ေမတၱာရွင္(ေ႐ႊျပည္သာ) လူထြက္ရတဲ့ အေၾကာင္းအရင္း အျပည့္အစုံကို ဇနီးေဟာင္းျဖစ္သူ ေဒၚဆက္မီလြင္ ကိုယ္တိုင္ ဖြင့္ဟဝန္ခံခ်က္ကို ေဖာ္ျပေပးလိုက္ပါတယ္ (၂၀၁၈ ခုႏွစ္တြင္ နယူးဝပ္ခ်္ ဂ်ာနယ္မွ ေဖာ္ျပခဲ့သည္ကို ျပန္လည္ေဖာ္ျပပါသည္)
(အစ္မနဲ႔ဆရာတို႔ ဖူးစာဆုံျဖစ္ခဲ့ပုံကို အရင္ဆုံး ေျပာျပေပးပါ။) အစ္မအေဖဆုံးၿပီးေတာ့ အစ္မစိတ္ဓာတ္ အရမ္းက်ေနတဲ့အခ်ိန္မွာ အစ္မအေမက သူ႔ကိုကိုးကြယ္ေတာ့ အေဖ့အတြက္ ဆြမ္းကပ္ဖို႔ကိစၥစီစဥ္ရင္းနဲ႔ စသိၾကတာ။
ေနာက္ေတာ့ သူက စာေရးဆရာဆိုေတာ့ ကုန္ၾကမ္းလိုခ်င္တယ္ဆိုတာနဲ႔ အစ္မ ဂ်ာမနီမွာေနခဲ့တဲ့ အေတြ႕အႀကဳံေတြ သိခ်င္တယ္ဆိုတာနဲ႔ ေရးေပးတယ္။ အဲဒီကေန ရင္းႏွီးလာတယ္။ ေနာက္ သူမရွင္းတာေတြ ေမးတယ္။ ေနာက္ပိုင္းက်ေတာ့ အဲဒီစာေတြက ေက်ာင္းမွာထားခဲ့ရင္ မေရာက္ဘူးတဲ့။ တရားပြဲေတြ ဘာေတြရွိတဲ့ေနာက္ကိုလိုက္ၿပီး ေပးရတယ္။
တျခားသူေတြေျပာျပလို႔ မရတဲ့ဟာေတြ သူ႔ကိုေျပာျပျဖစ္တယ္။ သူကလည္း ေအာင္ျမင္တာၾကာၿပီဆိုေတာ့ ဒီဘဝႀကီးကို ၿငီးေငြ႕လာတယ္။ ဘဝအသစ္ တခုတည္ေဆာက္ခ်င္တယ္တဲ့။ အစ္မလည္း သူ႔ကို ေျပာပါတယ္။ အခက္အခဲေတြအမ်ားႀကီးေတြ႕မယ္၊ ႐ုန္းကန္ရမယ္လို႔ ေျပာတယ္။
ေ႐ႊျပည္သာေက်ာင္း တည္ေထာင္တုန္းကေတာင္ အခက္အခဲေတြ အမ်ားႀကီးေတြ႕တယ္လို႔ ေျပာတယ္။ အဲဒီတုန္းက အေရွ႕ကို ေတြးၿပီး ေပ်ာ္ခဲ့တာေပါ့။ သူ႔ကိုလည္း ပါရမီရွင္လို႔ ယုံၾကည္တယ္။ ေတာ္လည္းေတာ္တယ္။ အဲဒီလိုမ်ိဳး တကယ္ယုံခဲ့တယ္။
(ဆရာေမတၱာရွင္(ေ႐ႊျပည္သာ)ဘက္က ေၾကညာခ်က္ထုတ္တာနဲ႔ ပတ္သက္လို႔ေရာ ဘာမ်ားေျပာခ်င္ပါလဲ။) မိုးႀကိဳးပစ္တာကို ထန္းလက္နဲ႔ကာသလိုပဲ။ အခုအခ်ိန္မွာ သူအမ်ားႀကီးေျပာင္းလဲသြားၿပီ။ အဲဒီ ေျပာင္းလဲသြားတာကို သူကိုယ္တိုင္လက္မခံႏိုင္ဘူး။
အဲဒီလက္မခံႏိုင္တာကို သူ႔ကိုယ္သူလည္း လွည့္စား၊ အမ်ားကိုလည္း လွည့္စားတယ္။ သူစြပ္စြဲေနတဲ့ ပါရမီျဖည့္ဘက္ေတြ ဘာေတြအစ္မတို႔ သေဘာတူခဲ့တဲ့တုန္းက ဒါေတြမပါပါဘူး။ ဘယ္တုန္းကမွလည္း တဖက္သတ္ပါရမီျဖည့္မယ္။ အနစ္နာခံ၊ စြန႔္လႊတ္အကုန္ေပး ဆပ္ၿပီးေတာ့ သူ႔ဘက္က အကုန္ယူမယ္။ အဲဒီလိုမ်ိဳးဘယ္တုန္းကမွ သေဘာမတူခဲ့ပါဘူး။
အစ္မတို႔ ယူတုန္းက သူအင္တာဗ်ဴးေျဖတာေတြလည္း အစ္မ သေဘာမက်ဘူး။ အစ္မက အမွန္အတိုင္းေျပာေစခ်င္တာ။ လူေတြလည္း အမွန္တရားအတိုင္း သိခ်င္မယ္လို႔ ယူဆတယ္။ အစ္မအေနနဲ႔ကလည္း ယူေတာ့ အစ္မပဲ အကုန္အက်ခံခဲ့တယ္။
