မြန်မာနိုင်ငံဒေသအများအပြားမှာ တွေ့လာရတဲ့ ကြောက်မက်ဖွယ်ရာ မိကျောင်းပုံသဏ္ဍာန်နှင့် ငါးမိကျောင်းရဲ့ အန္တရာယ်ကဘာဖြစ်မလဲ?
မြန်မာနိုင်ငံအနှံ့တစ်ဝမ်းမှ လူများအတွက် မမြင်စဖူး ထူးဆန်းတဲ့ မိကျောင်းခေါင်းနဲ့ငါးကို နိုင်ငံအတွင်း နေရာဒေသအချို့မှာ စတင်တွေ့နေရပြီဖြစ်ပါတယ်။ တွေ့ရသူတွေအဖို့ အထူးဆန်း အလန့်တကြားဖြစ်နေကြသူများရှိနေကြသလို၊ အချို့ဆို ပရိတ်ရေမန်းများပါ ပက်ဖြန်းပြီး ပြန်လွှတ်ပေးနေကြသူများတောင် တွေ့ရပါတယ်။ ဒီကြောက်စရာပုံသဏ္ဍာန်နဲ့ငါးကို ငါးမိကျောင်း Alligator Gar လို့ခေါ်ပါတယ်။ တကယ်တော့ ဒီငါးက ဒီနိုင်ငံကမျိုးစိတ်မဟုတ်ပဲ ပြည်ပကနေအလည်ရောက်လာတဲ့ ငါးမျိုးစိတ်ဖြစ်ပါတယ်၊ ကြောက်မက်ဖွယ်ရာ မိကျောင်းပုံသဏ္ဍာန်နဲ့ငါးက မိကျောင်းလို အန္တရာယ်ပြုနိုင်လားဆိုတဲ့ မေးခွန်းကို မဖြေခင် ဒီငါးရဲ့ ဇာစ်မြစ်ကို ပြန်အစဖော်ကြည့်ကြရအောင်။
ငါးမိကျောင်း Alligator Gar (Atractosteus spatula) ဆိုတာက…
ငါးမိကျောင်းတွေဟာ မြောက်အမေရိကတိုက် အတွင်းမှ အကြီးဆုံး ရေချိုသားရဲ ငါးမျိုးစိတ်တွေထဲကတစ်မျိုးဖြစ်ပါတယ်။ Bowfin ငါးမျိုးများနှင့် အမျိုးတော်သလို Gar မျိုးကွဲ များစွာရှိတဲ့ အထဲက အကြီးဆုံးမျိုးလဲ ဖြစ်ပါတယ်။ ဒီငါးတွေက လွန်ခဲ့တဲ့ နှစ် သန်းပေါင်း ၁၀၀ ကျော်ကတည်းက တည်ရှိခဲ့တဲ့ ရှေးဟောင်းငါးမျိုးနွယ် Primitive fish တွေလို့ တွေ့ရှိထားပြီး၊ သူတို့ဟာ ရေထဲမှ Oxygen ကို ပါးဟပ်တွေက ရှူသွင်းနိုင်သလို၊ လေရှူနိုင်စေတဲ့ အဆုတ်ဖွဲ့စည်းပုံများလည်းပါဝင်ပါသေးတယ်။
ငါးမိကျောင်းတွေဟာ ၁၀ ပေအထိကြီးနိုင်ပါတယ်။ United States ရဲ့ တောင်ပိုင်းဒေသများမှ ရေချိုကန်ကြီးများ၊ မြစ်များ၊ အိုင်ကြီးများကနေ၊ Mexico ပင်လယ်ကွေ့အထိ နေထိုင်ကြပါတယ်။ ဒါကိုကြည့်ပြီး ငါးမိကျောင်းတွေက ရေချိုကနေ ရေငန်စပ်နေရာများမှာပါ နေထိုင်နိုင်စွမ်းရှိတာကို တွေ့ရမှာပါ။ သက်တမ်းအားဖြင့် နှစ် ၇၀ မှ ၉၀ အထိနေနိုင်ကြပါတယ်။
