အသိပညာ

ဒီအချက်တွေကို ခံစားနေရပြီဆိုရင် သင့် စိတ်ကျရောဂါ ဖြစ်ပါတော့မယ်

ဒီအချက်တွေကို ခံစားနေရပြီဆိုရင် သင့် စိတ်ကျရောဂါ ဖြစ်ပါတော့မယ်

လူတစ်ယောက်အတွက်တော့ စိတ်ကျရောဂါဖြစ်ဖို့ အကြောင်းရင်းတွေ အများကြီးပါ။အိမ်နဲ့အဆင်မပြေတာ ၊ အလုပ်ပြုတ်သွားတာ ၊ စာမေးပွဲကျတာ၊ ရည်းစားက ထားခဲ့တာ..စသဖြင့် အများကြီးပေါ့။

ဒါပေမယ့် တစ်ခါတလေ ကျတော့လည်း စိတ်ကျရောဂါ ဆိုတာက သင်မသိနိုင်တဲ့ နည်းလမ်းတစ်မျိုးနဲ့ သင့်ဆီကို ရောက်လာတတ်တာလေ။ တကယ်လို့ သင့်မှာ ဒီလိုအချက်တွေ ခံစားနေရပြီဆိုရင်၊ ဒီအချက်တွေထဲက တော်တော်များများက သင်နဲ့ ကိုက်ညီနေပြီဆိုရင် သင်ဟာ စိတ်ကျရောဂါဖြစ်ဖို့ အနီးဆုံးဖြစ်နေပြီလို့သာ မှတ်လိုက်ပါနော်။

(၁)။ အိမ်ထဲကနေ ဘယ်မှမသွားချင်

သင်ဟာ အလုပ်ရှိသူတစ်ယောက်ဆိုရင် အလုပ်ပိတ်ရက်တွေဆို အိမ်ထဲကနေ အိမ်အပြင်မထွက်ချင်တာ ပြဿနာ မရှိပေမယ့် သင်ဟာ အလုပ်မရှိသူတစ်ယောက်၊ ဘာမှ လုပ်စရာမရှိပဲ ငြီးငွေ့နေသူ တစ်ယောက်ဆိုရင်တော့ အိမ်ထဲကနေ အိမ်အပြင်ထွက်ဖို့ စဉ်းစားသင့်တယ်မဟုတ်လား။

ဒါပေမယ့် သင့်ရဲ့စိတ်ထဲမှာ အိမ်ထဲကနေ အပြင်ကို ထွက်ဖို့ ဝန်လေးနေမယ်။ အပြင်ကို မပြောနဲ့ သင့်အခန်းထဲကနေ မီးဖိုချောင်ဖက်သွားဖို့၊ အိမ်ရှေ့ဝရန်တာ ထွက်ဖို့တောင် ဝန်လေးနေမယ်၊ အခန်းထဲမှာပဲ အချိန်ရှိသရွေ့ အောင်းနေချင်တယ်ဆိုရင် သင်ဟာ အထီးကျန်စိတ်ကို ခံစားနေရတာပါ။ အထီးကျန်တာကို ခံစားရပြီဆိုတာနဲ့ စိတ်ကျရောဂါ ကလည်း သင့်ဆီကို အနှေးနဲ့အမြန် ရောက်လာတော့မှာပါပဲ။

(၂) တစ်ချိန်လုံးအပြစ်ရှိတယ်လို့ ခံစားနေရမယ်

သင်က မဟုတ်တာ ဘာမှမလုပ်ရင်တောင် အရင်တုန်းက လုပ်ခဲ့တာလေးတွေကို ပြန်တွေးပြီး တစ်ချိန်လုံး အပြစ်ရှိတယ်လို့ စိတ်ထဲမှာ ခံစားနေရတာ ပြဿနာပါ။ အပြစ်ရှိတဲ့စိတ်ကို ခံစားရတယ်ဆိုတာ လူတစ်ယောက်အတွက်တော့ ပုံမှန်မဟုတ်ပါဘူး။ အဲဒီလို ခံစားရတယ်ဆိုကတည်းက သင့်ဆီကို စိတ်ဓာတ်ကျတဲ့အတွေးတွေ ဝင်လာတော့မှာဖြစ်ပြီး မပျော်မရွှင်ဖြစ်လာတော့မှာပါ။