အစ္မဘယ္ေလာက္အထိ ႐ုန္းခဲ့လဲဆိုရင္ အစ္မက ကြန္ပ်ဴတာသမားေလ။ စာေပလုပ္ငန္းက အစ္မကြၽမ္းက်င္တဲ့ အလုပ္မဟုတ္ဘူးေလ။ သူကလည္း နင္လုပ္ႏိုင္ရင္လုပ္ေလတဲ့။ ငါ့ေတာ့ လာအားမကိုးနဲ႔တဲ့။ ငါက စာေရးစာဖတ္တာပဲ လုပ္မွာတဲ့။ လက္ထပ္ၿပီးခါစမွာ သူစာအုပ္ေတြေရာင္း အားေတာ္ေတာ္က်သြားတယ္။ အဲဒီတုန္းက မာနေတြ ခဝါခ်ၿပီး လုပ္ခဲ့တယ္။
ပထမ ကေလးေမြးတုန္းက အစ္မေတြက ဂ်ာမနီမွာ လာေမြးဖို႔ေခၚတယ္။ အေမနဲ႔သူ႔ကို ငဲ့ၿပီးေတာ့ ဒီမွာပဲေမြးခဲ့တယ္။ ပရဟိတကိစၥ ေတြဆိုရင္လည္း သူနဲ႔သိၿပီးေနာက္ပိုင္း လူအမ်ားနဲ႔သိၿပီး လူအမ်ားႀကီးကို ကူညီျဖစ္တယ္။ အဲဒါေတာ့ အရႈံးထဲက အျမတ္ေပါ့။ ဒီ ၄ ႏွစ္အေတာအတြင္းမွာ ကေလးႏွစ္ေယာက္ရယ္၊ ပရဟိတလုပ္ငန္းေတြရယ္ ပိုသိလာတယ္။
အဲဒီဟာေလးေတြအတြက္ေတာ့ ေျဖသာတယ္။ က်န္တဲ့အပိုင္းမွာေတာ့ အစ္မဘက္က ေပး ဆပ္ျခင္းေတြခ်ည္းပဲ။ အဲဒါကိုမွ မလုံေလာက္ဘူးဆိုရင္ေတာ့ အစ္မလည္းမတတ္ႏိုင္ဘူး။ အစ္မကိုယူခဲ့တုန္းက ဒိုးတူေပါင္ဖက္႐ုန္းမယ္ဆိုၿပီး ယူခဲ့တယ္။
သူမ႐ုန္းႏိုင္တဲ့အခ်ိန္မွာ အစ္မသူ႔ကို အျပစ္မတင္ဘူး။ ဒါေပမဲ့ အေဖေကာင္းတေယာက္ျဖစ္ေအာင္ ႀကိဳးစားပါလို႔ေတာ့ ေျပာတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အစ္မတို႔က ငယ္ငယ္ေလးထဲက အ႐ိုက္ၾကမ္းတဲ့မိဘနဲ႔ ႀကီးျပင္းရတယ္။ သူလည္း အဲဒီလိုပဲ။
အဲဒီေတာ့ အစ္မ ကေလးေတြ အေကာင္းဆုံးျဖစ္ေစခ်င္တယ္။ အေကာင္းဆုံးျဖစ္မယ္လို႔လည္း ထင္ခဲ့တာကို။ သူဟာ သာမန္ အေဖထက္ အဆေပါင္းမ်ားစြာေကာင္းမယ္လို႔ စိတ္ထဲမွာ ထင္တယ္။ တကယ္လို႔ အစ္မ အေမေကာင္းမျဖစ္ခဲ့ရင္ေတာင္ သူက တနည္းတဖုံ သင္ျပေပးႏိုင္မယ္လို႔ ထင္ခဲ့တယ္။
(ဆရာေမတၱာရွင္(ေ႐ႊျပည္သာ)က သူလုပ္ခ်င္တဲ့ကိစၥကို ကုသိုလ္၊ အကုသိုလ္မခြဲျခားဘဲ လုပ္တယ္လို႔ အစ္မရဲ႕ ေၾကညာခ်က္မွာေတြ႕ရတယ္။ အဲဒါက ဘာကိုဆိုလိုတာလဲ။) အစ္မတို႔ရဲ႕ျပႆနာက ဒီ ၄ ႏွစ္အတြင္း ျပႆနာမဟုတ္ဘဲနဲ႔ ၄ ႏွစ္မတိုင္ခင္က ျပႆနာက ပိုမ်ားတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ပထမကိုယ္ဝန္ရွိကတည္းက အရင္က သူပတ္သက္ခဲ့တဲ့ အမ်ိဳးသမီး ျပႆနာေတြနဲ႔ ပတ္သက္ၿပီး အရွက္ကြဲရတယ္။ လိုက္ေျဖရွင္းရတယ္။
လိုက္ၿပီးေတာ့ ထိန္းသိမ္းရတယ္။ ပထမဆုံး တခါကေတာ့ ရပ္မိရပ္ဖေတြက ကိုယ့္ေယာက္်ား ကိုယ္ထိန္းေပါ့လို႔ေျပာေတာ့ ေတာ္ေတာ္ရွက္သြားတယ္။ ၂၀၁၅ မွာ အဲဒီျပႆနာရွင္းၿပီး နည္းနည္းၿငိမ္သြားတယ္။ ေနာက္တခါက်ေတာ့ အစ္မေတာ္ေတာ္ အရွက္ကြဲတယ္။ အဲဒါ ၂၀၁၆။ အဲဒီတုန္းက ဒုတိယ ကေလးေမြးၿပီး မီးထြက္ၿပီးခါစပဲရွိေသးတယ္။
