မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းဖြန့်ဖြူး ရောင်းချသူများအသင်း MPTA မှ ခွင့်ပြုပေးထားသည့် အသေးစားနှင့် အလတ်စား SME စက်သုံးဆီဆိုင်များအနေဖြင့် မိမိတို့ဆိုင်များအတွင်း ဆီမပြတ်လပ်စေရေးကို စီမံပြီး ပြတ်လပ်မည်ဆိုပါက
အချိန်နှင့်တပြေးညီ တာဝန်ရှိသူများထံ ဆက်သွယ်တင်ပြရန် ညွှန်ကြားလိုက်သည်။ယမန်နေ့ ဇွန်လ ၁၂ ရက်နေ့ နေ့စွဲဖြင့် MPTA က ညွှန်ကြားခဲ့ခြင်းဖြစ်ပြီး မည်ကဲ့သို့ အရေးယူမည်ကိုတော့ တိတိကျကျ မထုတ်ပြန်သော်လည်း လိုင်စင်သိမ်းခြင်းအပြင်
မြန်မာ့ရေနံလုပ်ငန်း ဥပဒေဖြင့် အရေးယူမည်လားကိုတော့ ယနေ့အချိန်အထိ မထုတ်ပြန်သေးဟု ရန်ကုန်ရှိ စက်သုံးဆီ လုပ်ငန်းရှင်တဦးက ပြောပါတယ်။“အဓိကကတော့ ကျနော်တို့ SME ဆီဆိုင်တွေမှာ ဆီမရှိလို့ မရောင်းတာကို သူတို့က မရောင်းရလားဆိုပြီး တင်းကျပ်လိုက်တာပဲ။ သူတို့လည်း လုံလောက်အောင် မဖြည့်ပေးနိုင်ဘူး။
အရန်သိုလှောင်တော့လည်း အရေးယူတယ်။ အခု အကန့်အသတ်နဲ့ ရောင်းတာကိုလည်း အရေးယူမယ်ဆိုတော့ ကျနော်တို့မှာဘာဆက်လုပ်ရမလဲ” ဟု သူက ဆိုသည်။လိုင်စင်မပြည့်စုံသည့် လမ်းဘေး ဆီဆိုင်များကို ဖမ်းဆီးနေသည့်အပြင် SME ဆိုင်များကိုပါ တင်းကျပ်မှု ပြုလုပ်မည်ဆိုလျှင်
လက်ရှိပြည်သူအများနှင့် စက်မှုလုပ်ငန်းသုံး SME လုပ် ငန်းများ အသုံးပြုနေသည့် ဆီလိုအပ်ချက်များ မည်ကဲ့သို့ ဖြေရှင်းပေးမည်ကို တိကျသော မူဝါဒ မရှိပဲ လုပ်ကိုင်နေခြင်းသည် လက်ရှိ စကစ လက်အောက်ရှိ စွမ်းအင်ဝန်ကြီးဌာနတွင် ကြီးမားသော ရည်ရွယ်ချက်တခုခုဖြင့် လုပ်ငန်းရှင်များအပေါ် ချုပ်ကိုင်နေခြင်းဖြစ် ကြောင်း စက်သုံးဆီလုပ်ငန်းရှင် တချို့က သုံးသပ်သည်။
အထူးသဖြင့် စက်သုံးဆီကဏ္ဍနှင့်ပက်သက်ပြီး ယခင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကာလကလို သမဝါယမစနစ်ဖြင့် စက်သုံးဆီများကို ချုပ်ကိုင်ကာ တုံကင်စနစ်ဖြင့် ဖြန့်ဖြူးခြင်း၊ မိမိတို့ နီးစပ်သော အစုအဖွဲ့များအပေါ် အလေးထား ဆောင်ရွက်ပေးခြင်းများကို ပြု လုပ်နိုင်ရန် ပုဂ္ဂလိက စက်သုံးဆီလုပ်ငန်းရှင်များအပေါ် ချုပ်ကိုင်ကြိုးစားသည့် နည်းအမျိုးမျိုး၊ စည်းမျဉ်းအမျိုးမျိုးဖြင့် လုပ်ဆောင်နေခြင်းဟု ၎င်းတို့က ဝေဖန်လိုက်သည်။
