ရောဂါဖြစ်ပွားသူ အစုလိုက်အပြုံလိုက် တစ်ပြိုင်နက် ပေါ်လာနိုင်ဟု ကျန်းမာရေးဝန်ကြီးသတိပေးပြီ
COVID-19 ကပ်ရော ဂါနှင့်ဆက်စပ်၍ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေသည် မည် သည့်ဘက်သို့ ဦးတည်သွားမည် ကို တထစ်ချ ပြောဆိုရန် အချိန် အနည်းငယ် စောလွန်းနေပြီး..။
ရောဂါဖြစ်ပွားသူများ နေရာအနှံ့ အပြားမှ အစုလိုက်အပြုံလိုက် တစ်ပြိုင်တည်း ပေါ်လာခြင်းမျိုး ဖြစ်နိုင်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယမန် နေ့တွင် သတိပေးထုတ်ပြန်သည်။
‘မပေါ့ဆသင့်သော CO-VID-19 ကပ်ရောဂါ’ ခေါင်းစဉ် ဖြင့် ပြည်ထောင်စုဝန်ကြီး ဒေါက် တာမြင့်ထွေး ၏ သတိပေးထုတ် ပြန်ချက်တွင် ကပ်ရောဂါသဘော သဘာဝဆိုသည်မှာ ဖြစ်ပွားမှုနှုန်း တဖြည်းဖြည်း မြင့်တက်လာခြင်း (သို့မဟုတ်) ဖြစ်ပွားမှုနှုန်း တန့် နေခြင်း (သို့မဟုတ်) တဖြည်း ဖြည်းကျဆင်းလာခြင်း (သို့မ ဟုတ်) ရုတ်တရက် ထပ်မံမြင့် တက်လာခြင်းမျိုး ရှိနိုင်ကြောင်း ဖော်ပြသည်။
ယခုလိုအချိန်၌ မည်သည့် ဘက်သို့ ဦးတည်သွားမည်ကို တ ထစ်ချ ခန့်မှန်းပြောဆိုရန် အချိန် အနည်းငယ်စောလွန်းနေပြီး ပြည် သူများသိရှိရမည့် အချက်တစ် ချက်မှာ ရောဂါဖြစ်ပွားသူများနေရာအနှံ့အပြားမှ အစုလိုက်အပြုံ လိုက် တစ်ပြိုင်နက်တည်းနီးပါး ပေါ်လာခြင်းမျိုးလည်း ရှိနိုင်သည် ဟု အသိပေးသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဆောင်ရန်၊ ရှောင်ရန် အချက်များ ကို မလိုက်နာသူများ ရှိနေနိုင်ခြင်း နှင့် ရောဂါပျိုးချိန်ကာလ (Incu-bation Period) အတွင်း၌ ရှိနေ ပြီး ရောဂါလက္ခဏာမပြသေးသူ များ၊ ရောဂါမဖြစ်သေးသူများ ရှိ နေနိုင်ခြင်းတို့ကြောင့် တစ်ချိန် တည်း၊
တစ်ပြိုင်တည်းနီးပါး ရော ဂါကူးစက်ပြန့်ပွားမှုများ အများအ ပြားဖြစ်လာနိုင်သည်ဟုဆိုသည်။ထိုကဲ့သို့ ရောဂါကူးစက်မှု များသည် နေရာအနှံ့အပြား၌ တစ်ပြိုင်နက် ပေါ်ပေါက်လာပါက ရောဂါထိန်းချုပ်ရန်ခက်ခဲပြီး မနိုင် မနင်းဖြစ်လာမည်ဟု ဆိုသည်။