အမ်ိဳးသမီးတေယာက္က သိန္း ၅၀ ေပးဖို႔ ေငြညႇစ္တယ္။ ေတာ္ေတာ္ေရွာ့ျဖစ္သြားၿပီးေတာ့ သူ႔ဆီကသက္ေသ အေထာက္အထားေတာင္းတယ္။ အေထာက္အထားက ထိုက္သင့္သေလာက္ေတြ႕ပါတယ္။ ဒါေပမဲ့ အစ္မ မေပးခဲ့ဘူး။ အစ္မသူ႔ကိုလည္း ေမးတယ္။ ေမးရင္းေမးရင္းနဲ႔ ေပၚလာတဲ့အေၾကာင္းအရာေတြက အစ္မ လက္မခံႏိုင္ဘူး။
ဒီအေၾကာင္းအရာေတြကို လက္မထပ္ခင္က မသိခဲ့ဘူး။ အစ္မဘဝရဲ႕အေၾကာင္းကို သူ႔ကို အျပည့္အစုံ ေျပာျပခဲ့တယ္။ သူ႔ဘက္က ထိမ္ခ်န္ခဲ့တယ္။ ထားပါေတာ့ သူကေတာ့ ရွက္လို႔လို႔ေျပာတယ္။ အစ္မလက္မခံႏိုင္ဘူး။ အစ္မကိုလိမ္ၿပီး ယူခဲ့သလို ခံစားရတယ္။ ဒီကိစၥေတြႀကိဳသိခဲ့ရင္ ေဝးေဝးက ေျပးတာျဖင့္ ၾကာလွၿပီ။
အဲဒီေနာက္ပိုင္း သူကဘာမဟုတ္တဲ့ကိစၥနဲ႔ ဆံပင္ေဆာင့္ဆြဲၿပီး ေနာက္စိကို သုံးခ်က္-ိုးတယ္။ ပထမေတာ့ ေၾကာက္သြားတယ္။ ကေလးေနမေကာင္းျဖစ္ေနလို႔ သူ႔ကိုမႏၲေလးပရဟိတ ပြဲကို မသြားဖို႔တားတာ။ ေနာက္ပိုင္းက်ေတာ့ သားက တျဖည္းျဖည္း အစ္မနဲ႔ တူလာတယ္။ စိတ္ေနသေဘာ ထားေပါ့။
အစ္မကို မေက်နပ္ရင္သားကို မဲလာတယ္။ အထူးသျဖင့္ သူလက္ေဝွ႔အေခြေတြၾကည့္တဲ့အခါမွာ သားကပ္လာရင္ တြန္းထုတ္ပစ္တာေတြ လုပ္တယ္။ အခုရဲတင္းကိစၥျဖစ္တဲ့ေန႔က ေအာက္မွာကေလးေတြ ေခၚေျပာတယ္တဲ့။ ဒီေန႔စာအုပ္ေလးအုပ္ကို ၁၅ ရက္ အတြင္းၿပီးေအာင္မထုတ္ေပးရင္ ျပႆနာရွာမယ္ဆို ၿပီးေျပာတယ္။
ရဲတင္းကို ေပါင္ေပၚတင္ထားတယ္။ ေျပာရင္းကေန သူအရင္တုန္းက တကၠသိုလ္ကဆရာမေတြ၊ ဆရာဝန္ေတြ သူ႔ကိုဝိုင္းဝိုင္းလည္ေနတာကို အစ္မက ပါရမီျဖည့္မယ္လို႔ေျပာလို႔ သူလူထြက္ၿပီး ယူလိုက္တယ္။ သူကြာခိုင္းေတာ့လည္း မကြာေပးဘူးလို႔ ေျပာလာတယ္။ အဲဒီေန႔ကျဖစ္တဲ့ကိစၥက အမွန္ေတာ့ စာအုပ္ကိစၥမဟုတ္ဘူး။
စာအုပ္ကိစၥက ယိုးဒယားမွာ ကေလးေဆး႐ုံတက္ေနရကတည္းက ဘယ္လိုလုပ္ ၾကမယ္ဆိုတာ တိုင္ပင္ၿပီးသား။ အဲဒီျပႆနာျဖစ္တဲ့ မတ္လ ၂၁ ရက္ေန႔က ၂ သက္ကယ္ ပရဟိတကိစၥနဲ႔ အစ္မသန္လ်င္ကျပန္လာေတာ့ ကေလးက ကားသံၾကားေတာ့ အိပ္ရာထဲေျပးဝင္လာၿပီး ကခုန္ေနတယ္။ သူက အဲဒီအခ်ိန္မွာ ဗီ႐ိုတလုံးကိုခြဲၿပီးသြားၿပီ။
အစ္မနဲ႔အေခ်အတင္ စကားေျပာရင္း ေလသံေတြမာလာၿပီး အဲဒါနဲ႔ကေလးက ခုန္ေနေတာ့ ကေလးကို သူကသြားမွာလား၊ မသြားဘူးလားဆိုၿပီး ႐ြယ္လိုက္ေတာ့ အစ္မက စိုးရိမ္သြားတယ္။ အရင္တုန္းကဆို ရန္ျဖစ္ရင္ ဘာမွပါတာမဟုတ္ဘူး။ အခုဟာက ရဲတင္းကို တကူးတကသြားဝယ္တယ္။ အ႐ိုးကိုသူ႔ဘာသာ တပ္တယ္။
