“တစ်ပွင့်တည်းသောနှင်းဆီ”အမေစုပုံတူပန်းချီကားနှင့် “ထွက်ပေါက်”ပန်းချီကား နှစ်ချပ်အား လေလံစတင်ပါတော့မည်။
(မှတ်ချက် ။ လေလံဖွင့်လှစ်မည့်အချိန် မြန်မာစံတော်ချိန် နေ့လည်(၁၂)နာရီ (အစား) ည (၇)နာရီသို့ ပြောင်းလဲထားပါသည်။)
“တစ်ပွင့်တည်းသောနှင်းဆီ” Code “NOH 001”
Artist – MPP ဦးရဲမြင့်
Size – 80 x 80 cm
Type – Oil Acrylic on Canvas
“ထွက်ပေါက်” Code “NOH 002”
Artist – MPP ဦးရဲမြင့်
Size – 90 x 90 cm
Type – Oil Acrylic on Canvas
“တစ်ပွင့်တည်းသော နှင်းဆီ” ဆိုသည့် အမေစုပုံတူပန်းချီကား Code “NOH 001″နှင့် “ထွက်ပေါက်” ဆိုသည့် ပန်းချီကား Code “NOH 002” (၂ )ချပ်ကို လေလံတင် ရောင်းချမှာ ဖြစ်ပါသည်။
ပန်းချီကားလေလံအား မတ်လ( ၂၅)ရက်နေ့ မြန်မာစံတော်ချိန် ည(၇)နာရီတွင် စတင်ပေးနိုင်ပြီး ဧပြီလ(၅)ရက်နေ့ မြန်မာစံတော်ချိန် ည(၈)နာရီတွင် လေလံပိတ်သိမ်းမည် ဖြစ်ပါသည်။
လေလံစျေးအတွက် ဆက်သွယ်ရမယ့် နေရာတွေက @Our Tomorrow Page နှင့် @D-Day Channel တို့ဖြစ်ပါသည်။ယခု Post ၏ comment တွင်ဖြစ်စေ၊ Page Messenger တွင်ဖြစ်စေ၊ Zoom Meeting ၏ Live တွင်ဖြစ်စေ လွတ်လပ်စွာစုံစမ်းပြီး လေလံစျေး ပေးနိုင်ပါသည်။
နောက်ဆုံးရက် ဧပြီလ ၅ ရက်နေ့ မြန်မာစံတော်ချိန် ည (၈)နာရီမှာ Live ပြီးဆုံးချိန်တွင် လေလံအမြင့်ဆုံးစျေးပေးသော စေတနာရှင် ပုဂ္ဂိုလ်ကိုကြေညာပေးရင်း အောင်မြင်စွာ လေလံပွဲ အဆုံးသတ်ပေးမည် ဖြစ်ပါသည်။
Live လွှင့် ရောင်းချမည့်ရက်အား ထပ်မံကြေညာမည် ဖြစ်ပါသည်။ပန်းချီဆရာ MPP ဦးရဲမြင့်၏ ပန်းချီကားများ ဖြစ်ပါသည်။ဆရာရဲ့ Acrylic ပန်းချီကားတွေဟာ အနုပညာရသမြောက်သလို နိုင်ငံတကာမှာလည်းလူကြိုက်များလှပါတယ်။
နိုင်ငံတကာပန်းချီပြပွဲပေါင်းများစွာပြသသော ဆရာ MPP ဦးရဲမြင့်၏ ပန်းချီလက်ရာများကို ခံစားဖူးသူ ပန်းချီမြတ်နိုးသူပရိတ်သတ်များအနေဖြင့် သိရှိပြီးဖြစ်ပါသည်။
ဂျပန်နိုင်ငံရှိ Fukuoka Asian Art Museum အနုပညာပြတိုက်၊ မလေးရှားနိုင်ငံရှိ National Art Gallery အနုပညာပြတိုက်နှင့် စင်္ကာပူနိုင်ငံရှိ Singapore Art Museum အနုပညာပြတိုက်များတွင် ဆရာ MPP ဦးရဲမြင့်၏ ပန်းချီကားများကို ဂုဏ်ပြုချိတ်ဆွဲ ပြသထားရှိပါသည်။
“အရောင်ရွေးချယ်မှု၊ လှပသေသပ်လွန်းတဲ့ ဆရာ့စုတ်ချက်တွေတိုင်းမှာ ဆရာ့စေတနာတွေကို တွေ့မြင်နိုင်ပါတယ်။””တန်ဖိုးထားစုဆောင်းတတ်တဲ့ ပန်းချီမြတ်နိုးသူတွေအတွက် ဆရာလက်ရာအမေစုပုံတူပန်းချီးကားမှာ အမေစုရဲ့ ပုံရိပ်၊ အမေစုရဲ့ အငွေ့အသက်တွေ၊ အမေစုစကားသံတွေပြန်ကြားရလောက်အောင်ကို အနုပညာလက်ရာ ပြောင်မြောက်လွန်းလှပါတယ်။”
ဆရာ MPP ဦးရဲမြင့်၏ ပန်းချီကားများအား နှစ်သက်မြတ်နိုးစုဆောင်းထားသူ အလှူရှင်တစ်ဦးမှ Taiwan Alliance For Myanmar အဖွဲ့မှ တစ်ဆင့် နွေဦးတော်လှန်ရေးအတွက် ပေးပို့လှူဒါန်းခဲ့ခြင်း ဖြစ်ပါသည်။
နွေဦးတော်လှန်ရေးကို အားပေးကူညီနေကြသော ပြည်တွင်း/ပြည်ပရှိ ပန်းချီချစ်မြတ်နိုးသူ မိတ်ဆွေများအနေဖြင့် ပါဝင်၍ လေလံဈေးပေးဝယ်ယူနိုင်ရန်အတွက် ရည်ရွယ်ပြီး လုံလောက်သော အချိန်တစ်ခုအတွင်း လေလံတင်ရောင်းချမှာ ဖြစ်ပါသည်။
“အမေစုကို တန်ဖိုးထားချစ်မြတ်နိုးသူများအား အထူးပါဝင်စေချင်လိုသော စေတနာဖြစ်ပါတယ် ။””ပန်းချီကား လေလံကရမယ့် ငွေပမာဏအားလုံးကို နွေဦးတော်လှန်ရေးအတွင်းမှာ ပြည်တွင်းနေရာဒေသအသီးသီးက လိုအပ်တဲ့ နေရာတွေမှာ အသုံးချသွားမှာပါ။”
လေလံ ကြမ်းခင်းစျေး “တစ်ပွင့်တည်းသောနှင်းဆီ” အမေစုပုံတူပန်းချီကား Code “NOH 001” အတွက် “3000 USD” နှင့် “ထွက်ပေါက်” ပန်းချီကား Code “NOH 002″အတွက် “2500 USD” သတ်မှတ်ထားပါသည်။
“နိုင်ငံတကာက စေတနာရှင်တွေ၊ အမေစုကို ချစ်မြတ်နိုးသူတွေ၊ ဆရာ MPP ဦးရဲမြင့်ရဲ့ လက်ရာကို နှစ်သက်မြတ်နိုးသူများအားလုံးကို ပါဝင်လေလံဆွဲစေချင်ပါတယ် ။”
“ပန်းချီကားလေလံမဟုတ်ပဲ လှူချင်သူတွေကိုလည်းဖိတ်ခေါ်ပါတယ်။””အခုအချိန်ဟာ တော်လှန်ရေးအင်အားစုများ၊ ပြည်သူတစ်ရပ်လုံးအတွက် ခက်ခဲတဲ့ ကာလတစ်ခုဖြတ်သန်းနေချိန် ဖြစ်တာမို့ အချင်းချင်း ဖေးမကူညီကြပါစို့..။”
