အိမ္ေထာင္စုတခုမွာ အိမ္ေထာင္ဦးစီးက ကိုေဖက်င္ တဲ့။ သူ႔ဇနီးက မယဥ္ျမ ပါ။ သူတို႔မွာ သမီးပ်ိဳ ၃ေယာက္ရွိတယ္။
ေန႔လည္ေန႔ခင္းဆို အိမ္မွာ မယဥ္ျမ တေယာက္ တည္း ပ်င္းေနရတယ္။ ကိုေဖက်င္က အလုပ္ႀကီး အကိုင္ႀကီးသမားမို႔ တေနကုန္ အလုပ္သြား။
သမီးပ်ိဳေတြကလည္း အထက္တန္းနဲ႔ တကၠသိုလ္ေက်ာင္းသူေတြဆိုေတာ့ ေက်ာင္း သြားၾကတာကိုး။ ဒါနဲ႔ မယဥ္ျမက
ေန႔လည္ခင္း အပ်င္းေျပေအာင္ ဆိုၿပီး အိမ္မွာ စကားေျပာတတ္တဲ့ ၾကက္တူေ႐ြး။ ဒါမွမဟုတ္ သာလိကာတေကာင္ ဝယ္ေမြးထား ရင္ ေကာင္းမွာပဲလို႔ အႀကံရတယ္။
ဒါနဲ႔ ငွက္အေရာင္းဆိုင္ကို သြားတာေပါ့။ ငွက္ဆိုင္ေရာက္ေတာ့ ငွက္မ်ိဳးစုံ အလွျပထားတာ ေတြ႕တယ္။ စကားေျပာတတ္တဲ့ ၾကက္တူေ႐ြး။ သာလိကာေတြကေတာ့ ေစ်းအႀကီးဆုံးပဲ။
ေသာင္းဂဏန္းခ်ည္းပဲ။ ၃ေသာင္း ၅ေသာင္း ေစ်းရွိတယ္။ ဒီထဲမွာ သာလိကာတေကာင္ကို ၅ေထာင္လို႔ ေထာင္ဂဏန္းနဲ႔ ေစ်းေပါေပါခ်ိတ္ ထားတာ ေတြ႕ေတာ့ မယဥ္ျမ အံ့ၾသသြားတယ္။
မယဥ္ျမက ဆိုင္ရွင္ကို ေမးၾကည့္တယ္။ “ဒီသာလိကာက ဘာလို႔ ေစ်းေပါတာလဲ။ စကား မတတ္လို႔လားရွင့္” “တတ္သမွဗ်ာ။ တတ္လြန္းလို႔ ခက္ေတာင္ ေနေသးတယ္” “ဒါျဖင့္ ဘာလို႔ ေစ်းေပါတာတုန္းရွင့္”
“သူက အရင္က ျပည့္တန္ဆာအိမ္မွာ ေနခဲ့တာ ေလ။ စကားကေတာ့ ႂကြယ္ပါရဲ႕။ ေျပာလိုက္တဲ့ စကားေတြက အေလနေတၱာေတြဆိုေတာ့ ေစ်းေပါေပါနဲ႔ ေရာင္းပစ္မလို႔ပါဗ်ာ”
မယဥ္ျမကေတာ့ ေစ်းသက္သာတာကို သေဘာက်သြားတယ္။ အိမ္ေရာက္မွျပဳျပင္ယူမယ္ ဆိုတဲ့အေတြးနဲ႔ ေစ်းေပါတဲ့ သာလိကာမကို ဝယ္လာခဲ့တာေပါ့။
အိမ္ေရာက္တာနဲ႔ သာလိကာမကလည္း အစြမ္း ျပေတာ့တာပါပဲ။ “အမယ္- ငါေနရမယ့္ “ဘိ” ကလည္း အသစ္။ ငါ့သခင္မႀကီးကလည္း အသစ္ပဲဟဲ့” သာလိကာမအေျပာကို မယဥ္ျမ သေဘာက်သြားတယ္။
ညေနေစာင္းေတာ့ သမီးပ်ိဳ၃ေယာက္ ေက်ာင္းက ျပန္လာၾကပါတယ္။ သာလိကာမက ေျပာလိုက္ျပန္တယ္။
“ေအာင္မယ္။ ေမြးထားတဲ့ ေကာင္မေလးေတြ ကလည္း အသစ္ကေလးေတြဟဲ့။ အလုပ္ျဖစ္ဦးမွာပဲ” သမီး ၃ ေယာက္ကလည္း သာလိကာမအေျပာကို သေဘာက်ၾကတာပါပဲ။
အိမ္ေထာင္ဦးစီးျဖစ္တဲ့ ကိုေဖက်င္ကေတာ့ အလုပ္မ်ားတဲ့သူမို႔ မိုးႀကီးခ်ဳပ္မွ အိမ္ကိုျပန္ေရာက္လာပါတယ္။ သာလိကာမက ကိုေဖက်င္ကိုလည္း ႏႈတ္ဆက္တာပါပဲ။
“အလို- ကိုေဖက်င္ပါလား” သာလိကာမက နာမည္နဲ႔တကြ ႏႈတ္ဆက္လိုက္ေတာ့ ကိုေဖက်င္ အံ့ၾသသြား တာေပါ့။
မယဥ္ျမနဲ႔ သမီး၃ေယာက္လည္း အံ့ၾသ သြားၾကတယ္။ အဲဒီတုန္းမွာ သာလိကာမက ဆက္ေျပာလိုက္ပါတယ္။
“ကိုေဖက်င္ ရွင္က ဒီ ‘ဘိ’ကိုလည္း လာတာပဲ ေနာ္” တဲ့။
ရယ္ေမာေပ်ာ္႐ႊင္ႏိူင္ၾကပါေစ (Credit)
Unicode
