း ကြာရင်တော့ ကိုယ်လည်း ဒကာကြီးကျော်ကျော်ညွှန့်ပြောသလို ရွာပြင်ထုတ်ခံရတော့မှာသေချာပါတယ်။

Credit

အမွားၾကာရင္ အမွန္ျဖစ္လာမယ့္ အေျခအေနနဲ႔ ရင္ေလးစရာ သာသနာ့ အနာဂတ္

အမွားေတြၾကာလာေတာ့ အမွန္ေတြျဖစ္ေတာ့မွာလား ရမည္းသင္းၿမိဳ႕ေျမာက္ဖက္ ရန္ကင္းေတာရေက်ာင္းမွာ ပ႒ာန္းပူေဇာ္ပြဲပင့္လို႔ သြားခဲ့ပါတယ္။ ေက်ာင္းထိုင္က ဦးေလးျဖစ္လို႔ ညအိပ္ေနခိုင္းပါတယ္။

အနီးဆုံးရြာျဖစ္တဲ့ ကုန္းကေလး၊ငွက္သိုက္က မယ္ေတာ္ရဲ့ ဇာတိရြာျဖစ္တာမို႔ ေျပာမယ္ဆို တစ္ရြာလုံး ေဆြမ်ိဳးေတြခ်ည္းပါပဲ။ေရာက္တယ္ဆိုရင္ပဲ ဦးေလးေတာ္က လက္ဖက္သုပ္ဝိုင္းနဲ႔ ေကာ္ဖီေသာက္ပါဆိုၿပီး အာဝါသိကဝတ္ျပဳပါတယ္။

အခ်ိန္ၾကည့္လိုက္ေတာ့ ညေန ၅ နာရီ မို႔ ျငင္းလိုက္ပါတယ္။ ေကာ္ဖီ ဟာ ႏြားနို႔ပါလို႔ ယာဝကာလိကာသာျဖစ္ေၾကာင္း၊ ယာမကာလိကာမထိုက္ေၾကာင္း ရွင္းျပေတာ့ ဝိုင္းမွာထိုင္ၿပီး အခ်ိဳပြဲအားေပးေနၾကတဲ့ ရဟန္း ၄ ပါးက အျခားကမၻာကလာတဲ့ ၿဂိဳလ္သားကိုၾကည့္သလို ဝိုင္းၾကည့္ၾကပါတယ္။

ဦးေလးဘုန္းႀကီးက အခ်ိဳရည္ဗူးထုတ္ၿပီး ဧည့္ဝတ္ျပဳတာကို ျငင္းလို႔ ဘာျဖစ္လို႔လဲလို႔ ေမးပါတယ္။ ရယ္ဒီမိတ္ဗူးေတြဟာ မီးနဲ႔အပူေပးၿပီး တာရွည္ခံေအာင္ ထုတ္လုပ္ထားတာမို႔ ယာမကာလိကာအျဖစ္ မအပ္စပ္ပါေၾကာင္းရွင္းျပလိုက္ေတာ့ ဦးေလးက သေဘာက်ၿပီး ျပဳံးျပဳံး ျပဳံးျပဳံးနဲ႔ ေခါင္းၿငိမ့္ပါတယ္။

နဲနဲေလး ေမွာင္လာေတာ့ အေအးဓာတ္က စိမ့္လာလို႔ အေႏြးထည္ ဆြယ္တာကိုယ္စီ၊ ေခါင္းစြပ္ကိုယ္စီ ထုတ္ဝတ္ၾကပါေတာ့တယ္။ ျခဳံထည္ေလးေခါင္းပတ္ၿပီး ေနတာကေတာ့ ကိုယ္ရယ္၊ ဆုံရြာကုန္းေတာရမွာ တစ္ပါးတည္းေတာရေဆာက္ တည္ေနတဲ့ ေနာင္ေတာ္ဦးဇင္းရယ္ ႏွစ္ပါးတည္းသာရွိပါတယ္။

