ၾကားသိရသမွ်

သဲနဲ့ ကျောက်ခဲပဲ ရှိတဲ့ ကန္တာရမြေကနေ အင်အားကြီးနိုင်ငံ ဖြစ်အောင် ကြိုးစားခဲ့တဲ့ အစ္စရေး …

သဲနဲ့ ကျောက်ခဲပဲ ရှိတဲ့ ကန္တာရမြေကနေ အင်အားကြီးနိုင်ငံ ဖြစ်အောင် ကြိုးစားခဲ့တဲ့ အစ္စရေး …

‪‎တကယ့်ကို‬ လေးစား အတုယူသင့်ပါတယ်။ အစ္စရေး လူမျိုးတွေဟာ Canaan လို့ ခေါ်တဲ့ နယ်ပယ် ဧရိယာကျဉ်းထဲမှာ ကန့်သတ်ခံခဲ့ရတယ်။ ဘေးပတ်လည်မှာတော့ အင်အားကြီးရန်သူတွေ ဝန်းရံနေခဲ့ပါတယ်။

ဒါကို အစ္စရေးတွေက… “အာရပ်တွေကို ငါတို့ ကျေးဇူးတင်သင့်တယ်။ သူတို့က ငါတို့ကို ပင်လယ်ထဲ နစ်မြှုပ်သေဆုံး စေချင်ခဲ့ကြတယ်။

ဒါဟာ ငါတို့ရဲ့ ကြံရည် ဖန်ရည်နဲ့ တီထွင်ဖန်ဆင်းအားကို လှုံ့ဆော်ပေးခဲ့တာပဲ”လို့ ဂုဏ်ယူ ပြောခဲ့ကြတယ်။

အစ္စရေးဟာ ပြည်တွင်းရေးမှာ ပါလက်စတိုင်းနဲ့ ရှုပ်ထွေးနေပြီး ပြည်ပမှာ ရန်လိုတဲ့ အာရပ် နိုင်ငံတွေ ရှိပါတယ်။

ပြည်တွင်း ပြည်ပ ငြိမ်းချမ်းတဲ့နိုင်ငံ မဟုတ်ခဲ့တဲ့ အပြင် သဘာဝ ဘေးအန္တရာယ် ဆိုးဝါးတဲ့ နိုင်ငံလည်း ဖြစ်တယ်။

နိုင်ငံဧရိယာ တော်တော်များများက သဲကန္တာရ ဖြစ်ပြီး တစ်နှစ်ပတ်လုံးမှာ မိုးကျချိန် ရက်(၃ဝ)လောက်သာ ရှိပါတယ်။ ရေရရှိဖို့ သူတို့ မဖြစ်မနေ အကြံထုတ်ပြီး နည်းပညာအကူ ယူရပါတယ်။

အစ္စရေးတွေဟာ ရေစက်ချနည်းကို အသုံးပြုပြီး ရေတစ်စက်တိုင်း သစ်မြစ်ထဲ ရောက်ရှိစေပါတယ်။ ရာသီထွက် သီးနှံတွေကို ကိုယ်တိုင် လုံလုံလောက်လောက် စားသုံးနိုင်ရုံတင်မက နှစ်စဉ်နှစ်တိုင်း ပြည်ပဝင်ငွေ ဒေါ်လာ (၂) ဘီလီယံခန့် ရှာဖွေနိုင်ခဲ့ပါတယ်။

အစ္စရေးဟာ ပင်လယ်ရေကို ရေချိုဖြစ်အောင် ပြုလုပ်တဲ့ စက်ရုံ(၅)ရုံ တည်ဆောက်ခဲ့ပြီး သောက်သုံးရေ (၈ဝ%) က ပင်လယ်ရေက ရတဲ့ ရေချို ဖြစ်ပါတယ်။

လိုအပ်တဲ့ ကျန်ရှိရေကို စွန့်ပစ်ရေကနေ ပြန်လည် သုံးစွဲတာ ဖြစ်တယ်။ အစ္စရေးဟာ ကမ္ဘာမှာ ပြန်လည်အသုံးပြုရေကို သုံးစွဲတဲ့ ကမ္ဘာ့နံပါတ်(၁) နိုင်ငံ ဖြစ်တယ်။ စွန့်ပစ်ရေ (၈ဝ%) ခန့်ကို ပြန်လည် သုံးစွဲနိုင်ပါတယ်။

ဒုတိယဖြစ်တဲ့ စပိန်က (၂၅%)သာ သုံးစွဲနိုင်ပါသေးတယ်။ နိုင်ငံတည်ထောင်ပြီး နောက်ပိုင်း အစ္စရေးလူဦးရေ (၁ဝ)ဆခန့် မြင့်တက်ခဲ့ပေမယ့် ရေပြတ်လပ်တာမျိုး၊ မလုံလောက်တာမျိုး မရှိခဲ့ပါဘူး။

တခြားလူတွေ ဘာမှ မတတ်နိုင်တဲ့ သဲကန္တာရမှာ အစ္စရေးလူမျိုးတွေက ကောက်ပဲသီးနှံ အပြည့် စိုက်ပျိုးနိုင်ခဲ့ပါတယ်။

