က်မၼာေရး ဗဟုသုတ

အိုမီခရွန်-ကိုဗစ်ပိုးကူးစက်ခံရသူများအတွက် အာဟာရဆိုင်ရာ အကြံပြုချက်များ

အိုမီခ႐ြန္-ကိုဗစ္ပိုးကူးစက္ခံရသူမ်ားအတြက္ အာဟာရဆိုင္ရာ အႀကံျပဳခ်က္မ်ား

အိုမီခ႐ြန္-ကိုဗစ္ပိုး ထပ္မံပ်ံ႕ႏွံ႔လာတာေတြ စိပ္လာတဲ့အေလ်ာက္ ကိုဗစ္ကို စိုးရိမ္ပူပန္မႈေတြ ျမင့္တက္လာေနပါတယ္။

အိုမီခ႐ြန္ရဲ႕ အဓိကလကၡဏာေတြက ႏွာရည္ယိုျခင္း၊ ေခါင္းကိုက္ျခင္း၊ ႏုန္းျခင္း၊ ႏွာေခ်ျခင္းနဲ႔ လည္ေခ်ာင္းနာျခင္းေတြပဲျဖစ္ပါတယ္။

ဒီလကၡဏာေတြက ေနေကာင္းက်န္းမာေနတဲ့သူေတြ၊ ကာကြယ္ေဆးထိုးၿပီး လူေတြမွာ မျပင္းထန္ေပမယ့္ သက္ႀကီးသူေတြနဲ႔ ကိုယ္ခံအားက်ေနသူေတြမွာ သတိထားဖို႔ လိုအပ္ေနပါတယ္။

ဗိုင္းရပ္စ္ေၾကာင့္ဖ်ားနာမႈမ်ိဳးျဖစ္တာေၾကာင့္ ကိုယ္ခံအားကသာလွ်င္ အဓိကအေရးႀကီးပါတယ္။

ဒီလိုကာလမွာ အစားအေသာက္အေနအထိုင္မွန္ဖို႔၊ မလိုအပ္တဲ့ေဆးေတြ၊ ဗီတာမင္ေတြ မေသာက္မိဖို႔ သတိထားရပါမယ္။

တခါတရံမွာ ဗိုင္းရပ္စ္ပိုးကူးစက္ခံရခ်ိန္မွာ သိပ္မဆိုးပဲ ကူးစက္အၿပီး ေနာက္ဆက္တြဲလကၡဏာေတြက ပိုဆိုးတတ္ပါတယ္။

ဒီလိုပိုဆိုးရတဲ့အေၾကာင္းရင္းေတြထဲက တစ္ခုကေတာ့ အာဟာရမျပည့္ဝမႈေၾကာင့္ျဖစ္ပါတယ္။

ဒါေၾကာင့္ လူနာေတြအေနနဲ႔ ဘယ္လိုစားေသာက္ဖို႔လိုတယ္ (သို႔) လူနာေတြကို အၾကမ္းဖ်ဥ္း အာဟာရဘယ္လိုေပးမလဲဆိုတာေလး မွ်ေဝခ်င္ပါတယ္။ 😇

တစ္ေန႔တာအာဟာရ လိုအပ္ခ်က္
– ေရ ၂-၃ လီတာ

– ကယ္လိုရီ ၂၀၀၀-၂၅၀၀

– အသားဓာတ္ ၇၅-၁၀၀ ဂရမ္

(၁) ေရ ၃ လီတာေသာက္ျဖစ္ေစဖို႔ ဘာလုပ္ၾကမလဲ

– လူနာအနားမွာ ေရသန္႔ဘူးတစ္ဘူး အဆင္သင့္ျပင္ေပးထားပါ။

၁၅-၂၀ မိနစ္ျခားတစ္ခါ ေရ ၁၀၀ စီစီ ေသာက္ေစပါ။

– ေသာက္ရလြယ္တဲ့ အရည္ၾကည္ေလးေတြ ျပင္ဆင္ထားေပးပါ (အာဟာရည္မ်ား၊ ဓာတ္ဆားရည္နဲ႔ sport drink ေတြေသာက္ခိုင္းႏိုင္ပါတယ္)

