ၾကားသိရသမွ်

၃ သိန္းရင္းၿပီး သိန္း ၃၀ အေႂကြးတင္သြားၾကတာကို တားဆီးႏိုင္မယ့္ နည္းလမ္းမ်ား…

၃ သိန်းရင်းပြီး သိန်း ၃၀ အကြွေးတင်သွားကြတာကို တားဆီးနိုင်မယ့် နည်းလမ်းများ

အရင်းပြုတ်တယ်ဆိုတာ ရောင်းရတဲ့ငွေကို သုံးပစ်လို့ပါ။ ဘယ်စီးပွားရေးကြောင့်နဲ့မှ မဆိုင်ပါဘူး။ ရောင်းရငွေကို လုံးဝမသုံးပဲ ပြန်ပြန်ရင်းသူတိုင်း အရင်းမပြုတ်ပါဘူး။ အမြတ်မြင်ရဖို့ သုံးရဖို့ နှေးချင်နှေးမယ် ဒါပေမယ့် အရင်းပိုပိုများလာမယ်။

ပြောရတာလွယ်ပေမယ့် လူအများစုက စည်းကမ်းမရှိကြပါဘူး။ များများရောင်းရလေ များများသုံးချင်လေဖြစ်ကြပါတယ်။ သုံးလိုက်တဲ့ထဲမှာ ကိုယ့်အရင်းတွေပါပါသွားတယ်ဆိုလည်း သတိမထားမိကြပါဘူး။ ဘယ်အချိန်မှာ သတိထားမိကြလဲဆိုရင် ပြန်ရင်းဖို့ ပိုက်ဆံမရှိတော့တဲ့အချိန်မှာပေါ့။

အရင်းပြုတ်ရတဲ့ နောက်ထပ် အကြောင်းရင်းက အကြွေးရောင်းလို့ပါ။ ရောင်းကုန်သွားတဲ့ချိန် အကြွေးက မကောက်နိုင်သေးဘူး။ ပစ္စည်းကပြန်ဝယ်ရတော့မှာ အဲ့မှာအရင်းတွေ ထပ်ထပ် ထုတ်ရင်း ရှိရှိသမျှ ပြုတ်တာပါပဲ။

အရင်းပြုတ်တဲ့ နောက်ထပ်ပိုဆိုးတဲ့အကြောင်းရင်းက အကြွေးယူပြီး စီးပွားရေးလုပ်တာပါ။ စလုပ်ပြီဆိုတည်းက Negative Energy နဲ့စတော့ ထင်သလောက်မရောင်းရ အတိုးလည်းမဆပ်နိုင်ရာကနေ နောက်ဆုံးရှိတာတွေပါ အကုန်ပြုတ်ကြတဲ့အထိပေါ့​နော်။

အရင်းပြုတ်သွားတဲ့အချိန်မှ ဘာပြောကြလဲဆိုရင် ဒီစီးပွားရေးက မကောင်းဘူးအရင်းပြုတ်တယ် ဆိုတာပါပဲ။ တကယ်က ကိုယ်ရှိတဲ့ ငွေပမာဏလေးနဲ့ တတ်နိုင်သလောက်လေး စီးပွားရေးစလုပ်မယ်။ လူအား ဉာဏ်အား ပိုစိုက်ထုတ်မယ်။

ရောင်းရသလောက်အရင်းထဲပြန်ပြန်ထည့်မယ် စည်းကမ်းရှိမယ် မလိုအပ်တာ အရေးမကြီးတာ ဘာမှမဝယ်ပဲ သည်းခံနိုင်တယ် မျိုသိပ်ထားနိုင်တယ်ဆိုရင် Cash Flow management နိုင်တယ်ဆိုရင် စီးပွားရေးကတစ်ဖြေးဖြေးချင်းအဆင်ပြေပြီး တိုးတက်ပြောင်းလဲလာမှာပါ။

အားလုံးပဲ ငွေကြေး သေချာစီမံခန့်ခွဲနိုင်ပြီး စီးပွားရေးတိုင်း တိုးတက်အောင်မြင်ကြပါစေ