ငါးမိကျောင်းများရဲ့ ခေါင်းပုံသဏ္ဍာန်က မိကျောင်းခေါင်းနှင့်တူပြီး ချွန်ထက်တဲ့သွားများနှင့် ဖွဲ့စည်းထားပြီး ခန္ဓာကိုယ်မှာ သံချပ်ကာနဲ့တူတဲ့ မာကျောတဲ့ အကြေးခွံများခြုံရံထားပါတယ်။ သူတို့အနေနဲ့ ရေနေသတ္တဝါကြီးငယ်များကို အမဲလိုက်စားသုံးကြပြီး တစ်ခါတစ်ရံ ရေငှက်များ နဲ့ မြစ်ချောင်းတွေမှာ နေထိုင်စားသောက်ကြတဲ့ နို့တိုက်သတ္တဝါတွေကိုပါ အမဲလိုက်စားကြပါတယ်။
ငါးမိကျောင်းတွေဟာ United States မှာ အခြားငါးများနဲ့ယှဉ်ရင် အမှိုက်သရိုက်များလို သတ်မှတ်ခံခဲ့ရပြီး အလွန်အကျွံဖမ်းဆီးမှုများ၊ Sport Fishing အဖြစ် လွန်ကဲစွာ အဖမ်းခံရခြင်း နောက်ပြီး သူတို့နေထိုင်ရာ စားကျက်ဒေသများ ပျက်စီးလာရတာကြောင့်သူတို့ရဲ့ အရေအတွက်ဟာ ဆက်တိုက်ကျဆင်းနေခဲ့တာကြောင့် ငါးမိကျောင်း ကယ်ဆယ်ရေးစခန်းများပါဖွင့်ပြီး သုတေသန ပြုလုပ် ထိန်းသိမ်းစောင့်ရှောက်ခံရတဲ့ အနေထားထိရောက်ရှိနေပါပြီ။
ငါးမိကျောင်းတွေ မြန်မာနိုင်ငံကို ဘယ်လို အလည်ရောက်လာကြလဲ?
ငါးမိကျောင်းတွေက အလှမွေးငါးအနေနဲ့ ငါးမွေးသူတွေကြားမှာ နာမည်ကြီးပြီးတော့ နိုင်ငံပေါင်းများစွာမှာ တင်သွင်းမွေးမြူကြရာ၊ မြန်မာနိုင်ငံလဲ အပါအဝင် ဖြစ်ပါတယ်။ ငါးမွေးသူများအဖို့ ဒီလို ၁၀ ပေလောက်အထိကြီးနိုင်မယ့်ငါးတွေကို ဆက်လက်တာဝန်ယူထိန်းသိမ်းဖို့ မဖြစ်နိုင်တော့တဲ့အခါမှာ သဘာဝရဲ့ ရင်သွေးငယ်များအဖြစ် ကန်၊ ချောင်း၊ မြစ်များအတွင်းသို့ တာဝန်မဲ့စွာ ဘေးမဲ့ပေးခံရပြီး နိုင်ငံအနှံ့တစ်ဝှမ်း ဒေသအချို့မှာ စတင်တွေ့ရှိလာတာဖြစ်ပါတယ်။ မိကျောင်းငါးတစ်မျိုးထဲ မဟုတ်အခြား ပြည်ပမှ သားရဲငါးမျိုးစိတ်ပေါင်းများစွာလည်း တာဝန်မဲ့သော အလှမွေးငါးမွေးကြသူများကြောင့် မြန်မာနိုင်ငံရဲ့ ရေပိုင်နက်များအတွင်းမှာ စတင်ပြန့်ပွားပြီး ကျူးကျော်မျိုးစိတ်များနေနဲ့ မျိုးရင်းငါးမျိုးစိတ်ပေါင်းများစွာနဲ့ ဂေဟနစ်ကို ဒုက္ခပေးနေကြပါပြီ။
ပြည်ပမှဝင်ရောက်လာတဲ့ မိကျောင်းငါးတွေက ကျူးကျော်မျိုးစိတ်အနေနဲ့ မြန်မာနိုင်ငံက လူများ၊ ရေနေသတ္တဝါများ နှင့် ဂေဟစနစ်များကို ဒုက္ခပေးနိုင်ပါသလား?