ပန်းချီကားများ လေလံရောင်းချမှုမှ ရရှိလာသောငွေနှင့် သီးသန့်လှူဒါန်းထားသော ငွေပမာဏများကို ပေါင်းပြီး လိုအပ်နေသော နေရာများကို တိုက်ရိုက်ပေးပို့ လှူဒါန်းသွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
“နွေဦးတော်လှန်ရေး အရေးတော်ပုံ မုချအောင်ရမည်။”
Auction for the Two paintings entitled, “The Only Rose” Amay Suu Portrait painting and “The Exit” will commence soon.
“The Only Rose” code “NOH 001”
Artist – MPP U Ye Myint
Size = 80×80 cm
Type – Oil Acrylic on Canvas
“The Exit” code “NOH 002”
Artist – MPP U Ye Myint
Sixe – 90 x 90 cm
Type – Oil Acrylic on Canvas
The two paintings entitled, “The Only Rose” – the portrait painting of Amay Suu code “NOH 001” and “The Exit” code “NOH 002” will be sold during this auction.
The Painting Auction will begin at 12 noon Myanmar standard time on March 25 and it will close at 8 pm Myanmar standard time on April 5.
For the auction price, interested parties can contact @Our Tomorrow Page and @D-Day Channel directly.
Beginning prices can be inquired freely at post comment or through page messenger or during zoom meeting live and auction price can be offered through above channels.
On the last day on April 5, at 8 pm Myanmar standard, the winner of the auction who pays the highest price will be announced and the auction will be closed.
Live auction will be announced again.
Partings are by artist MPP U Ye Myint.
The Artist’s Acrylic master pieces are artistic and internationally famous.
As the artist MPP U Ye Myint has taken part in the international art exhibitions, many audiences will have known his style of painting and felt his art.
Currently some of his paintings are displayed in Fukuoka Asian Art Museum in Japan, National Art Gallery in Malaysia and Singapore Art Museum in Singapore in honor of him.
His choice of color, beautiful and precise brush strokes are obvious expressions of his love.
For Art Collectors and lovers, his masterpiece Amay Suu portrait painting will provide her image, her influence, her words and her voice as if you are hearing it live.
This Saya MPP U Ye Myint’s painting was donated by a donor who loves collecting paintings. It was donated to the Spring revolution through the Taiwan Alliance for Myanmar group.
For painting lovers and supporters of Spring Revolution from inside and outside Myanmar, this auction is arranged to give enough time to participate and we will accommodate the sale in the time designated for the auction.
“This event is also intended for those who value and love Amay Suu.”
The money obtained from this auction will be spent for the regions that need help inside Myanmar during this Spring Revolution.
Auction floor price for “The Only Rose” – Amay Suu portrait painting code “NOH 001” is “3000 USD” and “The Exit” code “NOH 002” is “2500 USD”
We welcome international benefactors, Amay Suu lovers and people who love the art work of Saya MPP U Ye Myint and participate in this auction.
We also welcome people who want to donate not necessarily taking part in the auction.
Now is the difficult time that revolution forces and the people are going through and let us support each other.
Money obtained during the auction and through separate donation will be combined and directly sent to support the places in need currently.
“Spring Revolution must definitely prevail.”
#ddaychannel
#OurTomorrow
#PictureAucitonSale