ဗဟုသုတ

အေမကို ထမင္းတစ္နပ္ေကၽြးယုံနဲ႔ ေအာင္ျမင္ေက်ာ္ၾကားသြားတဲ့ လူတစ္ေယာက္ (သို႔) ဦးသုခ (ျဖစ္ရပ္မွန္ေလးပါ)

ကို လိုနီေခတ္တုန္းက ဧရာဝတီတိုင္းေဒသႀကီး က်ိဳက္လတ္ၿမိဳ႕မွာ သိန္းေမာင္ဆိုတဲ့ စာေပဝါသနာရွင္ လူငယ္တစ္ေယာက္ ရွိခဲ့ဖူးပါတယ္။ သိန္းေမာင္မွာ အေမတစ္ခု သားတစ္ခုျဖစ္လို႔

အိုမင္းမစြမ္းျဖစ္ေနတဲ့ မိခင္အိုႀကီးကို လုပ္ေကၽြးျပဳစုေနခဲ့ရတယ္။နယ္ၿမိဳ႕ မွာေနတဲ့ လူတစ္ေယာက္ျဖစ္ေပမယ့္လည္း တစ္ေန႔မွာ ေအာင္ျမင္တဲ့ စာေရးဆရာျဖစ္ရမယ္လို႔ ရည္မွန္းခ်က္ႀကီးႀကီးမားမား ရွိခဲ့တယ္။

ရည္မွန္းခ်က္ကို မစြန႔္လႊတ္နိုင္တဲ့အဆုံး သိန္းေမာင္ဟာ ရန္ကုန္ကို သြားခ်င္တဲ့အေၾကာင္း မိခင္ဆီကို အသိေပးလာတယ္။“အေမ သားတို႔လို အႏုပညာဝါသနာပါသူေတြ အတြက္ ရန္ကုန္ၿမိဳ႕ဟာ ေအာင္ေျမျဖစ္လို႔

ရန္ကုန္ ကို သြားခ်င္တယ္” “ဘယ္ လိုေျပာလိုက္တာလဲ ငါ့သားရယ္… ႀကံႀကံဖန္ဖန္ကြယ္ တိုင္းျပည္ႀကီးကမွ ေခတ္အခါ မေကာင္းေသးတာ၊ အေမကလည္း ရွစ္ဆယ္နား ကပ္ေနၿပီ အေမက သားကို အားကိုးေနတာ၊

ငါ့သားေလး ရန္ကုန္ကိုသြားရင္ ဘယ္သူ႔ကို အားကိုး ရမလဲ”“ဟာ . . . နားမလည္ဘူး အေမရယ္၊ သားကေတာ့ ရန္ကုန္ကို သြားျဖစ္ေအာင္ သြားမွာပဲ။ ရည္မွန္းခ်က္ ေတာ့ အပ်က္မခံနိုင္ဘူး သြားၿပီ အေမေရ . . သြားၿပီ၊

ေအာင္ျမင္ေက်ာ္ၾကားတဲ့ စာေရးဆရာတစ္ေယာက္ မျဖစ္မခ်င္း သား က်ိဳက္လတ္ကို ျပန္မလာေတာ့ဘူး”အေမ့ဆီကို အားရပါးရ ေႂကြးေၾကာ္ၿပီးေတာ့ သိန္းေမာင္ ရန္ကုန္ကို ထြက္လာခဲ့တယ္။

ရန္ကုန္မွာ သုံးႏွစ္သုံးမိုး ၾကာခဲ့ေပမယ့္ သိန္းေမာင္ခမ်ာ ေအာင္ျမင္ေက်ာ္ၾကားတဲ့ စာေရးဆရာျဖစ္ဖို႔ေနေနသာသာ စားဖို႔ေသာက္ဖို႔ေတာင္ အနိုင္နိုင္။ ေဆာင္းပါးေတြ၊ ဝတၳဳတိုေတြ၊ ကဗ်ာေတြ ေရးၿပီး မဂၢဇင္းေတြမွာ ပို႔ခဲ့ေပမယ့္ အေရြးမခံရ။