ရောဂါတစ်ခုသည် ရောဂါ ပျိုးချိန် ရှည်ကြာလျှင် ရှည်သ လောက် ပိုမိုအန္တရာယ်ရှိကာ နေ ရာဒေသတစ်ခုတွင် ကပ်ရောဂါ တစ်ခု၏ ရောဂါပျိုးချိန် အရှည် ကြာဆုံးကာလ၏ နှစ်ဆတာကာ လအတွင်း ရောဂါဖြစ်ပွားသူ တစ်ဦးတစ်ယောက်မျှ မရှိမှသာ လျှင် အဆိုပါ နေရာဒေသ၌ ရော ဂါကူးစက်ဖြစ်ပွားခြင်း မရှိတော့ ဟု ကောက်ချက်ချနိုင်ကြောင်း ဖော်ပြသည်။
ယခု COVID-19 ရောဂါ တွင် ရောဂါပျိုးချိန်၏ နှစ်ဆတာ ကာလဖြစ်သော ၂၈ ရက်အတွင်း ရောဂါဖြစ်ပွားသူ တစ်ဦးတစ် ယောက်မျှ မရှိမှသာ ရောဂါကူး စက်ဖြစ်ပွားခြင်း မရှိတော့ဟုကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနက ယူဆသည်။
COVID-19 ကပ်ရောဂါ သည် ကမ္ဘာ၌ အသစ်ဖြစ်ပေါ် သော ရောဂါဖြစ်သည့်အပြင် ရောဂါ၏ ကူးစက်ပြန့်ပွားမှု ပုံ သဏ္ဌာန်၊
ပျံ့နှံ့မှုအရှိန်အဟုန်၊ ရောဂါပြင်းထန်မှု အတိုင်းအတာ စသည့် ရောဂါ၏ သဘောသဘာ ဝများကို အပြည့်အဝ မသိရှိရ သေးသဖြင့် ရောဂါဖြစ်ပွားမှုမရှိ တော့ဟု ကောက်ချက်ချနိုင်သော အခြေအနေသို့ ရောက်ရှိပါက လည်း မိမိတို့အနေဖြင့် ကပ်ရော ဂါတစ်ခုခု၏ အတိမ်အနက်ကို လုံးဝလျှော့တွက်၍ မရကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ဆိုသည်။
ထို့ကြောင့် ပြည်သူများနှင့် အသွားအလာ ကန့်သတ်ခံထား ရသူများအနေဖြင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေး အသိပညာပေး နှိုးဆော်ချက်များ နှင့် လမ်းညွှန်ချက်များအား အရှိန် အဟုန်မပျက် ဆက်လက်လိုက်နာ ဆောင်ရွက်ကြပါရန်နှင့် လုံးဝ မပေါ့ဆရန်လည်း ၎င်းက မေတ္တာ ရပ်ခံသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ COVID-19 အ တည်ပြုလူနာတွေ့ရှိမှု ထုတ်ပြန် ချက်များတွင် မေလ ၁၈ ရက်က စ၍ ယမန်နေ့ ညအထိ ဓာတ်ခွဲ စစ်ဆေးခဲ့သူ နှစ်သောင်းကျော် အနက် ၅၃ ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့သည်။
အဆိုပါ ၅၃ ဦးအနက် ၅၂ ဦးသည် ပြည်ပနိုင်ငံများမှပြန် လာသဖြင့် အသွားအလာကန့် သတ်ခံထားရသူဖြစ်ပြီး ကျန်တစ် ဦးမှာ ပြည်တွင်း၌ ကူးစက်ခံရ သူဖြစ်သည်။