“ရှင်းရှင်းပြောရမယ်ဆို လက်ဝါးကြီးအုပ်မယ်။ အစိုးရပိုင် လုပ်မယ်။ သူတို့မှ မပေးရင် ဘယ်သူမှ မပေးနိုင်အောင် ပြည်သူကို ချုပ်ကိုင်မယ်။ ကျားသနားမှ နွားတွေ ချမ်းသာလို လုပ်မယ်။ ဒါဟာ စစ်တပ်အစိုးရ အဆက်ဆက် လုပ်နေကြပဲ။ ဈေးကွက်စီးပွားရေးစနစ်ကို လက်တလုံးကြားလုပ်ပြီး သူတို့နီးစပ်ရာ အစုအဖွဲ့တွေကပဲ ကြီးစိုးတော့မယ်။ ဒီလိုပဲ မြင်တော့တယ်။
တခုတော့ပြောမယ်။ တကယ်လုပ်နိုင်မလား။ ကျနော်တို့ လုပ်ငန်းရှင်တွေ မပါပဲနဲ့ တိုင်းပြည်စီးပွားရေးကို သူတို့ကသာ လုပ်ပေးနိုင်မယ်ဆို ကျနော်တို့ ဘဏ်တိုးပဲစားတော့မယ်။ ရှိသမျှဟာတွေ ဘာအလုပ်မှ မလုပ်ပဲ ထိုင်စားမယ်။ ကျနော်တို့ မိသားစုတွေ ဘာမှမဖြစ်ဘူး။ တကယ်ငတ်မှာက အခြေခံလူတန်းစားတွေ။
သူတို့လို တိုင်းပြည်အာဏာကို လက်နက်ပြ ချိန်းခြောက်နေသူတွေ မငတ်ဘူး။ မပြောချင်တော့ဘူး။ ပြောလိုက်ရရင် အဲ့လို လက်နက်ပြပြီး လုပ်နေတာတွေကို ဖားယားနေသူတွေကြောင့် အခုလို တိုင်းပြည်က ကမောက်ကမ ဖြစ်နေတာ” ဟု MPTA အသင်းဝင် စက်သုံးဆီလုပ်ငန်းမှ မန်နေဂျာတဦးက ပြောပါသည်။
လက်ရှိအချိန်မှာ ကမ္ဘာ့ရေနံနဲ့အတူ မြန်မာ့ပြည်တွင်း စက်သုံးဆီဈေးတွေဟာလည်း သိသိသာသာ ထပ်တက်လာတာကို တွေ့နေရပြီး ကမ္ဘာ့ရေနံဈေးကလည်း အတ က်ဘက်ကိုပိုများနေသလို လက်ရှိ မြန်မာနိုင်ငံကို စက်သုံးဆီ တင်သွင်း နေတဲ့ စင်္ကာပူနိုင်ငံမှာ ဆီဈေးနှုန်းတွေ မြင့်တက်သွားလို့ ယခုရက်ပိုင်းအတွင်း ပြည်တွင်း စက်သုံးဆီဈေးကလည်း ထပ်တက်ဖို့များတယ်လို့လည်း ကျွမ်းကျင်သူတွေက သုံးသပ်နေပါတယ်။
ပြည်တွင်း စက်သုံးဆီစျေးကွက်မှာ စစ်တပ်၏ ချုပ်ကိုင်မှုများကြောင့် မြန်မာနိုင်ငံအနှံ့ ပြည်သူအများ အသုံးပြုနိုင်ရန် ဆီလိုအပ်ချက်ကို မဖြန့်ဖြူးနိုင်ပဲ ပြည်ပတင်သွင်းမှုများတွင်လည်း နိုင်ငံခြားငွေ ဒေါ်လာပေးခြေမှုကို ဆီလုပ်ငန်းရှင်များအပေါ် လုံလောက်စွာ ပံ့ပိုးနိုင်ခြင်း မရှိပေ။
