ၾကားသိရသမွ်

မင်းသားကြီး ကျော်ဟိန်း မူးယစ်ဆေးဖြတ်ခဲ့ပုံ ဆရာကြီးအောင်သင်းနဲ့ဆွေးနွေးခဲ့စဉ်က (အသိ၊ သတိရှိပါစေ)

အောင်သင်း – ဘိန်းဖြူ ဘယ်လိုလုပ်ပြီး ပြတ်သွားတာလဲ။

ကျော်ဟိန်း – ကျွန်တော်က ဘယ်သူ့ကိုမှ ကြောက်မနေချင်ဘူးဘယ်သူ့ အချုပ်ကိုင်ကိုမှ မခံချင်ဘူးဘယ်သူ့အလွှမ်းမိုးကိုမှ မခံချင် ဘူး။ ဘယ်သူ့အနိုင်ကိုမှ မခံချင်တဲ့ကောင်ဟာ ဒါကြီးရဲ့အနိုင်ကို ခံနေရပြီဆိုတာမျိုးကို တွေးလိုက်မိတော့ လန့်လာတယ်ဆရာ။ ငါတော့ သွားပြီပေါ့။ ဒီအတိုင်းကြီး ခံနေရတော့မလားပေါ့။ ဖြတ်မှဖြစ်မယ်။ ဒီအတွေးဟာ ဆေးသမားအားလုံး ဖြစ်ဖူးတဲ့အတွေးပဲ။ ဒါပေမယ့် လက်တွေ့မှာ ဘယ်သူမှ အကောင် အထည်မဖော်နိုင်ဘူး။ ဖြတ်ချင်တဲ့အချိန်မှာ အားလုံးလိုလို စွဲကြပြီ။ ကျွန်တော်လည်း ဖြတ်ချင်စိတ်ရှိတဲ့အချိန်မှာ ရေရေ လည်လည်ကို စွဲနေပြီ။ ဒါကြီးကို ဘယ်လိုဖြတ်မလဲ။ စဉ်းစား တော့ အဖြေတစ်ခုထွက်လာတယ်။

ဘိန်းဖြူဆိုတာကြီးက ငါ့ကို လွှမ်းမိုးနေပါကလား၊ ဒီကောင်ကြီးက ငါ့ကို ချုပ်ကိုင်နေပါကလား ဆိုတာကြီးကို မကြိုက်နိုင်အောင် ဖြစ်လာခဲ့ရတယ်။ အဲဒီအချိန်မှာပဲ ဒါရိုက်တာ တစ်ယောက်ကလည်း ကျွန်တော့်ကို လွှမ်းမိုးချုပ်ကိုင်ဖို့ ကြိုးစား လာတာကို သတိထားမိလာတယ်။ ရှေ့ပိုင်းမှာ ကျွန်တော်ပြောခဲ့ သလို ကျွန်တော်က ဘယ်သူ့လွှမ်းမိုးမှု ချုပ်ကိုင်မှုကိုမှ မခံချင် ဘူး။

နောက်ပြီး ကျွန်တော်က ရှက်တတ်တယ်ဆရာ။ ရှက် တတ်တယ်ဆိုတာက တခြားဟာမျိုးတွေမဟုတ်ပါဘူး။ ကျွန်တော့် စိတ်ထဲမှာ အထင်ကြီးနေတဲ့သူတစ်ယောက်ယောက် ကျွန်တော့် ကို‘ဒီကောင် အလကားကောင်ပဲ’လို့ အထင်သေးသွားမှာမျိုးကို ရှက်တတ်တယ်။ ဒီအချိန်မှာ ဒါရိုက်တာ ဆရာဦးဝင်းဖေနဲ့ ‘လူသွားလမ်းကလေး’ ဆိုတဲ့ကားကို ရိုက်နေတဲ့အချိန်ပေါ့။ ကျွန်တော်က ဦးဝင်းဖေကို အထင်ကြီးတယ်။ သူက အနုပညာ ကျောင်းအုပ်ကြီး၊ ပန်းချီလည်းတတ်တယ်၊ စာလည်းရေးတယ်၊ ရုပ်ရှင်ပညာကိုလည်း တတ်တယ်။ ကျွန်တော်က ယူဆတယ်။ သူက ကျွန်တော့်ကို ဘိန်းဖြူစွဲနေသူရယ်လို့ သိသွားမှာကို ကြောက်နေတယ်။ အဲဒီမှာတင်ပဲ ကဲကွာ ဖြတ်တယ်ကွာဆိုပြီး ဖြတ်ချလိုက်ပြီး အရက်ကိုသောက်တော့တာပဲ။

