ၾကားသိရသမွ်

ပြန်ခေတ်စားလာပြီနော်..နိုင်ငံခြားပို့ပေးမယ်ဆိုတိုင်း ဇွတ်ယုံမနေနဲ့

ပြန်ခေတ်စားလာပြီနော်..နိုင်ငံခြားပို့ပေးမယ်ဆိုတိုင်း ဇွတ်ယုံမနေနဲ့

နိုင်ငံခြားပို့ပေးမည်ဟုဆိုကာ ပွဲစားများက ငွေလိမ်လည်မှုကိစ္စ တိုင်ကြားမှု ၂၀ ကျော်ရှိဟု ရခိုင်အမျိုးသားကွန်ရက်ပြောဆို

DMG ၊ သြဂုတ် ၂၄

နိုင်ငံခြားသို့ အလုပ်လုပ်ကိုင်ရန် ပို့ပေးမည်ဟုဆိုကာဆိုကာ ပွဲစားများ ငွေလိမ်လည်မှုများရှိနေသဖြင့် ဖြေရှင်းပေးရန်အတွက် ရခိုင်ပြည်အတွင်းမှ တိုင်ကြားမှု ၂၀ ကျော်ရှိကြောင်း ရခိုင်အမျိုးသားကွန်ယက် ဥက္ကဋ္ဌ ဦးတင်ထူးအောင်ကပြောသည်။

ရန်ကုန်အခြေစိုက် ရခိုင်အမျိုးသားကွန်ရက်သည် အလုပ်သမားရေးရာကိစ္စများကို ကူညီဖြေရှင်းပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ထို့ကြောင့် ငွေလိမ်လည်ခံရသူများလည်း လာရောက်တိုင်ကြားခြင်းဖြစ်ပြီး ယခုနှစ် မတ်လ ၂၉ ရက်နေ့မှ ယနေ့အချိန်ထိ တိုင်ကြားထားသောအမှု (၂၀)ကျော်ရှိကြောင်း ကွန်ရက်ဥက္ကဋ္ဌ ဦးတင်ထူးအောင်ကဆိုသည်။

“ရခိုင်ပြည် မြို့နယ်အစုံကလူတွေ တိုင်တန်းလာမှုကတော့ အမှုပေါင်း ၂၀ ကျော်ရှိတယ်။ ကျနော်တို့အနေနဲ့လည်း ငွေပေးငွေယူ ရှင်းတမ်းအထောက်အထားရှိတဲ့သူ၊ လိမ်လည်သူ နေရပ်လိပ်စာ၊ နာမည်တွေနဲ့တကွ လာရောက်တိုင်တန်းတဲ့အမှုတွေ အကုန်လုံးကို ဖြေရှင်းပေးနေတယ်။

လက်ရှိအမှုပေါင်း ၂၀ ကျော်ထဲကလည်း ၉၀ ရာခိုင်နှုန်း ဖြေရှင်းပြီးစီးထားပြီ”ဟု ၎င်းကဆိုသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်း အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းထိုးတက်မှုများကြောင့် ဒေသခံပြည်သူအများစုမှာ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံများသို့ တရားမဝင်လမ်းကြောင်းမှ အလုပ်လုပ်ကိုင်ရန်သွားရောက်ကြသူ အများအပြားရှိသလို တရားဝင်လမ်းကြောင်းတို့မှလည်း သွားရောက်ကြသူ အများအပြားရှိကြသည်။

“အဓိက ဒီပြဿနာတွေက တိုင်းပြည်မတည်ငြိမ်တာကနေ အလုပ်အကိုင်အခွင့်အလမ်းတွေ ရှားပါးလာလို့ဖြစ်တာဖြစ်တယ်။ အဲလိုဖြစ်နေတာကို အစိုးရ(စစ်ကောင်စီ)အနေနဲ့ နိုင်ငံတကာရဲ့ ပံ့ပိုးကူညီမှုနဲ့အတူ တွေ့ဆုံညှိနှိုင်းခြင်းမှတစ်ဆင့် ငြိမ်းချမ်းရေးကိုရှာဖွေဖို့လိုအပ်သလို ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ်သို့ ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်ဖို့လိုအပ်တယ်”ဟု ၎င်းကအကြံပြုဆွေးနွေးသည်။

လက်ရှိ မလေးရှား၊ ထိုင်း စသည့်နိုင်ငံများကို တရားမဝင်လမ်းကြောင်းမှ သွားမည်ဆိုလျှင် ငွေကျပ် ၁၆ သိန်းမှ ၃၅ သိန်းကျပ်အကြားပေးလျှင် ပွဲစားများမှတစ်ဆင့် ပို့ဆောင်ပေးလျှက်ရှိကြောင်း ဒေသခံများကဆိုသည်။