တေနကုန္အစ္မကိုေစာင့္ေနၿပီး အစ္မျပန္လာ ေတာ့မွ ေသာင္းက်န္းတဲ့အခါက်ေတာ့အထဲက ဗီ႐ိုေတြေရာ၊ ေၾကာင္အိမ္ေတြေရာ ႐ိုက္ခြဲတယ္။ အျပင္မွာ လည္း ကားမွန္ေတြကိုခြဲခဲ့တယ္။ အဲဒါနဲ႔ အစ္မလည္း ရဲစခန္းကိုဖုန္းဆက္တယ္။ အစ္မရဲစခန္းကို အရင္ သြားတယ္။ ေနာက္ေတာ့ သူသြားတယ္။ သူျပန္လာေတာ့ ည ၂ နာရီေတာင္ရွိၿပီ။ အစ္မလည္း ထပ္ ေသာင္းက်န္းမွာစိုးတာနဲ႔ ၿခံတံခါးဖြင့္မေပးေတာ့ဘူး။ ေနာက္ေတာ့မွ သိရတာက ေမွာ္ဘီကသူ႔အစ္မႀကီး လာေခၚသြားတယ္လို႔ သိရတယ္။
(ေ႐ႊျပည္သာစာေပနဲ႔ပတ္သက္လို႔ေရာ ဘယ္လိုဆက္လုပ္သြားဖို႔ရွိပါလဲ။) ဥပေဒပိုင္းနဲ႔ပတ္သက္လို႔ အစ္မေသခ်ာမသိဘူး။ ေရွ႕ေနေတြ ဘာေတြတိုင္ပင္ၿပီးေတာ့ ဘယ္လိုဆက္လုပ္မလဲ ဆုံးျဖတ္ရမွာေပါ့။ ဒါေပမဲ့ ဒီဟာက အစ္မတို႔လက္ထပ္ၿပီးမွ အစ္မဦးေဆာင္ၿပီး လုပ္လာတာေပါ့။
အခက္အခဲေတြလည္း အမ်ားႀကီးႀကဳံရတယ္။ ကိုယ္မကြၽမ္းက်င္တဲ့ အလုပ္ဆိုေတာ့ေလ။ အဲလိုကေန အခုေတာ္ေတာ္ေလး တည္ၿငိမ္လာၿပီး အစ္မအေနနဲ႔ ဒါကို မိသားစုလုပ္ငန္းလို႔ပဲ ယူဆတယ္။ ငါ့ဟာ ငါ့ျပန္ ေပးဆိုၿပီး ကေလးအေတြးနဲ႔ ျပန္ၿပီးေတာ့ယူလို႔ရမယ္လို႔ေတာ့ အစ္မ မထင္ဘူး။
(ျပႆနာျဖစ္ၿပီးတဲ့ေနာက္ပိုင္း ဆရာနဲ႔ အဆက္အသြယ္ရေသးလား။) သူနဲ႔ေတာ့ တိုက္႐ိုက္အဆက္အသြယ္မရပါဘူး။ သူ႔တပည့္ေတြဆီကေန မႏၲေလးေရာက္ေနတယ္လို႔ ၾကားပါတယ္။ သူစြပ္စြဲသလို အစ္မက ပရဟိတ အလုပ္ေတြပိတ္ပင္တယ္ဆိုတာ မဟုတ္ပါဘူး။ သူရဟန္းဘဝတုန္းက လာဘ္လာဘ တအားရေတာ့ လႉႏိုင္တန္းႏိုင္တယ္။
အိမ္ေထာင္သည္ဘဝမွာေတာ့ လႉႏိုင္တဲ့ပမာဏနည္းသြားတာေပါ့။ ပရဟိတကိစၥေတြေရာ၊ သူမ်ားေတြကိုကူညီတဲ့အပိုင္းေတြေရာ သူလူ ထြက္ၿပီးတဲ့ေနာက္မွာ အစ္မဦးေဆာင္ၿပီးလုပ္ေနတယ္။ ဒါေပမဲ့ နာမည္ကိုေတာ့ သူ႔နာမည္ပဲတပ္ေပးတယ္။ အစ္မနာမည္တပ္ၿပီးလႉရင္ လူေတြကသိပ္ၿပီးဝမ္းသာမွာ မဟုတ္ဘူး။ ေမတၱာရွင္(ေ႐ႊျပည္သာ)က လႉတာဆို ေတာ့ ၾကည္ႏူးၾကတာေပါ့။
နာမည္က အစ္မအတြက္ အေရးမႀကီးဘူး။ အခုလည္း ဒီကိစၥျဖစ္တဲ့အတြက္ ၿခိမ္းေျခာက္ခံရတာေတြရွိတယ္။ ဒီကိစၥေတြျဖစ္တဲ့အတြက္ ရွက္လည္းရွက္ပါတယ္။ အခုလိုကိုယ္ေရး ကိုယ္တာကိစၥေတြကို လူအမ်ားသိသြားတဲ့အတြက္ အေႏွာင့္အယွက္ျဖစ္ၾကရင္ ေတာင္းပန္ခ်င္ပါတယ္။ ဘာျဖစ္လို႔ အခုလိုေျဖရသလဲဆိုေတာ့ အစ္မနဲ႔ ကေလးေတြရဲ႕ အသက္အႏၲရာယ္ကို စိုးရိမ္လို႔ပါ။
လူထြက္စဥ္တုန္းကအေျခအေနထက္ အခုၿခိမ္းေျခာက္မႈေတြမ်ားလာတယ္။ အရင္တုန္းက ကားတာယာအလွီးခံရဖူးတယ္။ လူမသိ၊ သူမသိေျမာင္းထဲမွာ ေ-ေနတာထက္စာရင္ ေျဗာင္ေျပာၿပီးေတာ့ ေ-ခ်င္တယ္။ အမွန္ကို ေျပာၿပီး ေ-တာပဲ ေကာင္းပါတယ္။
ႏွင္းေမာင္ဦး – ေတြ႕ဆုံေမးျမန္းသည္
Unicode
