လူပေါင်း ၁၀၀ ကျော်ရဲ့အသက်ကို သူ့အသက်နဲ့လဲပြီး ကယ်သွားတဲ့ သူရဲကောင်းခိုမလေး
ပရိတ်သတ်ကြီးရေ ဒီနေ့ပြောပြမှာက သူရဲကောင်းဆိုတာနဲ့ ပတ်သတ်ပြီးပြောပြမှာပါ။ မထူးဆန်းဘူးတော့ မထင်လိုက်ပါနဲ့ ။ တကယ်ကို ထူးဆန်းပါတဲ့ဖြစ်ရပ်ပါ။ သူက သူရဲကောင်းဆိုပေမယ့် လူတစ်ယောက်တော့ မဟုတ် ခဲ့ပါဘူးဗျ။
ခိုတစ်ကောင်ပါ။ ခိုမှ စာပို့ခိုမလေး တစ်ကောင်ပါ ။ သူကယ်ခဲ့တဲ့ လူတွေက အားကောင်းမောင်းသန်နဲ့ စစ်သားကြီးတွေပါ ။ စစ်သား(၁၉၄) ယောက်ရဲ့အသက်ကို ကယ်ခဲ့တာပါ။
(၁၉၁၈) ပထမ ကမ္ဘာစစ် အကြီးအကျယ် ဖြစ်နေတဲ့ အချိန် အောက်တိုဘာလ (၃) ရက်နေ့မှာ ဗိုလ်ချုပ် Charles White Whittles ey အပါအဝင် သူရဲ့စစ်သား ၁၉၀ ကျော် ခန့်ဟာ ရန်သူတွေရဲ့ ထောင်ချောက်မှာ ပိတ်မိနေ ခဲ့ပါတယ်။
ဒါကြောင့် သူတို့သေချာ လေ့ကျင့် ပေးထားတဲ့ စာပို့ ခိုလေးနဲ့ ပင်မဋ္ဌာနချုပ်ကို ဆက်သွယ် ခဲ့ပါတယ်။ ရန်သူတွေကလည်း အချဉ်မဟုတ် တော့ စာပို့ခိုလေးကို သေနတ်တွေနဲ့ ဝိုင်းဝန်း ပစ်ခတ် ခဲ့ကြတာပေါ့။
ဒါပေမယ့်ခိုလေးဟာ ပင်မဋ္ဌာနချုပ်ကို အရောက်သွားခဲ့ပြီး Whittlesey ရဲ့စာကို အရောက်ပေးပို့ကာ စစ်သား(၁၉၄) ယောက်ရဲ့ အသက်ကို ကယ်တင်ပေးနိုင် ခဲ့ပါတယ် ။ သူပင်မဋ္ဌာနကို ရောက်တဲ့အချိန်မှာ သူ့မှာ မျက်လုံးတစ်ဖက်လည်း ကွဲပြဲကာ မမြင်ရတော့ဘဲ သွေးများရွှဲနေ ပါတော့တယ်။
ဒါ့အပြင်ခြေထောက် တစ်ဖက်လည်း ပြတ်နေခဲ့ပါပြီ။ ခိုလေးသေဆုံး သွားတဲ့နောက်မှာ သူ့ကို ခိုသူရဲကောင်းမလေးအဖြစ် မှတ်တမ်းတင်ကာ ဆုတံဆိပ်ချီးမြှင့်ခဲ့ပါတယ်။
ပြီးတော့ တာဝန်သိတတ်ပြီး သူရ သတ္တိနဲ့ပြည့်စုံတဲ့ ခိုမလေးကို World War 1 ရဲ့ အမှတ်တံဆိပ်အနေနဲ့ ပုံတူရုပ် ထုလုပ်ပြီး ယနေ့ တိုင် ပြသထားပါသတဲ့ ။ Crd