အမည်မဖော်လိုသည့် ငွေလိမ်ခံရသူ ရခိုင်ဒေသခံတစ်ဦးက “ကျမတို့ကို မလေးရှားကို ၁၆ သိန်းနဲ့ ပို့ပေးမယ်ပြောတယ်။ စရန်ငွေကတော့ အခုလောလောဆယ် ၈ သိန်းပေးရမယ်ပြောတယ်။ စရန်ငွေကို ၃ လပိုင်းပေးရင် ၄ လပိုင်းမှာ သွားရမယ်ပြောပြီး အခုအချိန်ထိ မသွားရသေးသလို အဲဒီပို့ပေးမယ့်သူနဲ့လည်း အဆက်အသွယ်မရတော့ဘူး။ အခု ကျမတို့ငွေကိုလိုချင်လို့ ရခိုင်အမျိုးသားကွန်ယက်ရုံးမှာ တိုင်ထားတယ်”ဟု ပြောသည်။

အလုပ်အကိုင်ရှားပါးမှုကြောင့် လက်ရှိ ထိုင်း၊ မလေးရှားသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသည့် မြန်မာနိုင်ငံသားအများစုမှာ တရားမဝင်လမ်းကြောင်းမှ သွားရောက်ကာ အလုပ်လုပ်ကိုင်သူ များပြားသည့်အတွက် ဖမ်းဆီးခံရသူများလည်း အများအပြားရှိနေသည်။

R011

ပုံစာ – ပြည်ပတွင် အလုပ်လုပ်ကိုင်ရန် သွားရောက်သူမျာကိုတွေ့ရစဉ်။

ျပန္ေခတ္စားလာၿပီေနာ္..ႏုိင္ငံျခားပို႔ေပးမယ္ဆုိတုိင္း ဇြတ္ယံုမေနနဲ႔

ႏိုင္ငံျခားပို႔ေပးမည္ဟုဆိုကာ ပြဲစားမ်ားက ေငြလိမ္လည္မႈကိစၥ တိုင္ၾကားမႈ ၂၀ ေက်ာ္ရွိဟု ရခိုင္အမ်ိဳးသားကြန္ရက္ေျပာဆို

DMG ၊ ၾသဂုတ္ ၂၄

ႏိုင္ငံျခားသို႔ အလုပ္လုပ္ကိုင္ရန္ ပို႔ေပးမည္ဟုဆိုကာဆိုကာ ပြဲစားမ်ား ေငြလိမ္လည္မႈမ်ားရွိေနသျဖင့္ ေျဖရွင္းေပးရန္အတြက္ ရခိုင္ျပည္အတြင္းမွ တိုင္ၾကားမႈ ၂၀ ေက်ာ္ရွိေၾကာင္း ရခိုင္အမ်ိဳးသားကြန္ယက္ ဥကၠ႒ ဦးတင္ထူးေအာင္ကေျပာသည္။

ရန္ကုန္အေျခစိုက္ ရခိုင္အမ်ိဳးသားကြန္ရက္သည္ အလုပ္သမားေရးရာကိစၥမ်ားကို ကူညီေျဖရွင္းေပးေနသည့္ အဖြဲ႕အစည္းတစ္ခုျဖစ္သည္။ ထို႔ေၾကာင့္ ေငြလိမ္လည္ခံရသူမ်ားလည္း လာေရာက္တိုင္ၾကားျခင္းျဖစ္ၿပီး ယခုႏွစ္ မတ္လ ၂၉ ရက္ေန႔မွ ယေန႔အခ်ိန္ထိ တိုင္ၾကားထားေသာအမႈ (၂၀)ေက်ာ္ရွိေၾကာင္း ကြန္ရက္ဥကၠ႒ ဦးတင္ထူးေအာင္ကဆိုသည္။

“ရခိုင္ျပည္ ၿမိဳ႕နယ္အစုံကလူေတြ တိုင္တန္းလာမႈကေတာ့ အမႈေပါင္း ၂၀ ေက်ာ္ရွိတယ္။ က်ေနာ္တို႔အေနနဲ႔လည္း ေငြေပးေငြယူ ရွင္းတမ္းအေထာက္အထားရွိတဲ့သူ၊ လိမ္လည္သူ ေနရပ္လိပ္စာ၊ နာမည္ေတြနဲ႔တကြ လာေရာက္တိုင္တန္းတဲ့အမႈေတြ အကုန္လုံးကို ေျဖရွင္းေပးေနတယ္။