မေတ္တာရှင်(ရွှေပြည်သာ) လူထွက်ရတဲ့ အကြောင်းအရင်း အပြည့်အစုံကို ဇနီးဟောင်းဖြစ်သူ ဒေါ်ဆက်မီလွင် ကိုယ်တိုင် ဖွင့်ဟဝန်ခံချက်ကို ဖော်ပြပေးလိုက်ပါတယ် (၂၀၁၈ ခုနှစ်တွင် နယူးဝပ်ချ် ဂျာနယ်မှ ဖော်ပြခဲ့သည်ကို ပြန်လည်ဖော်ပြပါသည်)
(အစ်မနဲ့ဆရာတို့ ဖူးစာဆုံဖြစ်ခဲ့ပုံကို အရင်ဆုံး ပြောပြပေးပါ။) အစ်မအဖေဆုံးပြီးတော့ အစ်မစိတ်ဓာတ် အရမ်းကျနေတဲ့အချိန်မှာ အစ်မအမေက သူ့ကိုကိုးကွယ်တော့ အဖေ့အတွက် ဆွမ်းကပ်ဖို့ကိစ္စစီစဉ်ရင်းနဲ့ စသိကြတာ။
နောက်တော့ သူက စာရေးဆရာဆိုတော့ ကုန်ကြမ်းလိုချင်တယ်ဆိုတာနဲ့ အစ်မ ဂျာမနီမှာနေခဲ့တဲ့ အတွေ့အကြုံတွေ သိချင်တယ်ဆိုတာနဲ့ ရေးပေးတယ်။ အဲဒီကနေ ရင်းနှီးလာတယ်။ နောက် သူမရှင်းတာတွေ မေးတယ်။ နောက်ပိုင်းကျတော့ အဲဒီစာတွေက ကျောင်းမှာထားခဲ့ရင် မရောက်ဘူးတဲ့။ တရားပွဲတွေ ဘာတွေရှိတဲ့နောက်ကိုလိုက်ပြီး ပေးရတယ်။
တခြားသူတွေပြောပြလို့ မရတဲ့ဟာတွေ သူ့ကိုပြောပြဖြစ်တယ်။ သူကလည်း အောင်မြင်တာကြာပြီဆိုတော့ ဒီဘဝကြီးကို ငြီးငွေ့လာတယ်။ ဘဝအသစ် တခုတည်ဆောက်ချင်တယ်တဲ့။ အစ်မလည်း သူ့ကို ပြောပါတယ်။ အခက်အခဲတွေအများကြီးတွေ့မယ်၊ ရုန်းကန်ရမယ်လို့ ပြောတယ်။
ရွှေပြည်သာကျောင်း တည်ထောင်တုန်းကတောင် အခက်အခဲတွေ အများကြီးတွေ့တယ်လို့ ပြောတယ်။ အဲဒီတုန်းက အရှေ့ကို တွေးပြီး ပျော်ခဲ့တာပေါ့။ သူ့ကိုလည်း ပါရမီရှင်လို့ ယုံကြည်တယ်။ တော်လည်းတော်တယ်။ အဲဒီလိုမျိုး တကယ်ယုံခဲ့တယ်။
(ဆရာမေတ္တာရှင်(ရွှေပြည်သာ)ဘက်က ကြေညာချက်ထုတ်တာနဲ့ ပတ်သက်လို့ရော ဘာများပြောချင်ပါလဲ။) မိုးကြိုးပစ်တာကို ထန်းလက်နဲ့ကာသလိုပဲ။ အခုအချိန်မှာ သူအများကြီးပြောင်းလဲသွားပြီ။ အဲဒီ ပြောင်းလဲသွားတာကို သူကိုယ်တိုင်လက်မခံနိုင်ဘူး။
အဲဒီလက်မခံနိုင်တာကို သူ့ကိုယ်သူလည်း လှည့်စား၊ အများကိုလည်း လှည့်စားတယ်။ သူစွပ်စွဲနေတဲ့ ပါရမီဖြည့်ဘက်တွေ ဘာတွေအစ်မတို့ သဘောတူခဲ့တဲ့တုန်းက ဒါတွေမပါပါဘူး။ ဘယ်တုန်းကမှလည်း တဖက်သတ်ပါရမီဖြည့်မယ်။ အနစ်နာခံ၊ စွန့်လွှတ်အကုန်ပေး ဆပ်ပြီးတော့ သူ့ဘက်က အကုန်ယူမယ်။ အဲဒီလိုမျိုးဘယ်တုန်းကမှ သဘောမတူခဲ့ပါဘူး။
အစ်မတို့ ယူတုန်းက သူအင်တာဗျူးဖြေတာတွေလည်း အစ်မ သဘောမကျဘူး။ အစ်မက အမှန်အတိုင်းပြောစေချင်တာ။ လူတွေလည်း အမှန်တရားအတိုင်း သိချင်မယ်လို့ ယူဆတယ်။ အစ်မအနေနဲ့ကလည်း ယူတော့ အစ်မပဲ အကုန်အကျခံခဲ့တယ်။