Zawgyi
လူေပါင္း ၁၀၀ ေက်ာ္ရဲ႕အသက္ကို သူ႔အသက္နဲ႔လဲၿပီး ကယ္သြားတဲ့ သူရဲေကာင္းခိုမေလး
ပရိတ္သတ္ႀကီးေရ ဒီေန႔ေျပာျပမွာက သူရဲေကာင္းဆိုတာနဲ႔ ပတ္သတ္ၿပီးေျပာျပမွာပါ။ မထူးဆန္းဘူးေတာ့ မထင္လိုက္ပါနဲ႔ ။ တကယ္ကို ထူးဆန္းပါတဲ့ျဖစ္ရပ္ပါ။ သူက သူရဲေကာင္းဆိုေပမယ့္ လူတစ္ေယာက္ေတာ့ မဟုတ္ ခဲ့ပါဘူးဗ်။
ခိုတစ္ေကာင္ပါ။ ခိုမွ စာပို႔ခိုမေလး တစ္ေကာင္ပါ ။ သူကယ္ခဲ့တဲ့ လူေတြက အားေကာင္းေမာင္းသန္နဲ႔ စစ္သားႀကီးေတြပါ ။ စစ္သား(၁၉၄) ေယာက္ရဲ႕အသက္ကို ကယ္ခဲ့တာပါ။
(၁၉၁၈) ပထမ ကမာၻစစ္ အႀကီးအက်ယ္ ျဖစ္ေနတဲ့ အခ်ိန္ ေအာက္တိုဘာလ (၃) ရက္ေန႔မွာ ဗိုလ္ခ်ဳပ္ Charles White Whittles ey အပါအဝင္ သူရဲ႕စစ္သား ၁၉၀ ေက်ာ္ ခန႔္ဟာ ရန္သူေတြရဲ႕ ေထာင္ေခ်ာက္မွာ ပိတ္မိေန ခဲ့ပါတယ္။
ဒါေၾကာင့္ သူတို႔ေသခ်ာ ေလ့က်င့္ ေပးထားတဲ့ စာပို႔ ခိုေလးနဲ႔ ပင္မ႒ာနခ်ဳပ္ကို ဆက္သြယ္ ခဲ့ပါတယ္။ ရန္သူေတြကလည္း အခ်ဥ္မဟုတ္ ေတာ့ စာပို႔ခိုေလးကို ေသနတ္ေတြနဲ႔ ဝိုင္းဝန္း ပစ္ခတ္ ခဲ့ၾကတာေပါ့။
ဒါေပမယ့္ခိုေလးဟာ ပင္မ႒ာနခ်ဳပ္ကို အေရာက္သြားခဲ့ၿပီး Whittlesey ရဲ႕စာကို အေရာက္ေပးပို႔ကာ စစ္သား(၁၉၄) ေယာက္ရဲ႕ အသက္ကို ကယ္တင္ေပးႏိုင္ ခဲ့ပါတယ္ ။ သူပင္မ႒ာနကို ေရာက္တဲ့အခ်ိန္မွာ သူ႔မွာ မ်က္လုံးတစ္ဖက္လည္း ကြဲၿပဲကာ မျမင္ရေတာ့ဘဲ ေသြးမ်ား႐ႊဲေန ပါေတာ့တယ္။
ဒါ့အျပင္ေျခေထာက္ တစ္ဖက္လည္း ျပတ္ေနခဲ့ပါၿပီ။ ခိုေလးေသဆုံး သြားတဲ့ေနာက္မွာ သူ႔ကို ခိုသူရဲေကာင္းမေလးအျဖစ္ မွတ္တမ္းတင္ကာ ဆုတံဆိပ္ခ်ီးျမႇင့္ခဲ့ပါတယ္။
ၿပီးေတာ့ တာဝန္သိတတ္ၿပီး သူရ သတၱိနဲ႔ျပည့္စုံတဲ့ ခိုမေလးကို World War 1 ရဲ႕ အမွတ္တံဆိပ္အေနနဲ႔ ပုံတူ႐ုပ္ ထုလုပ္ၿပီး ယေန႔ တိုင္ ျပသထားပါသတဲ့ ။ Crd