မိုးေလ၀သ

မုန်တိုင်းကို ရင်ဆိုင်ဖို့ ကြိုတင်ပြင်ဆင်ရမယ့် အချက်များနှင့် ဆောင်ရန် ရှောင်ရန်များ

မုန်တိုင်းကို ရင်ဆိုင်ဖို့ ကြိုတင်ပြင်ဆင်ရမယ့် အချက်များနှင့် ဆောင်ရန် ရှောင်ရန်များ

မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရန်များ

၁။ မိမိအိမ်ပတ်ဝန်းကျင်တွင် ဘေးအန္တရာယ် ဖြစ်နိုင်ခြေများနှင့် အိမ်၏ ကြံ့ခိုင်မှုကို စစ်ဆေးပါ။

၂။ အိမ်အနီးရှိ ကျိုးကျနိုင်သော သစ်ပင်၊ သစ်ကိုင်းများကို ခုတ်ထွင် ရှင်းလင်းထားပါ။

၃။ မိသားစုများ အရေးပေါ် ပြောင်းရွှေ့နိုင်ရန် နေရာ၊ လမ်းကြောင်းများနှင့် မိသားစုဆုံရပ်ကို ကြိုတင်သတ်မှတ်ထားပါ။ (ဥပမာ – အသက်ကယ်ကုန်းမြင့်၊ ရေလွတ်နိုင်သည့် နေရာများ၊ အဆောက်အအုံများ)

၄။ အရေးပေါ်သုံးပစ္စည်းများနှင့် အရေးပေါ် အသက်ကယ်ပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားပါ။ (အသက်ကယ်အင်္ကျီ၊ ဘောကွင်း၊ လေလုံပိတ် ရေပုံးအလွတ်၊ ငှက်ပျောတုံး၊ သစ်တုံး၊ ကားတာယာကျွတ် အစရှိသည်) အောက်ဖော်ပြပါ အရေးပေါ်သုံးပစ္စည်းများ သင်နှင့် အတူရှိပြီလား ဆန်းစစ်ပါ။ ပေါ့ပါးပြီး ရေစိုခံကာ သယ်ယူရ လွယ်ကူသောအိတ်ဖြင့် ထည့်ထားရန် ဖြစ်ပါသည်။

ရေနှင့်ဓာတ်ဆားများ၊ ကြာရှည်ခံအစားအစာများ၊ ရှေးဦးသူနာပြုပစ္စည်းများနှင့် သုံးစွဲနေသည့် ဆေးဝါးများ၊ အရေးပေါ် ခြုံစောင်၊ အဝတ်အစားများ၊ ရေစိုခံမိုးကာ၊ အကြမ်းခံသည့် ဖိနပ်၊ ဘက်ထရီအပြည့်ရှိသည့် ဖုန်းနှင့် ရေဒီယို၊ လက်နှိပ်ဓာတ်မီး၊ မီးအိမ်နှင့် ဓာတ်ခဲ အပိုများ၊ ဘက်စုံသုံး အိတ်ဆောင်ဓား၊ ကြိုး၊ ဖယောင်းတိုင်၊ မီးခြစ်၊ အခြားသူများ အာရုံစိုက်မှု ရစေရန် လိုအပ်သည့် ဝီစီ၊ တကိုယ်ရေသုံး အသုံးအဆောင်များ (ဆပ်ပြာသွားတိုက်ဆေး)၊ ရေစိုခံအိတ်နှင့် ထည့်ထားသည့် အရေးကြီးစာရွက်စာတမ်း၊ ငွေသား၊ ကလေးများ၏ ကျောင်းသုံးပစ္စည်းများ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန် အချက်များ

၁။ သက်ဆိုင်ရာဌာနမှ ထုတ်ပြန်ကြေညာသော မိုးလေဝသ သတင်းများကို စဉ်ဆက်မပြတ် နားထောင်ပြီး အကြံပြုချက်များကို လိုက်နာပါ။ အခြားသူများကို မျှဝေပါ။ ကောလာဟလ သတင်းများကို မယုံပါနှင့်။