လက္ရွိအမႈေပါင္း ၂၀ ေက်ာ္ထဲကလည္း ၉၀ ရာခိုင္ႏႈန္း ေျဖရွင္းၿပီးစီးထားၿပီ”ဟု ၎ကဆိုသည္။

စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ျမန္မာႏိုင္ငံအတြင္း အလုပ္အကိုင္ရွားပါးမႈ၊ ကုန္ေဈးႏႈန္းထိုးတက္မႈမ်ားေၾကာင့္ ေဒသခံျပည္သူအမ်ားစုမွာ ထိုင္းႏိုင္ငံႏွင့္ မေလးရွားႏိုင္ငံမ်ားသို႔ တရားမဝင္လမ္းေၾကာင္းမွ အလုပ္လုပ္ကိုင္ရန္သြားေရာက္ၾကသူ အမ်ားအျပားရွိသလို တရားဝင္လမ္းေၾကာင္းတို႔မွလည္း သြားေရာက္ၾကသူ အမ်ားအျပားရွိၾကသည္။

“အဓိက ဒီျပႆနာေတြက တိုင္းျပည္မတည္ၿငိမ္တာကေန အလုပ္အကိုင္အခြင့္အလမ္းေတြ ရွားပါးလာလို႔ျဖစ္တာျဖစ္တယ္။ အဲလိုျဖစ္ေနတာကို အစိုးရ(စစ္ေကာင္စီ)အေနနဲ႔ ႏိုင္ငံတကာရဲ႕ ပံ့ပိုးကူညီမႈနဲ႔အတူ ေတြ႕ဆုံညႇိႏႈိင္းျခင္းမွတစ္ဆင့္ ၿငိမ္းခ်မ္းေရးကိုရွာေဖြဖို႔လိုအပ္သလို ဒီမိုကေရစီလမ္းေၾကာင္းမွန္ေပၚသို႔ ျပန္လည္ေရာက္ရွိေအာင္ ေဆာင္႐ြက္ဖို႔လိုအပ္တယ္”ဟု ၎ကအႀကံျပဳေဆြးေႏြးသည္။

လက္ရွိ မေလးရွား၊ ထိုင္း စသည့္ႏိုင္ငံမ်ားကို တရားမဝင္လမ္းေၾကာင္းမွ သြားမည္ဆိုလွ်င္ ေငြက်ပ္ ၁၆ သိန္းမွ ၃၅ သိန္းက်ပ္အၾကားေပးလွ်င္ ပြဲစားမ်ားမွတစ္ဆင့္ ပို႔ေဆာင္ေပးလွ်က္ရွိေၾကာင္း ေဒသခံမ်ားကဆိုသည္။

အမည္မေဖာ္လိုသည့္ ေငြလိမ္ခံရသူ ရခိုင္ေဒသခံတစ္ဦးက “က်မတို႔ကို မေလးရွားကို ၁၆ သိန္းနဲ႔ ပို႔ေပးမယ္ေျပာတယ္။ စရန္ေငြကေတာ့ အခုေလာေလာဆယ္ ၈ သိန္းေပးရမယ္ေျပာတယ္။ စရန္ေငြကို ၃ လပိုင္းေပးရင္ ၄ လပိုင္းမွာ သြားရမယ္ေျပာၿပီး အခုအခ်ိန္ထိ မသြားရေသးသလို အဲဒီပို႔ေပးမယ့္သူနဲ႔လည္း အဆက္အသြယ္မရေတာ့ဘူး။ အခု က်မတို႔ေငြကိုလိုခ်င္လို႔ ရခိုင္အမ်ိဳးသားကြန္ယက္႐ုံးမွာ တိုင္ထားတယ္”ဟု ေျပာသည္။

အလုပ္အကိုင္ရွားပါးမႈေၾကာင့္ လက္ရွိ ထိုင္း၊ မေလးရွားသို႔ သြားေရာက္အလုပ္လုပ္ကိုင္ၾကသည့္ ျမန္မာႏိုင္ငံသားအမ်ားစုမွာ တရားမဝင္လမ္းေၾကာင္းမွ သြားေရာက္ကာ အလုပ္လုပ္ကိုင္သူ မ်ားျပားသည့္အတြက္ ဖမ္းဆီးခံရသူမ်ားလည္း အမ်ားအျပားရွိေနသည္။

R011

ပုံစာ – ျပည္ပတြင္ အလုပ္လုပ္ကိုင္ရန္ သြားေရာက္သူမ်ာကိုေတြ႕ရစဥ္။