အစ်မဘယ်လောက်အထိ ရုန်းခဲ့လဲဆိုရင် အစ်မက ကွန်ပျူတာသမားလေ။ စာပေလုပ်ငန်းက အစ်မကျွမ်းကျင်တဲ့ အလုပ်မဟုတ်ဘူးလေ။ သူကလည်း နင်လုပ်နိုင်ရင်လုပ်လေတဲ့။ ငါ့တော့ လာအားမကိုးနဲ့တဲ့။ ငါက စာရေးစာဖတ်တာပဲ လုပ်မှာတဲ့။ လက်ထပ်ပြီးခါစမှာ သူစာအုပ်တွေရောင်း အားတော်တော်ကျသွားတယ်။ အဲဒီတုန်းက မာနတွေ ခဝါချပြီး လုပ်ခဲ့တယ်။
ပထမ ကလေးမွေးတုန်းက အစ်မတွေက ဂျာမနီမှာ လာမွေးဖို့ခေါ်တယ်။ အမေနဲ့သူ့ကို ငဲ့ပြီးတော့ ဒီမှာပဲမွေးခဲ့တယ်။ ပရဟိတကိစ္စ တွေဆိုရင်လည်း သူနဲ့သိပြီးနောက်ပိုင်း လူအများနဲ့သိပြီး လူအများကြီးကို ကူညီဖြစ်တယ်။ အဲဒါတော့ အရှုံးထဲက အမြတ်ပေါ့။ ဒီ ၄ နှစ်အတောအတွင်းမှာ ကလေးနှစ်ယောက်ရယ်၊ ပရဟိတလုပ်ငန်းတွေရယ် ပိုသိလာတယ်။
အဲဒီဟာလေးတွေအတွက်တော့ ဖြေသာတယ်။ ကျန်တဲ့အပိုင်းမှာတော့ အစ်မဘက်က ပေး ဆပ်ခြင်းတွေချည်းပဲ။ အဲဒါကိုမှ မလုံလောက်ဘူးဆိုရင်တော့ အစ်မလည်းမတတ်နိုင်ဘူး။ အစ်မကိုယူခဲ့တုန်းက ဒိုးတူပေါင်ဖက်ရုန်းမယ်ဆိုပြီး ယူခဲ့တယ်။
သူမရုန်းနိုင်တဲ့အချိန်မှာ အစ်မသူ့ကို အပြစ်မတင်ဘူး။ ဒါပေမဲ့ အဖေကောင်းတယောက်ဖြစ်အောင် ကြိုးစားပါလို့တော့ ပြောတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစ်မတို့က ငယ်ငယ်လေးထဲက အရိုက်ကြမ်းတဲ့မိဘနဲ့ ကြီးပြင်းရတယ်။ သူလည်း အဲဒီလိုပဲ။
အဲဒီတော့ အစ်မ ကလေးတွေ အကောင်းဆုံးဖြစ်စေချင်တယ်။ အကောင်းဆုံးဖြစ်မယ်လို့လည်း ထင်ခဲ့တာကို။ သူဟာ သာမန် အဖေထက် အဆပေါင်းများစွာကောင်းမယ်လို့ စိတ်ထဲမှာ ထင်တယ်။ တကယ်လို့ အစ်မ အမေကောင်းမဖြစ်ခဲ့ရင်တောင် သူက တနည်းတဖုံ သင်ပြပေးနိုင်မယ်လို့ ထင်ခဲ့တယ်။
(ဆရာမေတ္တာရှင်(ရွှေပြည်သာ)က သူလုပ်ချင်တဲ့ကိစ္စကို ကုသိုလ်၊ အကုသိုလ်မခွဲခြားဘဲ လုပ်တယ်လို့ အစ်မရဲ့ ကြေညာချက်မှာတွေ့ရတယ်။ အဲဒါက ဘာကိုဆိုလိုတာလဲ။) အစ်မတို့ရဲ့ပြဿနာက ဒီ ၄ နှစ်အတွင်း ပြဿနာမဟုတ်ဘဲနဲ့ ၄ နှစ်မတိုင်ခင်က ပြဿနာက ပိုများတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပထမကိုယ်ဝန်ရှိကတည်းက အရင်က သူပတ်သက်ခဲ့တဲ့ အမျိုးသမီး ပြဿနာတွေနဲ့ ပတ်သက်ပြီး အရှက်ကွဲရတယ်။ လိုက်ဖြေရှင်းရတယ်။
လိုက်ပြီးတော့ ထိန်းသိမ်းရတယ်။ ပထမဆုံး တခါကတော့ ရပ်မိရပ်ဖတွေက ကိုယ့်ယောက်ျား ကိုယ်ထိန်းပေါ့လို့ပြောတော့ တော်တော်ရှက်သွားတယ်။ ၂၀၁၅ မှာ အဲဒီပြဿနာရှင်းပြီး နည်းနည်းငြိမ်သွားတယ်။ နောက်တခါကျတော့ အစ်မတော်တော် အရှက်ကွဲတယ်။ အဲဒါ ၂၀၁၆။ အဲဒီတုန်းက ဒုတိယ ကလေးမွေးပြီး မီးထွက်ပြီးခါစပဲရှိသေးတယ်။