၂။ အရေးပေါ်ပစ္စည်းများ၊ စားရေရိက္ခာနှင့် အရေးကြီး စာရွက်စာတမ်းများကို မိမိနှင့် အတူထားရှိပါ။

၃။ မိသားစုဝင်များ ကွဲကွာသွားပါက ပြန်လည်ဆက်သွယ်ရန် ဖုန်းနံပါတ်၊ အမည်၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့၊ ဆက်သွယ်ရမည့်သူ စသည်တို့အား ရေးသားပြီး မိသားစုဝင်တိုင်း ယူဆောင်ထားပါ။

၄။ မုန်တိုင်းဒီရေကို အထူးဂရုပြုပါ။

၅။ သက်ဆိုင်ရာ အစိုးရဌာန၏ ညွှန်ကြားချက်ရရှိပါက ရွေးချယ်ထားသော ဘေးလွတ်ရာ နေရာသို့ ပြောင်းရွှေ့ခိုလှုံပါ။ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် လိုက်နာရန် အချက်များ

၁။ သက်ဆိုင်ရာအစိုးရဌာနမှ ထုတ်ပြန်ကြေညာသော မိုးလေဝသ သတင်းများကို စဉ်ဆက်မပြတ် နားထောင်ပြီး အကြံပြုချက်များကို လိုက်နာပါ။ အခြားသူများကို မျှဝေပါ။ ကောလာဟလသတင်းများကို မယုံပါနှင့်။

၂။ မုန်တိုင်းဗဟို ဖြတ်သန်းစဉ် ခေတ္တလေငြိမ်သော်လည်း မကြာမီ အချိန်အတွင်း ဆန့်ကျင်ဘက်အရပ်မှ ပိုမို ပြင်းထန်သည့် လေများ တိုက်ခတ်လာနိုင်သည်ကို သတိပြုပါ။

၃။ မုန်တိုင်းအန္တရာယ် ကင်းရှင်းကြောင်း သက်ဆိုင်ရာ အစိုးရဌာနမှ သတင်းထုတ်ပြန်သည်အထိ ဘေးကင်းလုံခြုံသောနေရာတွင် နေထိုင်ပါ။ မုန်တိုင်း ဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့် အချက်များ

၁။ တိရစ္ဆာန်များကို မလိုအပ်ဘဲ ချည်နှောင်ထားခြင်း မပြုလုပ်ပါနှင့်။

၂။ ရေထဲတွင် မလိုအပ်ဘဲ ရေကူးခြင်း၊ လမ်းလျှောက်ခြင်း မပြုလုပ်ပါနှင့်။

၃။ လေမုန်တိုင်း အနည်းငယ်အားလျော့သွားချိန်တွင် အိမ်အပြင်ထွက်ခြင်း၊ ကမ်းခြေ၊ မြစ်ကမ်းနား၊ ကမ်းနဖူးသို့ သွားရောက်ခြင်း မပြုပါနှင့်။ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန် အချက်များ

၁။ မိသားစုဝင်များ ပျောက်ဆုံး၊ ကွဲကွာပါက သက်ဆိုင်ရာသို့အကြောင်းကြားပါ။

၂။ အန္တရာယ်ရှိနိုင်သော ဓာတ်ကြိုးများ၊ ဓာတ်တိုင်၊ သစ်ပင် သစ်ကိုင်းများ သတိပြုရှောင်ရှားပါ။ သက်ဆိုင်ရာသို့ အကြောင်းကြားပြီး ကူညီရှင်းလင်းပါ။ ၃။ အိမ်၏ ခိုင်ခံ့မှု အနေအထားနှင့် အဆိပ်ရှိသော တိရစ္ဆာန်များ အိမ်ခြံအတွင်း ရှိမရှိ စစ်ဆေးပါ။

၄။ သန့်ရှင်းသော သောက်သုံးရေ (သို့) ကျိုချက် ထားသောရေ (သို့) ရေသန့်ဆေးခတ်ထားသော ရေကိုသာ အမြဲသောက်သုံးပါ။