သူငယ္ခ်င္းအိမ္ ကပ္ေန၊ ဘုန္းႀကီးေက်ာင္းကပ္ေန ကပ္စားခဲ့ရတယ္။ ေရႊတိဂုံဘုရားအေရွ႕ဘက္မုဒ္မွာရွိတဲ့ ဆိုင္တစ္ဆိုင္မွာ ထမင္းစားေနတုန္း သီခ်င္းတစ္ပုဒ္ကို သိန္းေမာင္ ၾကားခဲ့လိုက္တယ္။

“ေအး . . ေအး . . . အို ေတးဆိုေပးကာ အိပ္ပါလူေလး မယ့္ရင္ေသြး စိတ္ေအးခ်မ္းသာ အိပ္ပါေတာ့လား . . . သိပ္ပါေသာ္မွ အိပ္ခါေပ်ာ္သပါ့ သားလွေလးရဲ့ မ်က္နာ မိခင္မာတာ တစိမ့္စိမ့္ၾကည့္ရင္းသာ

ႏွလုံးအိမ္တြင္း ခ်စ္ျခင္းေမတၱာ တဖ်ပ္ဖ်ပ္ ရိုက္ခတ္ေပၚလာျပန္တာ သီတာေရစင္ ပမာ တသြင္သြင္ စီးက်ေလတာ”ေကာင္းလိုက္တဲ့ သီခ်င္းေနာ္။ ဘယ္သူေရးလို႔ ဘယ္သူ ဆိုတာပါလိမ့္။

“သီတာေရစင္” သီခ်င္းအေၾကာင္းကို ေတြးေနရင္း သိန္းေမာင္ရဲ့မ်က္ဝန္းမွာ မ်က္ရည္ေတြ စီးက်လာတယ္။ေၾသာ္ . . အေမ့အသက္အရြယ္ ခုႏွစ္ဆယ္ေက်ာ္လို႔ ရွစ္ဆယ္နားကပ္၊ မ်က္စိကလည္း မႈန္၊ နားကလည္း ထိုင္း၊

ခါးကလည္း ကိုင္းလို႔ ပါးရည္ နားရည္ကလည္း တြန႔္ေနပါၿပီ အေမရယ္ အခုခ်ိန္မွာ အေမတစ္ေယာက္ ဘယ္လိုေနလို႔ ဘယ္လိုစားပါလိမ့္။အေမ့ကို စြန႔္ခြာၿပီး ရန္ကုန္ကိုထြက္လာလိုက္တာ သား မွားလိုက္တာ အေမ။

သားမိုက္နဲ႔ေဝးေနတဲ့အခ်ိန္မွာ အေမတစ္ေယာက္ ဘယ္သူ႔ကို အားကိုးလို႔ ဘယ္လို ေနတာလဲ အေမ။ သားမိုက္ကို ခြင့္မလႊတ္ပါနဲ႔ အေမ။အေမရယ္ အေမမေသခင္မွာ စိန္ေရႊပတၱျမား၊ အိမ္ေျမၿခံကားေတြနဲ႔

တင့္ေတာင့္တင့္တယ္မထား နိုင္ရင္ေတာင္ ထမင္းတစ္နပ္ကို ဖြယ္ဖြယ္ရာရာ ေကၽြးနိုင္ရင္ သားေက်နပ္ပါၿပီ အေမ။“သီတာေရစင္” သီခ်င္းတစ္ပုဒ္ေၾကာင့္ အႏွစ္ႏွစ္အလလ ေမ့ေလ်ာ့ေန တဲ့ အေမ့ကို သိန္းေမာင္ သတိရလာၿပီး