မိကျောင်းငါးများကို မြန်မာနိုင်ငံတွင်း ဒေသအချို့မှာ စတင်တွေ့ရှိလာပြီဖြစ်ရာ သူတို့ရဲ့ပုံသဏ္ဍာန်ကြောင့် လူများကြောက်လန့်စိုးရိမ်ဖွယ်ရာဖြစ်နေပါတယ်။
တကယ်တော့ ပုံစံကသာ ကြောက်စရာကောင်းပေမယ့် ငါးမိကျောင်းများက လူများကို တိုက်ခိုက်မှု တစ်စုံတစ်ရာ မရှိဖူးသလို၊ သူတို့ရဲ့ အမဲလိုက်လိုက်စားသောက်မှုကလည်း အခြားသားရဲငါးမျိုးစိတ်များလို အလွန်အကြူး မဟုတ်ပါ။ နောက်တစ်ချက်မှာ မိကျောင်းငါးတွေအနေနဲ့ မျိုးပွားဖို့ရာ အရွယ်ရောက်တဲ့အရွယ်မှာ ဆယ်နှစ်ကျော်မှဖြစ်ပြီး အလွန်ကြာမြင့်တာကြောင့် မူလနိုင်ငံမှာတောင် မျိုးတုန်းမယ့်အန္တရာယ်ကြုံတွေ့နေရတဲ့ ဉပမာ ရှိနေခဲ့တာကြောင့် မြန်မာနိုင်ငံအတွင်းမှာလည်း အခြားကျူးကျော်မျိုးစိတ်များဖြစ်တဲ့ ငါးခူခေါင်းပွ၊ စုပ်ခွက်ငါး၊ Peacock Bass နှင့် Tilapia များလို ထိန်းမနိုင်အောင် ပြန့်ပွားမယ့် အန္တရာယ်မှာ မစိုးရိမ်ရပါ။
လူအများတကယ်တမ်းသတိထားရမယ့် အချက်မှာ ငါးမိကျောင်းရဲ့ ဉ တွေပါ။ ငါးမိကျောင်းတွေရဲ့ ဉတွေဟာ အနီရောင်ဖြစ်ပြီးတော့ ဉများဉသည့်အခါ အခြားသားရဲများ ဉများကိုစားသောက်ခြင်းမှ ကာကွယ်ရန် သဘာဝမှ အကာအကွယ်ဖွဲ့စည်းပေးသည့် အဆိပ်ရှိသည့် အနီရောင်ဉများ ဉပါသည်။ ငါးမိကျောင်းဉများကို စားမိသည့်အခါ လူကိုပါ အဆိပ်မိစေတတ်တဲ့အတွက် ငါးကိုဖမ်းစီးရရှိတဲ့အခါ ငါးကိုစားသုံးနိုင်သော်လည်း ဉနှင့် ဉအိမ်ကိုစားခြင်းမှ ရှောင်သင့်ပါတယ်။ ဖမ်းစီးရမိရင်လည်း ပြည်ပမျိုးဖြစ်သည့်အတွက် ဂေဟစနစ်အပေါ် အန္တရာယ်ပေးနိုင်နှုန်းနည်းသော်လည်း ပြန်မလွှတ်ပေးပဲ သုတ်သင်ရှင်းလင်းသင့်ပါသည်။
ငါးမိကျောင်းများသည် အသွင်သဏ္ဍာန်သာ မိကျောင်းနှင့်တူ၍ကြောက်မက်ဖွယ်ရာကောင်းသော်လည်း ရန်လိုမှုအလွန်နည်းပါပြီး တည်ငြိမ်စွာနေထိုင်ကြတဲ့ ငါးမျိုးဖြစ်သည်၊ တကယ်တမ်းသတိပြုရမည်မှာ သူတို့ရဲ့ အဆိပ်ရှိတဲ့ ဉတွေသာဖြစ်ပါတယ်လို့ အသိပေးပြီး နိဂုံးချုပ်ပါရစေဗျာ။
Zawgyi
ျမန္မာႏိုင္ငံေဒသအမ်ားအျပားမွာ ေတြ႕လာရတဲ့ ေၾကာက္မက္ဖြယ္ရာ မိေက်ာင္းပုံသ႑ာန္ႏွင့္ ငါးမိေက်ာင္းရဲ႕ အႏၲရာယ္ကဘာျဖစ္မလဲ?