(၃) ကိုယ့်ကိုယ်ကိုယ်ဂရုမစိုက်တော့ဘူး

အရင်တုန်းက သင်ဟာ သင့်ကိုယ်သင် ကျော့မော့နေအောင် ပြင်ဆင်တတ်သူ တစ်ယောက်ဖြစ်ပေမယ့် စိတ်ကျရောဂါ ဖြစ်တော့မယ်ဆိုရင် သင့်ကိုယ်သင် ဂရုစိုက်ချင်စိတ် မရှိတော့ပါဘူး။ ဆံပင်တွေရှည်နေလည်း မညှပ်ချင်တော့ဘူး၊

အဝတ်အစားသစ်တွေလည်းမဝယ်ချင်၊ ခံတွင်းနံ့ နံနေတာလည်း ဂရုမစိုက်ချင်၊ မျက်နှာမှာ ဝက်ခြံတွေ ထွက်လာလည်း ဒီအတိုင်းပစ်ထား။ အဲဒီလို ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်ပဲ နေလာမိပြီဆိုရင် သင့်ရဲ့ မသိစိတ်ထဲမှာ စိတ်ကျရောဂါက ပုန်းအောင်းနေပြီဆိုတာ သိထားပါနော်။

(၄) အိပ်ပျော်ဖို့ တော်တော်ကြိုးစားနေရတယ်

လူတစ်ယောက်အတွက် ပုံမှန်အိပ်ချိန်က (၈)နာရီဆိုရင် သင့်အနေနဲ့ အဲဒီ (၈)နာရီ ပြည့်ဖို့ တော်တော်ကြိုးစားပြီး အိပ်နေရတယ် ဆိုပါတော့။ ညဖက်တွေဆိုရင်လည်း အိပ်မပျော်။ သင့်ရဲ့ ခန္ဓာကိုယ်ကြီးက အိပ်ချင်နေတာတောင် စိတ်က အတွေးတွေများနေ။

နောက်ဆုံးတော့ အိပ်ဆေးအကူအညီတွေ ယူရ။ မနက်ဆို လူက နှုံးပြီး မရွှင်မလန်းဖြစ်။ အဲဒီလို အိပ်ဖို့ခက်တဲ့ ညတွေကို ဆက်တိုက် ကြုံလာရတဲ့အခါ သင့်ရဲ့စိတ်ထဲမှာ ဟိုဟိုဒီဒီတွေ တွေးမိတော့တာပါပဲ။ ဆေးပညာအရတော့ ညဖက် အိပ်ပျော်နိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားရသူတွေဟာ စိတ်ကျရောဂါကို လွယ်လွယ်လေး ခံစားရစေပါသတဲ့။

(၅) လူတိုင်းက သင့်ကိုမုန်းနေတယ်လို့ခံစားရမယ်

သင့်ရဲ့ကျောင်းမှာဖြစ်စေ၊ အလုပ်မှာဖြစ်စေ သင့်ရဲ့ပတ်ဝန်းကျင်မှာ ရှိသူတွေက သင့်ကို မုန်းနေတယ်၊ သဘောမကျဘူးလို့ ခံစားရရင်လည်း သင့်ရဲ့စိတ်က ပုံမှန်မဟုတ်ဘူးဆိုတာ သိထားပါ။

တခြားသူတွေက သင့်ကို နားမလည်နိုင်ဘူးလို့ ထင်နေတယ်၊ သင်နဲ့သူတို့ဟာ အတွေးချင်းမတူဘူး၊ ဒီကမ္ဘာကြီးမှာ သင့်ကို နားလည်နိုင်တဲ့သူ မရှိဘူးလို့ ခံစားနေရပြီဆိုရင် သင်ဟာ လူ့အဖွဲ့အစည်းရဲ့ အပြင်ကို ထွက်ဖို့ ကြိုးစားတော့မှာဖြစ်ပြီး စိတ်ကျရောဂါနဲ့ ရင်ဆိုင်ရဖို့ အခွင့်အလမ်းများနေပါပြီ။

ဒီအခ်က္ေတြကို ခံစားေနရၿပီဆိုရင္ သင့္ စိတ္က်ေရာဂါ ျဖစ္ပါေတာ့မယ္

လူတစ္ေယာက္အတြက္ေတာ့ စိတ္က်ေရာဂါျဖစ္ဖို႔ အေၾကာင္းရင္းေတြ အမ်ားႀကီးပါ။အိမ္နဲ႔အဆင္မေျပတာ ၊ အလုပ္ျပဳတ္သြားတာ ၊ စာေမးပြဲက်တာ၊ ရည္းစားက ထားခဲ့တာ..စသျဖင့္ အမ်ားႀကီးေပါ့။