၅။ ကယ်ဆယ်ရေးနှင့် အရေးပေါ် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ပူးပေါင်း လုပ်ဆောင်ပါ။ မုန်တိုင်းဖြစ်ပြီးချိန်တွင် ရှောင်ရှားသင့်သည့် အချက်များ

၁။ သက်ဆိုင်ရာ အစိုးရဌာနမှ ထုတ်ပြန်ကြေညာထားသော မိုးလေဝသ သတင်းများကို စဉ်ဆက်မပြတ် နားထောင်ပြီး အကြံပြုချက်များကို လိုက်နာပါ။ အခြားသူများကို မျှဝေပါ။ ကောလာဟလ သတင်းများကို မယုံပါနှင့်။

၂။ မလိုအပ်ဘဲ အပြင်မထွက်ပါနှင့်။

၃။ မသန့်ရှင်းသော ရေအရင်းအမြစ်များကို မသုံးစွဲပါနှင့်။

၄။ ပြိုကျပျက်စီးနေသော အဆောက်အအုံများ၊ သစ်ပင်များ တောင်စောင်းများသို့ မသွားပါနှင့်။ မုန်တိုင်းများ၏ အန္တရာယ်ကို နားလည်သဘောပေါက် လွယ်စေရန် အရောင်ဖြင့် သတိပေးစနစ်များ ရှိပါသည်။ အဝါရောင် – ဘင်္ဂလားပင်လယ်အော်/ ကပ္ပလီပင်လယ်တွင် မုန်တိုင်းများ ဖြစ်ပေါ်နေပြီး ဖြစ်သည်။ မုန်တိုင်း၏ အခြေအနေကို သတိထားနားစွင့်ပါ။ လိမ္မော်ရောင် – မုန်တိုင်းသည် မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်နေသည်။

မုန်တိုင်းသည် မိမိနေထိုင်ရာဒေသဆီသို့ ဦးတည်ရွေ့လျားသည်ဟု သတင်းရရှိပါက မုန်တိုင်း၏ ပြောင်းလဲမှုဖြစ်စဉ်ကို အထူးသတိထား စောင့်ကြည့်ပါ။ အနီရောင် – မုန်တိုင်းသည် ကမ်းရိုးတန်းသို့ (၁၂) နာရီအကြာတွင် ရောက်ရှိလာမည် ဖြစ်ပြီး အန္တရာယ်ရှိနိုင်သည်။ လုံခြုံစိတ်ချရသော နေရာသို့ ပြောင်းရွှေ့နေရာယူပါ။ အညိုရောင် – မုန်တိုင်းအန္တရာယ် ကျနေရာက်နေသည်။ လုံခြုံစိတ်ချရသည့် နေရာတွင် ခိုလှုံပါ။ အစိမ်းရောင် – မုန်တိုင်းအားပျော့ပျက်ပြယ်သွားပြီ။ မိမိနေအိမ်သို့ ပြန်နိုင်ပြီ။

မုန္တိုင္းကို ရင္ဆိုင္ဖို႔ ႀကိဳတင္ျပင္ဆင္ရမယ့္ အခ်က္မ်ားႏွင့္ ေဆာင္ရန္ ေရွာင္ရန္မ်ား

မုန္တိုင္းအတြက္ ႀကိဳတင္ျပင္ဆင္ရန္မ်ား

၁။ မိမိအိမ္ပတ္ဝန္းက်င္တြင္ ေဘးအႏၲရာယ္ ျဖစ္နိုင္ေျခမ်ားႏွင့္ အိမ္၏ ႀကံ့ခိုင္မႈကို စစ္ေဆးပါ။