– ဆီးခ်ိဳနဲ႔ ေက်ာက္ကပ္လူနာေတြမွာေတာ့ သတ္မွတ္ထားတဲ့ အရည္ပမာဏနဲ႔ သင့္ေတာ္တဲ့ အာဟာရရည္ အမ်ိဳးအစားကိုသာ တိုက္ရပါမယ္။

အုန္ရည္ကေတာ့ ပိုတက္ဆီယမ္ဓာတ္အထူးမ်ားျပားတဲ့အတြက္ ေက်ာက္ကပ္ေရာဂါရွိသူ ကိုဗစ္လူနာေတြမွာ မေသာက္သင့္ဘူးလို႔ အႀကံျပဳခ်င္ပါတယ္)

(၂) ကယ္လိုရီျပည့္မွီေအာင္ ဘယ္လိုစားသင့္လဲ

– ပမာဏနည္းနည္းနဲ႔ ခဏခဏစားေပးပါ။

တကယ္လို႔ စားခ်င္စိတ္ ေပ်ာက္ေနရင္ေတာင္ နာလန္ထူေစဖို႔ ႀကိဳးစားစားေပးပါ။

– ထမင္းတစ္ခ်ိန္နဲ႔ တစ္ခ်ိန္အၾကားမွာ ကယ္လိုရီနဲ႔ အသားဓာတ္မ်ားမ်ားပါတဲ့ အာဟာရည္ေတြေသာက္ေပးပါ။

ၾကက္ဥအကာလိုမ်ိဳး စားရလြယ္ၿပီး အသားဓာတ္မ်ားတဲ့အရာမ်ိဳးကို စားေပးသင့္ပါတယ္။

– ဘာပဲစားစား အာဟာရမ်ားမ်ားပါတာကို ေ႐ြးခ်ယ္ပါ။ ေခါက္ဆြဲျပဳတ္နဲ႔ အသင့္စားအစားအစာေတြကို ေရွာင္ပါ။

– တစ္ေန႔ကို ၆ ႀကိမ္ထက္မနည္း အစားစားေပးပါ။

(၃) Enteral Feeding Support လိုတဲ့ လူနာေတြကို ဘယ္လိုေကြၽးမလဲ ……

– ကယ္လိုရီလိုအပ္ခ်က္ကို ကိုယ္အေလးခ်ိန္ နဲ႔ ေရာဂါအေျခအေနအလိုက္ တြက္ခ်က္ၿပီး စနစ္တက်ထည့္ေပးျခင္းျဖင့္ ေရာဂါ၏ ေနာက္ဆက္တြဲဆိုးက်ိဳးမ်ား ခံစားရျခင္းကို သက္သာေလ်ာ့နည္းေစပါတယ္

– အာဟာရည္အမ်ိဳးအစားနဲ႔ ပမာဏေ႐ြးခ်ယ္ရာမွာ အာဟာရဆိုင္ရာကြၽမ္းက်င္ဆရာဝန္မ်ား (သို႔) အာဟာရအေၾကာင္းနားလည္ေသာ ဆရာဝန္ႀကီးမ်ားႏွင့္ ေဆြးေႏြးတိုင္ပင္ျခင္းက လူနာရဲ႕ outcome (ရလဒ္) ကို ပိုေကာင္းေစပါတယ္။

(၄) ဗီတာမင္စီ ရေစဖို႔ >> ခ်ဥ္တဲ့အသီးေတြနဲ႔ မာလကာသီးေတြကို စားသုံးေပးပါ

ဇင့္ဓာတ္ရေစဖို႔ >> ကုလားပဲ၊ သီဟိုဌ္ေစ့နဲ႔ မုန္ညင္း႐ြက္ေတြ မ်ားမ်ားစားေပးပါ

အိုမီဂါ-၃ ရေစဖို႔ (ေရာင္ရမ္းျခင္းကိုသက္သာေစ) အေစ့အဆန္ လက္တဆုပ္စာ၊ ငါးနဲ႔ ခ်ီယာေစ့ေတြ စားေပးပါ