credit Myanmar News
ေရာဂါျဖစ္ပြားသူ အစုလိုက္အျပဳံလိုက္ တစ္ၿပိဳင္နက္ ေပၚလာနိုင္ဟု က်န္းမာေရးဝန္ႀကီးသတိေပးၿပီ
COVID-19 ကပ္ေရာ ဂါႏွင့္ဆက္စပ္၍ ျမန္မာနိုင္ငံ၏ လက္ရွိအေျခအေနသည္ မည္ သည့္ဘက္သို႔ ဦးတည္သြားမည္ ကို တထစ္ခ် ေျပာဆိုရန္ အခ်ိန္ အနည္းငယ္ ေစာလြန္းေနၿပီး
ေရာဂါျဖစ္ပြားသူမ်ား ေနရာအႏွံ့ အျပားမွ အစုလိုက္အျပဳံလိုက္ တစ္ၿပိဳင္တည္း ေပၚလာျခင္းမ်ိဳး ျဖစ္နိုင္သည္ဟု က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ယမန္ ေန႔တြင္ သတိေပးထုတ္ျပန္သည္။
‘မေပါ့ဆသင့္ေသာ CO-VID-19 ကပ္ေရာဂါ’ ေခါင္းစဥ္ ျဖင့္ ျပည္ေထာင္စုဝန္ႀကီး ေဒါက္ တာျမင့္ေထြး ၏ သတိေပးထုတ္ ျပန္ခ်က္တြင္ ကပ္ေရာဂါသေဘာ သဘာဝဆိုသည္မွာ ျဖစ္ပြားမႈႏႈန္း တျဖည္းျဖည္း ျမင့္တက္လာျခင္း (သို႔မဟုတ္) ျဖစ္ပြားမႈႏႈန္း တန႔္ ေနျခင္း (သို႔မဟုတ္) တျဖည္း ျဖည္းက်ဆင္းလာျခင္း (သို႔မ ဟုတ္) ႐ုတ္တရက္ ထပ္မံျမင့္ တက္လာျခင္းမ်ိဳး ရွိနိုင္ေၾကာင္း ေဖာ္ျပသည္။
ယခုလိုအခ်ိန္၌ မည္သည့္ ဘက္သို႔ ဦးတည္သြားမည္ကို တ ထစ္ခ် ခန႔္မွန္းေျပာဆိုရန္ အခ်ိန္ အနည္းငယ္ေစာလြန္းေနၿပီး ျပည္ သူမ်ားသိရွိရမည့္ အခ်က္တစ္ ခ်က္မွာ ေရာဂါျဖစ္ပြားသူမ်ားေနရာအႏွံ့အျပားမွ အစုလိုက္အျပဳံ လိုက္ တစ္ၿပိဳင္နက္တည္းနီးပါး ေပၚလာျခင္းမ်ိဳးလည္း ရွိနိုင္သည္ ဟု အသိေပးသည္။
က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ ထုတ္ျပန္ထားေသာ ေဆာင္ရန္၊ ေရွာင္ရန္ အခ်က္မ်ား ကို မလိုက္နာသူမ်ား ရွိေနနိုင္ျခင္း ႏွင့္ ေရာဂါပ်ိဳးခ်ိန္ကာလ (Incu-bation Period) အတြင္း၌ ရွိေန ၿပီး ေရာဂါလကၡဏာမျပေသးသူ မ်ား၊ ေရာဂါမျဖစ္ေသးသူမ်ား ရွိ ေနနိုင္ျခင္းတို႔ေၾကာင့္ တစ္ခ်ိန္ တည္း၊ တစ္ၿပိဳင္တည္းနီးပါး ေရာ ဂါကူးစက္ျပန႔္ပြားမႈမ်ား အမ်ားအ ျပားျဖစ္လာနိုင္သည္ဟုဆိုသည္။
ထိုကဲ့သို႔ ေရာဂါကူးစက္မႈ မ်ားသည္ ေနရာအႏွံ့အျပား၌ တစ္ၿပိဳင္နက္ ေပၚေပါက္လာပါက ေရာဂါထိန္းခ်ဳပ္ရန္ခက္ခဲၿပီး မနိုင္ မနင္းျဖစ္လာမည္ဟု ဆိုသည္။