ျမန္မာႏိုင္ငံအႏွံ႔တစ္ဝမ္းမွ လူမ်ားအတြက္ မျမင္စဖူး ထူးဆန္းတဲ့ မိေက်ာင္းေခါင္းနဲ႔ငါးကို ႏိုင္ငံအတြင္း ေနရာေဒသအခ်ိဳ႕မွာ စတင္ေတြ႕ေနရၿပီျဖစ္ပါတယ္။ ေတြ႕ရသူေတြအဖို႔ အထူးဆန္း အလန္႔တၾကားျဖစ္ေနၾကသူမ်ားရွိေနၾကသလို၊ အခ်ိဳ႕ဆို ပရိတ္ေရမန္းမ်ားပါ ပက္ျဖန္းၿပီး ျပန္လႊတ္ေပးေနၾကသူမ်ားေတာင္ ေတြ႕ရပါတယ္။ ဒီေၾကာက္စရာပုံသ႑ာန္နဲ႔ငါးကို ငါးမိေက်ာင္း Alligator Gar လို႔ေခၚပါတယ္။ တကယ္ေတာ့ ဒီငါးက ဒီႏိုင္ငံကမ်ိဳးစိတ္မဟုတ္ပဲ ျပည္ပကေနအလည္ေရာက္လာတဲ့ ငါးမ်ိဳးစိတ္ျဖစ္ပါတယ္၊ ေၾကာက္မက္ဖြယ္ရာ မိေက်ာင္းပုံသ႑ာန္နဲ႔ငါးက မိေက်ာင္းလို အႏၲရာယ္ျပဳႏိုင္လားဆိုတဲ့ ေမးခြန္းကို မေျဖခင္ ဒီငါးရဲ႕ ဇာစ္ျမစ္ကို ျပန္အစေဖာ္ၾကည့္ၾကရေအာင္။
ငါးမိေက်ာင္း Alligator Gar (Atractosteus spatula) ဆိုတာက…
ငါးမိေက်ာင္းေတြဟာ ေျမာက္အေမရိကတိုက္ အတြင္းမွ အႀကီးဆုံး ေရခ်ိဳသားရဲ ငါးမ်ိဳးစိတ္ေတြထဲကတစ္မ်ိဳးျဖစ္ပါတယ္။ Bowfin ငါးမ်ိဳးမ်ားႏွင့္ အမ်ိဳးေတာ္သလို Gar မ်ိဳးကြဲ မ်ားစြာရွိတဲ့ အထဲက အႀကီးဆုံးမ်ိဳးလဲ ျဖစ္ပါတယ္။ ဒီငါးေတြက လြန္ခဲ့တဲ့ ႏွစ္ သန္းေပါင္း ၁၀၀ ေက်ာ္ကတည္းက တည္ရွိခဲ့တဲ့ ေရွးေဟာင္းငါးမ်ိဳးႏြယ္ Primitive fish ေတြလို႔ ေတြ႕ရွိထားၿပီး၊ သူတို႔ဟာ ေရထဲမွ Oxygen ကို ပါးဟပ္ေတြက ရႉသြင္းႏိုင္သလို၊ ေလရႉႏိုင္ေစတဲ့ အဆုတ္ဖြဲ႕စည္းပုံမ်ားလည္းပါဝင္ပါေသးတယ္။
ငါးမိေက်ာင္းေတြဟာ ၁၀ ေပအထိႀကီးႏိုင္ပါတယ္။ United States ရဲ႕ ေတာင္ပိုင္းေဒသမ်ားမွ ေရခ်ိဳကန္ႀကီးမ်ား၊ ျမစ္မ်ား၊ အိုင္ႀကီးမ်ားကေန၊ Mexico ပင္လယ္ေကြ႕အထိ ေနထိုင္ၾကပါတယ္။ ဒါကိုၾကည့္ၿပီး ငါးမိေက်ာင္းေတြက ေရခ်ိဳကေန ေရငန္စပ္ေနရာမ်ားမွာပါ ေနထိုင္ႏိုင္စြမ္းရွိတာကို ေတြ႕ရမွာပါ။ သက္တမ္းအားျဖင့္ ႏွစ္ ၇၀ မွ ၉၀ အထိေနႏိုင္ၾကပါတယ္။