အေရးႀကီးဆုံး က အသားဓာတ္ျဖစ္လို႔ တစ္ေန႔လုံးက္ု အသား ၁၀ က်ပ္သားခန္႔နဲ႔ ၾကက္ဥ အကာ ၂-၃ လုံးခန္႔စားေပးသင့္ပါတယ္

(မစားႏိုင္ရင္ အသားဓာတ္အာဟာရျဖည့္အရည္ေတြေသာက္ေပးႏိုင္ပါတယ္)

မစားမေသာက္ပဲေနရင္ေရာျပန္ေကာင္းမွာလား

– ကိုယ္ခံအားေကာင္းတဲ့ လူငယ္ေတြမွာ အာဟာရမွန္မွန္ကန္ကန္ မရလည္းပဲ ေရာဂါပိုးကို တိုက္ထုတ္ႏိုင္ပါတယ္

– ဒါေပမယ့္ ေရာဂါျဖစ္စဥ္ အာဟာရမျပည့္မွီတဲ့အျပင္ နာလန္ထအခ်ိန္မွာ စနစ္တက် မစားေသာက္ရင္ ႂကြက္သားအားနည္းျခင္း/ အေမာမခံႏိုင္ျခင္းႏွင့္ ေနာက္ဆက္တြဲေရာဂါေတြ ျဖစ္လာႏိုင္ပါတယ္။

ဗီတာမင္ေတြေသာက္ခ်င္တယ္ဆိုရင္

– ဗီတာမင္စီ >တစ္ေန႔ကို ၃၀၀-၅၀၀ မီလီဂရမ္ဆို လုံေလာက္ပါတယ္ (၂၀၀၀-၃၀၀၀ ေသာက္စရာမလိုပါ)

– ဗီတာမင္ ဒီ >> တစ္ေန႔လွ်င္ ၁၀၀၀ IU

– ဇင့္ >> ၅၀-၇၅ မီလီဂရမ္

– Melatonin, Magnesium နဲ႔ အျခားဟာေတြကေတာ့ ဆရာဝန္မၫြန္ၾကားပဲ မေသာက္သင့္ပါဘူး။

“အိုမီခ႐ြန္ပိုးကို အတူတကြလက္တြဲညီညီ တိုက္ထုတ္ၾကပါစို႔”

“FOOD IS MEDICINE WHEN YOU ARE ILL”

“ေနမေကာင္းေနခ်ိန္မွာ အစာဟာ ေဆးပါ”

Dr ဆုျမတ္သဇင္

ေဆးကုသမႈဆိုင္ရာအာဟာရဆရာဝန္ (Clinical Nutritionist)

Unicode

အိုမီခရွန်-ကိုဗစ်ပိုးကူးစက်ခံရသူများအတွက် အာဟာရဆိုင်ရာ အကြံပြုချက်များ

အိုမီခရွန်-ကိုဗစ်ပိုး ထပ်မံပျံ့နှံ့လာတာတွေ စိပ်လာတဲ့အလျောက် ကိုဗစ်ကို စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာနေပါတယ်။

အိုမီခရွန်ရဲ့ အဓိကလက္ခဏာတွေက နှာရည်ယိုခြင်း၊ ခေါင်းကိုက်ခြင်း၊ နုန်းခြင်း၊ နှာချေခြင်းနဲ့ လည်ချောင်းနာခြင်းတွေပဲဖြစ်ပါတယ်။

ဒီလက္ခဏာတွေက နေကောင်းကျန်းမာနေတဲ့သူတွေ၊ ကာကွယ်ဆေးထိုးပြီး လူတွေမှာ မပြင်းထန်ပေမယ့် သက်ကြီးသူတွေနဲ့ ကိုယ်ခံအားကျနေသူတွေမှာ သတိထားဖို့ လိုအပ်နေပါတယ်။