၂။ အိမ္အနီးရွိ က်ိဳးက်နိုင္ေသာ သစ္ပင္၊ သစ္ကိုင္းမ်ားကို ခုတ္ထြင္ ရွင္းလင္းထားပါ။

၃။ မိသားစုမ်ား အေရးေပၚ ေျပာင္းေရႊ႕နိုင္ရန္ ေနရာ၊ လမ္းေၾကာင္းမ်ားႏွင့္ မိသားစုဆုံရပ္ကို ႀကိဳတင္သတ္မွတ္ထားပါ။ (ဥပမာ – အသက္ကယ္ကုန္းျမင့္၊ ေရလြတ္နိုင္သည့္ ေနရာမ်ား၊ အေဆာက္အအုံမ်ား)

၄။ အေရးေပၚသုံးပစၥည္းမ်ားႏွင့္ အေရးေပၚ အသက္ကယ္ပစၥည္းမ်ားကို ႀကိဳတင္ျပင္ဆင္ထားပါ။ (အသက္ကယ္အကၤ်ီ၊ ေဘာကြင္း၊ ေလလုံပိတ္ ေရပုံးအလြတ္၊ ငွက္ေပ်ာတုံး၊ သစ္တုံး၊ ကားတာယာကၽြတ္ အစရွိသည္) ေအာက္ေဖာ္ျပပါ အေရးေပၚသုံးပစၥည္းမ်ား သင္ႏွင့္ အတူရွိၿပီလား ဆန္းစစ္ပါ။ ေပါ့ပါးၿပီး ေရစိုခံကာ သယ္ယူရ လြယ္ကူေသာအိတ္ျဖင့္ ထည့္ထားရန္ ျဖစ္ပါသည္။

ေရႏွင့္ဓာတ္ဆားမ်ား၊ ၾကာရွည္ခံအစားအစာမ်ား၊ ေရွးဦးသူနာျပဳပစၥည္းမ်ားႏွင့္ သုံးစြဲေနသည့္ ေဆးဝါးမ်ား၊ အေရးေပၚ ျခဳံေစာင္၊ အဝတ္အစားမ်ား၊ ေရစိုခံမိုးကာ၊ အၾကမ္းခံသည့္ ဖိနပ္၊ ဘက္ထရီအျပည့္ရွိသည့္ ဖုန္းႏွင့္ ေရဒီယို၊ လက္ႏွိပ္ဓာတ္မီး၊ မီးအိမ္ႏွင့္ ဓာတ္ခဲ အပိုမ်ား၊ ဘက္စုံသုံး အိတ္ေဆာင္ဓား၊ ႀကိဳး၊ ဖေယာင္းတိုင္၊ မီးျခစ္၊ အျခားသူမ်ား အာ႐ုံစိုက္မႈ ရေစရန္ လိုအပ္သည့္ ဝီစီ၊ တကိုယ္ေရသုံး အသုံးအေဆာင္မ်ား (ဆပ္ျပာသြားတိုက္ေဆး)၊ ေရစိုခံအိတ္ႏွင့္ ထည့္ထားသည့္ အေရးႀကီးစာရြက္စာတမ္း၊ ေငြသား၊ ကေလးမ်ား၏ ေက်ာင္းသုံးပစၥည္းမ်ား မုန္တိုင္းသတိေပးခ်က္ရလၽွင္ ေဆာင္ရြက္ရန္ အခ်က္မ်ား

၁။ သက္ဆိုင္ရာဌာနမွ ထုတ္ျပန္ေၾကညာေသာ မိုးေလဝသ သတင္းမ်ားကို စဥ္ဆက္မျပတ္ နားေထာင္ၿပီး အႀကံျပဳခ်က္မ်ားကို လိုက္နာပါ။ အျခားသူမ်ားကို မၽွေဝပါ။ ေကာလာဟလ သတင္းမ်ားကို မယုံပါႏွင့္။

၂။ အေရးေပၚပစၥည္းမ်ား၊ စားေရရိကၡာႏွင့္ အေရးႀကီး စာရြက္စာတမ္းမ်ားကို မိမိႏွင့္ အတူထားရွိပါ။