အမျိုးသမီးတယောက်က သိန်း ၅၀ ပေးဖို့ ငွေညှစ်တယ်။ တော်တော်ရှော့ဖြစ်သွားပြီးတော့ သူ့ဆီကသက်သေ အထောက်အထားတောင်းတယ်။ အထောက်အထားက ထိုက်သင့်သလောက်တွေ့ပါတယ်။ ဒါပေမဲ့ အစ်မ မပေးခဲ့ဘူး။ အစ်မသူ့ကိုလည်း မေးတယ်။ မေးရင်းမေးရင်းနဲ့ ပေါ်လာတဲ့အကြောင်းအရာတွေက အစ်မ လက်မခံနိုင်ဘူး။
ဒီအကြောင်းအရာတွေကို လက်မထပ်ခင်က မသိခဲ့ဘူး။ အစ်မဘဝရဲ့အကြောင်းကို သူ့ကို အပြည့်အစုံ ပြောပြခဲ့တယ်။ သူ့ဘက်က ထိမ်ချန်ခဲ့တယ်။ ထားပါတော့ သူကတော့ ရှက်လို့လို့ပြောတယ်။ အစ်မလက်မခံနိုင်ဘူး။ အစ်မကိုလိမ်ပြီး ယူခဲ့သလို ခံစားရတယ်။ ဒီကိစ္စတွေကြိုသိခဲ့ရင် ဝေးဝေးက ပြေးတာဖြင့် ကြာလှပြီ။
အဲဒီနောက်ပိုင်း သူကဘာမဟုတ်တဲ့ကိစ္စနဲ့ ဆံပင်ဆောင့်ဆွဲပြီး နောက်စိကို သုံးချက်-ိုးတယ်။ ပထမတော့ ကြောက်သွားတယ်။ ကလေးနေမကောင်းဖြစ်နေလို့ သူ့ကိုမန္တလေးပရဟိတ ပွဲကို မသွားဖို့တားတာ။ နောက်ပိုင်းကျတော့ သားက တဖြည်းဖြည်း အစ်မနဲ့ တူလာတယ်။ စိတ်နေသဘော ထားပေါ့။
အစ်မကို မကျေနပ်ရင်သားကို မဲလာတယ်။ အထူးသဖြင့် သူလက်ဝှေ့အခွေတွေကြည့်တဲ့အခါမှာ သားကပ်လာရင် တွန်းထုတ်ပစ်တာတွေ လုပ်တယ်။ အခုရဲတင်းကိစ္စဖြစ်တဲ့နေ့က အောက်မှာကလေးတွေ ခေါ်ပြောတယ်တဲ့။ ဒီနေ့စာအုပ်လေးအုပ်ကို ၁၅ ရက် အတွင်းပြီးအောင်မထုတ်ပေးရင် ပြဿနာရှာမယ်ဆို ပြီးပြောတယ်။
ရဲတင်းကို ပေါင်ပေါ်တင်ထားတယ်။ ပြောရင်းကနေ သူအရင်တုန်းက တက္ကသိုလ်ကဆရာမတွေ၊ ဆရာဝန်တွေ သူ့ကိုဝိုင်းဝိုင်းလည်နေတာကို အစ်မက ပါရမီဖြည့်မယ်လို့ပြောလို့ သူလူထွက်ပြီး ယူလိုက်တယ်။ သူကွာခိုင်းတော့လည်း မကွာပေးဘူးလို့ ပြောလာတယ်။ အဲဒီနေ့ကဖြစ်တဲ့ကိစ္စက အမှန်တော့ စာအုပ်ကိစ္စမဟုတ်ဘူး။
စာအုပ်ကိစ္စက ယိုးဒယားမှာ ကလေးဆေးရုံတက်နေရကတည်းက ဘယ်လိုလုပ် ကြမယ်ဆိုတာ တိုင်ပင်ပြီးသား။ အဲဒီပြဿနာဖြစ်တဲ့ မတ်လ ၂၁ ရက်နေ့က ၂ သက်ကယ် ပရဟိတကိစ္စနဲ့ အစ်မသန်လျင်ကပြန်လာတော့ ကလေးက ကားသံကြားတော့ အိပ်ရာထဲပြေးဝင်လာပြီး ကခုန်နေတယ်။ သူက အဲဒီအချိန်မှာ ဗီရိုတလုံးကိုခွဲပြီးသွားပြီ။
အစ်မနဲ့အချေအတင် စကားပြောရင်း လေသံတွေမာလာပြီး အဲဒါနဲ့ကလေးက ခုန်နေတော့ ကလေးကို သူကသွားမှာလား၊ မသွားဘူးလားဆိုပြီး ရွယ်လိုက်တော့ အစ်မက စိုးရိမ်သွားတယ်။ အရင်တုန်းကဆို ရန်ဖြစ်ရင် ဘာမှပါတာမဟုတ်ဘူး။ အခုဟာက ရဲတင်းကို တကူးတကသွားဝယ်တယ်။ အရိုးကိုသူ့ဘာသာ တပ်တယ်။