ဗိုင်းရပ်စ်ကြောင့်ဖျားနာမှုမျိုးဖြစ်တာကြောင့် ကိုယ်ခံအားကသာလျှင် အဓိကအရေးကြီးပါတယ်။

ဒီလိုကာလမှာ အစားအသောက်အနေအထိုင်မှန်ဖို့၊ မလိုအပ်တဲ့ဆေးတွေ၊ ဗီတာမင်တွေ မသောက်မိဖို့ သတိထားရပါမယ်။

တခါတရံမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရချိန်မှာ သိပ်မဆိုးပဲ ကူးစက်အပြီး နောက်ဆက်တွဲလက္ခဏာတွေက ပိုဆိုးတတ်ပါတယ်။

ဒီလိုပိုဆိုးရတဲ့အကြောင်းရင်းတွေထဲက တစ်ခုကတော့ အာဟာရမပြည့်ဝမှုကြောင့်ဖြစ်ပါတယ်။

ဒါကြောင့် လူနာတွေအနေနဲ့ ဘယ်လိုစားသောက်ဖို့လိုတယ် (သို့) လူနာတွေကို အကြမ်းဖျဉ်း အာဟာရဘယ်လိုပေးမလဲဆိုတာလေး မျှဝေချင်ပါတယ်။ 😇

တစ်နေ့တာအာဟာရ လိုအပ်ချက်
– ရေ ၂-၃ လီတာ

– ကယ်လိုရီ ၂၀၀၀-၂၅၀၀

– အသားဓာတ် ၇၅-၁၀၀ ဂရမ်

(၁) ရေ ၃ လီတာသောက်ဖြစ်စေဖို့ ဘာလုပ်ကြမလဲ

– လူနာအနားမှာ ရေသန့်ဘူးတစ်ဘူး အဆင်သင့်ပြင်ပေးထားပါ။

၁၅-၂၀ မိနစ်ခြားတစ်ခါ ရေ ၁၀၀ စီစီ သောက်စေပါ။

– သောက်ရလွယ်တဲ့ အရည်ကြည်လေးတွေ ပြင်ဆင်ထားပေးပါ (အာဟာရည်များ၊ ဓာတ်ဆားရည်နဲ့ sport drink တွေသောက်ခိုင်းနိုင်ပါတယ်)

– ဆီးချိုနဲ့ ကျောက်ကပ်လူနာတွေမှာတော့ သတ်မှတ်ထားတဲ့ အရည်ပမာဏနဲ့ သင့်တော်တဲ့ အာဟာရရည် အမျိုးအစားကိုသာ တိုက်ရပါမယ်။

အုန်ရည်ကတော့ ပိုတက်ဆီယမ်ဓာတ်အထူးများပြားတဲ့အတွက် ကျောက်ကပ်ရောဂါရှိသူ ကိုဗစ်လူနာတွေမှာ မသောက်သင့်ဘူးလို့ အကြံပြုချင်ပါတယ်)

(၂) ကယ်လိုရီပြည့်မှီအောင် ဘယ်လိုစားသင့်လဲ

– ပမာဏနည်းနည်းနဲ့ ခဏခဏစားပေးပါ။

တကယ်လို့ စားချင်စိတ် ပျောက်နေရင်တောင် နာလန်ထူစေဖို့ ကြိုးစားစားပေးပါ။

– ထမင်းတစ်ချိန်နဲ့ တစ်ချိန်အကြားမှာ ကယ်လိုရီနဲ့ အသားဓာတ်များများပါတဲ့ အာဟာရည်တွေသောက်ပေးပါ။

ကြက်ဥအကာလိုမျိုး စားရလွယ်ပြီး အသားဓာတ်များတဲ့အရာမျိုးကို စားပေးသင့်ပါတယ်။

– ဘာပဲစားစား အာဟာရများများပါတာကို ရွေးချယ်ပါ။ ခေါက်ဆွဲပြုတ်နဲ့ အသင့်စားအစားအစာတွေကို ရှောင်ပါ။