ပြည့်တန်ဆာအိမ်က သာလိကာကိုမှ အိမ်ကိုဝယ်လာမိတဲ့ သမီး ၃ ယောက် အမေရဲ့ အဖြစ်
အိမ်ထောင်စုတခုမှာ အိမ်ထောင်ဦးစီးက ကိုဖေကျင် တဲ့။ သူ့ဇနီးက မယဉ်မြ ပါ။ သူတို့မှာ သမီးပျို ၃ယောက်ရှိတယ်။
နေ့လည်နေ့ခင်းဆို အိမ်မှာ မယဉ်မြ တယောက် တည်း ပျင်းနေရတယ်။ ကိုဖေကျင်က အလုပ်ကြီး အကိုင်ကြီးသမားမို့ တနေကုန် အလုပ်သွား။
သမီးပျိုတွေကလည်း အထက်တန်းနဲ့ တက္ကသိုလ်ကျောင်းသူတွေဆိုတော့ ကျောင်း သွားကြတာကိုး။ ဒါနဲ့ မယဉ်မြက
နေ့လည်ခင်း အပျင်းပြေအောင် ဆိုပြီး အိမ်မှာ စကားပြောတတ်တဲ့ ကြက်တူရွေး။ ဒါမှမဟုတ် သာလိကာတကောင် ဝယ်မွေးထား ရင် ကောင်းမှာပဲလို့ အကြံရတယ်။
ဒါနဲ့ ငှက်အရောင်းဆိုင်ကို သွားတာပေါ့။ ငှက်ဆိုင်ရောက်တော့ ငှက်မျိုးစုံ အလှပြထားတာ တွေ့တယ်။ စကားပြောတတ်တဲ့ ကြက်တူရွေး။ သာလိကာတွေကတော့ စျေးအကြီးဆုံးပဲ။
သောင်းဂဏန်းချည်းပဲ။ ၃သောင်း ၅သောင်း စျေးရှိတယ်။ ဒီထဲမှာ သာလိကာတကောင်ကို ၅ထောင်လို့ ထောင်ဂဏန်းနဲ့ စျေးပေါပေါချိတ် ထားတာ တွေ့တော့ မယဉ်မြ အံ့သြသွားတယ်။
မယဉ်မြက ဆိုင်ရှင်ကို မေးကြည့်တယ်။ “ဒီသာလိကာက ဘာလို့ စျေးပေါတာလဲ။ စကား မတတ်လို့လားရှင့်” “တတ်သမှဗျာ။ တတ်လွန်းလို့ ခက်တောင် နေသေးတယ်” “ဒါဖြင့် ဘာလို့ စျေးပေါတာတုန်းရှင့်”
“သူက အရင်က ပြည့်တန်ဆာအိမ်မှာ နေခဲ့တာ လေ။ စကားကတော့ ကြွယ်ပါရဲ့။ ပြောလိုက်တဲ့ စကားတွေက အလေနတ္တောတွေဆိုတော့ စျေးပေါပေါနဲ့ ရောင်းပစ်မလို့ပါဗျာ”
မယဉ်မြကတော့ စျေးသက်သာတာကို သဘောကျသွားတယ်။ အိမ်ရောက်မှပြုပြင်ယူမယ် ဆိုတဲ့အတွေးနဲ့ စျေးပေါတဲ့ သာလိကာမကို ဝယ်လာခဲ့တာပေါ့။
အိမ်ရောက်တာနဲ့ သာလိကာမကလည်း အစွမ်း ပြတော့တာပါပဲ။ “အမယ်- ငါနေရမယ့် “ဘိ” ကလည်း အသစ်။ ငါ့သခင်မကြီးကလည်း အသစ်ပဲဟဲ့” သာလိကာမအပြောကို မယဉ်မြ သဘောကျသွားတယ်။
ညနေစောင်းတော့ သမီးပျို၃ယောက် ကျောင်းက ပြန်လာကြပါတယ်။ သာလိကာမက ပြောလိုက်ပြန်တယ်။
“အောင်မယ်။ မွေးထားတဲ့ ကောင်မလေးတွေ ကလည်း အသစ်ကလေးတွေဟဲ့။ အလုပ်ဖြစ်ဦးမှာပဲ” သမီး ၃ ယောက်ကလည်း သာလိကာမအပြောကို သဘောကျကြတာပါပဲ။
အိမ်ထောင်ဦးစီးဖြစ်တဲ့ ကိုဖေကျင်ကတော့ အလုပ်များတဲ့သူမို့ မိုးကြီးချုပ်မှ အိမ်ကိုပြန်ရောက်လာပါတယ်။ သာလိကာမက ကိုဖေကျင်ကိုလည်း နှုတ်ဆက်တာပါပဲ။
“အလို- ကိုဖေကျင်ပါလား” သာလိကာမက နာမည်နဲ့တကွ နှုတ်ဆက်လိုက်တော့ ကိုဖေကျင် အံ့သြသွား တာပေါ့။
မယဉ်မြနဲ့ သမီး၃ယောက်လည်း အံ့သြ သွားကြတယ်။ အဲဒီတုန်းမှာ သာလိကာမက ဆက်ပြောလိုက်ပါတယ်။
“ကိုဖေကျင် ရှင်က ဒီ ‘ဘိ’ကိုလည်း လာတာပဲ နော်” တဲ့။
ရယ်မောပျော်ရွှင်နိူင်ကြပါစေ (Credit)