မုန့်လာဝယ်တဲ့ ကလေး လက်ထဲက (၅၀) တန်အစုတ်ကလေးနှင့် စိတ်ထဲ စွဲထင်သွားတဲ့ အရာ
ကလေးတစ်ယောက် ဆိုင်ထဲဝင်လာပြီး မုန့်လာဝယ်ပါတယ်..
ကလေးမျက်နှာက မဝံ့မရဲလေးမို့ လက်ထဲကိုင်ထားတဲ့ပိုက်ဆံကို ဦး ခဏကြည့်မယ်နော်လို့ ပြောလိုက်တော့ ဖွဖွလေးကိုင်ထားတဲ့ ပိုက်ဆံကို ပေးပါတယ်.. ပိုက်ဆံက ကျွန်တော်ထင်ထားသလို စုတ်ပြဲနေပါတယ်.. ကလေးတွေဟာ စုတ်ပြတ်နေတဲ့ ပိုက်ဆံကို ဖြန့်ပြီး မပေးကြဘူး.. အသာအယာလေးကိုင်လာပြီး ပေးတတ်ကြတယ်.. ဆိုင်ရှင် အတော်များများကလည်း စျေးဝယ်ရှုပ်တဲ့အချိန်ဆို ပိုက်ဆံကို ဖြန့်မကြည့်တတ်ကြဘူးလေ..
“ဘာလို့ပိုက်ဆံကို ဖြန့်ပြီးမပေးတာလဲသမီး”
“ဟို ဟို ကျောင်းမှာ ဝယ်လို့မရလို့ ဒီမှာလဲ ဝယ်မရမှာစိုးလို့ပါ”
“ရတာပေါ့သမီရယ် စုတ်စုတ် ပြတ်ပြတ် ပိုက်ဆံပါပဲသမီးရယ် တရားဝင်သုံးလို့ရတယ်နော်.. နောက်တစ်ခါ ပိုက်ဆံအစုတ် ရှိရင် ဦးဆီမှာလာဝယ်.. ကဲ ဘယ်မုန့် ယူမှာလဲ ယူသွားနော်..
ကလေးဟာ ၅၀ တန်လေဖောင်းမုန့်လေးယူပြီး လွတ်လပ်ပေါ့ပါးစွာ ဆိုင်ထဲမှ ထွက်သွားရှာပါတယ်.. ဒီကလေး ပိုက်ဆံအစုတ်ကိုင်ပြီး ဆိုင်ရှင် မရိပ်မိအောင် ဝယ်တတ်ဖို့ မိဘတွေက သင်ပေးတာလား အဖော်တွေက သင်ပေးတာလား မသိပါ.. စုတ်ပြတ်နေတဲ့ အရာတွေဟာ တန်ဘိုးမရှိတော့ဘူးလို့ ငယ်ရွယ်နုနယ်သေးတဲ့ ကလေးတွေမှာ စွဲထင်သွားမှာစိုးသလို တန်ဘိုးနည်းတဲ့ ငွေစက္ကူ အစုတ်လေးတွေကို ချို့တဲ့သူတွေရဲ့ လက်ထဲမှာသာရှိတတ်တာမို့ ငယ်စဉ်ကတည်းက ဘဝနုံချာတဲ့ ကလေးတွေရဲ့ စိတ်ထဲကို စုတ်ပြတ်နေရင် သိပ်သုံးလို့ မရတော့သယောင် စကားတွေ မရိုက်သွင်းသင့်ပါလို့..
တွေးမိ သမျှလေး ရေးကြည့်မိလိုက်ပါတယ် ခင်ဗျာ.. အမှားပါရင် ခွင့်လွှတ်ပေးကြပါ ကျေးဇူးတင်ပါတယ်..