တနေကုန်အစ်မကိုစောင့်နေပြီး အစ်မပြန်လာ တော့မှ သောင်းကျန်းတဲ့အခါကျတော့အထဲက ဗီရိုတွေရော၊ ကြောင်အိမ်တွေရော ရိုက်ခွဲတယ်။ အပြင်မှာ လည်း ကားမှန်တွေကိုခွဲခဲ့တယ်။ အဲဒါနဲ့ အစ်မလည်း ရဲစခန်းကိုဖုန်းဆက်တယ်။ အစ်မရဲစခန်းကို အရင် သွားတယ်။ နောက်တော့ သူသွားတယ်။ သူပြန်လာတော့ ည ၂ နာရီတောင်ရှိပြီ။ အစ်မလည်း ထပ် သောင်းကျန်းမှာစိုးတာနဲ့ ခြံတံခါးဖွင့်မပေးတော့ဘူး။ နောက်တော့မှ သိရတာက မှော်ဘီကသူ့အစ်မကြီး လာခေါ်သွားတယ်လို့ သိရတယ်။
(ရွှေပြည်သာစာပေနဲ့ပတ်သက်လို့ရော ဘယ်လိုဆက်လုပ်သွားဖို့ရှိပါလဲ။) ဥပဒေပိုင်းနဲ့ပတ်သက်လို့ အစ်မသေချာမသိဘူး။ ရှေ့နေတွေ ဘာတွေတိုင်ပင်ပြီးတော့ ဘယ်လိုဆက်လုပ်မလဲ ဆုံးဖြတ်ရမှာပေါ့။ ဒါပေမဲ့ ဒီဟာက အစ်မတို့လက်ထပ်ပြီးမှ အစ်မဦးဆောင်ပြီး လုပ်လာတာပေါ့။
အခက်အခဲတွေလည်း အများကြီးကြုံရတယ်။ ကိုယ်မကျွမ်းကျင်တဲ့ အလုပ်ဆိုတော့လေ။ အဲလိုကနေ အခုတော်တော်လေး တည်ငြိမ်လာပြီး အစ်မအနေနဲ့ ဒါကို မိသားစုလုပ်ငန်းလို့ပဲ ယူဆတယ်။ ငါ့ဟာ ငါ့ပြန် ပေးဆိုပြီး ကလေးအတွေးနဲ့ ပြန်ပြီးတော့ယူလို့ရမယ်လို့တော့ အစ်မ မထင်ဘူး။
(ပြဿနာဖြစ်ပြီးတဲ့နောက်ပိုင်း ဆရာနဲ့ အဆက်အသွယ်ရသေးလား။) သူနဲ့တော့ တိုက်ရိုက်အဆက်အသွယ်မရပါဘူး။ သူ့တပည့်တွေဆီကနေ မန္တလေးရောက်နေတယ်လို့ ကြားပါတယ်။ သူစွပ်စွဲသလို အစ်မက ပရဟိတ အလုပ်တွေပိတ်ပင်တယ်ဆိုတာ မဟုတ်ပါဘူး။ သူရဟန်းဘဝတုန်းက လာဘ်လာဘ တအားရတော့ လှူနိုင်တန်းနိုင်တယ်။
အိမ်ထောင်သည်ဘဝမှာတော့ လှူနိုင်တဲ့ပမာဏနည်းသွားတာပေါ့။ ပရဟိတကိစ္စတွေရော၊ သူများတွေကိုကူညီတဲ့အပိုင်းတွေရော သူလူ ထွက်ပြီးတဲ့နောက်မှာ အစ်မဦးဆောင်ပြီးလုပ်နေတယ်။ ဒါပေမဲ့ နာမည်ကိုတော့ သူ့နာမည်ပဲတပ်ပေးတယ်။ အစ်မနာမည်တပ်ပြီးလှူရင် လူတွေကသိပ်ပြီးဝမ်းသာမှာ မဟုတ်ဘူး။ မေတ္တာရှင်(ရွှေပြည်သာ)က လှူတာဆို တော့ ကြည်နူးကြတာပေါ့။
နာမည်က အစ်မအတွက် အရေးမကြီးဘူး။ အခုလည်း ဒီကိစ္စဖြစ်တဲ့အတွက် ခြိမ်းခြောက်ခံရတာတွေရှိတယ်။ ဒီကိစ္စတွေဖြစ်တဲ့အတွက် ရှက်လည်းရှက်ပါတယ်။ အခုလိုကိုယ်ရေး ကိုယ်တာကိစ္စတွေကို လူအများသိသွားတဲ့အတွက် အနှောင့်အယှက်ဖြစ်ကြရင် တောင်းပန်ချင်ပါတယ်။ ဘာဖြစ်လို့ အခုလိုဖြေရသလဲဆိုတော့ အစ်မနဲ့ ကလေးတွေရဲ့ အသက်အန္တရာယ်ကို စိုးရိမ်လို့ပါ။
လူထွက်စဉ်တုန်းကအခြေအနေထက် အခုခြိမ်းခြောက်မှုတွေများလာတယ်။ အရင်တုန်းက ကားတာယာအလှီးခံရဖူးတယ်။ လူမသိ၊ သူမသိမြောင်းထဲမှာ ေ-နေတာထက်စာရင် ဗြောင်ပြောပြီးတော့ ေ-ချင်တယ်။ အမှန်ကို ပြောပြီး ေ-တာပဲ ကောင်းပါတယ်။
နှင်းမောင်ဦး – တွေ့ဆုံမေးမြန်းသည်