ငါးမိေက်ာင္းမ်ားရဲ႕ ေခါင္းပုံသ႑ာန္က မိေက်ာင္းေခါင္းႏွင့္တူၿပီး ခြၽန္ထက္တဲ့သြားမ်ားႏွင့္ ဖြဲ႕စည္းထားၿပီး ခႏၶာကိုယ္မွာ သံခ်ပ္ကာနဲ႔တူတဲ့ မာေက်ာတဲ့ အေၾကးခြံမ်ားၿခဳံရံထားပါတယ္။ သူတို႔အေနနဲ႔ ေရေနသတၱဝါႀကီးငယ္မ်ားကို အမဲလိုက္စားသုံးၾကၿပီး တစ္ခါတစ္ရံ ေရငွက္မ်ား နဲ႔ ျမစ္ေခ်ာင္းေတြမွာ ေနထိုင္စားေသာက္ၾကတဲ့ ႏို႔တိုက္သတၱဝါေတြကိုပါ အမဲလိုက္စားၾကပါတယ္။
ငါးမိေက်ာင္းေတြဟာ United States မွာ အျခားငါးမ်ားနဲ႔ယွဥ္ရင္ အမႈိက္သ႐ိုက္မ်ားလို သတ္မွတ္ခံခဲ့ရၿပီး အလြန္အကြၽံဖမ္းဆီးမႈမ်ား၊ Sport Fishing အျဖစ္ လြန္ကဲစြာ အဖမ္းခံရျခင္း ေနာက္ၿပီး သူတို႔ေနထိုင္ရာ စားက်က္ေဒသမ်ား ပ်က္စီးလာရတာေၾကာင့္သူတို႔ရဲ႕ အေရအတြက္ဟာ ဆက္တိုက္က်ဆင္းေနခဲ့တာေၾကာင့္ ငါးမိေက်ာင္း ကယ္ဆယ္ေရးစခန္းမ်ားပါဖြင့္ၿပီး သုေတသန ျပဳလုပ္ ထိန္းသိမ္းေစာင့္ေရွာက္ခံရတဲ့ အေနထားထိေရာက္ရွိေနပါၿပီ။
ငါးမိေက်ာင္းေတြ ျမန္မာႏိုင္ငံကို ဘယ္လို အလည္ေရာက္လာၾကလဲ?
ငါးမိေက်ာင္းေတြက အလွေမြးငါးအေနနဲ႔ ငါးေမြးသူေတြၾကားမွာ နာမည္ႀကီးၿပီးေတာ့ ႏိုင္ငံေပါင္းမ်ားစြာမွာ တင္သြင္းေမြးျမဴၾကရာ၊ ျမန္မာႏိုင္ငံလဲ အပါအဝင္ ျဖစ္ပါတယ္။ ငါးေမြးသူမ်ားအဖို႔ ဒီလို ၁၀ ေပေလာက္အထိႀကီးႏိုင္မယ့္ငါးေတြကို ဆက္လက္တာဝန္ယူထိန္းသိမ္းဖို႔ မျဖစ္ႏိုင္ေတာ့တဲ့အခါမွာ သဘာဝရဲ႕ ရင္ေသြးငယ္မ်ားအျဖစ္ ကန္၊ ေခ်ာင္း၊ ျမစ္မ်ားအတြင္းသို႔ တာဝန္မဲ့စြာ ေဘးမဲ့ေပးခံရၿပီး ႏိုင္ငံအႏွံ႔တစ္ဝွမ္း ေဒသအခ်ိဳ႕မွာ စတင္ေတြ႕ရွိလာတာျဖစ္ပါတယ္။ မိေက်ာင္းငါးတစ္မ်ိဳးထဲ မဟုတ္အျခား ျပည္ပမွ သားရဲငါးမ်ိဳးစိတ္ေပါင္းမ်ားစြာလည္း တာဝန္မဲ့ေသာ အလွေမြးငါးေမြးၾကသူမ်ားေၾကာင့္ ျမန္မာႏိုင္ငံရဲ႕ ေရပိုင္နက္မ်ားအတြင္းမွာ စတင္ျပန္႔ပြားၿပီး က်ဴးေက်ာ္မ်ိဳးစိတ္မ်ားေနနဲ႔ မ်ိဳးရင္းငါးမ်ိဳးစိတ္ေပါင္းမ်ားစြာနဲ႔ ေဂဟနစ္ကို ဒုကၡေပးေနၾကပါၿပီ။
ျပည္ပမွဝင္ေရာက္လာတဲ့ မိေက်ာင္းငါးေတြက က်ဴးေက်ာ္မ်ိဳးစိတ္အေနနဲ႔ ျမန္မာႏိုင္ငံက လူမ်ား၊ ေရေနသတၱဝါမ်ား ႏွင့္ ေဂဟစနစ္မ်ားကို ဒုကၡေပးႏိုင္ပါသလား?
