“စျေးအစ” “ဇာတ်အလယ်” “ဖာအဆုံး” ဆိုတဲ့ စကားပုံတွေရဲ့ အဓိပ္ပါယ်အမှန်
ဒီစကားပုံကို လူတိုင်း ကြားဖူးလိမ့်မယ် ထင်ပါတယ်။ ခုနောက်ပိုင်း ကျွန်မတို့မြို့လေးမှာ သဘင်သည် များနဲ့ စျေးသည်များကို နှိမ့်ချတဲ့အနေနဲ့ အဓိပ္ပါယ်ကောက်လွဲပြီး တန်ဖိုးရှိတဲ့ စကားပုံကို တလွဲ အသုံးပြုနေတာ တွေ့နေ မြင်နေ ကြားနေရပါတယ်။
စျေးအစ ဇာတ်အလယ် ဖာအဆုံးဆိုတဲ့ ရှေးလူကြီးသူမတို့၏ အချိန်ကာလနှင့် နေရာဒေသ ရွေးတတ်ရန် မှာကြားခဲ့သော စကားစုကို ယခုခေတ်ကာလတွင် ရိုင်းပြသောနေရာတွင် သုံးနှုန်းနေကြသည်မှာ သိပ်ကို ဝမ်းနည်းဖို့ ကောင်းပါတယ်။
ဒါကို ရှင်းပါမည် …
စျေးအစ ဆိုသည်မှာ …
စျေးဝယ်မည့်သူသည် မနက်စောစောထ၍ စျေးအစဆုံး ဖွင့်ချိန်တွင် သွားရောက် ဝယ်ယူရမည်ဟု ဆိုလိုချင်းသာ ဖြစ်ပါတယ် ။
စျေးသည်တို့ မည်သည် ပထမဆုံးရောက်လာတဲ့ စျေးဝယ်သူကို လက်လွှတ်ခံလေ့ မရှိပါဘူး။
စျေးနှုန်းချိုချိုနဲ့ စျေးဦးပေါက်အဖြစ် ရောင်းလေ့ ရှိပါတယ်။ ဒါကြောင့် စျေးအစဆုံးဖွင့်ချိန်သွားရောက် ဝယ်ယူမှ သူများထက်ဦးစွာ လတ်ဆတ်ကောင်းမွန်သော ကုန်စည်များကို စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
စျေးအစတွင် မဝယ်ယူပဲ နောက်ကျမှသွားရောက် ဝယ်ယူလျှင် သူများမလိုချင်၍ ကျန်နေသော ကုန်စည်ခပ်ညံ့ညံ့သာ ရရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် စျေးအစဟု ဆိုရေးရှိတာပါ။
ဇာတ်အလယ် ဆိုတာ …
ဇာတ်ကသည့်သူများဟာ ညလယ်ပိုင်းမှာ ဇာတ်ရှိန်အမြင့်ဆုံး ဖြစ်တဲ့ ဗုဒ္ဓဝင်တို့ ပြဇာတ်တို့ ကဲ့သို့သော မှတ်သားထိုက်သည်များကို ကပြတတ်သောကြောင့် ဇာတ်ကြည့်မယ်ဆိုလျှင် ညလယ်ပိုင်းသည် အဓိကကြည့်သင့်သည် အကောင်းဆုံး အပိုင်းဖြစ်သည်ဟု ညွှန်ပြခဲ့ခြင်း ဖြစ်ပါသည်။
တဖန် နောက်မူကွဲတစ်ခုမှာ
