“Kpay နဲ့ Wave Money ငွေသွင်းငွေထုတ် လုပ်သူတွေကို လျှို့ဝှက်ဓာတ်ပုံရိုက်ထားဖို့ နှင့် အသေးစိတ်အချက်အလက်တွေ ယူထားဖို့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်က ညွှန်ကြားထား”

လူအများသုံးစွဲနေကြတဲ့ Kpay နဲ့ Wave Money မိုဘိုင်း ငွေကြေးဝန်ဆောင်မှုကိုယ်စားလှယ် (Agent) ဆိုင်တွေအနေနဲ့ လျှို့ဝှက်ကင်မရာ (CCTV) တပ်ဖို့နဲ့ ငွေသွင်း၊ ငွေထုတ် လာလုပ်သူတွေကို လျှို့ဝှက်ဓာတ်ပုံရိုက်ထားဖို့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်က ဩဂုတ်လ ၁၅ ရက်နေ့ ရက်စွဲနဲ့ ညွှန်ကြားထားပါတယ်။ ငွေကြေး ခဝါချမှုနဲ့ အကြမ်းဖက်မှုတွေကို ငွေကြေးမထောက်ပံ့နိုင်ဖို့ဆိုပြီး အချက် (၁၀) ချက်ပါ ညွှန်ကြားချက်ကို ထုတ်ပြန်လာတာပါ။ မိုဘိုင်း ငွေကြေးဝန်ဆောင်မှု လုပ်ကိုင်တဲ့ ကိုယ်စားလှယ်တွေအနေနဲ့ ငွေသွင်းနဲ့ ငွေထုတ်သူရဲ့ အမည်၊ နိုင်ငံသား စိစစ်ရေးကတ်အမှတ်၊ ရှေ့နောက်ပုံ မိတ္တူ၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာ၊ ငွေလွှဲပို့တဲ့အကြောင်းအရင်း စတဲ့ အချက်အလက်တွေကို အပြည့်အစုံ ရယူထားရမယ်လို့လည်း ဆိုပါတယ်။ ဒီလို လုပ်ဆောင်လာဖို့ ရှိတာကြောင့် မဆိုင်တဲ့လူတွေ … Continue reading “Kpay နဲ့ Wave Money ငွေသွင်းငွေထုတ် လုပ်သူတွေကို လျှို့ဝှက်ဓာတ်ပုံရိုက်ထားဖို့ နှင့် အသေးစိတ်အချက်အလက်တွေ ယူထားဖို့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်က ညွှန်ကြားထား”