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
ျမန္မာနိုင္ငံ စက္သုံးဆီတင္သြင္းျဖန႔္ျဖဴး ေရာင္းခ်သဴမ်ားအသင္း MPTA မွ ခြင့္ျပဳေပးထားသည့္ အေသးစားႏွင့္ အလတ္စား SME စက္သုံးဆီဆိုင္မ်ားအေနျဖင့္ မိမိတို႔ဆိုင္မ်ားအတြင္း ဆီမျပတ္လပ္ေစေရးကို စီမံၿပီး ျပတ္လပ္မည္ဆိုပါက
အခ်ိန္ႏွင့္တေျပးညီ တာဝန္ရွိသူမ်ားထံ ဆက္သြယ္တင္ျပရန္ ၫႊန္ၾကားလိုက္သည္။ယမန္ေန႕ ဇြန္လ ၁၂ ရက္ေန႕ ေန႕စြဲျဖင့္ MPTA က ၫႊန္ၾကားခဲ့ျခင္းျဖစ္ၿပီး မည္ကဲ့သို႔ အေရးယူမည္ကိုေတာ့ တိတိက်က် မထုတ္ျပန္ေသာ္လည္း လိုင္စင္သိမ္းျခင္းအျပင္
ျမန္မာ့ေရနံလုပ္ငန္း ဥပေဒျဖင့္ အေရးယူမည္လားကိုေတာ့ ယေန႕အခ်ိန္အထိ မထုတ္ျပန္ေသးဟု ရန္ကုန္ရွိ စက္သုံးဆီ လုပ္ငန္းရွင္တဦးက ေျပာပါတယ္။“အဓိကကေတာ့ က်ေနာ္တို႔ SME ဆီဆိုင္ေတြမွာ ဆီမရွိလို႔ မေရာင္းတာကို သူတို႔က မေရာင္းရလားဆိုၿပီး တင္းက်ပ္လိုက္တာပဲ။ သူတို႔လည္း လုံေလာက္ေအာင္ မျဖည့္ေပးနိုင္ဘူး။
အရန္သိုေလွာင္ေတာ့လည္း အေရးယူတယ္။ အခု အကန႔္အသတ္နဲ႕ ေရာင္းတာကိုလည္း အေရးယူမယ္ဆိုေတာ့ က်ေနာ္တို႔မွာဘာဆက္လုပ္ရမလဲ” ဟု သူက ဆိုသည္။လိုင္စင္မျပည့္စုံသည့္ လမ္းေဘး ဆီဆိုင္မ်ားကို ဖမ္းဆီးေနသည့္အျပင္ SME ဆိုင္မ်ားကိုပါ တင္းက်ပ္မႈ ျပဳလုပ္မည္ဆိုလွ်င္
လက္ရွိျပည္သူအမ်ားႏွင့္ စက္မႈလုပ္ငန္းသုံး SME လုပ္ ငန္းမ်ား အသုံးျပဳေနသည့္ ဆီလိုအပ္ခ်က္မ်ား မည္ကဲ့သို႔ ေျဖရွင္းေပးမည္ကို တိက်ေသာ မူဝါဒ မရွိပဲ လုပ္ကိုင္ေနျခင္းသည္ လက္ရွိ စကစ လက္ေအာက္ရွိ စြမ္းအင္ဝန္ႀကီးဌာနတြင္ ႀကီးမားေသာ ရည္႐ြယ္ခ်က္တခုခုျဖင့္ လုပ္ငန္းရွင္မ်ားအေပၚ ခ်ဳပ္ကိုင္ေနျခင္းျဖစ္ ေၾကာင္း စက္သုံးဆီလုပ္ငန္းရွင္ တခ်ိဳ႕က သုံးသပ္သည္။
အထူးသျဖင့္ စက္သုံးဆီက႑ႏွင့္ပက္သက္ၿပီး ယခင္ ျမန္မာ့ဆိုရွယ္လစ္ လမ္းစဥ္ကာလကလို သမဝါယမစနစ္ျဖင့္ စက္သုံးဆီမ်ားကို ခ်ဳပ္ကိုင္ကာ တုံကင္စနစ္ျဖင့္ ျဖန႔္ျဖဴးျခင္း၊ မိမိတို႔ နီးစပ္ေသာ အစုအဖြဲ႕မ်ားအေပၚ အေလးထား ေဆာင္႐ြက္ေပးျခင္းမ်ားကို ျပဳ လုပ္နိုင္ရန္ ပုဂၢလိက စက္သုံးဆီလုပ္ငန္းရွင္မ်ားအေပၚ ခ်ဳပ္ကိုင္ႀကိဳးစားသည့္ နည္းအမ်ိဳးမ်ိဳး၊ စည္းမ်ဥ္းအမ်ိဳးမ်ိဳးျဖင့္ လုပ္ေဆာင္ေနျခင္းဟု ၎တို႔က ေဝဖန္လိုက္သည္။