အဆိုးဆုံးကေတာ့ ေကာ္လာမပါတဲ့ ၾကယ္သီးတပ္အကၤ်ီလက္ရွည္အနီေရာင္ကို ဝတ္ထားတာပါပဲ။ ရဟန္းအသြင္နဲ႔ ဘယ္လိုမွကို မတူေတာ့တာပါ။ညဘက္ေရာက္ေတာ့ ရြာက ဒကာ၊ဒကာမေတြက ေတာင္းေလးေတြ ရြက္ၿပီး ေရာက္လာၾကတယ္။

ဝိုင္းရဲ့အစြန္ဆုံးမွာ ထိုင္ေနတဲ့ ကိုယ့္ကို ဆြမ္းအုပ္ေလးေတြလာကပ္လို႔ ဘာေတြလဲလို႔ေမးေတာ့ ပဲသုပ္ပါဘုရား၊ေနာက္တစ္ဦးက ဂ်င္းသုပ္တဲ့၊ ေနာက္တစ္ဦးက ေခါက္ဆြဲသုပ္တဲ့ဆိုေတာ့ အကပ္မခံေတာ့ဘဲ ေနာက္ လာမကပ္နဲ႔လို႔ ေျပာလိုက္တယ္။ေဘးမွာထိုင္ေနတဲ့ကိုယ္ေတာ္က အကပ္ခံၿပီး ခပ္တည္တည္နဲ႔ ကဲကဲ လိုက္ဆိုလို႔ေျပာၿပီး ဆုေတာင္း ဆုေပးေတြေတာင္ လုပ္လိုက္ေသးဗ်ာ။အင္း သူ႔အရပ္နဲ႔သူ႔ဇာတ္ကေတာ့ လိုက္ပါ့ဗ်ား။

ဆုံရြာကုန္းေနာင္ေတာ္ႀကီး လက္ကုပ္ေခၚၿပီး ေျပာပါတယ္ (ကိုယ္ေတာ္ – ဒီမွာရွိတဲ့သူေတြက အားလုံး ဝါေတြ မနည္းေတာ့ပါဘူး၊ ရဟန္းဘဝေရာက္ကတည္းက ဝိနည္းဆိုတာကို ေလ့လာသင္ယူလို႔ပဲ ျဖစ္ျဖစ္၊ အၾကားနဲ႔ပဲျဖစ္ျဖစ္ သိၿပီးတဲ့သူေတြပါ၊ ဒီလိုပြဲမ်ိဳးမွာ တပည့္ေတာ္လိုပဲ အလိုက္အထိုက္ေလး အဆင္ေျပေအာင္ေနေပးလိုက္ပါ။ မဟုတ္ရင္ စုန္းျပဴးျဖစ္လိမ့္မယ္။ မွားလို႔ မဟုတ္ဘူးေနာ္၊ မွန္လြန္းလို႔ အံမဝင္ျဖစ္တာ)ဪ

အမွားေတြ ၾကာလာလို႔ အမွန္ေတြ ျဖစ္ေတာ့မွာလား၊ အနာဂတ္ သာသနာ့ မ်ိဳးဆက္သစ္ ျဖစ္တဲ့ ကိုရင္ေတြရဲ့ အျမင္မွာ ဘုန္းႀကီးျဖစ္ရင္ ကားေမာင္းလို႔ ရတယ္။ ပ႒ာန္းပြဲဆိုရင္ ဝိကာလ ေဘာဇနာ သိကၡာပုဒ္ ထိန္းရန္ မလို၊ ေက်ာင္းထိုင္ ျဖစ္ရင္ ဆြမ္းခံစရာမလိုဆိုၿပီး စြဲမွတ္သြားၾကမွာ ေသခ်ာပါတယ္။အင္း ၾကာရင္ေတာ့ ကိုယ္လည္း ဒကာႀကီးေက်ာ္ေက်ာ္ညႊန႔္ေျပာသလို ရြာျပင္ထုတ္ခံရေတာ့မွာေသခ်ာပါတယ္။

Credit