ဘုရင္ သတိုးမင္းဖ်ားက ငတက္ျပားကို ဖမ္းမဟဲ့လို႔ ထြက္ခြာခဲ့တာ တစ္ရက္ေလာက္နဲ႔မိမယ္ ထင္ထားတာ မမိဘူး။ထင္တာ ထက္ၾကာေနခဲ့တယ္ ရိကၡာကလည္း အမ်ားႀကီး ယူမလာမိဘူး ဆိုေတာ့ ဂ်ဳံမုန႔္ အနည္းငယ္ပဲ က်န္ေတာ့တယ္။
အဲ့ဒါနဲ႔ နီးရာမွာ လိုက္ရွာေတာ့ေတာင္ယာတဲတစ္ခုမွာ ေဂၚဖီၾကက္သြန္နဲ႔ ဟင္းသီး ဟင္း႐ြက္ အခ်ိဳ႕ကို ေတြ႕ရပါတယ္။ဒါနဲ႔ မင္းႀကီးလည္း ဘာလုပ္စားရေကာင္းမလဲ စဥ္းစားတုန္း သူနဲ႔အတူလိုက္ပါလာတဲ့ မိဖုရား ေစာဥမၼာ ေအာက္စလြတ္တာကို ျမင္လိုက္ရတာေၾကာင့္ စားေတာ္ကဲကို အဲ့ဒီပုံလုပ္ကြာဆိုၿပီး ခိုင္းလိုက္ပါတယ္။
ဘုရင္က ငတက္ျပားကို ဖမ္းမမိလို႔ စိတ္ညစ္ေန တာေလ။ ညစ္တြန္း တြန္းတာျဖစ္မယ္။ စားေတာ္ကဲက ကြၽန္ေတာ္မ်ိဳးမွာ လူပ်ိဳျဖစ္သည့္အတြက္ အရွင္မင္ႀကီးေျပာတဲ့ဟာကို မျမင္ဖူးေၾကာင္းပါ ဘုရားလို႔ ေလွ်ာက္တင္တယ္။
ဘုရင္ အၾကပ္ေတြ႕ပါေလေရာ။ ဗိုက္ကလည္း အေတာ္ဆာေနၿပီ။ ဒါနဲ႔ သူ႔မိဖုရားကို လွန္ျပခိုင္းတယ္။ မိဖုရားေစာဥမၼာက ဘယ္ျပမလဲ။ ရွက္တာေပါ့။ ေနာက္ေတာ့ ဘုရင္က ေျပာလြန္းမကေျပာလာလို႔ စိတ္တိုတိုနဲ႔ ဒီေလာက္ျဖစ္လွ တာ ၾကည့္ဟဲ့ ၾကည့္ဟဲ့ဆိုၿပီး လွန္ျပလိုက္တယ္။
စားေတာ္ကဲက ဘုရင့္ မိန္းမကို ဘယ္လိုလုပ္ ေစ့ေစ့ၾကည့္ရဲမလဲ။ မ်က္ေစ့ထဲေတြ႕တဲ့ ပုံကို မွတ္ၿပီး ဂ်ဳံကို အျပားျဖစ္ေအာင္ တဖတ္ဖတ္ ႐ိုက္၊ အဆာပလာ အျဖစ္ အသီးအ႐ြက္ေတြလွီးထည့္လို႔ သူ႔မ်က္စိထဲ လွစ္ခနဲ ျမင္လိုက္တဲ့ပုံစံေလး လုပ္ၿပီး ဆီနဲ႔တရွဲရွဲေၾကာ္ပါေတာ့တယ္။
က်က္သြားေတာ့ မင္းမိဘုရားႏွစ္ပါးကို ဆက္သလိုက္ပါတယ္။ ဘုရင္နဲ႔မိဖုရားတို႔ ပြဲေတာ္တည္ရင္း အရမ္းစားေကာင္းတာေၾကာင့္ သတိုးမင္းဖ်ားက မိဖုရားေစာဥမၼာကို က်ီစယ္လိုက္တယ္။“ဆြီတီရယ္၊ အစက ျပဆိုတုန္းက မျပဘူး။ မူေနတယ္။ေနာက္က်ေတာ့လည္း ျပရတာပဲ မဟုတ္လား”