က်ိဳက္လတ္ကို ျပန္သြားခဲ့တယ္။သိန္းေမာင္ ဒုလႅဘရဟန္းဝတ္ၿပီး အေမမုဆိုးမႀကီးကို ဆြမ္းခံေကၽြးခဲ့တယ္။လူထြက္ၿပီး အေမ့ကို လုပ္ေကၽြးတယ္။ အဲဒီအခ်ိန္မွာ မိခင္ျဖစ္သူက သိန္းေမာင္ကို ေမးတယ္။

“ ငါ့သား သိန္းေမာင္ ရန္ကုန္ကို သြားခ်င္ေသးလား”“ ေၾသာ္ အေမရယ္ အေမခြင့္ျပဳရင္ သြားခ်င္တာေပါ့။ အေမ ခြင့္မျပဳဘဲနဲ႔ေတာ့ သားမသြားေတာ့ပါဘူး အေမရယ္”

“ကဲ . . သား အေမ့ဆီ လာ။ အေမ့ရဲ့ေျခဖမိုးကို သားရဲ့ နဖူးနဲ႔ ဦးသုံးႀကိမ္တိုက္ၿပီး ကန္ေတာ့”သိန္းေမာင္ စိတ္ပါလက္ပါနဲ႔ မိခင္ကို ကန္ေတာ့ လိုက္တယ္။ အဲဒီအခ်ိန္မွာ မိခင္ျဖစ္သူက သိန္းေမာင္ရဲ့ နဖူးျပင္မွာ လက္ဝါးတင္ၿပီးေတာ့

ဆုေပးလိုက္တယ္။“အေမ့ရဲ့ေျခဖမိုးကို ဦးသုံးႀကိမ္တိုက္ၿပီး ကန္ေတာ့တဲ့ ငါ့သား၊ အေမ့ကို ဆြမ္းခံေကၽြးတဲ့ ငါ့သား၊ အေမ့ကို ျပဳစုလုပ္ေကၽြးတဲ့ ငါ့သား အခုခ်ိန္ကစၿပီး ေရာက္ေလရာ အရပ္မွာ တိုက္မယ့္ခလုတ္ ဆုတ္ပါေစ၊

တိုးမယ့္ ကန္သင္း ရွင္းပါေစ၊ ေတြ႕မယ့္ေဘး ေဝးပါေစ၊ ငါ့သားသိန္းေမာင္ ႀကံတိုင္းေအာင္လို႔ ေဆာင္တိုင္း ေျမာက္ပါေစ လိုရာဆႏၵေတြ ျပည့္ဝပါေစေတာ္”ဒီတစ္ေခါက္မွာေတာ့ မိခင္ျဖစ္သူက ေမတၱာေတြ၊ ဆုေတြ အျပည့္အဝေပးလိုက္တယ္။

သိန္းေမာင္ ရန္ကုန္ကို ျပန္ေရာက္လာခဲ့တယ္။ ေအဝမ္းဦးတင္ေမာင္နဲ႔ေတြ႕ဆုံၿပီး “ခ်စ္အႏုျမဴ” ႐ုပ္ရွင္ ဇာတ္ကားကေန စတင္ၿပီး ဒါရိုက္တာသိန္းေမာင္ဆိုၿပီး နာမည္ေက်ာ္လာခဲ့ပါတယ္။

စာေရးဆရာတစ္ပိုင္း ဒါရိုက္တာတစ္ပိုင္းျဖစ္လို႔ ႐ုပ္ရွင္ထုတ္လုပ္ေရးေတြ စာအုပ္တိုက္ေတြရဲ့ ကမ္းလွမ္းမႈေတြေၾကာင့္ အခ်ိန္တို အတြင္းမွာ နိုင္ငံေက်ာ္သိန္းေမာင္ျဖစ္လာခဲ့ပါတယ္။

အခုေရးသားခဲ့တဲ့ က်ိဳက္လတ္သား သိန္းေမာင္ဆိုတာ တျခားလူ မဟုတ္ပါဘူး။ စာေရးဆရာ ဒါရိုက္တာ အကယ္ဒမီမ်ားရွင္ ဘဘဦးသုခပဲျဖစ္ပါတယ္။“Mother’s Day”မွာေတာ့ စာေပေဟာေျပာပြဲေတြမွာ

