ၾကားသိရသမွ်

၁၄၄ သိန္းတန္ လိ-င္ေဖ်ာ္ေျဖေရးအ႐ုပ္နဲ႕ အထက္လမ္းဆရာလိုလို ဘာသာတရားကိုဖ်က္ဆီးေနလို႕ ရွယ္ေပးၾကပါအံုး..

လတ္တေလာ အြန္လိုင္းေပၚမွာ လူေျပာမ်ားၿပီး အျငင္းအခုံ ျဖစ္ေနတဲ့ ကိစၥကေတာ့ ေဖ်ာ္ေျဖေရး အ႐ုပ္ေတြကို မယ္ေတာ္အ႐ုပ္ဆိုၿပီး

ပူေဇာ္ေနၾကတဲ့ ကိစၥပဲ ျဖစ္ပါတယ္။

ကိုယ့္ကိုယ္ကိုယ္ အထက္ဂိုဏ္းခ်ဳပ္လို႔ဆိုသူတဦးက ေဖ်ာ္ေျဖေရးအ႐ုပ္ေတြကို အြန္လိုင္းကေန မွာယူၿပီး ျမန္မာ့႐ိုးရာ အဝတ္အစားမ်ား ဝတ္ဆင္ေပးကာ

မယ္ေတာ္ေတြကို ပူေဇာ္ၾကမယ္လို႔ ပို႔စ္တင္ခဲ့တာေၾကာင့္ လူမႈကြန္ရက္ အသုံးျပဳသူမ်ားက ေဝဖန္ၾကရာမွ တဆင့္ လူေျပာမ်ားေနၾကတာပဲ ျဖစ္ပါတယ္။

အဆိုပါ ေဖ်ာ္ေျဖေရး အ႐ုပ္ တ႐ုပ္ကို ေဒၚလာ ၂၄၀၀ ေပးရတယ္လို႔ သိရပါတယ္။ အဆိုပါပမာဏဟာ ျမန္မာက်ပ္ေငြ ၇၂ သိန္းခန႔္ ရွိတာ ျဖစ္ပါတယ္။

လူမႈကြန္ရက္ အသုံးျပဳသူ အမ်ားအျပားကေတာ့ ေဖ်ာ္ေျဖေရးအ႐ုပ္မ်ားကို ကိုးကြယ္ရာ ပစၥည္းအျဖစ္ ထားရွိျခင္းအေပၚ အျပင္းအထ

န္ ေဝဖန္ေနၾကၿပီး ယုံၾကည္သူတခ်ိဳ႕ကေတာ့ နက္နက္နဲနဲ ယုံၾကည္ေနတာကိုလည္း ေတြ႕ရပါတယ္။

ယခုျဖစ္စဥ္ကို ေတြ႕ရၿပီးတဲ့ေနာက္ ၂၀၁၆ ခုႏွစ္က အင္ဒိုနီးရွားမွာ ျဖစ္ပြားခဲ့တဲ့ အျဖစ္အပ်က္တခုကို ျပန္မွတ္မိလိုက္ပါတယ္။

အင္ဒိုနီးရွားႏိုင္ငံရဲ႕ ေဝးလံေခါင္သီတဲ့ ကြၽန္းကေလးေပၚမွာရွိတဲ့ တံငါ႐ြာေလးမွာ ျဖစ္သြားတာပါ။

အဲဒီ႐ြာက တံငါသည္တေယာက္ဟာ ပင္လယ္ထဲ ေမ်ာလာတဲ့ ေဖ်ာ္ေျဖေရး အ႐ုပ္ကို မိုးေပၚက က်လာတဲ့ နတ္သမီးလို႔ ထင္ၿပီး ႐ြာသို႔ယူလာကာ အဝတ္အစားဆင္ေပးၿပီး ကိုးကြယ္ထားၾကတဲ့ ျဖစ္စဥ္ပါပဲ။

(အင္ဒိုငါးဖမ္းသမားမ်ား ဆယ္ယူလာတဲ့ အ႐ုပ္ရဲ႕ ပုံမ်ားကို ေဖာ္ျပထားပါတယ္)

အဲဒီသတင္းဟာ ကမာၻ႔သတင္းေတြမွာ ဟိုးတေလးတေက်ာ္ ျဖစ္ခဲ့ၿပီး အင္ဒိုနီးရွားရဲတပ္ဖြဲ႕က ဝင္ေရာက္ ေျဖရွင္းမွသာ အဲဒီလို တလြဲ