ဇာတ်အလယ် ။ ။ ဇာတ်ပွဲကြိုက်သူတို့ ကောင်းကောင်းသိသော စကား ပါ။ ဇာတ်ပွဲကြည့်သူသည် ဇာတ်ပွဲ ကြည့်ပါက ပွဲခင်း၏ မည်သည့်နေရာမှ ကြည့်မှ အဆင်အပြေဆုံး ဖြစ်သနည်း မေးမည် ဖြေပါ။ ဇာတ်ပွဲကို ထိုင်၍ အနီးကပ်ကြည့်ပါက ဇာတ်ဆောင်တို့ကို မော့ကြည့်ရ၍ ကြာကြာကြည့်နိုင်ဖို့ မလွယ်ပါ။
ရပ်၍ကြည့်က ပင်ပန်းလွယ်၍ ကြာကြာ ကြည့်နိုင်မည်မဟုတ်။ ပွဲခင်း၏ အစွန်မှ ကြည့်ပါက ဝေးလွန်း၍ ရုပ်မထင်ရှားပါ။ ထို့ကြောင့် ပွဲခင်း၏ အလယ်မှ ကြည့်မှသာ အဆင်အပြေဆုံး ကြည့်နိုင်ပေလိမ့်မည်။ ထို့ကြောင့် ဇာတ်အလယ်ဟု ဆိုရိုးပြုခဲ့ကြပြန်၏။
ဖာအဆုံး ဆိုသည်မှာ …
ယခုစကားပုံတွင် ပါသော ဖာဆိုသည်မှာ ထန်းခေါက်ဖာကို ပြောတာ ဖြစ်ပါသည်။ အဝတ်အစား ပစ္စည်းကိရိယာများ ထည့်သွင်းသိမ်းဆည်းထားနိုင်သော သေတ္တာကဲ့သို့သော ဖာသေတ္တာကို ဆိုလိုခြင်း ဖြစ်သည်။
ရှေးယခင်တုန်းက အခုလို သံသေတ္တာတို့ ဗီရိုတို့ကို ယနေ့အချိန်လောက်ထိ တွင်တွင်ကျယ်ကျယ် မသုံးကြသေးပါဘူး။ ထန်းလက်ကရတဲ့ လျှော်နဲ့ (ထန်းခေါက်ဖာ) ဖာသေတ္တာကို ပြုလုပ် အသုံးပြုကြပါတယ်။
ထိုဖာများကို ရောင်းချမည့်သူများသည် ဖာသေတ္တာများကို အဆင်ဆင့်ထပ်ကာ ထမ်းပိုး ရောင်းချကြပါတယ်။ ထို့သို့ အဆင့်ဆင့်ထပ်ထားသော ဖာသေတ္တာများတွင် အောက်ဆုံး၌ တောင့်တင်းခိုင်မာသော ဖာကိုထားလေ့ ရှိပါသည်။
သို့မှသာ အောက်ဆုံးဖာသည် သူ့အပေါ်မှ ဖာများ၏ အလေးချိန်ကို ခံနိုင်မှာ ဖြစ်ပါတယ်။
ထိုကြောင့် ဖာသေတ္တာ ဝယ်ယူမည်ဆိုလျင် တောင့်တင်းခိုင်မာသည့် အောက်ဆုံးဖာကို ဝယ်ယူဖို့ ညွှန်ကြားထားတာ ဖြစ်သည့်အတွက် ဖာအဆုံးဟု ဆိုရေးရှိခဲ့တာ ဖြစ်ပါတယ်။
ထိုကြောင့် စျေးအစ ဇာတ်အလယ် ဖာအဆုံး ဟူသော စကားပုံကို မှန်ကန်စွာ သိရှိ၍ ရိုင်းပြတဲ့နေရာမှာ တလွဲမသုံးပဲ အကျိုးရှိစွာ အသုံးချနိုင်ပါစေဟု ဆန္ဒပြုလျှက် ပြန်လည်မျှဝေလိုက်ပါတယ်။
CREDIT ဆေးရှင် (ပုသိမ်)