Saw william kyaw

Zawgyi ဖြင့် ဖတ်ရန်

သဲနဲ႔ ေက်ာက္ခဲပဲ ရွိတဲ့ ကႏၲာရေျမကေန အင္အားႀကီးႏိုင္ငံ ျဖစ္ေအာင္ ႀကိဳးစားခဲ့တဲ့ အစၥေရး …

‪‎တကယ့္ကို‬ ေလးစား အတုယူသင့္ပါတယ္။ အစၥေရး လူမ်ိဳးေတြဟာ Canaan လို႔ ေခၚတဲ့ နယ္ပယ္ ဧရိယာက်ဥ္းထဲမွာ ကန္႔သတ္ခံခဲ့ရတယ္။ ေဘးပတ္လည္မွာေတာ့ အင္အားႀကီးရန္သူေတြ ဝန္းရံေနခဲ့ပါတယ္။

ဒါကို အစၥေရးေတြက… “အာရပ္ေတြကို ငါတို႔ ေက်းဇူးတင္သင့္တယ္။ သူတို႔က ငါတို႔ကို ပင္လယ္ထဲ နစ္ျမႇဳပ္ေသဆုံး ေစခ်င္ခဲ့ၾကတယ္။

ဒါဟာ ငါတို႔ရဲ႕ ႀကံရည္ ဖန္ရည္နဲ႔ တီထြင္ဖန္ဆင္းအားကို လႈံ႕ေဆာ္ေပးခဲ့တာပဲ”လို႔ ဂုဏ္ယူ ေျပာခဲ့ၾကတယ္။

အစၥေရးဟာ ျပည္တြင္းေရးမွာ ပါလက္စတိုင္းနဲ႔ ရႈပ္ေထြးေနၿပီး ျပည္ပမွာ ရန္လိုတဲ့ အာရပ္ႏိုင္ငံေတြ ရွိပါတယ္။ ျပည္တြင္း ျပည္ပ ၿငိမ္းခ်မ္းတဲ့ႏိုင္ငံ မဟုတ္ခဲ့တဲ့ အျပင္ သဘာဝေဘးအႏၲရာယ္ ဆိုးဝါးတဲ့ ႏိုင္ငံလည္း ျဖစ္တယ္။

ႏိုင္ငံဧရိယာ ေတာ္ေတာ္မ်ားမ်ားက သဲကႏၲာရ ျဖစ္ၿပီး တစ္ႏွစ္ပတ္လုံးမွာ မိုးက်ခ်ိန္ ရက္(၃ဝ)ေလာက္သာ ရွိပါတယ္။ ေရရရွိဖို႔ သူတို႔ မျဖစ္မေန အႀကံထုတ္ၿပီး နည္းပညာအကူ ယူရပါတယ္။

အစၥေရးေတြဟာ ေရစက္ခ်နည္းကို အသုံးျပဳၿပီး ေရတစ္စက္တိုင္း သစ္ျမစ္ထဲ ေရာက္ရွိေစပါတယ္။ ရာသီထြက္ သီးႏွံေတြကို ကိုယ္တိုင္ လုံလုံေလာက္ေလာက္ စားသုံးႏိုင္႐ုံတင္မက ႏွစ္စဥ္ႏွစ္တိုင္း ျပည္ပဝင္ေငြ ေဒၚလာ (၂) ဘီလီယံခန္႔ ရွာေဖြႏိုင္ခဲ့ပါတယ္။

အစၥေရးဟာ ပင္လယ္ေရကို ေရခ်ိဳျဖစ္ေအာင္ ျပဳလုပ္တဲ့ စက္႐ုံ(၅)႐ုံ တည္ေဆာက္ခဲ့ၿပီး ေသာက္သုံးေရ (၈ဝ%) က ပင္လယ္ေရက ရတဲ့ ေရခ်ိဳ ျဖစ္ပါတယ္။

လိုအပ္တဲ့ က်န္ရွိေရကို စြန္႔ပစ္ေရကေန ျပန္လည္ သုံးစြဲတာ ျဖစ္တယ္။

အစၥေရးဟာ ကမာၻမွာ ျပန္လည္အသုံးျပဳေရကို သုံးစြဲတဲ့ ကမာၻ႔နံပါတ္(၁) ႏိုင္ငံ ျဖစ္တယ္။ စြန္႔ပစ္ေရ (၈ဝ%) ခန္႔ကို ျပန္လည္ သုံးစြဲႏိုင္ပါတယ္။

ဒုတိယျဖစ္တဲ့ စပိန္က (၂၅%)သာ သုံးစြဲႏိုင္ပါေသးတယ္။ ႏိုင္ငံတည္ေထာင္ၿပီး ေနာက္ပိုင္း အစၥေရးလူဦးေရ (၁ဝ)ဆခန္႔ ျမင့္တက္ခဲ့ေပမယ့္ ေရျပတ္လပ္တာမ်ိဳး၊ မလုံေလာက္တာမ်ိဳး မရွိခဲ့ပါဘူး။

တျခားလူေတြ ဘာမွ မတတ္ႏိုင္တဲ့ သဲကႏၲာရမွာ အစၥေရးလူမ်ိဳးေတြက ေကာက္ပဲသီးႏွံ အျပည့္ စိုက္ပ်ိဳးႏိုင္ခဲ့ပါတယ္။

Saw william kyaw