ဘဘဦးသုခေျပာေလ့ရွိတဲ့ စကားတစ္ခြန္းနဲ႔ပဲ နိဂုံး ခ်ဳပ္ခ်င္ပါတယ္။“ကမၻာႀကီး ကမၻာႀကီးေတြကို အာဒံနဲ႔ဧဝကပဲ စတယ္လို႔ ေျပာေျပာ . . . ျဗဟၼာႀကီးေလးဦးက စတယ္ပဲေျပာေျပာ . . .

သူတို႔ထဲမွာ အေမဆိုတဲ့ ဣတၳိလိင္ပါလာလို႔သာ ကမၻာႀကီးက အဆက္မျပတ္ဘဲနဲ႔ ဒီေန႔အထိက်ေနာ္တို႔ အထိ သားစဥ္ေျမးဆက္ေတြ ျဖစ္လာတယ္ မဟုတ္လား အေမ . . .

အေမမွန္သမၽွ ဘာသာျခားလူမ်ိဳးျခားရယ္လို႔ ကၽြန္ေတာ့္စိတ္ထဲမွာမရွိဘူးအေမ . . . သားသည္အေမ တစ္ေယာက္ဟာ အေမပါပဲအေမ . . .သူကယုတ္ညံ့လို႔ိ. . . . သူကလူမ်ိဳးျခားမို႔လို႔ . . . .

သူက ဘယ္ဘာသာမို႔လို႔ မဟုတ္ပါဘူးအေမ မဟုတ္ပါဘူး ကၽြန္ေတာ္ျမင္တာျဖင့္ ကၽြန္ေတာ္ေျပာဦးမယ္ ကၽြန္ေတာ္လြန္သြားမလား . .မလြန္ပါဘူး အေမ ကၽြန္ေတာ္စဥ္းစားထားၿပီးမွ ေျပာတာပါ

အေမမွန္ရင္ေလ နားနဲ႔မနာဖဝါးနဲ႔နာ ေျပာလိုက္ ပါရေစေတာ့ . . . အေမဟာ ကၽြန္ေတာ့္ လက္ထက္ထဲမွာ ကၽြန္ေတာ့္မ်က္စိေအာက္မွာပဲ မိန္းမရႊင္ျဖစ္ေနပါေစ . . . အေမဟာ အေမပါပဲ အေမ”

အကိုးအကား – “ဘယ္သူၿပိဳင္လို႔ လွပါနိုင္”တရားေတာ္ – ဦးသုခအထုပၸတၱိ

စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ စာဖတ္သူပရိတ္သတ္ႀကီး သေဘာက်ႏွစ္သက္ခဲ့ရင္ (Share)မၽွေဝေပးခဲ့ၾကဖို႔ေမတၱာရပ္ခံပါတယ္။

ကို လိုနီခေတ်တုန်းက ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့မှာ သိန်းမောင်ဆိုတဲ့ စာပေဝါသနာရှင် လူငယ်တစ်ယောက် ရှိခဲ့ဖူးပါတယ်။ သိန်းမောင်မှာ အမေတစ်ခု သားတစ်ခုဖြစ်လို့

အိုမင်းမစွမ်းဖြစ်နေတဲ့ မိခင်အိုကြီးကို လုပ်ကျွေးပြုစုနေခဲ့ရတယ်။နယ်မြို့ မှာနေတဲ့ လူတစ်ယောက်ဖြစ်ပေမယ့်လည်း တစ်နေ့မှာ အောင်မြင်တဲ့ စာရေးဆရာဖြစ်ရမယ်လို့ ရည်မှန်းချက်ကြီးကြီးမားမား ရှိခဲ့တယ်။