ဒါေပမယ့္ တစ္ခါတေလ က်ေတာ့လည္း စိတ္က်ေရာဂါ ဆိုတာက သင္မသိနိုင္တဲ့ နည္းလမ္းတစ္မ်ိဳးနဲ႔ သင့္ဆီကို ေရာက္လာတတ္တာေလ။ တကယ္လို႔ သင့္မွာ ဒီလိုအခ်က္ေတြ ခံစားေနရၿပီဆိုရင္၊ ဒီအခ်က္ေတြထဲက ေတာ္ေတာ္မ်ားမ်ားက သင္နဲ႔ ကိုက္ညီေနၿပီဆိုရင္ သင္ဟာ စိတ္က်ေရာဂါျဖစ္ဖို႔ အနီးဆုံးျဖစ္ေနၿပီလို႔သာ မွတ္လိုက္ပါေနာ္။

(၁)။ အိမ္ထဲကေန ဘယ္မွမသြားခ်င္

သင္ဟာ အလုပ္ရွိသူတစ္ေယာက္ဆိုရင္ အလုပ္ပိတ္ရက္ေတြဆို အိမ္ထဲကေန အိမ္အျပင္မထြက္ခ်င္တာ ျပႆနာ မရွိေပမယ့္ သင္ဟာ အလုပ္မရွိသူတစ္ေယာက္၊ ဘာမွ လုပ္စရာမရွိပဲ ၿငီးေငြ႕ေနသူ တစ္ေယာက္ဆိုရင္ေတာ့ အိမ္ထဲကေန အိမ္အျပင္ထြက္ဖို႔ စဥ္းစားသင့္တယ္မဟုတ္လား။

ဒါေပမယ့္ သင့္ရဲ့စိတ္ထဲမွာ အိမ္ထဲကေန အျပင္ကို ထြက္ဖို႔ ဝန္ေလးေနမယ္။ အျပင္ကို မေျပာနဲ႔ သင့္အခန္းထဲကေန မီးဖိုေခ်ာင္ဖက္သြားဖို႔၊ အိမ္ေရွ႕ဝရန္တာ ထြက္ဖို႔ေတာင္ ဝန္ေလးေနမယ္၊ အခန္းထဲမွာပဲ အခ်ိန္ရွိသေရြ႕ ေအာင္းေနခ်င္တယ္ဆိုရင္ သင္ဟာ အထီးက်န္စိတ္ကို ခံစားေနရတာပါ။ အထီးက်န္တာကို ခံစားရၿပီဆိုတာနဲ႔ စိတ္က်ေရာဂါ ကလည္း သင့္ဆီကို အေႏွးနဲ႔အျမန္ ေရာက္လာေတာ့မွာပါပဲ။

(၂) တစ္ခ်ိန္လုံးအျပစ္ရွိတယ္လို႔ ခံစားေနရမယ္

သင္က မဟုတ္တာ ဘာမွမလုပ္ရင္ေတာင္ အရင္တုန္းက လုပ္ခဲ့တာေလးေတြကို ျပန္ေတြးၿပီး တစ္ခ်ိန္လုံး အျပစ္ရွိတယ္လို႔ စိတ္ထဲမွာ ခံစားေနရတာ ျပႆနာပါ။ အျပစ္ရွိတဲ့စိတ္ကို ခံစားရတယ္ဆိုတာ လူတစ္ေယာက္အတြက္ေတာ့ ပုံမွန္မဟုတ္ပါဘူး။ အဲဒီလို ခံစားရတယ္ဆိုကတည္းက သင့္ဆီကို စိတ္ဓာတ္က်တဲ့အေတြးေတြ ဝင္လာေတာ့မွာျဖစ္ၿပီး မေပ်ာ္မရႊင္ျဖစ္လာေတာ့မွာပါ။