၃။ မိသားစုဝင္မ်ား ကြဲကြာသြားပါက ျပန္လည္ဆက္သြယ္ရန္ ဖုန္းနံပါတ္၊ အမည္၊ ရပ္ကြက္၊ ေက်းရြာ၊ ၿမိဳ႕၊ ဆက္သြယ္ရမည့္သူ စသည္တို႔အား ေရးသားၿပီး မိသားစုဝင္တိုင္း ယူေဆာင္ထားပါ။

၄။ မုန္တိုင္းဒီေရကို အထူးဂ႐ုျပဳပါ။

၅။ သက္ဆိုင္ရာ အစိုးရဌာန၏ ညႊန္ၾကားခ်က္ရရွိပါက ေရြးခ်ယ္ထားေသာ ေဘးလြတ္ရာ ေနရာသို႔ ေျပာင္းေရႊ႕ခိုလႈံပါ။ မုန္တိုင္းျဖစ္ေပၚေနစဥ္တြင္ လိုက္နာရန္ အခ်က္မ်ား

၁။ သက္ဆိုင္ရာအစိုးရဌာနမွ ထုတ္ျပန္ေၾကညာေသာ မိုးေလဝသ သတင္းမ်ားကို စဥ္ဆက္မျပတ္ နားေထာင္ၿပီး အႀကံျပဳခ်က္မ်ားကို လိုက္နာပါ။ အျခားသူမ်ားကို မၽွေဝပါ။ ေကာလာဟလသတင္းမ်ားကို မယုံပါႏွင့္။

၂။ မုန္တိုင္းဗဟို ျဖတ္သန္းစဥ္ ေခတၱေလၿငိမ္ေသာ္လည္း မၾကာမီ အခ်ိန္အတြင္း ဆန႔္က်င္ဘက္အရပ္မွ ပိုမို ျပင္းထန္သည့္ ေလမ်ား တိုက္ခတ္လာနိုင္သည္ကို သတိျပဳပါ။

၃။ မုန္တိုင္းအႏၲရာယ္ ကင္းရွင္းေၾကာင္း သက္ဆိုင္ရာ အစိုးရဌာနမွ သတင္းထုတ္ျပန္သည္အထိ ေဘးကင္းလုံျခဳံေသာေနရာတြင္ ေနထိုင္ပါ။ မုန္တိုင္း ျဖစ္ေပၚေနခ်ိန္တြင္ ေရွာင္ရွားသင့္သည့္ အခ်က္မ်ား

၁။ တိရစၧာန္မ်ားကို မလိုအပ္ဘဲ ခ်ည္ေႏွာင္ထားျခင္း မျပဳလုပ္ပါႏွင့္။

၂။ ေရထဲတြင္ မလိုအပ္ဘဲ ေရကူးျခင္း၊ လမ္းေလၽွာက္ျခင္း မျပဳလုပ္ပါႏွင့္။

၃။ ေလမုန္တိုင္း အနည္းငယ္အားေလ်ာ့သြားခ်ိန္တြင္ အိမ္အျပင္ထြက္ျခင္း၊ ကမ္းေျခ၊ ျမစ္ကမ္းနား၊ ကမ္းနဖူးသို႔ သြားေရာက္ျခင္း မျပဳပါႏွင့္။ မုန္တိုင္းျဖစ္ေပၚၿပီးခ်ိန္တြင္ ျပဳလုပ္ရန္ အခ်က္မ်ား

၁။ မိသားစုဝင္မ်ား ေပ်ာက္ဆုံး၊ ကြဲကြာပါက သက္ဆိုင္ရာသို႔အေၾကာင္းၾကားပါ။

၂။ အႏၲရာယ္ရွိနိုင္ေသာ ဓာတ္ႀကိဳးမ်ား၊ ဓာတ္တိုင္၊ သစ္ပင္ သစ္ကိုင္းမ်ား သတိျပဳေရွာင္ရွားပါ။ သက္ဆိုင္ရာသို႔ အေၾကာင္းၾကားၿပီး ကူညီရွင္းလင္းပါ။ ၃။ အိမ္၏ ခိုင္ခံ့မႈ အေနအထားႏွင့္ အဆိပ္ရွိေသာ တိရစၧာန္မ်ား အိမ္ၿခံအတြင္း ရွိမရွိ စစ္ေဆးပါ။