ရည်မှန်းချက်ကို မစွန့်လွှတ်နိုင်တဲ့အဆုံး သိန်းမောင်ဟာ ရန်ကုန်ကို သွားချင်တဲ့အကြောင်း မိခင်ဆီကို အသိပေးလာတယ်။“အမေ သားတို့လို အနုပညာဝါသနာပါသူတွေ အတွက် ရန်ကုန်မြို့ဟာ အောင်မြေဖြစ်လို့

ရန်ကုန် ကို သွားချင်တယ်” “ဘယ် လိုပြောလိုက်တာလဲ ငါ့သားရယ်… ကြံကြံဖန်ဖန်ကွယ် တိုင်းပြည်ကြီးကမှ ခေတ်အခါ မကောင်းသေးတာ၊ အမေကလည်း ရှစ်ဆယ်နား ကပ်နေပြီ အမေက သားကို အားကိုးနေတာ၊

ငါ့သားလေး ရန်ကုန်ကိုသွားရင် ဘယ်သူ့ကို အားကိုး ရမလဲ”“ဟာ . . . နားမလည်ဘူး အမေရယ်၊ သားကတော့ ရန်ကုန်ကို သွားဖြစ်အောင် သွားမှာပဲ။ ရည်မှန်းချက် တော့ အပျက်မခံနိုင်ဘူး သွားပြီ အမေရေ . . သွားပြီ၊

အောင်မြင်ကျော်ကြားတဲ့ စာရေးဆရာတစ်ယောက် မဖြစ်မချင်း သား ကျိုက်လတ်ကို ပြန်မလာတော့ဘူး”အမေ့ဆီကို အားရပါးရ ကြွေးကြော်ပြီးတော့ သိန်းမောင် ရန်ကုန်ကို ထွက်လာခဲ့တယ်။

ရန်ကုန်မှာ သုံးနှစ်သုံးမိုး ကြာခဲ့ပေမယ့် သိန်းမောင်ခမျာ အောင်မြင်ကျော်ကြားတဲ့ စာရေးဆရာဖြစ်ဖို့နေနေသာသာ စားဖို့သောက်ဖို့တောင် အနိုင်နိုင်။ ဆောင်းပါးတွေ၊ ဝတ္ထုတိုတွေ၊ ကဗျာတွေ ရေးပြီး မဂ္ဂဇင်းတွေမှာ ပို့ခဲ့ပေမယ့် အရွေးမခံရ။

သူငယ်ချင်းအိမ် ကပ်နေ၊ ဘုန်းကြီးကျောင်းကပ်နေ ကပ်စားခဲ့ရတယ်။ ရွှေတိဂုံဘုရားအရှေ့ဘက်မုဒ်မှာရှိတဲ့ ဆိုင်တစ်ဆိုင်မှာ ထမင်းစားနေတုန်း သီချင်းတစ်ပုဒ်ကို သိန်းမောင် ကြားခဲ့လိုက်တယ်။

“အေး . . အေး . . . အို တေးဆိုပေးကာ အိပ်ပါလူလေး မယ့်ရင်သွေး စိတ်အေးချမ်းသာ အိပ်ပါတော့လား . . . သိပ်ပါသော်မှ အိပ်ခါပျော်သပါ့ သားလှလေးရဲ့ မျက်နာ မိခင်မာတာ တစိမ့်စိမ့်ကြည့်ရင်းသာ

နှလုံးအိမ်တွင်း ချစ်ခြင်းမေတ္တာ တဖျပ်ဖျပ် ရိုက်ခတ်ပေါ်လာပြန်တာ သီတာရေစင် ပမာ တသွင်သွင် စီးကျလေတာ”ကောင်းလိုက်တဲ့ သီချင်းနော်။ ဘယ်သူရေးလို့ ဘယ်သူ ဆိုတာပါလိမ့်။

“သီတာရေစင်” သီချင်းအကြောင်းကို တွေးနေရင်း သိန်းမောင်ရဲ့မျက်ဝန်းမှာ မျက်ရည်တွေ စီးကျလာတယ်။သြော် . . အမေ့အသက်အရွယ် ခုနှစ်ဆယ်ကျော်လို့ ရှစ်ဆယ်နားကပ်၊ မျက်စိကလည်း မှုန်၊ နားကလည်း ထိုင်း၊