“ဒါကေတာ့ ဆာတာကိုးဖ်ာ့” စားေတာ္ကဲႀကီးက ဘုရင္နဲ႔မိဖုရားတို႔ေျပာစကားကို အေသအခ်ာ မွတ္သားနာယူလိုက္ပါတယ္။ဘုရင္ခိုင္းလို႔သာ ဒီစားစရာကို လုပ္ေပးရတာ၊ ဘာနာမည္မွ မေပးရေသးဘူးေလ။ ဒါေၾကာင့္ အစကေတာ့ မူၿပီး ေနာက္မွ ဆာလို႔ျပတဲ့အတြက္ စမူဆာလို႔ နာမည္ေပးလိုက္ပါတယ္။
ေနျပည္ေတာ္ ျပန္ေရာက္တဲ့အခါ အဲဒီမုန႔္ကို လုပ္ေရာင္းပါတယ္။ လက္ဘက္ရည္ဆိုင္ေတြကို လိုက္ပို႔ပါတယ္။ အားေပးသူေတြမ်ားလာလိုက္တာ အိႏၵိယႏိုင္ငံက ဟုးရားျဖဴညိဳေတြကလည္း လက္ဘက္ရည္ဆိုင္ထိုင္ရင္း
လက္ဘက္ ရည္နဲ႔တြဲဖက္စားေသာက္ၾကည့္ရာက အႀကိဳက္ေတြ႕ကုန္ေတာ့ တယ္။ဒါနဲ႔ သူတို႔တိုင္းျပည္ကို ျပန္သြားတဲ့အခါ အဲသလို ပုံစံတူ လုပ္စားရင္း “စမူဆာ“ ဆိုတဲ့မုန႔္တစ္မ်ိဳးဟာ ပ်ံ႕ႏွံ႔ခဲ့ရပါေတာ့တယ္။crd
စမူဆာ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း…..
ဘုရင် သတိုးမင်းဖျားက ငတက်ပြားကို ဖမ်းမဟဲ့လို့ ထွက်ခွာခဲ့တာ တစ်ရက်လောက်နဲ့မိမယ် ထင်ထားတာ မမိဘူး။ထင်တာ ထက်ကြာနေခဲ့တယ် ရိက္ခာကလည်း အများကြီး ယူမလာမိဘူး ဆိုတော့ ဂျုံမုန့် အနည်းငယ်ပဲ ကျန်တော့တယ်။
အဲ့ဒါနဲ့ နီးရာမှာ လိုက်ရှာတော့တောင်ယာတဲတစ်ခုမှာ ဂေါ်ဖီကြက်သွန်နဲ့ ဟင်းသီး ဟင်းရွက် အချို့ကို တွေ့ရပါတယ်။ဒါနဲ့ မင်းကြီးလည်း ဘာလုပ်စားရကောင်းမလဲ စဉ်းစားတုန်း သူနဲ့အတူလိုက်ပါလာတဲ့ မိဖုရား စောဥမ္မာ အောက်စလွတ်တာကို မြင်လိုက်ရတာကြောင့် စားတော်ကဲကို အဲ့ဒီပုံလုပ်ကွာဆိုပြီး ခိုင်းလိုက်ပါတယ်။
ဘုရင်က ငတက်ပြားကို ဖမ်းမမိလို့ စိတ်ညစ်နေ တာလေ။ ညစ်တွန်း တွန်းတာဖြစ်မယ်။ စားတော်ကဲက ကျွန်တော်မျိုးမှာ လူပျိုဖြစ်သည့်အတွက် အရှင်မင်ကြီးပြောတဲ့ဟာကို မမြင်ဖူးကြောင်းပါ ဘုရားလို့ လျှောက်တင်တယ်။