ကိုးကြယ္မႈ အဆုံးသတ္ခဲ့ရတာ ျဖစ္ပါတယ္။

အင္ဒိုတံငါ႐ြာေလးဟာ အသိအျမင္ ဗဟုသုတ နည္းပါးလို႔ ျဖစ္ခဲ့တာကို အျပစ္မဆိုသာေပမယ့္ ယခု မယ္ေတာ္အ႐ုပ္ေတြ ျဖစ္စဥ္မွာေ

တာ့ ဘယ္ရႈေထာင့္က ၾကည့္သည္ျဖစ္ေစ အ႐ုပ္ဆိုး အက်ည္းတန္တာကို ေတြ႕ရမွာ ျဖစ္ပါတယ္။

လူမႈကြန္ရက္သုံးစြဲသူေတြကလည္း မယ္ေတာ္႐ုပ္တုကို ပန္းပု၊ ပလာစတာ၊ ဖေယာင္း႐ုပ္ စသျဖင့္ ႐ုပ္တု အမ်ိဳးအစား အမ်ိဳးမ်ိဳး လုပ္ရင္ ေဈးသက္သာၿပီး လိုခ်င္တဲ့ ပုံစံရရဲ႕သားနဲ႔ ယခုလို ေဖ်ာ္ေျဖေရးအ႐ုပ္ေတြနဲ႔ ျပဳလုပ္တာ မသင့္ေတာ္တဲ့ အေၾကာင္း ေဝဖန္ေနၾကပါတယ္။

အမွန္တကယ္ အထက္လမ္းဂိုဏ္းဝင္မ်ားကလည္း အထက္လမ္းဆိုတာ ဗုဒၶဘုရားရဲ႕ တရားေတာ္ေတြကို အေျခခံတဲ့ လမ္းစဥ္ျဖစ္ေၾကာင္း၊

ယခုကဲ့သို႔ မအက္စပ္တဲ့ ကိစၥေတြ လုပ္ျပတာဟာ စတန႔္ထြင္တာ သက္သက္ ျဖစ္ေၾကာင္း ေဝဖန္ေနၾကပါတယ္။

ျမန္မာျပည္ရဲ႕ ကိုးကြယ္ယုံၾကည္မႈဟာ ယခုေနာက္ပိုင္း အေရာအေႏွာေတြ ပိုမို မ်ားျပားလာပါၿပီ။

သံသရာက လြတ္ေျမာက္ဖို႔ဆိုတဲ့ ဗုဒၶရဲ႕ အဆုံးအမဟာ တျဖည္းျဖည္း ေမွးမွိန္လာၿပီး လက္ရွိဘဝမွာ ဥစၥာစည္းစိမ္ ခ်မ္းသာျပည့္စုံဖို႔ကို ပိုမိုအေလးထားလာတဲ့ ကိုးကြယ္မႈအျဖစ္ ေျပာင္းလဲလာေနပါတယ္။

ထူးဆန္းတဲ့ ႐ုပ္တု၊ ပစၥည္းေတြကို ကိုးကြယ္ရင္ လာဘ္လာဘ ျပည့္စုံမယ္၊ စည္းစိမ္ခ်မ္းသာမယ္ဆိုတဲ့ အဝိဇၨာ ဖုံးလႊမ္းေနတဲ့ ကိုးကြယ္ ယုံၾကည္မႈေတြ အားေကာင္းလာပါတယ္။

တနည္းအားျဖင့္ ေျပာရရင္ ပုဂံေခတ္က အရည္းႀကီးေတြရဲ႕ ကိုးကြယ္ယုံၾကည္မႈ ျဖစ္တဲ့ ႐ုပ္တု၊ အေဆာင္၊ အင္းအိုင္၊ လက္ဖြဲ႕ေတြ တဖန္ ျပန္ေခတ္စားလာတာပဲ ျဖစ္ပါတယ္။

စိတ္ခ်မ္းသာဖို႔ အေလးမထားဘဲ ဥစၥာခ်မ္းသာဖို႔ကို အဓိကထားလာတာေၾကာင့္ ကိုးကြယ္ယုံၾကည္မႈ အေပၚမွာ လုပ္စားေနသူေတြ ပိုအႀကိဳက္ေတြ႕လာၿပီး ယခုလို မေထာ္မနန္း ကိစၥရပ္ေတြ ေပၚေပါက္လာတာပဲ ျဖစ္ပါတယ္။