ခါးကလည်း ကိုင်းလို့ ပါးရည် နားရည်ကလည်း တွန့်နေပါပြီ အမေရယ် အခုချိန်မှာ အမေတစ်ယောက် ဘယ်လိုနေလို့ ဘယ်လိုစားပါလိမ့်။အမေ့ကို စွန့်ခွာပြီး ရန်ကုန်ကိုထွက်လာလိုက်တာ သား မှားလိုက်တာ အမေ။

သားမိုက်နဲ့ဝေးနေတဲ့အချိန်မှာ အမေတစ်ယောက် ဘယ်သူ့ကို အားကိုးလို့ ဘယ်လို နေတာလဲ အမေ။ သားမိုက်ကို ခွင့်မလွှတ်ပါနဲ့ အမေ။အမေရယ် အမေမသေခင်မှာ စိန်ရွှေပတ္တမြား၊ အိမ်မြေခြံကားတွေနဲ့

တင့်တောင့်တင့်တယ်မထား နိုင်ရင်တောင် ထမင်းတစ်နပ်ကို ဖွယ်ဖွယ်ရာရာ ကျွေးနိုင်ရင် သားကျေနပ်ပါပြီ အမေ။“သီတာရေစင်” သီချင်းတစ်ပုဒ်ကြောင့် အနှစ်နှစ်အလလ မေ့လျော့နေ တဲ့ အမေ့ကို သိန်းမောင် သတိရလာပြီး

ကျိုက်လတ်ကို ပြန်သွားခဲ့တယ်။သိန်းမောင် ဒုလ္လဘရဟန်းဝတ်ပြီး အမေမုဆိုးမကြီးကို ဆွမ်းခံကျွေးခဲ့တယ်။လူထွက်ပြီး အမေ့ကို လုပ်ကျွေးတယ်။ အဲဒီအချိန်မှာ မိခင်ဖြစ်သူက သိန်းမောင်ကို မေးတယ်။

“ ငါ့သား သိန်းမောင် ရန်ကုန်ကို သွားချင်သေးလား”“ သြော် အမေရယ် အမေခွင့်ပြုရင် သွားချင်တာပေါ့။ အမေ ခွင့်မပြုဘဲနဲ့တော့ သားမသွားတော့ပါဘူး အမေရယ်”

“ကဲ . . သား အမေ့ဆီ လာ။ အမေ့ရဲ့ခြေဖမိုးကို သားရဲ့ နဖူးနဲ့ ဦးသုံးကြိမ်တိုက်ပြီး ကန်တော့”သိန်းမောင် စိတ်ပါလက်ပါနဲ့ မိခင်ကို ကန်တော့ လိုက်တယ်။ အဲဒီအချိန်မှာ မိခင်ဖြစ်သူက သိန်းမောင်ရဲ့ နဖူးပြင်မှာ လက်ဝါးတင်ပြီးတော့

ဆုပေးလိုက်တယ်။“အမေ့ရဲ့ခြေဖမိုးကို ဦးသုံးကြိမ်တိုက်ပြီး ကန်တော့တဲ့ ငါ့သား၊ အမေ့ကို ဆွမ်းခံကျွေးတဲ့ ငါ့သား၊ အမေ့ကို ပြုစုလုပ်ကျွေးတဲ့ ငါ့သား အခုချိန်ကစပြီး ရောက်လေရာ အရပ်မှာ တိုက်မယ့်ခလုတ် ဆုတ်ပါစေ၊

တိုးမယ့် ကန်သင်း ရှင်းပါစေ၊ တွေ့မယ့်ဘေး ဝေးပါစေ၊ ငါ့သားသိန်းမောင် ကြံတိုင်းအောင်လို့ ဆောင်တိုင်း မြောက်ပါစေ လိုရာဆန္ဒတွေ ပြည့်ဝပါစေတော်”ဒီတစ်ခေါက်မှာတော့ မိခင်ဖြစ်သူက မေတ္တာတွေ၊ ဆုတွေ အပြည့်အဝပေးလိုက်တယ်။