မိေက်ာင္းငါးမ်ားကို ျမန္မာႏိုင္ငံတြင္း ေဒသအခ်ိဳ႕မွာ စတင္ေတြ႕ရွိလာၿပီျဖစ္ရာ သူတို႔ရဲ႕ပုံသ႑ာန္ေၾကာင့္ လူမ်ားေၾကာက္လန္႔စိုးရိမ္ဖြယ္ရာျဖစ္ေနပါတယ္။
တကယ္ေတာ့ ပုံစံကသာ ေၾကာက္စရာေကာင္းေပမယ့္ ငါးမိေက်ာင္းမ်ားက လူမ်ားကို တိုက္ခိုက္မႈ တစ္စုံတစ္ရာ မရွိဖူးသလို၊ သူတို႔ရဲ႕ အမဲလိုက္လိုက္စားေသာက္မႈကလည္း အျခားသားရဲငါးမ်ိဳးစိတ္မ်ားလို အလြန္အၾကဴး မဟုတ္ပါ။ ေနာက္တစ္ခ်က္မွာ မိေက်ာင္းငါးေတြအေနနဲ႔ မ်ိဳးပြားဖို႔ရာ အ႐ြယ္ေရာက္တဲ့အ႐ြယ္မွာ ဆယ္ႏွစ္ေက်ာ္မွျဖစ္ၿပီး အလြန္ၾကာျမင့္တာေၾကာင့္ မူလႏိုင္ငံမွာေတာင္ မ်ိဳးတုန္းမယ့္အႏၲရာယ္ႀကဳံေတြ႕ေနရတဲ့ ဉပမာ ရွိေနခဲ့တာေၾကာင့္ ျမန္မာႏိုင္ငံအတြင္းမွာလည္း အျခားက်ဴးေက်ာ္မ်ိဳးစိတ္မ်ားျဖစ္တဲ့ ငါးခူေခါင္းပြ၊ စုပ္ခြက္ငါး၊ Peacock Bass ႏွင့္ Tilapia မ်ားလို ထိန္းမႏိုင္ေအာင္ ျပန္႔ပြားမယ့္ အႏၲရာယ္မွာ မစိုးရိမ္ရပါ။
လူအမ်ားတကယ္တမ္းသတိထားရမယ့္ အခ်က္မွာ ငါးမိေက်ာင္းရဲ႕ ဉ ေတြပါ။ ငါးမိေက်ာင္းေတြရဲ႕ ဉေတြဟာ အနီေရာင္ျဖစ္ၿပီးေတာ့ ဉမ်ားဉသည့္အခါ အျခားသားရဲမ်ား ဉမ်ားကိုစားေသာက္ျခင္းမွ ကာကြယ္ရန္ သဘာဝမွ အကာအကြယ္ဖြဲ႕စည္းေပးသည့္ အဆိပ္ရွိသည့္ အနီေရာင္ဉမ်ား ဉပါသည္။ ငါးမိေက်ာင္းဉမ်ားကို စားမိသည့္အခါ လူကိုပါ အဆိပ္မိေစတတ္တဲ့အတြက္ ငါးကိုဖမ္းစီးရရွိတဲ့အခါ ငါးကိုစားသုံးႏိုင္ေသာ္လည္း ဉႏွင့္ ဉအိမ္ကိုစားျခင္းမွ ေရွာင္သင့္ပါတယ္။ ဖမ္းစီးရမိရင္လည္း ျပည္ပမ်ိဳးျဖစ္သည့္အတြက္ ေဂဟစနစ္အေပၚ အႏၲရာယ္ေပးႏိုင္ႏႈန္းနည္းေသာ္လည္း ျပန္မလႊတ္ေပးပဲ သုတ္သင္ရွင္းလင္းသင့္ပါသည္။
ငါးမိေက်ာင္းမ်ားသည္ အသြင္သ႑ာန္သာ မိေက်ာင္းႏွင့္တူ၍ေၾကာက္မက္ဖြယ္ရာေကာင္းေသာ္လည္း ရန္လိုမႈအလြန္နည္းပါၿပီး တည္ၿငိမ္စြာေနထိုင္ၾကတဲ့ ငါးမ်ိဳးျဖစ္သည္၊ တကယ္တမ္းသတိျပဳရမည္မွာ သူတို႔ရဲ႕ အဆိပ္ရွိတဲ့ ဉေတြသာျဖစ္ပါတယ္လို႔ အသိေပးၿပီး နိဂုံးခ်ဳပ္ပါရေစဗ်ာ။
credit