လူတဦးတေယာက္ခ်င္းရဲ႕ ယုံၾကည္ကိုးကြယ္မႈကို အျပစ္မေျပာလိုေပမယ့္လည္း ယခုကဲ့သို႔ မသင့္ေတာ္ မအပ္စပ္တဲ့ ကိစၥမ်ိဳးေတြကို လူမႈကြန္ရက္လို လူအမ်ားအျပား ရွိေနတဲ့ ေနရာမွာ ျဖန႔္ေဝေနတာဟာလည္း မွားယြင္းေနတဲ့ကိစၥ တခုပါပဲ။

ျမန္မာျပည္ရဲ႕ ကိုးကြယ္ယုံၾကည္မႈဟာ အရည္းႀကီး သာသနာလို ျဖစ္လာေတာ့မွာလားဆိုတာကို ရင္ေလးစြာျဖင့္ ေစာင့္ၾကည့္ရင္း…

credit to orginal

unicode

လတ်တလော အွန်လိုင်းပေါ်မှာ လူပြောများပြီး အငြင်းအခုံ ဖြစ်နေတဲ့ ကိစ္စကတော့ ဖျော်ဖြေရေး အရုပ်တွေကို မယ်တော်အရုပ်ဆိုပြီး ပူဇော်နေကြတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် အထက်ဂိုဏ်းချုပ်လို့ဆိုသူတဦးက ဖျော်ဖြေရေးအရုပ်တွေကို အွန်လိုင်းကနေ မှာယူပြီး မြန်မာ့ရိုးရာ အဝတ်အစားများ ဝတ်ဆင်ပေးကာ

မယ်တော်တွေကို ပူဇော်ကြမယ်လို့ ပို့စ်တင်ခဲ့တာကြောင့် လူမှုကွန်ရက် အသုံးပြုသူများက ဝေဖန်ကြရာမှ တဆင့် လူပြောများနေကြတာပဲ ဖြစ်ပါတယ်။

အဆိုပါ ဖျော်ဖြေရေး အရုပ် တရုပ်ကို ဒေါ်လာ ၂၄၀၀ ပေးရတယ်လို့ သိရပါတယ်။ အဆိုပါပမာဏဟာ မြန်မာကျပ်ငွေ ၇၂ သိန်းခန့် ရှိတာ ဖြစ်ပါတယ်။

လူမှုကွန်ရက် အသုံးပြုသူ အများအပြားကတော့ ဖျော်ဖြေရေးအရုပ်များကို ကိုးကွယ်ရာ ပစ္စည်းအဖြစ် ထားရှိခြင်းအပေါ် အပြင်းအထန် ဝေဖန်နေကြပြီး ယုံကြည်သူတချို့ကတော့ နက်နက်နဲနဲ ယုံကြည်နေတာကိုလည်း တွေ့ရပါတယ်။

ယခုဖြစ်စဉ်ကို တွေ့ရပြီးတဲ့နောက် ၂၀၁၆ ခုနှစ်က အင်ဒိုနီးရှားမှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တခုကို ပြန်မှတ်မိလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ ဝေးလံခေါင်သီတဲ့ ကျွန်းကလေးပေါ်မှာရှိတဲ့ တံငါရွာလေးမှာ ဖြစ်သွားတာပါ။

အဲဒီရွာက တံငါသည်တယောက်ဟာ ပင်လယ်ထဲ မျောလာတဲ့ ဖျော်ဖြေရေး အရုပ်ကို မိုးပေါ်က ကျလာတဲ့ နတ်သမီးလို့ ထင်ပြီး ရွာသို့ယူလာကာ အဝတ်အစားဆင်ပေးပြီး ကိုးကွယ်ထားကြတဲ့ ဖြစ်စဉ်ပါပဲ။

(အင်ဒိုငါးဖမ်းသမားများ ဆယ်ယူလာတဲ့ အရုပ်ရဲ့ ပုံများကို ဖော်ပြထားပါတယ်)

အဲဒီသတင်းဟာ ကမ္ဘာ့သတင်းတွေမှာ ဟိုးတလေးတကျော် ဖြစ်ခဲ့ပြီး အင်ဒိုနီးရှားရဲတပ်ဖွဲ့က ဝင်ရောက် ဖြေရှင်းမှသာ အဲဒီလို တလွဲ ကိုးကွယ်မှု အဆုံးသတ်ခဲ့ရတာ ဖြစ်ပါတယ်။

အင်ဒိုတံငါရွာလေးဟာ အသိအမြင် ဗဟုသုတ နည်းပါးလို့ ဖြစ်ခဲ့တာကို အပြစ်မဆိုသာပေမယ့် ယခု မယ်တော်အရုပ်တွေ ဖြစ်စဉ်မှာတော့ ဘယ်ရှုထောင့်က ကြည့်သည်ဖြစ်စေ အရုပ်ဆိုး အကျည်းတန်တာကို တွေ့ရမှာ ဖြစ်ပါတယ်။