Zawgyi ဖြင့် ဖတ်ရန်
“ေစ်းအစ” “ဇာတ္အလယ္” “ဖာအဆုံး” ဆိုတဲ့ စကားပုံေတြရဲ႕ အဓိပၸါယ္အမွန္
ဒီစကားပုံကို လူတိုင္း ၾကားဖူးလိမ့္မယ္ ထင္ပါတယ္။ ခုေနာက္ပိုင္း ကြၽန္မတို႔ၿမိဳ႕ေလးမွာ သဘင္သည္ မ်ားနဲ႔ ေစ်းသည္မ်ားကို ႏွိမ့္ခ်တဲ့အေနနဲ႔ အဓိပၸါယ္ေကာက္လြဲၿပီးတန္ဖိုးရွိတဲ့ စကားပုံကို တလြဲအသုံးျပဳေနတာ ေတြ႕ေန ျမင္ေန ၾကားေနရပါတယ္။
ေစ်းအစ ဇာတ္အလယ္ ဖာအဆုံးဆိုတဲ့ ေရွးလူႀကီးသူမတို႔၏ အခ်ိန္ကာလႏွင့္ ေနရာေဒသ ေ႐ြးတတ္ရန္မွာၾကားခဲ့ေသာ စကားစုကို ယခုေခတ္ကာလတြင္ ႐ိုင္းျပေသာေနရာတြင္ သုံးႏႈန္းေနၾကသည္မွာ သိပ္ကို ဝမ္းနည္းဖို႔ ေကာင္းပါတယ္။
ဒါကို ရွင္းပါမည္ …
ေစ်းအစ ဆိုသည္မွာ …
ေစ်းဝယ္မည့္သူသည္ မနက္ေစာေစာထ၍ ေစ်းအစဆုံး ဖြင့္ခ်ိန္တြင္ သြားေရာက္ ဝယ္ယူရမည္ဟု ဆိုလိုခ်င္းသာ ျဖစ္ပါတယ္ ။
ေစ်းသည္တို႔ မည္သည္ ပထမဆုံးေရာက္လာတဲ့ ေစ်းဝယ္သူကို လက္လႊတ္ခံေလ့ မရွိပါဘူး။
ေစ်းႏႈန္းခ်ိဳခ်ိဳနဲ႔ ေစ်းဦးေပါက္အျဖစ္ ေရာင္းေလ့ ရွိပါတယ္။ ဒါေၾကာင့္ ေစ်းအစဆုံးဖြင့္ခ်ိန္သြားေရာက္ ဝယ္ယူမွ သူမ်ားထက္ဦးစြာ လတ္ဆတ္ေကာင္းမြန္ေသာ ကုန္စည္မ်ားကို ေစ်းႏႈန္းခ်ိဳသာစြာ ဝယ္ယူႏိုင္မွာ ျဖစ္ပါတယ္။
ေစ်းအစတြင္ မဝယ္ယူပဲ ေနာက္က်မွသြားေရာက္ ဝယ္ယူလွ်င္ သူမ်ားမလိုခ်င္၍ က်န္ေနေသာ ကုန္စည္ခပ္ညံ့ညံ့သာ ရရွိမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ေစ်းအစဟု ဆိုေရးရွိတာပါ။
ဇာတ္အလယ္ ဆိုတာ …
ဇာတ္ကသည့္သူမ်ားဟာ ညလယ္ပိုင္းမွာ ဇာတ္ရွိန္အျမင့္ဆုံး ျဖစ္တဲ့ ဗုဒၶဝင္တို႔ ျပဇာတ္တို႔ ကဲ့သို႔ေသာ မွတ္သားထိုက္သည္မ်ားကို ကျပတတ္ေသာေၾကာင့္ ဇာတ္ၾကည့္မယ္ဆိုလွ်င္ ညလယ္ပိုင္းသည္ အဓိကၾကည့္သင့္သည္ အေကာင္းဆုံး အပိုင္းျဖစ္သည္ဟု ၫႊန္ျပခဲ့ျခင္း ျဖစ္ပါသည္။
တဖန္ ေနာက္မူကြဲတစ္ခုမွာ