– တစ်နေ့ကို ၆ ကြိမ်ထက်မနည်း အစားစားပေးပါ။

(၃) Enteral Feeding Support လိုတဲ့ လူနာတွေကို ဘယ်လိုကျွေးမလဲ ……

– ကယ်လိုရီလိုအပ်ချက်ကို ကိုယ်အလေးချိန် နဲ့ ရောဂါအခြေအနေအလိုက် တွက်ချက်ပြီး စနစ်တကျထည့်ပေးခြင်းဖြင့် ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများ ခံစားရခြင်းကို သက်သာလျော့နည်းစေပါတယ်

– အာဟာရည်အမျိုးအစားနဲ့ ပမာဏရွေးချယ်ရာမှာ အာဟာရဆိုင်ရာကျွမ်းကျင်ဆရာဝန်များ (သို့) အာဟာရအကြောင်းနားလည်သော ဆရာဝန်ကြီးများနှင့် ဆွေးနွေးတိုင်ပင်ခြင်းက လူနာရဲ့ outcome (ရလဒ်) ကို ပိုကောင်းစေပါတယ်။

(၄) ဗီတာမင်စီ ရစေဖို့ >> ချဉ်တဲ့အသီးတွေနဲ့ မာလကာသီးတွေကို စားသုံးပေးပါ

ဇင့်ဓာတ်ရစေဖို့ >> ကုလားပဲ၊ သီဟိုဌ်စေ့နဲ့ မုန်ညင်းရွက်တွေ များများစားပေးပါ

အိုမီဂါ-၃ ရစေဖို့ (ရောင်ရမ်းခြင်းကိုသက်သာစေ) အစေ့အဆန် လက်တဆုပ်စာ၊ ငါးနဲ့ ချီယာစေ့တွေ စားပေးပါ

အရေးကြီးဆုံး က အသားဓာတ်ဖြစ်လို့ တစ်နေ့လုံးက်ု အသား ၁၀ ကျပ်သားခန့်နဲ့ ကြက်ဥ အကာ ၂-၃ လုံးခန့်စားပေးသင့်ပါတယ်

(မစားနိုင်ရင် အသားဓာတ်အာဟာရဖြည့်အရည်တွေသောက်ပေးနိုင်ပါတယ်)

မစားမသောက်ပဲနေရင်ရောပြန်ကောင်းမှာလား

– ကိုယ်ခံအားကောင်းတဲ့ လူငယ်တွေမှာ အာဟာရမှန်မှန်ကန်ကန် မရလည်းပဲ ရောဂါပိုးကို တိုက်ထုတ်နိုင်ပါတယ်

– ဒါပေမယ့် ရောဂါဖြစ်စဉ် အာဟာရမပြည့်မှီတဲ့အပြင် နာလန်ထအချိန်မှာ စနစ်တကျ မစားသောက်ရင် ကြွက်သားအားနည်းခြင်း/ အမောမခံနိုင်ခြင်းနှင့် နောက်ဆက်တွဲရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

ဗီတာမင်တွေသောက်ချင်တယ်ဆိုရင်

– ဗီတာမင်စီ >တစ်နေ့ကို ၃၀၀-၅၀၀ မီလီဂရမ်ဆို လုံလောက်ပါတယ် (၂၀၀၀-၃၀၀၀ သောက်စရာမလိုပါ)

– ဗီတာမင် ဒီ >> တစ်နေ့လျှင် ၁၀၀၀ IU

– ဇင့် >> ၅၀-၇၅ မီလီဂရမ်

– Melatonin, Magnesium နဲ့ အခြားဟာတွေကတော့ ဆရာဝန်မညွန်ကြားပဲ မသောက်သင့်ပါဘူး။

“အိုမီခရွန်ပိုးကို အတူတကွလက်တွဲညီညီ တိုက်ထုတ်ကြပါစို့”

“FOOD IS MEDICINE WHEN YOU ARE ILL”

“နေမကောင်းနေချိန်မှာ အစာဟာ ဆေးပါ”

Dr ဆုမြတ်သဇင်

ဆေးကုသမှုဆိုင်ရာအာဟာရဆရာဝန် (Clinical Nutritionist)