“ရွင္းရွင္းေျပာရမယ္ဆို လက္ဝါးႀကီးအုပ္မယ္။ အစိုးရပိုင္ လုပ္မယ္။ သူတို႔မွ မေပးရင္ ဘယ္သူမွ မေပးနိုင္ေအာင္ ျပည္သူကို ခ်ဳပ္ကိုင္မယ္။ က်ားသနားမွ ႏြားေတြ ခ်မ္းသာလို လုပ္မယ္။ ဒါဟာ စစ္တပ္အစိုးရ အဆက္ဆက္ လုပ္ေနၾကပဲ။ ေဈးကြက္စီးပြားေရးစနစ္ကို လက္တလုံးၾကားလုပ္ၿပီး သူတို႔နီးစပ္ရာ အစုအဖြဲ႕ေတြကပဲ ႀကီးစိုးေတာ့မယ္။ ဒီလိုပဲ ျမင္ေတာ့တယ္။
တခုေတာ့ေျပာမယ္။ တကယ္လုပ္နိုင္မလား။ က်ေနာ္တို႔ လုပ္ငန္းရွင္ေတြ မပါပဲနဲ႕ တိုင္းျပည္စီးပြားေရးကို သူတို႔ကသာ လုပ္ေပးနိုင္မယ္ဆို က်ေနာ္တို႔ ဘဏ္တိုးပဲစားေတာ့မယ္။ ရွိသမွ်ဟာေတြ ဘာအလုပ္မွ မလုပ္ပဲ ထိုင္စားမယ္။ က်ေနာ္တို႔ မိသားစုေတြ ဘာမွမျဖစ္ဘူး။ တကယ္ငတ္မွာက အေျခခံလူတန္းစားေတြ။
သူတို႔လို တိုင္းျပည္အာဏာကို လက္နက္ျပ ခ်ိန္းေျခာက္ေနသူေတြ မငတ္ဘူး။ မေျပာခ်င္ေတာ့ဘူး။ ေျပာလိုက္ရရင္ အဲ့လို လက္နက္ျပၿပီး လုပ္ေနတာေတြကို ဖားယားေနသူေတြေၾကာင့္ အခုလို တိုင္းျပည္က ကေမာက္ကမ ျဖစ္ေနတာ” ဟု MPTA အသင္းဝင္ စက္သုံးဆီလုပ္ငန္းမွ မန္ေနဂ်ာတဦးက ေျပာပါသည္။
လက္ရွိအခ်ိန္မွာ ကမာၻ႔ေရနံနဲ႕အတူ ျမန္မာ့ျပည္တြင္း စက္သုံးဆီေဈးေတြဟာလည္း သိသိသာသာ ထပ္တက္လာတာကို ေတြ႕ေနရၿပီး ကမာၻ႔ေရနံေဈးကလည္း အတ က္ဘက္ကိုပိုမ်ားေနသလို လက္ရွိ ျမန္မာနိုင္ငံကို စက္သုံးဆီ တင္သြင္း ေနတဲ့ စကၤာပူနိုင္ငံမွာ ဆီေဈးႏႈန္းေတြ ျမင့္တက္သြားလို႔ ယခုရက္ပိုင္းအတြင္း ျပည္တြင္း စက္သုံးဆီေဈးကလည္း ထပ္တက္ဖို႔မ်ားတယ္လို႔လည္း ကြၽမ္းက်င္သူေတြက သုံးသပ္ေနပါတယ္။
ျပည္တြင္း စက္သုံးဆီေစ်းကြက္မွာ စစ္တပ္၏ ခ်ဳပ္ကိုင္မႈမ်ားေၾကာင့္ ျမန္မာနိုင္ငံအႏွံ႕ ျပည္သူအမ်ား အသုံးျပဳနိုင္ရန္ ဆီလိုအပ္ခ်က္ကို မျဖန႔္ျဖဴးနိုင္ပဲ ျပည္ပတင္သြင္းမႈမ်ားတြင္လည္း နိုင္ငံျခားေငြ ေဒၚလာေပးေျခမႈကို ဆီလုပ္ငန္းရွင္မ်ားအေပၚ လုံေလာက္စြာ ပံ့ပိုးနိုင္ျခင္း မရွိေပ။