ဘုရင် အကြပ်တွေ့ပါလေရော။ ဗိုက်ကလည်း အတော်ဆာနေပြီ။ ဒါနဲ့ သူ့မိဖုရားကို လှန်ပြခိုင်းတယ်။ မိဖုရားစောဥမ္မာက ဘယ်ပြမလဲ။ ရှက်တာပေါ့။ နောက်တော့ ဘုရင်က ပြောလွန်းမကပြောလာလို့ စိတ်တိုတိုနဲ့ ဒီလောက်ဖြစ်လှ တာ ကြည့်ဟဲ့ ကြည့်ဟဲ့ဆိုပြီး လှန်ပြလိုက်တယ်။
စားတော်ကဲက ဘုရင့် မိန်းမကို ဘယ်လိုလုပ် စေ့စေ့ကြည့်ရဲမလဲ။ မျက်စေ့ထဲတွေ့တဲ့ ပုံကို မှတ်ပြီး ဂျုံကို အပြားဖြစ်အောင် တဖတ်ဖတ် ရိုက်၊ အဆာပလာ အဖြစ် အသီးအရွက်တွေလှီးထည့်လို့ သူ့မျက်စိထဲ လှစ်ခနဲ မြင်လိုက်တဲ့ပုံစံလေး လုပ်ပြီး ဆီနဲ့တရှဲရှဲကြော်ပါတော့တယ်။
ကျက်သွားတော့ မင်းမိဘုရားနှစ်ပါးကို ဆက်သလိုက်ပါတယ်။ ဘုရင်နဲ့မိဖုရားတို့ ပွဲတော်တည်ရင်း အရမ်းစားကောင်းတာကြောင့် သတိုးမင်းဖျားက မိဖုရားစောဥမ္မာကို ကျီစယ်လိုက်တယ်။“ဆွီတီရယ်၊ အစက ပြဆိုတုန်းက မပြဘူး။ မူနေတယ်။နောက်ကျတော့လည်း ပြရတာပဲ မဟုတ်လား”
“ဒါကတော့ ဆာတာကိုးဖျာ့” စားတော်ကဲကြီးက ဘုရင်နဲ့မိဖုရားတို့ပြောစကားကို အသေအချာ မှတ်သားနာယူလိုက်ပါတယ်။ဘုရင်ခိုင်းလို့သာ ဒီစားစရာကို လုပ်ပေးရတာ၊ ဘာနာမည်မှ မပေးရသေးဘူးလေ။ ဒါကြောင့် အစကတော့ မူပြီး နောက်မှ ဆာလို့ပြတဲ့အတွက် စမူဆာလို့ နာမည်ပေးလိုက်ပါတယ်။
နေပြည်တော် ပြန်ရောက်တဲ့အခါ အဲဒီမုန့်ကို လုပ်ရောင်းပါတယ်။ လက်ဘက်ရည်ဆိုင်တွေကို လိုက်ပို့ပါတယ်။ အားပေးသူတွေများလာလိုက်တာ အိန္ဒိယနိုင်ငံက ဟုးရားဖြူညိုတွေကလည်း လက်ဘက်ရည်ဆိုင်ထိုင်ရင်း
လက်ဘက် ရည်နဲ့တွဲဖက်စားသောက်ကြည့်ရာက အကြိုက်တွေ့ကုန်တော့ တယ်။ဒါနဲ့ သူတို့တိုင်းပြည်ကို ပြန်သွားတဲ့အခါ အဲသလို ပုံစံတူ လုပ်စားရင်း “စမူဆာ“ ဆိုတဲ့မုန့်တစ်မျိုးဟာ ပျံ့နှံ့ခဲ့ရပါတော့တယ်။crd