ေရာဂါတစ္ခုသည္ ေရာဂါ ပ်ိဳးခ်ိန္ ရွည္ၾကာလၽွင္ ရွည္သ ေလာက္ ပိုမိုအႏၲရာယ္ရွိကာ ေန ရာေဒသတစ္ခုတြင္ ကပ္ေရာဂါ တစ္ခု၏ ေရာဂါပ်ိဳးခ်ိန္ အရွည္ ၾကာဆုံးကာလ၏ ႏွစ္ဆတာကာ လအတြင္း ေရာဂါျဖစ္ပြားသူ တစ္ဦးတစ္ေယာက္မၽွ မရွိမွသာ လၽွင္ အဆိုပါ ေနရာေဒသ၌ ေရာ ဂါကူးစက္ျဖစ္ပြားျခင္း မရွိေတာ့ ဟု ေကာက္ခ်က္ခ်နိုင္ေၾကာင္း ေဖာ္ျပသည္။
ယခု COVID-19 ေရာဂါ တြင္ ေရာဂါပ်ိဳးခ်ိန္၏ ႏွစ္ဆတာ ကာလျဖစ္ေသာ ၂၈ ရက္အတြင္း ေရာဂါျဖစ္ပြားသူ တစ္ဦးတစ္ ေယာက္မၽွ မရွိမွသာ ေရာဂါကူး စက္ျဖစ္ပြားျခင္း မရွိေတာ့ဟုက်န္းမာေရးႏွင့္ အားကစားဝန္ ႀကီးဌာနက ယူဆသည္။
COVID-19 ကပ္ေရာဂါ သည္ ကမၻာ၌ အသစ္ျဖစ္ေပၚ ေသာ ေရာဂါျဖစ္သည့္အျပင္ ေရာဂါ၏ ကူးစက္ျပန႔္ပြားမႈ ပုံ သဏၭာန္၊
ပ်ံ႕ႏွံ့မႈအရွိန္အဟုန္၊ ေရာဂါျပင္းထန္မႈ အတိုင္းအတာ စသည့္ ေရာဂါ၏ သေဘာသဘာ ဝမ်ားကို အျပည့္အဝ မသိရွိရ ေသးသျဖင့္ ေရာဂါျဖစ္ပြားမႈမရွိ ေတာ့ဟု ေကာက္ခ်က္ခ်နိုင္ေသာ အေျခအေနသို႔ ေရာက္ရွိပါက လည္း မိမိတို႔အေနျဖင့္ ကပ္ေရာ ဂါတစ္ခုခု၏ အတိမ္အနက္ကို လုံးဝေလၽွာ့တြက္၍ မရေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ ျမင့္ေထြးက ဆိုသည္။
ထို႔ေၾကာင့္ ျပည္သူမ်ားႏွင့္ အသြားအလာ ကန႔္သတ္ခံထား ရသူမ်ားအေနျဖင့္ က်န္းမာေရး ႏွင့္ အားကစားဝန္ႀကီးဌာနမွ ထုတ္ျပန္ထားေသာ က်န္းမာေရး အသိပညာေပး ႏွိုးေဆာ္ခ်က္မ်ား ႏွင့္ လမ္းညႊန္ခ်က္မ်ားအား အရွိန္ အဟုန္မပ်က္ ဆက္လက္လိုက္နာ ေဆာင္ရြက္ၾကပါရန္ႏွင့္ လုံးဝ မေပါ့ဆရန္လည္း ၎က ေမတၱာ ရပ္ခံသည္။
က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၏ COVID-19 အ တည္ျပဳလူနာေတြ႕ရွိမႈ ထုတ္ျပန္ ခ်က္မ်ားတြင္ ေမလ ၁၈ ရက္က စ၍ ယမန္ေန႔ ညအထိ ဓာတ္ခြဲ စစ္ေဆးခဲ့သူ ႏွစ္ေသာင္းေက်ာ္ အနက္ ၅၃ ဦးတြင္ COVID-19 ေရာဂါပိုးေတြ႕ရွိခဲ့သည္။
အဆိုပါ ၅၃ ဦးအနက္ ၅၂ ဦးသည္ ျပည္ပနိုင္ငံမ်ားမွျပန္ လာသျဖင့္ အသြားအလာကန႔္ သတ္ခံထားရသူျဖစ္ၿပီး က်န္တစ္ ဦးမွာ ျပည္တြင္း၌ ကူးစက္ခံရ သူျဖစ္သည္။
credit Myanmar News