ဇာတ္အလယ္ ။ ။ ဇာတ္ပြဲႀကိဳက္သူတို႔ ေကာင္းေကာင္းသိေသာ စကား ပါ။ ဇာတ္ပြဲၾကည့္သူသည္ ဇာတ္ပြဲ ၾကည့္ပါက ပြဲခင္း၏ မည္သည့္ေနရာမွ ၾကည့္မွ အဆင္အေျပဆုံး ျဖစ္သနည္း ေမးမည္ ေျဖပါ။ ဇာတ္ပြဲကို ထိုင္၍ အနီးကပ္ၾကည့္ပါက ဇာတ္ေဆာင္တို႔ကို ေမာ့ၾကည့္ရ၍ ၾကာၾကာၾကည့္ႏိုင္ဖို႔ မလြယ္ပါ။
ရပ္၍ၾကည့္က ပင္ပန္းလြယ္၍ ၾကာၾကာ ၾကည့္ႏိုင္မည္မဟုတ္။ ပြဲခင္း၏ အစြန္မွ ၾကည့္ပါက ေဝးလြန္း၍ ႐ုပ္မထင္ရွားပါ။ ထို႔ေၾကာင့္ ပြဲခင္း၏ အလယ္မွ ၾကည့္မွသာ အဆင္အေျပဆုံး ၾကည့္ႏိုင္ေပလိမ့္မည္။ ထို႔ေၾကာင့္ ဇာတ္အလယ္ဟု ဆို႐ိုးျပဳခဲ့ၾကျပန္၏။
ဖာအဆုံး ဆိုသည္မွာ …
ယခုစကားပုံတြင္ ပါေသာ ဖာဆိုသည္မွာ ထန္းေခါက္ဖာကို ေျပာတာ ျဖစ္ပါသည္။ အဝတ္အစား ပစၥည္းကိရိယာမ်ား ထည့္သြင္းသိမ္းဆည္းထားႏိုင္ေသာ ေသတၱာကဲ့သို႔ေသာ ဖာေသတၱာကို ဆိုလိုျခင္း ျဖစ္သည္။
ေရွးယခင္တုန္းက အခုလို သံေသတၱာတို႔ ဗီ႐ိုတို႔ကို ယေန႔အခ်ိန္ေလာက္ထိ တြင္တြင္က်ယ္က်ယ္ မသုံးၾကေသးပါဘူး။ ထန္းလက္ကရတဲ့ ေလွ်ာ္နဲ႔ (ထန္းေခါက္ဖာ) ဖာေသတၱာကို ျပဳလုပ္ အသုံးျပဳၾကပါတယ္။
ထိုဖာမ်ားကို ေရာင္းခ်မည့္သူမ်ားသည္ ဖာေသတၱာမ်ားကို အဆင္ဆင့္ထပ္ကာ ထမ္းပိုး ေရာင္းခ်ၾကပါတယ္။ ထို႔သို႔ အဆင့္ဆင့္ထပ္ထားေသာ ဖာေသတၱာမ်ားတြင္ ေအာက္ဆုံး၌ ေတာင့္တင္းခိုင္မာေသာ ဖာကိုထားေလ့ ရွိပါသည္။
သို႔မွသာ ေအာက္ဆုံးဖာသည္ သူ႔အေပၚမွ ဖာမ်ား၏ အေလးခ်ိန္ကို ခံႏိုင္မွာ ျဖစ္ပါတယ္။
ထိုေၾကာင့္ ဖာေသတၱာ ဝယ္ယူမည္ဆိုလ်င္ ေတာင့္တင္းခိုင္မာသည့္ ေအာက္ဆုံးဖာကို ဝယ္ယူဖို႔ ၫႊန္ၾကားထားတာ ျဖစ္သည့္အတြက္ ဖာအဆုံးဟု ဆိုေရးရွိခဲ့တာ ျဖစ္ပါတယ္။
ထိုေၾကာင့္ ေစ်းအစ ဇာတ္အလယ္ ဖာအဆုံး ဟူေသာ စကားပုံကို မွန္ကန္စြာ သိရွိ၍ ႐ိုင္းျပတဲ့ေနရာမွာ တလြဲမသုံးပဲ အက်ိဳးရွိစြာ အသုံးခ်ႏိုင္ပါေစဟု ဆႏၵျပဳလွ်က္ ျပန္လည္မွ်ေဝလိုက္ပါတယ္။
CREDIT ေဆးရွင္ (ပုသိမ္)