အေထြအေထြဗဟုသုတ

ဆီးချိုကုသရာတွင် အစွမ်းထက်လှသော ကျောက်ကပ်ဆေးပင်အကြောင်း

ဆီးချိုကုသရာတွင် အစွမ်းထက်လှသော ကျောက်ကပ်ဆေးပင်အကြောင်း

ယနေ့ ကမ္ဘာပေါ်တွင် ကျောက်ကပ်ပျက်စီးစေသော နံပါတ် (၁) တရားခံမှာ ဆီးချိုသွေးချိုရောဂါ ဖြစ်ပါသည်။

အဆိုပါ ဆီးချိုသွေးချိုရောဂါကြောင့် ကျောက်ကပ်ပျက်စီးသောရောဂါ (Diabetic Nephropathy) ကိုကုသရာတွင် မူလရောဂါဖြစ်သည့် ဆီးချိုသွေးချိုကို ထိန်းချုပ်ကုသပေးရုံသာမက ပျက်စီးသွားသည့် ကျောက်ကပ်ကိုပါ ပြန်လည်ကောင်းမွန်အောင် ကုသပေးဖို့ လိုပါသည်။

ယင်းသို့ ကုသရာတွင် ကျောက်ကပ်ဆေးပင် (Atragalus mebranaceus) ၏ အမြစ်မှာ အစွမ်းထက်မြက်မှုရှိကြောင်း ထောက်ခံခဲ့သည့် သုတေသန စာတမ်းပေါင်းမှာ
စတင်ပြုလုပ်ခဲ့သည့် ၂၀၀၄ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ၅ နှစ်တာကာလအတွင်း စာတမ်းပေါင်း (၄၁) ခု ထွက်ရှိခဲ့ပြီးဖြစ်သည်။

ယင်းတို့အနက် သိပ္ပံနည်းကျ ပြုလုပ်ထားကြောင်း အရည်အသွေး ပြည့်မီသည့် စာတမ်း (၁၃) ခုကို ရွေးချယ်၍ သုံးသပ်ချက်စာတမ်းကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ
ချန်ဒူးမြို့ (Chengdue) ရှိ စီချွမ်တက္ကသိုလ်

(Sichuan University) လက်အောက် တရုတ်ပြည် အနောက်ပိုင်းဆေးရုံ (West China Hospital) ၏ ကျောက်ကပ်ဆေးကုဌာနနှင့်
နှလုံးရောဂါကုဌာနမှ ပညာရှင်များက လေ့လာသုံးသပ် ပြုစုတင်ပြခဲ့ပါသည်။

ယင်းတို့၏ သုံးသပ်တင်ပြချက်အရ သုတေသနစာတမ်း (၁၃) စောင်ကို သုံးသပ်ရလျှင် ကျောက်ကပ်ဆေးပင်၏ အမြစ်တွင် ပါဝင်သော ဓာတ်ပစ္စည်းများကြောင့်

✔️ သွေးအတွင်း ဂလူးကို့စ် ကျဆင်းစေခြင်း (Reducing fasting blood sugar)၊

✔️ ဆီးအတွင်း အယ်လ်ဗျူမင် ပါဝင်မှု လျော့နည်းသွားခြင်း (Reducing albuminuria levels)၊

✔️ ကျောက်ကပ်အတွင်း သွေးလှည့်ပတ်မှု ပိုမိုကောင်းမွန်လာကာ ကျောက်ကပ်၏ လုပ်ငန်းဆောင်တာများ ပိုမိုကောင်းမွန်လာစေခြင်း(Reversing the glomerular hyperfiltration state) နှင့်

✔️ နောက်ဆုံး ကျောက်ကပ်ကို ခွဲစိတ်လေ့လာပါက ထိခိုက်ပျက်စီးမှုများ လျော့နည်းလာခြင်းတို့ကို ကြွက်များတွင် စမ်းသပ်ချက်အရ သိရှိရပါသည်။
ယင်းကို ၂၀၀၉ ခုနှစ်တွင် ထုတ်ဝေသည့် အပင်မှရရှိသော ဆေးဝါးများဆိုင်ရာ ဂျာနယ်တွင် ဖော်ပြခဲ့ပါသည်။ [Journal of Ethnopharmacology 126 (2009) 189-196]

ဒေါက်တာခင်မောင်လွင် (FAME)

ကိုးကားချက် “ကျောက်ကပ်ဆေးပင်” စာအုပ်၊ အခန်း (၆) ကျောက်ကပ်ဆေးပင်နှင့် ပတ်သက်၍ နိုင်ငံတကာမှ သုတေသနစာတမ်း မှ ထုတ်နုတ်ဖော်ပြသည်။

ဆီးခ်ိဳကုသရာတြင္ အစြမ္းထက္လွေသာ ေက်ာက္ကပ္ေဆးပင္အေၾကာင္း”