Crd

zawgyi

၃ သိန္းရင္းၿပီး သိန္း ၃၀ အေႂကြးတင္သြားၾကတာကို တားဆီးႏိုင္မယ့္ နည္းလမ္းမ်ား

အရင္းျပဳတ္တယ္ဆိုတာ ေရာင္းရတဲ့ေငြကို သုံးပစ္လို႔ပါ။ ဘယ္စီးပြားေရးေၾကာင့္နဲ႔မွ မဆိုင္ပါဘူး။ ေရာင္းရေငြကို လုံးဝမသုံးပဲ ျပန္ျပန္ရင္းသူတိုင္း အရင္းမျပဳတ္ပါဘူး။ အျမတ္ျမင္ရဖို႔ သုံးရဖို႔ ေႏွးခ်င္ေႏွးမယ္ ဒါေပမယ့္ အရင္းပိုပိုမ်ားလာမယ္။

ေျပာရတာလြယ္ေပမယ့္ လူအမ်ားစုက စည္းကမ္းမရွိၾကပါဘူး။ မ်ားမ်ားေရာင္းရေလ မ်ားမ်ားသုံးခ်င္ေလျဖစ္ၾကပါတယ္။ သုံးလိုက္တဲ့ထဲမွာ ကိုယ့္အရင္းေတြပါပါသြားတယ္ဆိုလည္း သတိမထားမိၾကပါဘူး။ ဘယ္အခ်ိန္မွာ သတိထားမိၾကလဲဆိုရင္ ျပန္ရင္းဖို႔ ပိုက္ဆံမရွိေတာ့တဲ့အခ်ိန္မွာေပါ့။

အရင္းျပဳတ္ရတဲ့ ေနာက္ထပ္ အေၾကာင္းရင္းက အေႂကြးေရာင္းလို႔ပါ။ ေရာင္းကုန္သြားတဲ့ခ်ိန္ အေႂကြးက မေကာက္ႏိုင္ေသးဘူး။ ပစၥည္းကျပန္ဝယ္ရေတာ့မွာ အဲ့မွာအရင္းေတြ ထပ္ထပ္ ထုတ္ရင္း ရွိရွိသမွ် ျပဳတ္တာပါပဲ။

အရင္းျပဳတ္တဲ့ ေနာက္ထပ္ပိုဆိုးတဲ့အေၾကာင္းရင္းက အေႂကြးယူၿပီး စီးပြားေရးလုပ္တာပါ။ စလုပ္ၿပီဆိုတည္းက Negative Energy နဲ႔စေတာ့ ထင္သေလာက္မေရာင္းရ အတိုးလည္းမဆပ္ႏိုင္ရာကေန ေနာက္ဆုံးရွိတာေတြပါ အကုန္ျပဳတ္ၾကတဲ့အထိေပါ့​ေနာ္။

အရင္းျပဳတ္သြားတဲ့အခ်ိန္မွ ဘာေျပာၾကလဲဆိုရင္ ဒီစီးပြားေရးက မေကာင္းဘူးအရင္းျပဳတ္တယ္ ဆိုတာပါပဲ။ တကယ္က ကိုယ္ရွိတဲ့ ေငြပမာဏေလးနဲ႔ တတ္ႏိုင္သေလာက္ေလး စီးပြားေရးစလုပ္မယ္။ လူအား ဉာဏ္အား ပိုစိုက္ထုတ္မယ္။

ေရာင္းရသေလာက္အရင္းထဲျပန္ျပန္ထည့္မယ္ စည္းကမ္းရွိမယ္ မလိုအပ္တာ အေရးမႀကီးတာ ဘာမွမဝယ္ပဲ သည္းခံႏိုင္တယ္ မ်ိဳသိပ္ထားႏိုင္တယ္ဆိုရင္ Cash Flow management ႏိုင္တယ္ဆိုရင္ စီးပြားေရးကတစ္ေျဖးေျဖးခ်င္းအဆင္ေျပၿပီး တိုးတက္ေျပာင္းလဲလာမွာပါ။

အားလုံးပဲ ေငြေၾကး ေသခ်ာစီမံခန႔္ခြဲႏိုင္ၿပီး စီးပြားေရးတိုင္း တိုးတက္ေအာင္ျမင္ၾကပါေစ

Crd