လူမှုကွန်ရက်သုံးစွဲသူတွေကလည်း မယ်တော်ရုပ်တုကို ပန်းပု၊ ပလာစတာ၊ ဖယောင်းရုပ် စသဖြင့် ရုပ်တု အမျိုးအစား အမျိုးမျိုး လုပ်ရင် ဈေးသက်သာပြီး လိုချင်တဲ့ ပုံစံရရဲ့သားနဲ့ ယခုလို ဖျော်ဖြေရေးအရုပ်တွေနဲ့ ပြုလုပ်တာ မသင့်တော်တဲ့ အကြောင်း ဝေဖန်နေကြပါတယ်။

အမှန်တကယ် အထက်လမ်းဂိုဏ်းဝင်များကလည်း အထက်လမ်းဆိုတာ ဗုဒ္ဓဘုရားရဲ့ တရားတော်တွေကို အခြေခံတဲ့ လမ်းစဉ်ဖြစ်ကြောင်း၊

ယခုကဲ့သို့ မအက်စပ်တဲ့ ကိစ္စတွေ လုပ်ပြတာဟာ စတန့်ထွင်တာ သက်သက် ဖြစ်ကြောင်း ဝေဖန်နေကြပါတယ်။

မြန်မာပြည်ရဲ့ ကိုးကွယ်ယုံကြည်မှုဟာ ယခုနောက်ပိုင်း အရောအနှောတွေ ပိုမို များပြားလာပါပြီ။

သံသရာက လွတ်မြောက်ဖို့ဆိုတဲ့ ဗုဒ္ဓရဲ့ အဆုံးအမဟာ တဖြည်းဖြည်း မှေးမှိန်လာပြီး လက်ရှိဘဝမှာ ဥစ္စာစည်းစိမ် ချမ်းသာပြည့်စုံဖို့ကို ပိုမိုအလေးထားလာတဲ့ ကိုးကွယ်မှုအဖြစ် ပြောင်းလဲလာနေပါတယ်။

ထူးဆန်းတဲ့ ရုပ်တု၊ ပစ္စည်းတွေကို ကိုးကွယ်ရင် လာဘ်လာဘ ပြည့်စုံမယ်၊ စည်းစိမ်ချမ်းသာမယ်ဆိုတဲ့ အဝိဇ္ဇာ ဖုံးလွှမ်းနေတဲ့ ကိုးကွယ် ယုံကြည်မှုတွေ အားကောင်းလာပါတယ်။

တနည်းအားဖြင့် ပြောရရင် ပုဂံခေတ်က အရည်းကြီးတွေရဲ့ ကိုးကွယ်ယုံကြည်မှု ဖြစ်တဲ့ ရုပ်တု၊ အဆောင်၊ အင်းအိုင်၊ လက်ဖွဲ့တွေ တဖန် ပြန်ခေတ်စားလာတာပဲ ဖြစ်ပါတယ်။

စိတ်ချမ်းသာဖို့ အလေးမထားဘဲ ဥစ္စာချမ်းသာဖို့ကို အဓိကထားလာတာကြောင့် ကိုးကွယ်ယုံကြည်မှု အပေါ်မှာ လုပ်စားနေသူတွေ ပိုအကြိုက်တွေ့လာပြီး ယခုလို မထော်မနန်း ကိစ္စရပ်တွေ ပေါ်ပေါက်လာတာပဲ ဖြစ်ပါတယ်။

လူတဦးတယောက်ချင်းရဲ့ ယုံကြည်ကိုးကွယ်မှုကို အပြစ်မပြောလိုပေမယ့်လည်း ယခုကဲ့သို့ မသင့်တော် မအပ်စပ်တဲ့ ကိစ္စမျိုးတွေကို လူမှုကွန်ရက်လို လူအများအပြား ရှိနေတဲ့ နေရာမှာ ဖြန့်ဝေနေတာဟာလည်း မှားယွင်းနေတဲ့ကိစ္စ တခုပါပဲ။

မြန်မာပြည်ရဲ့ ကိုးကွယ်ယုံကြည်မှုဟာ အရည်းကြီး သာသနာလို ဖြစ်လာတော့မှာလားဆိုတာကို ရင်လေးစွာဖြင့် စောင့်ကြည့်ရင်း…

credit to orginal