ပြောလိုက်ရဦးမယ်။ စောစောကပြောခဲ့တဲ့ ကျွန်တော့်ကို ချုပ်ကိုင်ဖို့ကြိုးစားတဲ့ ဒါရိုက်တာကိုယ်တော်မြတ်က အဲဒီကျ တော့မှ ကျွန်တော်ဟာဖြင့် အရက်တွေကို စွတ်သောက်နေပြီ၊ ကြည့်လုပ်ကြပါဦး ဘာညာနဲ့ ကျွန်တော့်အစ်ကိုတို့၊ ညီမတို့ကို သွားတိုင်တော့တာကိုး ဆရာရဲ့။ ဒီတော့ ကျွန်တော့်စိတ်ထဲမှာ “ဟ ဘိန်းဖြူတုန်းကတော့ ဘာမှမပြော အရက်သောက်တာကျမှ ပြောရသလား မရိုးသားဘူး”ပေါ့။ တကယ်ဆိုတော့ ဘိန်းဖြူ လုပ်နေတာကို သူသိတယ်၊ ရိပ်မိတယ်။ “ခင်ဗျားဗျာ ဒါကို မလုပ်ပါနဲ့ ဘာညာ” စသည်ဖြင့် ကျွန်တော့်ကိုပြောစေချင်တယ်။ သူက အဲဒီတုန်းက ဘာမှမပြောဘူး။ သူ့ကိုလည်း “ခင်ဗျားဗျာ ဘိန်းဖြူတုန်းကတည်းက ပြောပါလား၊ ခုမှပြောရသလား”ဆိုပြီး သူ့ကို ငိုပြီးတော့ကို ပြောခဲ့မိပါသေးတယ်။

အောင်သင်း- ဒီတော့ ဘိန်းဖြူကို ဖြတ်ချင်လာခဲ့တာတွေက –

ကျော်ဟိန်း- ဘိန်းဖြူ ရဲ့လွှမ်းမိုးနေမှုကြီးကို ကြောက်တယ်။ နောက်တစ်ချက် က ဘိန်းဖြူကိုအကြောင်းပြုပြီး တစ်ယောက်ယောက်၊ တစ်စုံ တစ်ခုကို ကြောက်နေရမှာကြီးကိုလည်း ကြောက်တယ်။ နောက် တစ်ချက်က အလုပ်တစ်ခုပေါ်လာလိုက်ရင် ကျွန်တော်က ဘယ် တော့မှ အဆင်သင့်မဖြစ်ဘူး။ အလုပ်အတွက် လာခေါ်လိုက်ရင် ကျွန်တော်က ခဏကလေးဆိုပြီး ဟိုဟာလုပ်သလိုလို၊ ဒီဟာ ယူသလိုလို၊ အိမ်သာဝင်လိုက်သလိုလိုနဲ့ ဘိန်းဖြူကို ချရတော့ တာ။

အောင်သင်း-ရှူတာလား။

ကျော်ဟိန်း – ဟုတ်တယ်။ စီးကရက်ထဲထည့်ပြီး ရှူတာ။ ကျွန်တော်က ထိုးတာတွေဘာတွေကို ဝါသနာမပါဘူး။
အောင်သင်း – အတိုင်းအတာ အကန့်အသတ်ရှိသေးသလား။ ဘယ်လောက်များများလုပ်ခဲ့သလဲ။