(၃) ကိုယ့္ကိုယ္ကိုယ္ဂ႐ုမစိုက္ေတာ့ဘူး

အရင္တုန္းက သင္ဟာ သင့္ကိုယ္သင္ ေက်ာ့ေမာ့ေနေအာင္ ျပင္ဆင္တတ္သူ တစ္ေယာက္ျဖစ္ေပမယ့္ စိတ္က်ေရာဂါ ျဖစ္ေတာ့မယ္ဆိုရင္ သင့္ကိုယ္သင္ ဂ႐ုစိုက္ခ်င္စိတ္ မရွိေတာ့ပါဘူး။ ဆံပင္ေတြရွည္ေနလည္း မညႇပ္ခ်င္ေတာ့ဘူး၊

အဝတ္အစားသစ္ေတြလည္းမဝယ္ခ်င္၊ ခံတြင္းနံ့ နံေနတာလည္း ဂ႐ုမစိုက္ခ်င္၊ မ်က္ႏွာမွာ ဝက္ၿခံေတြ ထြက္လာလည္း ဒီအတိုင္းပစ္ထား။ အဲဒီလို ကိုယ့္ကိုယ္ကိုယ္ ဂ႐ုမစိုက္ပဲ ေနလာမိၿပီဆိုရင္ သင့္ရဲ့ မသိစိတ္ထဲမွာ စိတ္က်ေရာဂါက ပုန္းေအာင္းေနၿပီဆိုတာ သိထားပါေနာ္။

(၄) အိပ္ေပ်ာ္ဖို႔ ေတာ္ေတာ္ႀကိဳးစားေနရတယ္

လူတစ္ေယာက္အတြက္ ပုံမွန္အိပ္ခ်ိန္က (၈)နာရီဆိုရင္ သင့္အေနနဲ႔ အဲဒီ (၈)နာရီ ျပည့္ဖို႔ ေတာ္ေတာ္ႀကိဳးစားၿပီး အိပ္ေနရတယ္ ဆိုပါေတာ့။ ညဖက္ေတြဆိုရင္လည္း အိပ္မေပ်ာ္။ သင့္ရဲ့ ခႏၶာကိုယ္ႀကီးက အိပ္ခ်င္ေနတာေတာင္ စိတ္က အေတြးေတြမ်ားေန။

ေနာက္ဆုံးေတာ့ အိပ္ေဆးအကူအညီေတြ ယူရ။ မနက္ဆို လူက ႏႈံးၿပီး မရႊင္မလန္းျဖစ္။ အဲဒီလို အိပ္ဖို႔ခက္တဲ့ ညေတြကို ဆက္တိုက္ ၾကဳံလာရတဲ့အခါ သင့္ရဲ့စိတ္ထဲမွာ ဟိုဟိုဒီဒီေတြ ေတြးမိေတာ့တာပါပဲ။ ေဆးပညာအရေတာ့ ညဖက္ အိပ္ေပ်ာ္နိုင္ဖို႔ ခက္ခက္ခဲခဲ ႀကိဳးစားရသူေတြဟာ စိတ္က်ေရာဂါကို လြယ္လြယ္ေလး ခံစားရေစပါသတဲ့။

(၅) လူတိုင္းက သင့္ကိုမုန္းေနတယ္လို႔ခံစားရမယ္

သင့္ရဲ့ေက်ာင္းမွာျဖစ္ေစ၊ အလုပ္မွာျဖစ္ေစ သင့္ရဲ့ပတ္ဝန္းက်င္မွာ ရွိသူေတြက သင့္ကို မုန္းေနတယ္၊ သေဘာမက်ဘူးလို႔ ခံစားရရင္လည္း သင့္ရဲ့စိတ္က ပုံမွန္မဟုတ္ဘူးဆိုတာ သိထားပါ။

တျခားသူေတြက သင့္ကို နားမလည္နိုင္ဘူးလို႔ ထင္ေနတယ္၊ သင္နဲ႔သူတို႔ဟာ အေတြးခ်င္းမတူဘူး၊ ဒီကမၻာႀကီးမွာ သင့္ကို နားလည္နိုင္တဲ့သူ မရွိဘူးလို႔ ခံစားေနရၿပီဆိုရင္ သင္ဟာ လူ႔အဖြဲ႕အစည္းရဲ့ အျပင္ကို ထြက္ဖို႔ ႀကိဳးစားေတာ့မွာျဖစ္ၿပီး စိတ္က်ေရာဂါနဲ႔ ရင္ဆိုင္ရဖို႔ အခြင့္အလမ္းမ်ားေနပါၿပီ။