ယေန႔ ကမာၻေပၚတြင္ ေက်ာက္ကပ္ပ်က္စီးေစေသာ နံပါတ္ (၁) တရားခံမွာ ဆီးခ်ိဳေသြးခ်ိဳေရာဂါ ျဖစ္ပါသည္။

အဆိုပါ ဆီးခ်ိဳေသြးခ်ိဳေရာဂါေၾကာင့္ ေက်ာက္ကပ္ပ်က္စီးေသာေရာဂါ (Diabetic Nephropathy) ကိုကုသရာတြင္ မူလေရာဂါျဖစ္သည့္ ဆီးခ်ိဳေသြးခ်ိဳကို ထိန္းခ်ဳပ္ကုသေပး႐ုံသာမက ပ်က္စီးသြားသည့္ ေက်ာက္ကပ္ကိုပါ ျပန္လည္ေကာင္းမြန္ေအာင္ ကုသေပးဖို႔ လိုပါသည္။

ယင္းသို႔ ကုသရာတြင္ ေက်ာက္ကပ္ေဆးပင္ (Atragalus mebranaceus) ၏ အျမစ္မွာ အစြမ္းထက္ျမက္မႈရွိေၾကာင္း ေထာက္ခံခဲ့သည့္ သုေတသန စာတမ္းေပါင္းမွာ
စတင္ျပဳလုပ္ခဲ့သည့္ ၂၀၀၄ ခုႏွစ္မွ ၂၀၀၉ ခုႏွစ္အထိ ၅ ႏွစ္တာကာလအတြင္း စာတမ္းေပါင္း (၄၁) ခု ထြက္ရွိခဲ့ၿပီးျဖစ္သည္။

ယင္းတို႔အနက္ သိပၸံနည္းက် ျပဳလုပ္ထားေၾကာင္း အရည္အေသြး ျပည့္မီသည့္ စာတမ္း (၁၃) ခုကို ေ႐ြးခ်ယ္၍ သုံးသပ္ခ်က္စာတမ္းကို တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ
ခ်န္ဒူးၿမိဳ႕ (Chengdue) ရွိ စီခြၽမ္တကၠသိုလ္

(Sichuan University) လက္ေအာက္ တ႐ုတ္ျပည္ အေနာက္ပိုင္းေဆး႐ုံ (West China Hospital) ၏ ေက်ာက္ကပ္ေဆးကုဌာနႏွင့္
ႏွလုံးေရာဂါကုဌာနမွ ပညာရွင္မ်ားက ေလ့လာသုံးသပ္ ျပဳစုတင္ျပခဲ့ပါသည္။

ယင္းတို႔၏ သုံးသပ္တင္ျပခ်က္အရ သုေတသနစာတမ္း (၁၃) ေစာင္ကို သုံးသပ္ရလွ်င္ ေက်ာက္ကပ္ေဆးပင္၏ အျမစ္တြင္ ပါဝင္ေသာ ဓာတ္ပစၥည္းမ်ားေၾကာင့္

✔️ ေသြးအတြင္း ဂလူးကို႔စ္ က်ဆင္းေစျခင္း (Reducing fasting blood sugar)၊

✔️ ဆီးအတြင္း အယ္လ္ဗ်ဴမင္ ပါဝင္မႈ ေလ်ာ့နည္းသြားျခင္း (Reducing albuminuria levels)၊

✔️ ေက်ာက္ကပ္အတြင္း ေသြးလွည့္ပတ္မႈ ပိုမိုေကာင္းမြန္လာကာ ေက်ာက္ကပ္၏ လုပ္ငန္းေဆာင္တာမ်ား ပိုမိုေကာင္းမြန္လာေစျခင္း(Reversing the glomerular hyperfiltration state) ႏွင့္

✔️ ေနာက္ဆုံး ေက်ာက္ကပ္ကို ခြဲစိတ္ေလ့လာပါက ထိခိုက္ပ်က္စီးမႈမ်ား ေလ်ာ့နည္းလာျခင္းတို႔ကို ႂကြက္မ်ားတြင္ စမ္းသပ္ခ်က္အရ သိရွိရပါသည္။
ယင္းကို ၂၀၀၉ ခုႏွစ္တြင္ ထုတ္ေဝသည့္ အပင္မွရရွိေသာ ေဆးဝါးမ်ားဆိုင္ရာ ဂ်ာနယ္တြင္ ေဖာ္ျပခဲ့ပါသည္။ [Journal of Ethnopharmacology 126 (2009) 189-196]

ေဒါက္တာခင္ေမာင္လြင္ (FAME)

ကိုးကားခ်က္ – “ေက်ာက္ကပ္ေဆးပင္” စာအုပ္၊ အခန္း (၆) ေက်ာက္ကပ္ေဆးပင္ႏွင့္ ပတ္သက္၍ ႏိုင္ငံတကာမွ သုေတသနစာတမ္း မွ ထုတ္ႏုတ္ေဖာ္ျပသည္။