ကျော်ဟိန်း – ဟာ.. ဆရာ့နှယ်… ဘာပြောကောင်းမလဲ၊ သုံးလိုက် ရှူလိုက် တာဟာ မိုးမွှန်ရောဆိုတာမျိုးပေါ့။ ပိုက်ဆံကလည်း ရနေပြီကိုး ဆရာရဲ့။ ဘယ်လောက်ရှူလိုက် သုံးလိုက်သလဲဆိုရင် ကျွန်တော် ဒီအိမ်ကြီးထဲက အခန်းတစ်ခန်းမှာချတာ၊ အခန်းထဲကအိမ်မြှောင် တွေပါ ဘိန်းဖြူစွဲကုန်တာ။ ကျွန်တော်တို့ဖြတ်တော့ အဲဒီကောင် တွေ အကုန်ပြုတ်ကျပြီး သေကုန်ရော။ ဒါနဲ့ပဲ ဖြတ်လိုက်တော့ – – နေဦးဆရာ။

ဖြတ်တယ်။ ဒါပေမယ့် မလွယ်တာကို ပြောပြပါ့ မယ်၊ဥပဒေနဲ့လည်း မလွတ်ကင်းတော့ ဥပဒေလည်းကြောက်ရအကုန်ကြောက်နေရတာကြီး ဖြတ်မယ်ကွာလို့ ဆုံးဖြတ်ပြီးတာနဲ့ ဘိန်းဖြူတစ်လိပ်ကို သေချာဖြည့်အဝချ၊ ပြီးတာနဲ့အထုပ်လိုက် ကြီးကို အိမ်သာထဲသွန်ထည့်ပြီး ရေဆွဲချပစ်လိုက်တယ်။ ပြီးတော့ မှ ဘိန်းဖြူ စည်းစိမ်ကလေးနဲ့ မှိန်းနေတာပေါ့။ ၂ နာရီလောက် ရှိတော့ တဖြည်းဖြည်း ပြေသွားရော၊ အာနိသင် ကုန်သွားရော။ ဒီတော့ နောက်ထပ်ပြီး လုပ်ချင်လာပြန်ပါရော။ ကျွန်တော် ဘာလုပ်မိတယ်ထင်သလဲ။ အိမ်သာထဲပြန်သွား အိမ်သာခွက် ဘေးနှုတ်ခမ်းတွေကို လက်နဲ့ ပွတ်သပ်ရှာကြည့်မိသေးတယ်။ နည်းနည်းပါးပါး ကပ်ပြီးကျန်နေခဲ့ဦးမလားပေါ့။ ကျွန်ဖြစ်သွား ပြီဆိုရင် အဲဒီလိုကို ကြောက်စရာကောင်းတယ် ဆရာရေ။ ကျွန်တော် မရွံမရှာကို လုပ်ခဲ့မိတာ။ နောက်မှ ဖျတ်ခနဲ သတိရ ပြီး’ဟ..ငါ ဘာလုပ်နေတာလဲ ရူးနေသလား”ဆိုပြီး စိတ်ကို ပျက်သွားတာပဲ။ တစ်ယောက်တည်း အိမ်သာထဲမှာ ရှက်လိုက် တာ ဆရာရယ်။

အဲဒီမှာတင် ဇွတ်ကို ဖြတ်ချပစ်လိုက်တာပါပဲ။ ဖြတ်လိုက် တော့လည်း ပြတ်သွားတာပါပဲ။ ကျွန်တော့်စိတ်ကို ကျွန်တော် ယုံလာတယ်။ ငါ တကယ်လုပ်ချင်ရင် တကယ်ကိုဖြစ်တယ်။ ငါ့စိတ်ကို ငါနိုင်တယ်လို့ ယုံကြည်လာတယ်။