မုန္႔လာဝယ္တဲ့ ကေလး လက္ထဲက (၅၀) တန္အစုတ္ကေလးႏွင့္ စိတ္ထဲ စြဲထင္သြားတဲ့ အရာ
ကေလးတစ္ေယာက္ ဆိုင္ထဲဝင္လာၿပီး မုန္႔လာဝယ္ပါတယ္..
ကေလးမ်က္ႏွာက မဝံ့မရဲေလးမို႔ လက္ထဲကိုင္ထားတဲ့ပိုက္ဆံကို ဦး ခဏၾကည့္မယ္ေနာ္လို႔ ေျပာလိုက္ေတာ့ ဖြဖြေလးကိုင္ထားတဲ့ ပိုက္ဆံကို ေပးပါတယ္.. ပိုက္ဆံက ကၽြန္ေတာ္ထင္ထားသလို စုတ္ျပဲေနပါတယ္.. ကေလးေတြဟာ စုတ္ျပတ္ေနတဲ့ ပိုက္ဆံကို ျဖန္႔ၿပီး မေပးၾကဘူး.. အသာအယာေလးကိုင္လာၿပီး ေပးတတ္ၾကတယ္.. ဆိုင္ရွင္ အေတာ္မ်ားမ်ားကလည္း ေစ်းဝယ္ရႈပ္တဲ့အခ်ိန္ဆို ပိုက္ဆံကို ျဖန္႔မၾကည့္တတ္ၾကဘူးေလ..
“ဘာလို႔ပိုက္ဆံကို ျဖန္႔ၿပီးမေပးတာလဲသမီး”
“ဟို ဟို ေက်ာင္းမွာ ဝယ္လို႔မရလို႔ ဒီမွာလဲ ဝယ္မရမွာစိုးလို႔ပါ”
“ရတာေပါ့သမီရယ္ စုတ္စုတ္ ျပတ္ျပတ္ ပိုက္ဆံပါပဲသမီးရယ္ တရားဝင္သုံးလို႔ရတယ္ေနာ္.. ေနာက္တစ္ခါ ပိုက္ဆံအစုတ္ ရွိရင္ ဦးဆီမွာလာဝယ္.. ကဲ ဘယ္မုန္႔ ယူမွာလဲ ယူသြားေနာ္..
ကေလးဟာ ၅၀ တန္ေလေဖာင္းမုန္႔ေလးယူၿပီး လြတ္လပ္ေပါ့ပါးစြာ ဆိုင္ထဲမွ ထြက္သြားရွာပါတယ္.. ဒီကေလး ပိုက္ဆံအစုတ္ကိုင္ၿပီး ဆိုင္ရွင္ မရိပ္မိေအာင္ ဝယ္တတ္ဖို႔ မိဘေတြက သင္ေပးတာလား အေဖာ္ေတြက သင္ေပးတာလား မသိပါ.. စုတ္ျပတ္ေနတဲ့ အရာေတြဟာ တန္ဘိုးမရွိေတာ့ဘူးလို႔ ငယ္ရြယ္ႏုနယ္ေသးတဲ့ ကေလးေတြမွာ စြဲထင္သြားမွာစိုးသလို တန္ဘိုးနည္းတဲ့ ေငြစကၠဴ အစုတ္ေလးေတြကို ခ်ိဳ႕တဲ့သူေတြရဲ့ လက္ထဲမွာသာရွိတတ္တာမို႔ ငယ္စဥ္ကတည္းက ဘဝႏုံခ်ာတဲ့ ကေလးေတြရဲ့ စိတ္ထဲကို စုတ္ျပတ္ေနရင္ သိပ္သုံးလို႔ မရေတာ့သေယာင္ စကားေတြ မရိုက္သြင္းသင့္ပါလို႔..
ေတြးမိ သမၽွေလး ေရးၾကည့္မိလိုက္ပါတယ္ ခင္ဗ်ာ.. အမွားပါရင္ ခြင့္လႊတ္ေပးၾကပါ ေက်းဇူးတင္ပါတယ္..