သိန်းမောင် ရန်ကုန်ကို ပြန်ရောက်လာခဲ့တယ်။ အေဝမ်းဦးတင်မောင်နဲ့တွေ့ဆုံပြီး “ချစ်အနုမြူ” ရုပ်ရှင် ဇာတ်ကားကနေ စတင်ပြီး ဒါရိုက်တာသိန်းမောင်ဆိုပြီး နာမည်ကျော်လာခဲ့ပါတယ်။

စာရေးဆရာတစ်ပိုင်း ဒါရိုက်တာတစ်ပိုင်းဖြစ်လို့ ရုပ်ရှင်ထုတ်လုပ်ရေးတွေ စာအုပ်တိုက်တွေရဲ့ ကမ်းလှမ်းမှုတွေကြောင့် အချိန်တို အတွင်းမှာ နိုင်ငံကျော်သိန်းမောင်ဖြစ်လာခဲ့ပါတယ်။

အခုရေးသားခဲ့တဲ့ ကျိုက်လတ်သား သိန်းမောင်ဆိုတာ တခြားလူ မဟုတ်ပါဘူး။ စာရေးဆရာ ဒါရိုက်တာ အကယ်ဒမီများရှင် ဘဘဦးသုခပဲဖြစ်ပါတယ်။“Mother’s Day”မှာတော့ စာပေဟောပြောပွဲတွေမှာ

ဘဘဦးသုခပြောလေ့ရှိတဲ့ စကားတစ်ခွန်းနဲ့ပဲ နိဂုံး ချုပ်ချင်ပါတယ်။“ကမ္ဘာကြီး ကမ္ဘာကြီးတွေကို အာဒံနဲ့ဧဝကပဲ စတယ်လို့ ပြောပြော . . . ဗြဟ္မာကြီးလေးဦးက စတယ်ပဲပြောပြော . . .

သူတို့ထဲမှာ အမေဆိုတဲ့ ဣတ္ထိလိင်ပါလာလို့သာ ကမ္ဘာကြီးက အဆက်မပြတ်ဘဲနဲ့ ဒီနေ့အထိကျနော်တို့ အထိ သားစဉ်မြေးဆက်တွေ ဖြစ်လာတယ် မဟုတ်လား အမေ . . .

အမေမှန်သမျှ ဘာသာခြားလူမျိုးခြားရယ်လို့ ကျွန်တော့်စိတ်ထဲမှာမရှိဘူးအမေ . . . သားသည်အမေ တစ်ယောက်ဟာ အမေပါပဲအမေ . . .သူကယုတ်ညံ့လို့ိ. . . . သူကလူမျိုးခြားမို့လို့ . . . .

သူက ဘယ်ဘာသာမို့လို့ မဟုတ်ပါဘူးအမေ မဟုတ်ပါဘူး ကျွန်တော်မြင်တာဖြင့် ကျွန်တော်ပြောဦးမယ် ကျွန်တော်လွန်သွားမလား . .မလွန်ပါဘူး အမေ ကျွန်တော်စဉ်းစားထားပြီးမှ ပြောတာပါ

အမေမှန်ရင်လေ နားနဲ့မနာဖဝါးနဲ့နာ ပြောလိုက် ပါရစေတော့ . . . အမေဟာ ကျွန်တော့် လက်ထက်ထဲမှာ ကျွန်တော့်မျက်စိအောက်မှာပဲ မိန်းမရွှင်ဖြစ်နေပါစေ . . . အမေဟာ အမေပါပဲ အမေ”

အကိုးအကား – “ဘယ်သူပြိုင်လို့ လှပါနိုင်”တရားတော် – ဦးသုခအထုပ္ပတ္တိ

စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။