အောင်သင်း – နောက်ပိုင်း ဘယ်လောက်ကြာလောက်အထိ ရှူချင်စိတ် ပြန်ပေါ်နေသေးသလဲ။ တမ်းတစွဲလမ်းမိနေတာကို ပြောတာပါ။
ကျော်ဟိန်း-အဲဒီလိုတော့ မဖြစ်ဘူးဆရာ။ ကျွန်တော်က လူတစ်မျိုးဆရာရဲ့။ မလုပ်တော့ဘူးလို့ ဖြတ်လိုက်ရင် စိတ်ကကို ပြတ်သွားတာ။ ဒါပေမယ့် စိတ်ကိုသာ နိုင်တာကိုး ဆရာရဲ့။ ဒီရုပ်ကြီးက သူ့သဘောသူဆောင်နေတာ မဟုတ်လား။ ကျွန်တော့်ရုပ်ကြီးက ဘိန်းဖြူစွဲသွားခဲ့ပြီလေ။ သူကတော့ တောင့်တနေပြန်သေးတာ ပဲ။ သူ့ကိုကျတော့ ကျွန်တော်က မနိုင်တော့ဘူး။ ဝါးဝါးနဲ့ သမ်းပြီး ‘ရင်း’ထနေတာဟာ အကြာကြီးပဲ။ သူကလည်း ဆယ်နှစ်ပဲဆရာရေ ဆယ်နှစ်ပဲ။ ဆယ်နှစ်လောက်ကိုခံခဲ့ရတာ။ ပျောက်သွားတာ ဘာကြာသေးလို့လဲ။

အောင်သင်း – တစ်ခုရှိတာက မင်းပြောသလို စိတ်ကပြတ်သွားဖို့က သိပ်တော့ မလွယ်လှဘူးကွ။ ဒါကြောင့် တချို့ ဆေးရုံတက်ပြီး ဖြတ်၊ ပြတ်သွားပါလျက် နောက်တစ်ခါ အဲဒီဘက်ကို ပြန်ပြီးလည်သွား တာမျိုးတွေ ဖြစ်နေတာပေါ့။

ကျော်ဟိန်း- ဟုတ်တယ် ဆရာ၊ သိပ်တော့ မလွယ်လှဘူး။ ဘိန်းဖြူ မစွဲနိုင် ပါဘူးဆိုတဲ့လူတွေ လာခဲ့စမ်းပါ၊ ကျွန်တော်ကကို ပိုက်ဆံအကုန် ခံပြီး တိုက်ပါ့မယ်။

အဲဒီကျတော့ –
အောင်သင်း – မလုပ်ပါနဲ့ မောင်ကျော်ဟိန်းရယ် အဲဒါမျိုးကို စိန်မခေါ်ကောင်းပါဘူး။ (ရယ်လျက် ပြောလိုက်မိပါသည်)
———————————————

အပေါ်က အကြောင်းတွေက
နိုင်ငံကျော်မင်းသား ကျော်ဟိန်းကို ဆရာဦးအောင်သင်းက အင်တာဗျူးထားတဲ့အထဲက မူးယစ်ဆေးနဲ့ ပတ်သက်တဲ့အပိုင်းလေးကို ဖြတ်ပြီး ရေးပြလိုက်တာပါ။

မူးယစ်ဆေးဆိုတာ စွဲလမ်းသွားရင် လူမှုရေး၊ပညာရေး၊ မိသာစုအရေး ဘာဆိုဘာမှ သုံးမရတော့ဘဲ ဘဝပျက်သွားတတ်တယ်၊ ကိုယ်တွေလူငယ်ဘဝကလည်း အနည်းနဲ့အများ လက်တည့်စမ်းဖူးတယ်ဆိုပေမယ့် ဒီနေ့ခေတ်မှာ မူးယစ်ဆေးက နာမည်ပေါင်းစုံနဲ့ ထွက်လာတဲ့အပြင် generation တွေကလည်း မြင့်လာတယ်၊ ကိုယ်တွေခေတ်နဲ့ မတူတာက အတော်ကြီး လွယ်လွယ်ကူကူ နဲ့ဝယ်လို့ရ‌နေတာ..ပဲ။

လူငယ်တွေကို အဓိကပစ်မှတ်ထားပြီး ခေတ်ပျက်တုန်း အပီအပြင်ကို အကြီးအကျယ် အရောင်းအဝယ်လုပ်နေတာတွေက အတော်ကြီး စိတ်မချမ်းသာစရာပဲ။ လူတယောက်က မူးယစ်ဆေးတကယ်စွဲသွားရင် ၊ မူးယစ်ကျွန်ဖြစ်သွားရင် သိပ်ကြောက်ဖို့ကောင်းတယ်။

အသိ၊ သတိရှိပါစေ။

CTOU.
Via- Win Maung.

ခရက်ဒစ်-ကူးယူဖော်ပြပါသည်