၄။ သန႔္ရွင္းေသာ ေသာက္သုံးေရ (သို႔) က်ိဳခ်က္ ထားေသာေရ (သို႔) ေရသန႔္ေဆးခတ္ထားေသာ ေရကိုသာ အျမဲေသာက္သုံးပါ။

၅။ ကယ္ဆယ္ေရးႏွင့္ အေရးေပၚ ျပန္လည္ထူေထာင္ေရး လုပ္ငန္းမ်ားတြင္ ပူးေပါင္း လုပ္ေဆာင္ပါ။ မုန္တိုင္းျဖစ္ၿပီးခ်ိန္တြင္ ေရွာင္ရွားသင့္သည့္ အခ်က္မ်ား

၁။ သက္ဆိုင္ရာ အစိုးရဌာနမွ ထုတ္ျပန္ေၾကညာထားေသာ မိုးေလဝသ သတင္းမ်ားကို စဥ္ဆက္မျပတ္ နားေထာင္ၿပီး အႀကံျပဳခ်က္မ်ားကို လိုက္နာပါ။ အျခားသူမ်ားကို မၽွေဝပါ။ ေကာလာဟလ သတင္းမ်ားကို မယုံပါႏွင့္။

၂။ မလိုအပ္ဘဲ အျပင္မထြက္ပါႏွင့္။

၃။ မသန႔္ရွင္းေသာ ေရအရင္းအျမစ္မ်ားကို မသုံးစြဲပါႏွင့္။

၄။ ၿပိဳက်ပ်က္စီးေနေသာ အေဆာက္အအုံမ်ား၊ သစ္ပင္မ်ား ေတာင္ေစာင္းမ်ားသို႔ မသြားပါႏွင့္။ မုန္တိုင္းမ်ား၏ အႏၲရာယ္ကို နားလည္သေဘာေပါက္ လြယ္ေစရန္ အေရာင္ျဖင့္ သတိေပးစနစ္မ်ား ရွိပါသည္။ အဝါေရာင္ – ဘဂၤလားပင္လယ္ေအာ္/ ကပၸလီပင္လယ္တြင္ မုန္တိုင္းမ်ား ျဖစ္ေပၚေနၿပီး ျဖစ္သည္။ မုန္တိုင္း၏ အေျခအေနကို သတိထားနားစြင့္ပါ။ လိေမၼာ္ေရာင္ – မုန္တိုင္းသည္ ျမန္မာ့ကမ္းရိုးတန္းသို႔ ဦးတည္ေနသည္။

မုန္တိုင္းသည္ မိမိေနထိုင္ရာေဒသဆီသို႔ ဦးတည္ေရြ႕လ်ားသည္ဟု သတင္းရရွိပါက မုန္တိုင္း၏ ေျပာင္းလဲမႈျဖစ္စဥ္ကို အထူးသတိထား ေစာင့္ၾကည့္ပါ။ အနီေရာင္ – မုန္တိုင္းသည္ ကမ္းရိုးတန္းသို႔ (၁၂) နာရီအၾကာတြင္ ေရာက္ရွိလာမည္ ျဖစ္ၿပီး အႏၲရာယ္ရွိနိုင္သည္။ လုံျခဳံစိတ္ခ်ရေသာ ေနရာသို႔ ေျပာင္းေရႊ႕ေနရာယူပါ။ အညိဳေရာင္ – မုန္တိုင္းအႏၲရာယ္ က်ေနရာက္ေနသည္။ လုံျခဳံစိတ္ခ်ရသည့္ ေနရာတြင္ ခိုလႈံပါ။ အစိမ္းေရာင္ – မုန္တိုင္းအားေပ်ာ့ပ်က္ျပယ္သြားၿပီ။ မိမိေနအိမ္သို႔ ျပန္နိုင္ၿပီ။